Kantharyar Centre
×

ကြမ္းယာစားတာေၾကာင့္ သြားနဲ႔ခံတြင္း အလွအပနဲ႔ က်န္းမာေရးကို ထိခိုက္ ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကြမ္းစားတဲ့ အက်င့္ရွိသူေတြ အေနနဲ႔ ကြမ္းျပတ္ေစဖို႔ ပီေကကို အစားထိုး ဝါးေပးသင့္ပါတယ္။
ပီေကဝါးတာေၾကာင့္ ကြမ္းျပတ္တဲ့ အက်ဳိးေက်းဇူးအျပင္ ေအာက္ပါေကာင္းက်ဳိးေတြကိုလည္း ရရွိ ေစႏိုင္ပါတယ္။

၁။ မွတ္ဉာဏ္ ေကာင္းမြန္ေစျခင္း

ပီေကဝါးတာေၾကာင့္ ေတြးေခၚ ေျမာ္ျမင္ႏိုင္တဲ့ အစြမ္းကို တိုးေစေၾကာင္း သိပၸံနည္းက် ရွင္းျပခဲ့ပါတယ္။ ပီေကဝါးတာက ခႏၶာကိုယ္ထဲမွာ ဂလူးကို႔စ္ အဆင့္ကို တိုးေစၿပီး စိတ္နဲ႔ ခႏၶာ ႏွစ္မ်ဳိးစလံုး အတြက္ ေလာင္စာအေနနဲ႔ အာနိသင္ ရရွိေစပါတယ္။ ပီေကဝါးတာေၾကာင့္ ဦးေႏွာက္ဆီကို ေသြးစီး ဆင္းမႈ တိုးေစၿပီး ႏွလံုးရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစကာ ေသြးနဲ႔ ေအာက္ဆီဂ်င္ စီးဆင္းမႈကို အဆက္မျပတ္ တိုးေစပါတယ္။ ဒါေၾကာင့္ စာေမးပြဲ ေျဖဆိုခ်ိန္အတြင္း ပီေကဝါးေပးရင္ အမွတ္ေကာင္းေကာင္း ရရွိေစပါတယ္။

၂။ ကိုယ္အေလးခ်ိန္ ထိန္းေပးျခင္း

သၾကားမပါတဲ့ ပီေကကို ဝါးေပးရင္ သင့္ခါးအတိုင္းအတာကို ထိန္းေပး ပါလိမ့္မယ္။ ပီေကဝါးတာ တစ္နာရီၾကာတိုင္း ၁၁ ကယ္လိုရီ ေလာင္ကၽြမ္း ေစလို႔ပါ။ ပီေကဝါးတာက သင္ရဲ႕ အစာ စားခ်င္စိတ္ကို ေလ်ာ့က်ေစၿပီး ကယ္လိုရီ မ်ားမ်ား ရယူမႈ မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ဒါေၾကာင့္ မၾကာခဏ ဗိုက္ဆာေနတယ္ဆိုရင္ ပီေက ဝါးေပးသင့္ပါတယ္။

၃။ စိတ္ဖိစီးမႈ ေလ်ာ့က်ျခင္း

စာေမးပြဲမေျဖခင္ စိတ္ပူပန္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြက ပီေက ဝါးေနၾကတာ ျမင္ဖူးမွာပါ။ လက္သည္း ကိုက္ေနတဲ့ သူေတြလည္း ရွိေကာင္း ရွိမွာပါ။ ဒါက စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ေနၾကတာ ျဖစ္ပါတယ္။ ပီေကဝါး တာက စြမ္းအင္ကို ထြက္ရွိေစၿပီး သင့္ကို စိတ္အပန္းေျပေစပါတယ္။ ပီေကကို ဝါးေလေလ၊ စိတ္ဖိစီးမႈ ေလ်ာ့က်ေလေလပဲ ျဖစ္ပါတယ္။ ပီေက ဝါးတာ ေၾကာင့္ ခႏၶာကိုယ္ထဲ ဂလူးကို႔စ္ အဆင့္တိုးေစတဲ့ အတြက္ အပန္းေျပေစတာ ျဖစ္ပါတယ္။

၄။ ခံတြင္းက်န္းမာေရး ေကာင္းမြန္ေစျခင္း

ပီေကဝါးတာက တံေတြး အထြက္ႏႈန္းကို တိုးေစတာေၾကာင့္ ခံတြင္း က်န္းမာ ေရးကိုလည္း ေကာင္းမြန္ေစတယ္လို႔ သိပၸံပညာရွင္ေတြက ယံုၾကည္ၾက ပါတယ္။ အေၾကာင္းကေတာ့ ပီေကဝါးတာေၾကာင့္ သြားေတြမွာ ကပ္ညိေနတဲ့ သၾကား၊ စားႂကြင္းစားက်န္ေတြနဲ႔ ပိုးေတြကို ကင္းစင္သြားေစလို႔ပါ။ သၾကားမပါတဲ့ ပီေကဝါးတာေၾကာင့္ သြားပိုးစားတာကို ကင္းေစၿပီး ခံတြင္းထဲက ပိုးသတ္ အာနိသင္ကို တိုးေစပါတယ္။ ခံတြင္းအနံ႔ဆိုးကို ကင္းေစၿပီး သြားေတြကို ျဖဴစင္ေစကာ စိတ္ခံစားမႈကို ေကာင္းမြန္ေစပါတယ္။

၅။ အစာေၾကညက္ေစျခင္း

ပီေကဝါးတာေၾကာင့္ တံေတြးထြက္ႏႈန္း တိုးသလို အူလႈပ္ရွားမႈ ေကာင္းေစ တာေၾကာင့္ အစာေၾကညက္ေစပါတယ္။

၆။ အျခားအက်ဳိးေက်းဇူးမ်ား

ပီေကဝါးတာဟာ အာ႐ံုစူးစိုက္မႈ ေကာင္းေစသလို ပင္ပန္းႏြမ္းနယ္မႈ မျဖစ္ ေအာင္လည္း ကာကြယ္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Dr.Si Thu

#Unicode Version
ကွမ်းယာစားတာကြောင့် သွားနဲ့ခံတွင်း အလှအပနဲ့ ကျန်းမာရေးကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် ကွမ်းစားတဲ့ အကျင့်ရှိသူတွေ အနေနဲ့ ကွမ်းပြတ်စေဖို့ ပီကေကို အစားထိုး ဝါးပေးသင့်ပါတယ်။
ပီကေဝါးတာကြောင့် ကွမ်းပြတ်တဲ့ အကျိုးကျေးဇူးအပြင် အောက်ပါကောင်းကျိုးတွေကိုလည်း ရရှိ စေနိုင်ပါတယ်။

၁။ မှတ်ဉာဏ် ကောင်းမွန်စေခြင်း

ပီကေဝါးတာကြောင့် တွေးခေါ် မြော်မြင်နိုင်တဲ့ အစွမ်းကို တိုးစေကြောင်း သိပ္ပံနည်းကျ ရှင်းပြခဲ့ပါတယ်။ ပီကေဝါးတာက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ် အဆင့်ကို တိုးစေပြီး စိတ်နဲ့ ခန္ဓာ နှစ်မျိုးစလုံး အတွက် လောင်စာအနေနဲ့ အာနိသင် ရရှိစေပါတယ်။ ပီကေဝါးတာကြောင့် ဦးနှောက်ဆီကို သွေးစီး ဆင်းမှု တိုးစေပြီး နှလုံးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေကာ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းမှုကို အဆက်မပြတ် တိုးစေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေဆိုချိန်အတွင်း ပီကေဝါးပေးရင် အမှတ်ကောင်းကောင်း ရရှိစေပါတယ်။

၂။ ကိုယ်အလေးချိန် ထိန်းပေးခြင်း


သကြားမပါတဲ့ ပီကေကို ဝါးပေးရင် သင့်ခါးအတိုင်းအတာကို ထိန်းပေး ပါလိမ့်မယ်။ ပီကေဝါးတာ တစ်နာရီကြာတိုင်း ၁၁ ကယ်လိုရီ လောင်ကျွမ်း စေလို့ပါ။ ပီကေဝါးတာက သင်ရဲ့ အစာ စားချင်စိတ်ကို လျော့ကျစေပြီး ကယ်လိုရီ များများ ရယူမှု မဖြစ်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် မကြာခဏ ဗိုက်ဆာနေတယ်ဆိုရင် ပီကေ ဝါးပေးသင့်ပါတယ်။

၃။ စိတ်ဖိစီးမှု လျော့ကျခြင်း

စာမေးပွဲမဖြေခင် စိတ်ပူပန်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ပီကေ ဝါးနေကြတာ မြင်ဖူးမှာပါ။ လက်သည်း ကိုက်နေတဲ့ သူတွေလည်း ရှိကောင်း ရှိမှာပါ။ ဒါက စိတ်ဖိစီးမှုကို ဖြေဖျောက်နေကြတာ ဖြစ်ပါတယ်။ ပီကေဝါး တာက စွမ်းအင်ကို ထွက်ရှိစေပြီး သင့်ကို စိတ်အပန်းပြေစေပါတယ်။ ပီကေကို ဝါးလေလေ၊ စိတ်ဖိစီးမှု လျော့ကျလေလေပဲ ဖြစ်ပါတယ်။ ပီကေ ဝါးတာ ကြောင့် ခန္ဓာကိုယ်ထဲ ဂလူးကို့စ် အဆင့်တိုးစေတဲ့ အတွက် အပန်းပြေစေတာ ဖြစ်ပါတယ်။

၄။ ခံတွင်းကျန်းမာရေး ကောင်းမွန်စေခြင်း

ပီကေဝါးတာက တံတွေး အထွက်နှုန်းကို တိုးစေတာကြောင့် ခံတွင်း ကျန်းမာ ရေးကိုလည်း ကောင်းမွန်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြ ပါတယ်။ အကြောင်းကတော့ ပီကေဝါးတာကြောင့် သွားတွေမှာ ကပ်ညိနေတဲ့ သကြား၊ စားကြွင်းစားကျန်တွေနဲ့ ပိုးတွေကို ကင်းစင်သွားစေလို့ပါ။ သကြားမပါတဲ့ ပီကေဝါးတာကြောင့် သွားပိုးစားတာကို ကင်းစေပြီး ခံတွင်းထဲက ပိုးသတ် အာနိသင်ကို တိုးစေပါတယ်။ ခံတွင်းအနံ့ဆိုးကို ကင်းစေပြီး သွားတွေကို ဖြူစင်စေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

၅။ အစာကြေညက်စေခြင်း

ပီကေဝါးတာကြောင့် တံတွေးထွက်နှုန်း တိုးသလို အူလှုပ်ရှားမှု ကောင်းစေ တာကြောင့် အစာကြေညက်စေပါတယ်။

၆။ အခြားအကျိုးကျေးဇူးများ

ပီကေဝါးတာဟာ အာရုံစူးစိုက်မှု ကောင်းစေသလို ပင်ပန်းနွမ်းနယ်မှု မဖြစ် အောင်လည်း ကာကွယ်ပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Dr.Si Thu
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top