Property Expo
×

အခက္အခဲဆုိတာ ဘဝမွာ အျမဲၾကံဳေတြ႕ရမယ့္ အရာတစ္ခုပါ။ အထူးသျဖင့္ ေအာင္ျမင္ေအာင္ႀကိဳးစားခ်ိန္မွာ ပိုမိုေတြ႕ရွိတတ္ပါတယ္။ ဒါေၾကာင့္ အခက္အခဲေတြကို ေက်ာ္လႊားၿပီး ဘဝမွာ ေအာင္ျမင္မႈေတြရရွိဖို႔ ဒီအခ်က္ေလးေတြကို အျမဲသတိရထားသင့္ပါတယ္။

၁။ ဆံုးျဖတ္ခ်က္ခုိင္မာဖို႔ လိုအပ္

သင္ဟာ အလုပ္တစ္ဖက္နဲ႔ ပညာဆက္လက္သင္ၾကားေနသူ ဆုိပါစို႔။ ကိုယ္လိုခ်င္တဲ့ ပန္းတုိင္ရဖို႔ စိတ္မပါဘူး၊ ပင္ပန္းတယ္တို႔ဆုိတဲ့ အေၾကာင္းျပခ်က္ေတြ ထားလုိ႔မရပါဘူး။ ဘယ္ေလာက္ပဲ စိတ္မပါပါေစ ထုိင္ခံုေပၚမွာ ျဖစ္ေအာင္ထိုင္ရမယ္လို႔ စိတ္ကို ျပတ္ျပတ္သားသား ဆံုးျဖတ္ရပါမယ္။

၂။ ခရီးရွည္ႀကီးတစ္ခုျဖစ္တယ္

အျမဲတမ္း ေခ်ာေမြ႕ၿပီး သာယာေနလိမ့္မယ္လို႔ မေအာက္ေမ့ပါနဲ႔။ ကႏၱာရကို ျဖတ္ရခ်ိန္ရွိႏိုင္သလို ေတာင္တက္ရတဲ့အခ်ိန္္လည္း

ရွိႏုိင္ပါတယ္။

၃။ အေကာင္းျမင္တတ္မွသာ ရလဒ္ေကာင္းမယ္

အေကာင္းျမင္တဲ့အေတြးေတြဟာ သင့္ရဲ႕စြန္႔စားခန္းခရီးရွည္ႀကီးအတြက္ ေလာင္စာျဖစ္ပါတယ္။ အေကာင္ျမင္စိတ္ရွိရင္ အေတြ႕အၾကံဳသစ္ေတြကို ရင္ဆုိင္ႏိုင္သလို စြမ္းေဆာင္ရည္ပိုေကာင္းေအာင္လည္း ကူညီေပးပါလိမ့္မယ္။

၄။ ကိုယ့္ကိုကိုယ္ မညႇာပါနဲ႔

သင္ဟာ ရည္မွန္းခ်က္ႀကီးသူဆုိရင္ ပင္ပန္းမွာ အိပ္ေရးပ်က္မွာ သက္ေသာင့္သက္သာေနရမွာကို ေၾကာက္လုိ႔ မျဖစ္ပါဘူး။

ကိုယ္လိုခ်င္တဲ့ပန္းတုိင္တစ္ခု မေရာက္သေရြ႕ ေအးေအးလူလူေနလို႔ မျဖစ္ပါဘူး။

၅။ အာ႐ံုပ်က္ေအာင္လုပ္တဲ့အရာေတြက ရန္သူေတြျဖစ္တယ္

ကြန္ပ်ဴတာေရွ႕ထုိင္လုိက္တယ္၊ သင့္ရဲ႕သင္ခန္းစာေတြလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ၊ စိတ္ကလည္း တက္ၾကြေနတယ္။ ဒါေပမဲ့

႐ုတ္တရက္ႀကီး ဖုန္းက ထျမည္တယ္။ ဖုန္းကိုင္လုိက္ခ်ိန္္မွာ စကားေတြေျပာၿပီး တစ္နာရီေလာက္ၾကာသြားတယ္။

သင့္ရဲ႕တန္ဖိုးရွိတဲ့အခ်ိန္ေတြ ဆံုး႐ႈံးသြားပါၿပီ။

၆။ ႀကိဳတင္ျပင္ဆင္မႈရွိပါ

အခ်ိန္ႀကီးအတိအက် အျမဲသတ္မွတ္ၿပီး လုပ္စရာမလုိပါဘူး။ အေၾကာင္းတစ္ခုခုေၾကာင့္ မနက္ပိုင္းမအားရင္ ညေနပိုင္းျဖစ္ျဖစ္

တစ္ခ်ိန္ျပန္ေပးႏိုင္ေအာင္ စီစဥ္ပါ။ သင့္ရဲ႕ပန္းတုိင္အတြက္ သတ္မွတ္ခ်ိန္ေတြကို ဘာအေၾကာင္းနဲ႔မွ ေပ်ာက္မသြားပါေစနဲ႔။

၇။ ဘယ္အခ်ိန္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အခြင့္အေရးကို လက္လႊတ္မခံပါနဲ႔

အိပ္ေနတုန္း သင္ဘယ္လိုမွ စဥ္းစားလို႔မရတဲ့ ပုစၦာတစ္ခုရဲ႕ အေျဖေပၚလာတယ္ဆုိရင္ ထဖို႔ မပ်င္းပါနဲ႔ ထေရးလုိက္ပါ။ အဲဒီလုိပဲ

စိတ္ကူးအၾကံဉာဏ္ေကာင္းတစ္ခုခုေပၚလာရင္ ခ်က္ခ်င္းထလုပ္ပါ။

၈။ ေအာင္ျမင္ေအာင္လုပ္ပါ ဒါေပမဲ့ ကိုယ့္ကိုကိုယ္ မထိခုိက္ေအာင္ ဂ႐ုစိုက္ပါ

သင္ တကယ့္ကိုပဲ ေနမေကာင္းဘူး၊ အားနည္းေနၿပီဆုိရင္ေတာ့ ခဏအနားယူလုိက္ဖို႔လိုပါတယ္။ သင့္ရဲ႕စိတ္ကူး၊ ခႏၶာကိုယ္ကို

မညႇင္းဆဲပါနဲ႔။ အဲဒီလိုပဲ အစာကိုလည္း ပံုမွန္စားေပးပါ။ ကိုယ့္ကိုကိုယ္ ႏွိပ္စက္ျခင္းနဲ႔ ႏွစ္ျမႇဳပ္ျခင္းကို လူေတြက ေရာေထြးေနတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အခက်အခဲဆိုတာ ဘဝမှာ အမြဲကြုံတွေ့ရမယ့် အရာတစ်ခုပါ။ အထူးသဖြင့် အောင်မြင်အောင်ကြိုးစားချိန်မှာ ပိုမိုတွေ့ရှိတတ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေကို ကျော်လွှားပြီး ဘဝမှာ အောင်မြင်မှုတွေရရှိဖို့ ဒီအချက်လေးတွေကို အမြဲသတိရထားသင့်ပါတယ်။

၁။ ဆုံးဖြတ်ချက်ခိုင်မာဖို့ လိုအပ်

သင်ဟာ အလုပ်တစ်ဖက်နဲ့ ပညာဆက်လက်သင်ကြားနေသူ ဆိုပါစို့။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရဖို့ စိတ်မပါဘူး၊ ပင်ပန်းတယ်တို့ဆိုတဲ့ အကြောင်းပြချက်တွေ ထားလို့မရပါဘူး။ ဘယ်လောက်ပဲ စိတ်မပါပါစေ ထိုင်ခုံပေါ်မှာ ဖြစ်အောင်ထိုင်ရမယ်လို့ စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါမယ်။

၂။ ခရီးရှည်ကြီးတစ်ခုဖြစ်တယ်

အမြဲတမ်း ချောမွေ့ပြီး သာယာနေလိမ့်မယ်လို့ မအောက်မေ့ပါနဲ့။ ကန္တာရကို ဖြတ်ရချိန်ရှိနိုင်သလို တောင်တက်ရတဲ့အချိန်လည်း

ရှိနိုင်ပါတယ်။

၃။ အကောင်းမြင်တတ်မှသာ ရလဒ်ကောင်းမယ်

အကောင်းမြင်တဲ့အတွေးတွေဟာ သင့်ရဲ့စွန့်စားခန်းခရီးရှည်ကြီးအတွက် လောင်စာဖြစ်ပါတယ်။ အကောင်မြင်စိတ်ရှိရင် အတွေ့အကြုံသစ်တွေကို ရင်ဆိုင်နိုင်သလို စွမ်းဆောင်ရည်ပိုကောင်းအောင်လည်း ကူညီပေးပါလိမ့်မယ်။

၄။ ကိုယ့်ကိုကိုယ် မညှာပါနဲ့

သင်ဟာ ရည်မှန်းချက်ကြီးသူဆိုရင် ပင်ပန်းမှာ အိပ်ရေးပျက်မှာ သက်သောင့်သက်သာနေရမှာကို ကြောက်လို့ မဖြစ်ပါဘူး။

ကိုယ်လိုချင်တဲ့ပန်းတိုင်တစ်ခု မရောက်သရွေ့ အေးအေးလူလူနေလို့ မဖြစ်ပါဘူး။

၅။ အာရုံပျက်အောင်လုပ်တဲ့အရာတွေက ရန်သူတွေဖြစ်တယ်

ကွန်ပျူတာရှေ့ထိုင်လိုက်တယ်၊ သင့်ရဲ့သင်ခန်းစာတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ စိတ်ကလည်း တက်ကြွနေတယ်။ ဒါပေမဲ့

ရုတ်တရက်ကြီး ဖုန်းက ထမြည်တယ်။ ဖုန်းကိုင်လိုက်ချိန်မှာ စကားတွေပြောပြီး တစ်နာရီလောက်ကြာသွားတယ်။

သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးသွားပါပြီ။


၆။ ကြိုတင်ပြင်ဆင်မှုရှိပါ

အချိန်ကြီးအတိအကျ အမြဲသတ်မှတ်ပြီး လုပ်စရာမလိုပါဘူး။ အကြောင်းတစ်ခုခုကြောင့် မနက်ပိုင်းမအားရင် ညနေပိုင်းဖြစ်ဖြစ်

တစ်ချိန်ပြန်ပေးနိုင်အောင် စီစဉ်ပါ။ သင့်ရဲ့ပန်းတိုင်အတွက် သတ်မှတ်ချိန်တွေကို ဘာအကြောင်းနဲ့မှ ပျောက်မသွားပါစေနဲ့။

၇။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် အခွင့်အရေးကို လက်လွှတ်မခံပါနဲ့

အိပ်နေတုန်း သင်ဘယ်လိုမှ စဉ်းစားလို့မရတဲ့ ပုစ္ဆာတစ်ခုရဲ့ အဖြေပေါ်လာတယ်ဆိုရင် ထဖို့ မပျင်းပါနဲ့ ထရေးလိုက်ပါ။ အဲဒီလိုပဲ

စိတ်ကူးအကြံဉာဏ်ကောင်းတစ်ခုခုပေါ်လာရင် ချက်ချင်းထလုပ်ပါ။

၈။ အောင်မြင်အောင်လုပ်ပါ ဒါပေမဲ့ ကိုယ့်ကိုကိုယ် မထိခိုက်အောင် ဂရုစိုက်ပါ

သင် တကယ့်ကိုပဲ နေမကောင်းဘူး၊ အားနည်းနေပြီဆိုရင်တော့ ခဏအနားယူလိုက်ဖို့လိုပါတယ်။ သင့်ရဲ့စိတ်ကူး၊ ခန္ဓာကိုယ်ကို

မညှင်းဆဲပါနဲ့။ အဲဒီလိုပဲ အစာကိုလည်း ပုံမှန်စားပေးပါ။ ကိုယ့်ကိုကိုယ် နှိပ်စက်ခြင်းနဲ့ နှစ်မြှုပ်ခြင်းကို လူတွေက ရောထွေးနေတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top