Property Expo
×

 သင္၏ ခႏၶာကုိယ္က ေအာက္ေဖာ္ျပပါလကၡဏာတစ္ခုခုျပသ ေနပါက ဟင္းသီးဟင္းရြက္အခ်ိဳ႕စားေပးရန္ လိုအပ္ေနၿပီျဖစ္သည္။

အၿမဲတမ္းဗိုက္ဆာေနေလ့ရိွျခင္း- ၾကာရွည္ခံေအာင္ ျပဳလုပ္ ထားေသာ အသားမ်ားစားသံုးျခင္းေၾကာင့္ ႀကီးထြားဖြံ႕ၿဖိဳးမႈဆုိင္ရာ အာဟာရဓာတ္ခ်ိဳ႕တဲ့ၿပီး ဆာေလာင္မႈျဖစ္ေစသည္။ ဟင္းသီးဟင္း ရြက္မ်ား စားေပးျခင္းျဖင့္ ဗိုက္ျပည့္ေနေစမည္ျဖစ္ၿပီး ၀မ္းဗိုက္ထဲတြင္အစာမရိွသကဲ့သုိ႔ ခံစားရခ်ိန္ ၾကန္႔ၾကာကာ အခ်ိန္ၾကာၾကာဗိုက္ ျပည့္ေနေစမည္ျဖစ္သည္။

အားအင္ကုန္ခန္းေမာပန္းျခင္း ခံစားေနရပါက ဟင္းသီးဟင္း ရြက္မ်ား စားေပးျခင္း ဗီတာမင္ဘီအုပ္စုႏွင့္အတူ ဓာတ္တုိးဆန္႔ က်င္ပစၥည္းမ်ားႏွင့္ က်န္းမာေရးအက်ိဳးျပဳ ျဒပ္ေပါင္းတို႔ ခႏၶာကုိယ္ တြင္း၌ ျဖစ္ေပၚလာမည္ျဖစ္သည္။ ယင္းအာဟာရဓာတ္မ်ား ခ်ိဳ႕တဲ့ပါ က စိတ္လႈပ္ရွားမႈ ျမင့္မားျခင္း၊ စိတ္႐ႈပ္ေထြးျခင္းႏွင့္ စိတ္ေမာျခင္း တုိ႔ ႀကံဳေတြ႕ရႏုိင္သည္။ ဟင္းသီးဟင္းရြက္မ်ားတြင္ ခႏၶာကုိယ္အတြက္ သဘာ၀စြမ္းအင္ေပးစြမ္းႏုိင္ေသာ အာဟာရဓာတ္အမ်ိဳးမ်ိဳးလည္းပါ၀င္ေနေသာေၾကာင့္ အၿမဲတမ္းေကာ္ဖီေသာက္ခ်င္ေနသကဲ့သုိ႔ ခံစားေနရပါက ယင္းအစား ဟင္းသီးဟင္းရြက္မ်ား စားေပးပါ။

မၾကာခဏေနမေကာင္းျဖစ္တတ္ျခင္း- သင့္ခႏၶာကုိယ္၏ ကုိယ္ခံစြမ္းအားစနစ္သည္ ဟင္းသီးဟင္းရြက္မ်ားတြင္ ပါ၀င္ေသာ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားေၾကာင့္ အားေကာင္းလာႏုိင္သည္။ အကယ္၍ခႏၶာကုိယ္က ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား လံုေလာက္စြာ မရရိွပါကမၾကာခဏနာမက်န္းျဖစ္ႏုိင္သည္။ ပန္းေဂၚဖီစိမ္းႏွင့္  မိႈတို႔ကဲ့သို႔ အစားအစာမ်ားက သင္၏ ကုိယ္ခံအားစနစ္ကို အားေကာင္းလာ ေစႏုိင္သည္။ ထို႔ေၾကာင့္ အၿမဲတမ္းေနမေကာင္းသလို ခံစားေန ရပါက သင္၏ အစားအေသာက္တြင္ ဟင္းသီးဟင္းရြက္မ်ားမ်ား ပါ၀င္ရန္လုိအပ္ေနၿပီျဖစ္သည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 သင်၏ ခန္ဓာကိုယ်က အောက်ဖော်ပြပါလက္ခဏာတစ်ခုခုပြသ နေပါက ဟင်းသီးဟင်းရွက်အချို့စားပေးရန် လိုအပ်နေပြီဖြစ်သည်။

အမြဲတမ်းဗိုက်ဆာနေလေ့ရှိခြင်း- ကြာရှည်ခံအောင် ပြုလုပ် ထားသော အသားများစားသုံးခြင်းကြောင့် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ အာဟာရဓာတ်ချို့တဲ့ပြီး ဆာလောင်မှုဖြစ်စေသည်။ ဟင်းသီးဟင်း ရွက်များ စားပေးခြင်းဖြင့် ဗိုက်ပြည့်နေစေမည်ဖြစ်ပြီး ဝမ်းဗိုက်ထဲတွင်အစာမရှိသကဲ့သို့ ခံစားရချိန် ကြန့်ကြာကာ အချိန်ကြာကြာဗိုက် ပြည့်နေစေမည်ဖြစ်သည်။

အားအင်ကုန်ခန်းမောပန်းခြင်း ခံစားနေရပါက ဟင်းသီးဟင်း ရွက်များ စားပေးခြင်း ဗီတာမင်ဘီအုပ်စုနှင့်အတူ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများနှင့် ကျန်းမာရေးအကျိုးပြု ဒြပ်ပေါင်းတို့ ခန္ဓာကိုယ် တွင်း၌ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ယင်းအာဟာရဓာတ်များ ချို့တဲ့ပါ က စိတ်လှုပ်ရှားမှု မြင့်မားခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်မောခြင်း တို့ ကြုံတွေ့ရနိုင်သည်။ ဟင်းသီးဟင်းရွက်များတွင် ခန္ဓာကိုယ်အတွက် သဘာဝစွမ်းအင်ပေးစွမ်းနိုင်သော အာဟာရဓာတ်အမျိုးမျိုးလည်းပါဝင်နေသောကြောင့် အမြဲတမ်းကော်ဖီသောက်ချင်နေသကဲ့သို့ ခံစားနေရပါက ယင်းအစား ဟင်းသီးဟင်းရွက်များ စားပေးပါ။

မကြာခဏနေမကောင်းဖြစ်တတ်ခြင်း- သင့်ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်သည် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များကြောင့် အားကောင်းလာနိုင်သည်။ အကယ်၍ခန္ဓာကိုယ်က ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာ မရရှိပါကမကြာခဏနာမကျန်းဖြစ်နိုင်သည်။ ပန်းဂေါ်ဖီစိမ်းနှင့်  မှိုတို့ကဲ့သို့ အစားအစာများက သင်၏ ကိုယ်ခံအားစနစ်ကို အားကောင်းလာ စေနိုင်သည်။ ထို့ကြောင့် အမြဲတမ်းနေမကောင်းသလို ခံစားနေ ရပါက သင်၏ အစားအသောက်တွင် ဟင်းသီးဟင်းရွက်များများ ပါဝင်ရန်လိုအပ်နေပြီဖြစ်သည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top