Property Expo
×

ဆီးရီးယားႏုိင္ငံ အေနာက္ေျမာက္ပုိင္း႐ွိ သူပုန္မ်ားထိန္းခ်ဳပ္ထားရာ ေက်း႐ြာတစ္႐ြာကုိ ေလေၾကာင္းမွတုိက္ခိုက္ခဲ့မႈေၾကာင့္ ကေလးအမ်ားအျပား အပါအဝင္ လူ ၂၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း တက္ၾကြလႈပ္႐ွားသူေတြက ေျပာပါတယ္။အစ္လစ္ဘ္ေဒသ ဟက္စ္ေက်း႐ြာ႐ွိ ပစ္မွတ္ေတြကုိ ေလေၾကာင္းမွတုိက္ခိုက္ခဲ့မႈအတြင္း ေက်ာင္းဝင္းတစ္ခုကုိလည္း ထိမွန္ခဲ့တာ ျဖစ္ပါတယ္။ ယခု ေလေၾကာင္းတုိက္ခိုက္မႈကုိ ဆီးရီးယားအစိုးရ သုိ႕မဟုတ္ ႐ု႐ွားစစ္ေလယာဥ္မ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ႐ွင္းလင္းစြာ မသိရေသးပါဘူး။

ဟက္စ္ေက်း႐ြာဟာ အလက္ပုိၿမဳိ႕ အေနာက္ေတာင္ဘက္ ၄၆ မုိင္အကြာမွာ႐ွိၿပီး ေလေၾကာင္းတုိက္ခိုက္မႈဟာ ျပင္းထန္ႏုိင္ကာ အေဆာက္အအံုမ်ား ျပားျပားဝပ္ ပ်က္စီးေနတာ ေတြ႕ရတယ္လို႕ ဆုိပါတယ္။

ဆီးရီးယားျပည္တြင္းစစ္မွ အကူအညီေပးေရ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနတဲ့ လူမႈေရးအဖြဲ႕အစည္း White Helmets ရဲ႕ အဆုိအရ စာသင္ေက်ာင္းေဆာင္ ၃ ခု႐ွိတဲ့ ေက်ာင္းဝင္းဟာ ေလေၾကာင္းတုိက္ခုိက္မႈရဲ႕ ပစ္မွတ္ေတြထဲမွာ ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ေလေၾကာင္းတုိက္ခုိက္ ထိမွန္ခံရတဲ့ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁း၃၀ ဝန္းက်င္မွာ ကေလးေတြဟာ ေက်ာင္းဝင္း ဂိတ္ေပါက္ဝမွာ ႐ွိေနခဲ့ေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပပါတယ္။

ဆီးရီးယား ျပည္သူ႕ကာကြယ္ေရးရဲ႕ ကနဦး သတင္းမ်ားအရ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ လူ ၂၀ ေသဆုံးေၾကာင္း သိရပါတယ္။ ၿဗိတိန္ အေျခစိုက္ ဆီးရီးယားလူ႕အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႕က ေသဆုံးသူ ၂၂ ဦး႐ွိခဲ့ၿပီး ကေလး ၁၄ ဦးနဲ႕ ဆရာတစ္ဦး ပါဝင္ေၾကာင္း ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သူပုန်များထိန်းချုပ်ထားရာ ကျေးရွာတစ်ရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် ကလေးအများအပြား အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။အစ်လစ်ဘ်ဒေသ ဟက်စ်ကျေးရွာရှိ ပစ်မှတ်တွေကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုအတွင်း ကျောင်းဝင်းတစ်ခုကိုလည်း ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ယခု လေကြောင်းတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရ သို့မဟုတ် ရုရှားစစ်လေယာဉ်များ လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်းစွာ မသိရသေးပါဘူး။

ဟက်စ်ကျေးရွာဟာ အလက်ပိုမြို့ အနောက်တောင်ဘက် ၄၆ မိုင်အကွာမှာရှိပြီး လေကြောင်းတိုက်ခိုက်မှုဟာ ပြင်းထန်နိုင်ကာ အဆောက်အအုံများ ပြားပြားဝပ် ပျက်စီးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှ အကူအညီပေးရေ လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူမှုရေးအဖွဲ့အစည်း White Helmets ရဲ့ အဆိုအရ စာသင်ကျောင်းဆောင် ၃ ခုရှိတဲ့ ကျောင်းဝင်းဟာ လေကြောင်းတိုက်ခိုက်မှုရဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။လေကြောင်းတိုက်ခိုက် ထိမှန်ခံရတဲ့ ဒေသစံတော်ချိန် နံနက် ၁၁း၃၀ ဝန်းကျင်မှာ ကလေးတွေဟာ ကျောင်းဝင်း ဂိတ်ပေါက်ဝမှာ ရှိနေခဲ့ကြောင်းလည်း သတင်းများက ဖော်ပြပါတယ်။

ဆီးရီးယား ပြည်သူ့ကာကွယ်ရေးရဲ့ ကနဦး သတင်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံးကြောင်း သိရပါတယ်။ ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က သေဆုံးသူ ၂၂ ဦးရှိခဲ့ပြီး ကလေး ၁၄ ဦးနဲ့ ဆရာတစ်ဦး ပါဝင်ကြောင်း ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top