Property Expo
×

 ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် တစ်ပတ်အတွင်း တစ်ဂါလန်လျှင် ကျပ် ၂၀၀ခန့် (တစ်လီတာကျပ် ၄၀)မြင့်တက်ခဲ့ ကြောင်း သတင်းရရှိသည်။

စက်သုံးဆီ ဈေးနှုန်းများသည် အောက်တိုဘာ ၂၄ ရက်က  ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၂,၇၄၀ ခန့်၊ အဆင့်မြင့်ဒီဇယ်တစ်ဂါလန်လျှင် ကျပ်၂,၈၃၀ ခန့်၊ အောက်တိန်း-92 တစ်ဂါလန်လျှင် ကျပ် ၂,၇၉၀ ခန့်နှင့် အောက်တိန်း-95 တစ်ဂါလန်လျှင် ကျပ် ၃,၀၀၀ခန့်ရှိခဲ့သည်။

ယခု အောက်တိုဘာ ၃၀ ရက်တွင် ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၂,၉၂၀ခန့်၊ အဆင့်မြင့်ဒီဇယ်တစ်  ဂါလန်လျှင် ကျပ် ၃၀၀၀ ခန့်၊ အောက်တိန်း-92 တစ်ဂါလန် လျှင် ကျပ် ၂၉၂၀ခန့်နှင့်  အောက်တိန်း 95 တစ်ဂါလန်လျှင် ကျပ် ၃,၁၅၀ ခန့်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် စက်တင်ဘာ လဆန်း ပိုင်းမှစ၍ ဆက်တိုက်မြင့်တက် လာခဲ့ပြီး ယင်းလအတွင်းဖြစ်ပေါ်ခဲ့သည့်နှုန်းထားနှင့် နှိုင်းယှဉ်ပါက တစ်ဂါလန်လျှင်ကျပ်၅၀၀ကျော်(တစ်လီတာကျပ် ၁၀၀ ကျော်) မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ လဆန်းပိုင်း၌ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၂,၃၈၀ ခန့်၊ အဆင့်မြင့်ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၂,၄၇၀ ခန့်၊ အောက်တိန်း-92 တစ်ဂါလန်လျှင် ကျပ် ၂,၂၉၀ခန့်နှင့် အောက်တိန်း-95တစ်ဂါလန်လျှင် ကျပ် ၂,၇၀၀ခန့် ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းမြင့်တက်လာခြင်းသည်ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းနှင့် ဒေါ်လာဈေး တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းလာခြင်းကြောင့် မြင့်တက် လာသည်ဟု စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဆိုသည်။ကမ္ဘာ့ ရေနံစိမ်းဈေးသည် စက်တင်ဘာမတိုင်မီက တစ်စည် လျှင် ဒေါ်လာ ၅၀အောက်သာရှိနေခဲ့ရာမှယခုအခါ ၅၅ဒေါ်လာခန့်ရှိနေခဲ့သည်ဟု ၎င်းတို့က ပြောသည်။

 ‘‘ရေနံစိမ်းဈေးကလည်း တက်လာတာလေ။  တစ်နှစ် လောက်ကို တစ်စည် ဒေါ်လာ ၄၀ နီးနီးလောက်ရှိနေခဲ့တာ။ အခု  ကဒေါ်လာ ၅၀ အထက်မှာ ပြန် တင်နေတယ်’’ဟု Maxစက်သုံးဆီ အရောင်းဆိုင်ခွဲမန်နေဂျာတစ်ဦး ကဆိုသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ စက်တင်ဘာ ၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၂၀၈ကျပ်၊ အောက်တိုဘာ ၂၄ရက် တွင် ၁၂၈၂ ကျပ်ရှိခဲ့ပြီး အောက် တိုဘာ ၃၀ ရက်တွင် ၁၂၉၀ကျပ် အထိရှိလာခဲ့သည်။ထိုသို့ စက်သုံးဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာခြင်း ကြောင့် ရန်ကုန်မြို့တွင်း အငှား ယာဉ်အချို့မှာ ဈေးနှုန်းတိုးမြှင့် တောင်းဆိုမှုများ ဖြစ်ပေါ်လာခဲ့ သည်ဟု ခရီးသွားအချို့က ဆို သည်။

‘‘ ကားငှားစီးရင် ဆီဈေးတွေ တက်လို့ဆိုပြီး ဈေးပိုတောင်းတာ တွေ၊ အဲကွန်းဖွင့်မပေးတာတွေ ဒီရက်ပိုင်းတော်တော်ကြုံလာရ တယ်’’ဟု ကမာရွတ်မြို့နယ်မှကုမ္ပ ဏီဝန်ထမ်းတစ်ဦးကဆိုသည်။

စက်သုံးဆီဈေးနှုန်း  မြင့် တက်လာခြင်းကြောင့် ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းအချို့က ဈေး နှုန်းတိုးမြှင့်ပေးရန် တောင်းဆိုမှု များရှိလာကြောင်း ဘုရင့်နောင်ပွဲ ရုံဝင်းအတွင်းလုပ်ငန်းရှင်အချို့ ကပြောသည်။

‘‘ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ အခုထိကုန်စည်ပို့ ဆောင်ခတွေမတက်သေးပါဘူး။ တိုးပေးဖို့လည်းမရှိဘူး။ အခုဆီ ဈေးတက်တယ်ဆိုတာ အရင်က အမြင့်ဆုံးရှိခဲ့တဲ့နှုန်းအထိရောက် ဖို့တောင်အများကြီးလိုသေးတာ လေ။ အပြင်ကုန်ဈေးနှုန်းတချို့ တက်တာက တခြားအကြောင်း တွေကြောင့်ပဲဖြစ်မယ်။ ဒေါ်လာ ဈေးတက်ရင်ဖြစ်တာပဲ’’ဟု ပွဲရုံပိုင် ရှင်ဦးအောင်ပိုင်ကဆိုသည်။

 ပြည်တွင်း စက်သုံးဆီဈေး နှုန်း ဆက်တိုက် မြင့်တက်လာသော်လည်း ၂၀၁၄ အောက်တိုဘာကဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးဈေးနှုန်းသို့ မရောက်ရှိသေးပေ။
၂၀၁၄ အောက်တိုဘာလ ဆန်းတွင် ပြည်တွင်း စက်သုံး ဆီဈေးကွက်၌ ဒီဇယ်တစ်ဂါလန် လျှင် ကျပ် ၄၂၅၀ ခန့်၊ အောက် တိန်း-92တစ်ဂါလန်လျှင် ကျပ် ၄၂၀၀ခန့်နှင့် အောက်တိန်း-95 တစ်ဂါလန်လျှင် ကျပ် ၅၂၀၀ ခန့်အထိရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top