Property Expo
×

ကြ်န္မရဲ႕ အမ်ိဳးသားက ကုမၸဏီတစ္ခုမွာ ရာထူးခပ္ႀကီးႀကီးနဲ႕ လုပ္ကိုင္ေနတဲ့ လူတစ္ေယာက္ျဖစ္ျပီး ၊ သူဟာ အျမဲတမ္း အလုပ္ကိစၥနဲ႕ႏိုင္ငံျခားကို မၾကာခဏသြားေလ့ရွိျပီး ရန္ကုန္မွာရွိေနတဲ့ ေန႕ေတာ္ေတာ္မ်ားမ်ားမွာလည္း ညတိုင္းလိုလို ဧည့္ခံပြဲေတြနဲ႕ အလုပ္ရႈပ္ေနတတ္ပါတယ္။
ကြ်န္မတို႕ အိမ္ေတာင္က်ခဲ့တာ တစ္ႏွစ္ေက်ာ္ေလာက္မွာ ကြ်န္မတို႕မွာ သားေလးတစ္ေယာက္ ရလာတဲ့ေနာက္ အမ်ိဳးသားရဲ႕ အလုပ္က အိမ္ ေထာင္က်ခါစထက္ ပိုမ်ားလာပါတယ္။ အဲလုိပဲ ကြ်န္မလည္း အလုပ္အသစ္တစ္ခုေျပာင္းလုိက္ျပီးတဲ့ေနာက္ အရင္ထက္ အလုပ္ပိုရႈပ္လာျပီး မနက္တိုင္း ၇နာရီခြဲ အေရာက္ သြားရပါတယ္။
မိခင္ လက္သစ္ျဖစ္တဲ့ ကြ်န္မဟာ ခုမွ ရလာတဲ့ သားဦးကို ဘယ္လုိ ျပဳစုေစာင့္ေရွာက္ရမယ္ဆိုတာ မသိခဲ့ပါဘူး။ ညဥ့္နက္ႏုိ႕ဆာလုိ႕ ထေအာ္လုိ႕ ထထ တုိက္ရတာရယ္ ၊ မနက္မိုးလင္း သားေလးရူးရူးေပါက္ခ်လုိ႕ ေသး၀တ္ထလဲရတာရယ္၊ ကြ်န္မရဲ႕ အလုပ္အသစ္ကေပးတဲ့ ဖိအားေတြေၾကာင့္ ညတိုင္းလုိလုိ အိပ္မေပ်ာ္ခဲ့ရပါဘူး။
ဒါေပမဲ့ ကြ်န္မရဲ႕ အမ်ိဳးသားကေတာ့ ပံုမွန္ရံုးတက္မပ်က္ခဲ့ရပါဘူး။ ကြ်န္မပုခံုးေပၚမွာ က်ေရာက္လာတဲ့ သားေလးရဲ႕ တာ၀န္ရယ္ ညဥ္႕နက္သန္းေခါင္ ကေလးငိုလို႕ ႏို႕တုိက္ရင္း ညစာစားပြဲကေန ျပန္လာတဲ့ေယာက်ာ္းအတြက္ သူအ၀တ္လဲဖို႕ ေရခ်ိဳးဖုိ႕ အဆာေျပစားဖုိ႕ျပင္ခဲ့ရပါတယ္။
သားေလး ေလးလအရြယ္ေရာက္ေတာ့ အမ်ိဳးသားဟာ အေမရိကန္မွာ သင္တန္းတက္ဖုိ႕ အေျခအေန တစ္ခုဖန္လာခဲ့ပါတယ္။ အခြင့္ေရးေကာင္းတစ္ခုျဖစ္ေနေပမဲ့ ကြ်န္မသူ႕ကို လက္လႊတ္ခုိင္းခဲ့ပါတယ္။ အဲဒီအတြက္ ကြ်န္မတို႕ေတြ အတိုက္အခံျဖစ္ခဲ့ၾကပါတယ္။ ကြ်န္မေမွ်ာ္လင့္တာက ဒီအေတာအတြင္း အရမ္းပင္ပန္းေနတဲ့ ကြ်န္မကို သူအေဖၚလုပ္ေပးတာလုိခ်င္မိပါတယ္။ ကြ်န္မ တကယ္ကိုလည္း ပင္ပန္းပါတယ္။ လသားကေလးရယ္ ခုမွ ေျပာင္းလုိက္တဲ့ အလုပ္အသစ္ရယ္ေၾကာင့္ ကြ်န္မမွာဖိအားပိုလာခဲ့ပါတယ္ ။ ဒီ ၄ လေလာက္အတြင္း ကြ်န္မလည္း တ၀က္ေလာက္ပိန္က်သြားခဲ့ပါတယ္။ အလုပ္မလုပ္လုိ႕လည္းမျဖစ္တဲ့အတြက္ ကြ်န္မအလုပ္ကိုလည္း မထြက္ႏုိင္ခဲ့သလုိ ေက်ာေထာက္ေနာက္ခံမိသားစုေကာင္းလည္း မရွိေနတဲ့အတြက္ သားေလးတာ၀န္ဟာလည္း ကြ်န္မပုခံုးေပၚ လံုးလုံုးက်ေရာက္ေနခဲ့ပါတယ္။
ဒီလိုအခြင့္ေရးကို စြန္႕လႊတ္ဖုိ႕ ေျပာလုိက္တဲ့အတြက္ သူကြ်န္မကို အျပစ္တင္ခဲ့ပါတယ္ ။ ကြ်န္မဟာ သူ႕တက္လမ္းကိုပိတ္ပင္တဲ့ မိန္းမတစ္ေယာက္ဆိုျပီး စိတ္ဆိုးမာန္ဆိုးနဲ႕ ေအာ္ဟစ္ခဲ့တယ္။
ကြ်န္မတစ္ေယာက္တည္း မနက္ အလုပ္မသြားခင္ သားေလးကို ထိန္းေပးတဲ့ နာနီအိမ္ကိုပို႕ရျပီး ညေနရံုးဆင္းရင္ ၀င္ႀကိဳတာကလည္း ကြ်န္မပါပဲ။ အိမ္ျပန္ေရာက္လုိ႕ ကေလးေ၀ရာ ေ၀စၥလုပ္ေပးရ တာလည္း ကြ်န္မပါပဲ။ အိမ္ေထာင္ထိန္းသိမ္းရတာလည္း ကြ်န္မပါပဲ။ မီတာေဆာင္ဖုိ႕ စီစဥ္ရတာလည္း ကြ်န္မပါပဲ။ ကြ်န္မ တကယ္ကို ပင္ပန္းေနပါျပီ။
ဒါေပမဲ့ သူစီစဥ္ထားတဲ့ ခရီးစဥ္ကို သူထြက္သြားခဲ့ပါတယ္။ တစ္လၾကာလုိ႕ျပန္လာတဲ့အခါမွာလည္း တစ္ဆင့္ျမင့္တဲ့ ရာထူးတစ္ခုလည္း သူတိုးခဲ့ပါတယ္ ။ ဒီလုိဆိုေတာ့လည္း ကြ်န္မေယာက်ာ္းေအာင္ျမင္မႈအေပၚ ကြ်န္မ ပီတိျဖစ္မိပါတယ္။ ပင္ပန္းတာေတြေတာင္ ဘယ္နားေရာက္မွန္းမသိ ေပ်ာက္သြားခဲ့ပါတယ္။
ဒါေပမဲ့ ဒီတေလွ်ာက္လံုး ကြ်န္မရဲ႕ က်န္းမာေရးဟာ တျဖည္းျဖည္းဆိုးရြားလာခဲ့ပါတယ္။ ေနာက္ဆံုးကြ်န္မ ဆံုးျဖတ္ခ်က္တစ္ခု ခ်လုိက္ပါတယ္။ ကြ်န္မနဲ႕တူတူ ကေလးတာ၀န္ကို တူတူယူဖုိ႕ ရယ္ ညဘက္တိုင္းအိပ္မေပ်ာ္တဲ့ ကြ်န္မ ေကာင္းေကာင္းအိပ္ေပ်ာ္ဖုိ႕ အတြက္ ကေလးၾကည့္ဖုိ႕ အတြက္ေပါ့။
ပထမေတာ့ သူ႕မွာ အလုပ္ေတြ ရႈပ္ရတာကတစ္မ်ိဳး ညအျပန္ လူမႈေရးကိစၥေတြ သြားရတာတမ်ိဳးဆိုျပီး ညည္းယူေပမဲ့ ေနာက္ဆံုးေတာ့သူလည္း သေဘာတူပါတယ္။ သားေလးကို တစ္လ ကြ်န္မနဲ႕တူတူကူၾကည့္ေပးပါမယ္တဲ့။ ဒီတစ္လတြင္း ဧည့္ခံပြဲေတြလည္း မသြားေတာ့ပါဘူးတဲ့။
ကြ်န္မအနည္းငယ္ သက္သာရာ ရသြားတာေပ့ါ။
ဒီလုိနဲ႕ ၁၅ရက္ေလာက္ ေက်ာ္လာခဲ့တဲ့ တစ္ေန႕မွာ မနက္မိုးလင္းေတာ့ ကြ်န္မေယာက်ာ္း ကုတင္စြန္းမွာ ငူငူႀကီးထုိင္ေနတာကိုေတြ႕လုိက္ရပါတယ္။ သူ႕ပံုစံက ခုမွ ႏိုးလာတဲ့ပံဳေတာ့မဟုတ္ပါဘူး ဒါမွမဟုတ္ တစ္ညလံုးမအိပ္ရေသးတဲ့ပံုလားေတာ့မသိပါဘူး။ အဲဒီအခ်ိန္မွာ သူက
“ မိန္းမ မင္းဒီ ႏွစ္၀က္ေလာက္အတြင္း ဒီကေလးတစ္ေယာက္ကို ဘယ္လိုမ်ား ၾကည့္ခဲ့တာလဲ ၊ ဒီလုိပဲ ညတိုင္း ေမွးလုိက္ ႏိုးလုိက္နဲ႕ ပဲလားကြာ “ တဲ့။ ကြန္မလည္း “ ဒီတိုင္းပဲေပ့ါ ေယာက်ာ္းရယ္ “ အဲဒီေတာ့ သူက “ ဒါေတာင္ မင္းဘာလုိ႕ မေျပာခဲ့တာလဲကြာ” ဆိုျပီး စိတ္မေကာင္းတဲအသံနဲ႕ ေမးပါတယ္။ ဒီေတာ့ ကြ်န္မလည္း “ ကြ်န္မ ေျပာခဲ့ဖူးပါတယ္၊ ရွင္ သတိမထားမိတာပါ “ ဒီေတာ့မွ သူ ခဏဆြံ႕အသြားျပီးေတာ့မွ “ ဒီေလာက္ပင္ပန္းေနရင္ အလုပ္ထြက္ျပီးအိမ္မွာပဲ အိမ္မႈကိစၥလုပ္ပါလားကြာ စား၀တ္ေနေရးအတြက္ ကိုယ္ရွာမွာေပ့ါ “
ကြ်န္မလည္း “ က်ြန္မတို႕က တူတူေက်ာင္းတက္ျပီး တူတူ ဘြဲ႕ရလာခဲ့ၾကျပီး အိမ္ေထာင္က်ခဲ့ၾကတာေလ၊ ကြ်န္မမွာလည္းကြ်န္မ ရည္မွန္းခ်က္နဲ႕ ကြ်န္မရွိတာေပ့ါ။ ကြ်န္မလုပ္ခ်င္တဲ့ အလုပ္လည္းရွိေသးတယ္ေလ။
သူအေတာ္ၾကာ တိတ္ဆိတ္သြားျပီးေတာ့မွ ကြ်န္မကို စိတ္မေကာင္းတဲ့ ေလသံနဲ႕ “ မင္းအရမ္းပင္ပန္းခဲ့မွာပဲ ၊ ေနာက္ကို ကိုယ္လည္း အလုပ္က ျပီးတာနဲ႕ အတတ္ႏုိင္ဆံုး အိမ္တန္းျပန္ျပီး မင္းနဲ႕ ကေလး၀ိုင္းထိန္းေပးပါ့မယ္ကြာ ၊ ခရီးသြားရတဲ့ အခိုက္အတန္႕ဆိုရင္ေတာ့ မင္းနည္းနည္းအပင္ပန္းခံေပးေပါ့ကြာ ”
ကြ်န္မ သူ႕ဆီက ဒီလုိမ်ိဳးစကားၾကားလိုက္ရေတာ့ ၀မ္းသာလြန္းလုိ႕ မ်က္ရည္ေတာင္က်မိပါတယ္။
ဒီလုိနဲ႕ ကြ်န္မတို႕ ဒုတိယကေလးရလာတဲ့အခါ ကြ်န္မတို႕ေတြ ပိုအလုပ္ရႈပ္လာခဲ့ပါတယ္။ ဒါေပမဲ့ ဟိုးအရင္တုန္းကလုိေတာ့ ျငင္းခုန္မႈေတြ ျငဴစူမႈေတြ မရွိသေလာက ္နည္းသြားခဲ့ပါတယ္။ မိသားစုလည္း အရင္ထက္ပိုျပီး ေႏြးေထြးေပ်ာ္ရႊင္ရပါတယ္။
ဒီႏွစ္မွာ သူလုပ္တဲ့အလုပ္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ရပ္နားလုိက္တဲ့အတြက္ သူလည္း အိမ္မွာပဲ နားေနခဲ့ရပါတယ္။ ဒါေပမဲ့ ကြ်န္မတို႕ေပ်ာ္ရႊင္ရပါတယ္။ “ ဒီအေတာတြင္း အလုပ္ကို ျဖည္းျဖည္းရွာျပီး မင္းကို အိမ္မွာ၀ိုင္းကူေပးဦးမယ္ “ ဆိုတဲ့စကားေၾကာင့္လည္း ကြ်န္မတို႕ပိုမို ေႏြးေထြးလာခဲ့ၾကပါတယ္။
ေနာက္ပိုင္းေတာ့ သူအလုပ္ေကာင္းေကာင္းတစ္ခု ထပ္ရခဲ့ျပီး ျပည္ပကို ခဏခဏသြားေရာက္ေနရေပမဲ့ ကြ်န္မသူ႕အေပၚ ညိုျငင္မႈမရွိေတာ့ပါဘူး။ ဘာလုိ႕လည္းဆိုေတာ့ အေ၀းေရာက္လည္း ဖုန္းဆက္ျပီး ကြ်န္မအေပး နားလည္မႈအျပည့္နဲ႕ ေျပာေပးခဲ့လုိ႕ပါပဲ။ ျပန္ေရာက္လာရင္လည္း မိသားစုအတြက္သာ ဦးစားေပးစဥ္းစားျပီး ခင္တြယ္တဲ့အတြက္ေၾကာင့္ပါပဲ။
ကြ်န္မအင္မတန္သာယာတဲ့ မိသားစုတစ္ခုကို လက္၀ယ္ပိုက္ထားရတဲ့အတြက္ အရမ္းကို စိတ္ခ်မ္းသာရပါတယ္။
အခုေတာ့ တစ္ေယာက္တည္း အလုပ္လုပ္ ကေလးေက်ာင္းၾကိဳ ေက်ာင္းပို႕လုပ္လည္း ပင္ပန္းတယ္လုိ႕ မခံစားမိေတာ့ပါဘူး ။ ဘယ္ႏိုင္ငံပဲေရာက္ေရာက္ မၾကာခဏ ဖုန္းဆက္ျပီး အဆင္ေျပရဲ႕လား စိတ္ပူျပီး ကေလးေတြကို တတြတ္တြတ္ေမးေနတဲ့အတြက္ သူတျခားမွာ ရႈပ္ေနမွာကိုလည္း မပူရေတာ့တဲ့အတြက္လည္း ကြ်န္မတို႕ မိသားစုေလး ပိုစိုေျပခဲ့ရပါတယ္။
တစ္ေယာက္နဲ႕တစ္ေယာက္ တစ္ခုခုဆို အျပန္လွန္တုိင္ပင္ျပီး ညွိႏိႈင္းလုပ္ကိုင္ရတဲ့အတြက္ အဆင္ေျပခဲ့ရသလုိ ။ ဒီကေလးေတြ ဒီအိမ္ေထာင္ တာ၀န္ဟာ ကြ်န္မတစ္ေယာက္တည္းနဲ႕ဆိုင္ပါတယ္ဆိုတဲ့ အေတြးတစ္ခုကို ေဖ်ာက္ေပးႏုိင္တဲ့အတြက္လည္း ကြ်န္မတို႕ ရဲ႕ အဖုအထစ္ ေလးေတြဟာလည္း ေျပေလ်ာ့သြားခဲ့ပါတယ္။ အခုဆိုရင္ သူဘယ္လုိ ရာထူးႀကီးႀကီးနဲ႕ ဘာပဲျဖစ္ေနပေစ အိမ္ျပန္ေရာက္လုိ႕ ကေလးေတြနဲ႕ ေတြ႕ရင္ သူက ခင္ပြန္းတစ္ေယာက္ တာ၀န္သိတဲ့ ဖခင္တစ္ေယာက္ျဖစ္ေနခဲ့ပါတယ္။
ကြ်န္မေနာက္ဆံုး နားလည္ သေဘာေပါက္သြားခဲ့ရတာကေတာ့ အိမ္ေထာင္ေရး တစ္ခုမွာ အေရးႀကီးဆံုးက ညွိႏိႈင္းလုပ္ကိုင္မႈပါပဲ။ ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပ ေက်နပ္ရင္ အရာအားလံုးဟာ အဆင္ေျပပါတယ္။ ကိုယ့္တာ၀န္ႀကီးလည္း မဟုတ္သလို သူ႕တာ၀န္ႀကီးပဲလုိ႕လည္း သတ္မွတ္လို႕မရပါဘူး။
အိမ္ေထာင္ေရး ေသာ့ခေလာက္ကို ႏွစ္ေယာက္တူတူ တက္ညီလက္ညီဖြင့္မွသာ ပြင့္မွာျဖစ္ျပီး သာယာတဲ့ အနာဂတ္ရူခင္းကို သင္တို႕ လွမ္းျမင္ရမွာပါ။

( အိမ္ေထာင္ေရးဆိုတာ ငွက္ႏွစ္ေကာင္ပ်ံသန္းသလုိပါပဲ ။ ဘယ္သူ ႀကီးတယ္ ငယ္တယ္ဆိုတာမရွိပါဘူး။ တူတူ သြားရတဲ့ ခရီးတစ္ခုမွာ ဘယ္သူကပဲ ပ်ံသန္းတာ ျမန္လုိ႕ ေရွ႕ကိုပဲေရာက္ေရာက္ ေနာက္က်တဲ့ သူကိုေတာ့ ေစာင့္ေပးရပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္လွန္ ေလးစားမႈရွိရျပီး တာ၀န္ခြဲယူတတ္တဲ့စိတ္ရယ္ နဲ႕ အတူတူ ပ်ံသန္းၾကမွသာ ခရီးရွည္ကို အဆံုးထိ တူတူသြားႏုိင္မွာပါ။ အကယ္၍ သင့္မွာ ဒီလုိ တူတူပ်ံသန္းဖုိ႕ အစီစဥ္မရွိဘူးဆိုရင္ အစကတည္းက အိမ္ေထာင္ျပဳဖုိ႕ မစဥ္းစားမိပါေစနဲ႕။ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မနုႆ     ရဲ့စာမ်က္နွာေလးမ်ား

#Unicode Versionကျွန်မရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ၊ သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ရှိပြီး ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။
ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက် ရလာတဲ့နောက် အမျိုးသားရဲ့ အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။ အဲလိုပဲ ကျွန်မလည်း အလုပ်အသစ်တစ်ခုပြောင်းလိုက်ပြီးတဲ့နောက် အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။
မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှ ရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ညဥ့်နက်နို့ဆာလို့ ထအော်လို့ ထထ တိုက်ရတာရယ် ၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ်ထလဲရတာရယ်၊ ကျွန်မရဲ့ အလုပ်အသစ်ကပေးတဲ့ ဖိအားတွေကြောင့် ညတိုင်းလိုလို အိပ်မပျော်ခဲ့ရပါဘူး။
ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသားကတော့ ပုံမှန်ရုံးတက်မပျက်ခဲ့ရပါဘူး။ ကျွန်မပုခုံးပေါ်မှာ ကျရောက်လာတဲ့ သားလေးရဲ့ တာဝန်ရယ် ညဥ့်နက်သန်းခေါင် ကလေးငိုလို့ နို့တိုက်ရင်း ညစာစားပွဲကနေ ပြန်လာတဲ့ယောကျာ်းအတွက် သူအဝတ်လဲဖို့ ရေချိုးဖို့ အဆာပြေစားဖို့ပြင်ခဲ့ရပါတယ်။
သားလေး လေးလအရွယ်ရောက်တော့ အမျိုးသားဟာ အမေရိကန်မှာ သင်တန်းတက်ဖို့ အခြေအနေ တစ်ခုဖန်လာခဲ့ပါတယ်။ အခွင့်ရေးကောင်းတစ်ခုဖြစ်နေပေမဲ့ ကျွန်မသူ့ကို လက်လွှတ်ခိုင်းခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတို့တွေ အတိုက်အခံဖြစ်ခဲ့ကြပါတယ်။ ကျွန်မမျှော်လင့်တာက ဒီအတောအတွင်း အရမ်းပင်ပန်းနေတဲ့ ကျွန်မကို သူအဖေါ်လုပ်ပေးတာလိုချင်မိပါတယ်။ ကျွန်မ တကယ်ကိုလည်း ပင်ပန်းပါတယ်။ လသားကလေးရယ် ခုမှ ပြောင်းလိုက်တဲ့ အလုပ်အသစ်ရယ်ကြောင့် ကျွန်မမှာဖိအားပိုလာခဲ့ပါတယ် ။ ဒီ ၄ လလောက်အတွင်း ကျွန်မလည်း တဝက်လောက်ပိန်ကျသွားခဲ့ပါတယ်။ အလုပ်မလုပ်လို့လည်းမဖြစ်တဲ့အတွက် ကျွန်မအလုပ်ကိုလည်း မထွက်နိုင်ခဲ့သလို ကျောထောက်နောက်ခံမိသားစုကောင်းလည်း မရှိနေတဲ့အတွက် သားလေးတာဝန်ဟာလည်း ကျွန်မပုခုံးပေါ် လုံးလုံးကျရောက်နေခဲ့ပါတယ်။
ဒီလိုအခွင့်ရေးကို စွန့်လွှတ်ဖို့ ပြောလိုက်တဲ့အတွက် သူကျွန်မကို အပြစ်တင်ခဲ့ပါတယ် ။ ကျွန်မဟာ သူ့တက်လမ်းကိုပိတ်ပင်တဲ့ မိန်းမတစ်ယောက်ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ခဲ့တယ်။
ကျွန်မတစ်ယောက်တည်း မနက် အလုပ်မသွားခင် သားလေးကို ထိန်းပေးတဲ့ နာနီအိမ်ကိုပို့ရပြီး ညနေရုံးဆင်းရင် ဝင်ကြိုတာကလည်း ကျွန်မပါပဲ။ အိမ်ပြန်ရောက်လို့ ကလေးဝေရာ ဝေစ္စလုပ်ပေးရ တာလည်း ကျွန်မပါပဲ။ အိမ်ထောင်ထိန်းသိမ်းရတာလည်း ကျွန်မပါပဲ။ မီတာဆောင်ဖို့ စီစဉ်ရတာလည်း ကျွန်မပါပဲ။ ကျွန်မ တကယ်ကို ပင်ပန်းနေပါပြီ။
ဒါပေမဲ့ သူစီစဉ်ထားတဲ့ ခရီးစဉ်ကို သူထွက်သွားခဲ့ပါတယ်။ တစ်လကြာလို့ပြန်လာတဲ့အခါမှာလည်း တစ်ဆင့်မြင့်တဲ့ ရာထူးတစ်ခုလည်း သူတိုးခဲ့ပါတယ် ။ ဒီလိုဆိုတော့လည်း ကျွန်မယောကျာ်းအောင်မြင်မှုအပေါ် ကျွန်မ ပီတိဖြစ်မိပါတယ်။ ပင်ပန်းတာတွေတောင် ဘယ်နားရောက်မှန်းမသိ ပျောက်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီတလျှောက်လုံး ကျွန်မရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။ နောက်ဆုံးကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ကျွန်မနဲ့တူတူ ကလေးတာဝန်ကို တူတူယူဖို့ ရယ် ညဘက်တိုင်းအိပ်မပျော်တဲ့ ကျွန်မ ကောင်းကောင်းအိပ်ပျော်ဖို့ အတွက် ကလေးကြည့်ဖို့ အတွက်ပေါ့။
ပထမတော့ သူ့မှာ အလုပ်တွေ ရှုပ်ရတာကတစ်မျိုး ညအပြန် လူမှုရေးကိစ္စတွေ သွားရတာတမျိုးဆိုပြီး ညည်းယူပေမဲ့ နောက်ဆုံးတော့သူလည်း သဘောတူပါတယ်။ သားလေးကို တစ်လ ကျွန်မနဲ့တူတူကူကြည့်ပေးပါမယ်တဲ့။ ဒီတစ်လတွင်း ဧည့်ခံပွဲတွေလည်း မသွားတော့ပါဘူးတဲ့။
ကျွန်မအနည်းငယ် သက်သာရာ ရသွားတာပေ့ါ။
ဒီလိုနဲ့ ၁၅ရက်လောက် ကျော်လာခဲ့တဲ့ တစ်နေ့မှာ မနက်မိုးလင်းတော့ ကျွန်မယောကျာ်း ကုတင်စွန်းမှာ ငူငူကြီးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ သူ့ပုံစံက ခုမှ နိုးလာတဲ့ပုံတော့မဟုတ်ပါဘူး ဒါမှမဟုတ် တစ်ညလုံးမအိပ်ရသေးတဲ့ပုံလားတော့မသိပါဘူး။ အဲဒီအချိန်မှာ သူက
“ မိန်းမ မင်းဒီ နှစ်ဝက်လောက်အတွင်း ဒီကလေးတစ်ယောက်ကို ဘယ်လိုများ ကြည့်ခဲ့တာလဲ ၊ ဒီလိုပဲ ညတိုင်း မှေးလိုက် နိုးလိုက်နဲ့ ပဲလားကွာ “ တဲ့။ ကွန်မလည်း “ ဒီတိုင်းပဲပေ့ါ ယောကျာ်းရယ် “ အဲဒီတော့ သူက “ ဒါတောင် မင်းဘာလို့ မပြောခဲ့တာလဲကွာ” ဆိုပြီး စိတ်မကောင်းတဲအသံနဲ့ မေးပါတယ်။ ဒီတော့ ကျွန်မလည်း “ ကျွန်မ ပြောခဲ့ဖူးပါတယ်၊ ရှင် သတိမထားမိတာပါ “ ဒီတော့မှ သူ ခဏဆွံ့အသွားပြီးတော့မှ “ ဒီလောက်ပင်ပန်းနေရင် အလုပ်ထွက်ပြီးအိမ်မှာပဲ အိမ်မှုကိစ္စလုပ်ပါလားကွာ စားဝတ်နေရေးအတွက် ကိုယ်ရှာမှာပေ့ါ “
ကျွန်မလည်း “ ကျွန်မတို့က တူတူကျောင်းတက်ပြီး တူတူ ဘွဲ့ရလာခဲ့ကြပြီး အိမ်ထောင်ကျခဲ့ကြတာလေ၊ ကျွန်မမှာလည်းကျွန်မ ရည်မှန်းချက်နဲ့ ကျွန်မရှိတာပေ့ါ။ ကျွန်မလုပ်ချင်တဲ့ အလုပ်လည်းရှိသေးတယ်လေ။
သူအတော်ကြာ တိတ်ဆိတ်သွားပြီးတော့မှ ကျွန်မကို စိတ်မကောင်းတဲ့ လေသံနဲ့ “ မင်းအရမ်းပင်ပန်းခဲ့မှာပဲ ၊ နောက်ကို ကိုယ်လည်း အလုပ်က ပြီးတာနဲ့ အတတ်နိုင်ဆုံး အိမ်တန်းပြန်ပြီး မင်းနဲ့ ကလေးဝိုင်းထိန်းပေးပါ့မယ်ကွာ ၊ ခရီးသွားရတဲ့ အခိုက်အတန့်ဆိုရင်တော့ မင်းနည်းနည်းအပင်ပန်းခံပေးပေါ့ကွာ ”
ကျွန်မ သူ့ဆီက ဒီလိုမျိုးစကားကြားလိုက်ရတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမိပါတယ်။
ဒီလိုနဲ့ ကျွန်မတို့ ဒုတိယကလေးရလာတဲ့အခါ ကျွန်မတို့တွေ ပိုအလုပ်ရှုပ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဟိုးအရင်တုန်းကလိုတော့ ငြင်းခုန်မှုတွေ ငြူစူမှုတွေ မရှိသလောက ်နည်းသွားခဲ့ပါတယ်။ မိသားစုလည်း အရင်ထက်ပိုပြီး နွေးထွေးပျော်ရွှင်ရပါတယ်။
ဒီနှစ်မှာ သူလုပ်တဲ့အလုပ်က အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်တဲ့အတွက် သူလည်း အိမ်မှာပဲ နားနေခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ပျော်ရွှင်ရပါတယ်။ “ ဒီအတောတွင်း အလုပ်ကို ဖြည်းဖြည်းရှာပြီး မင်းကို အိမ်မှာဝိုင်းကူပေးဦးမယ် “ ဆိုတဲ့စကားကြောင့်လည်း ကျွန်မတို့ပိုမို နွေးထွေးလာခဲ့ကြပါတယ်။
နောက်ပိုင်းတော့ သူအလုပ်ကောင်းကောင်းတစ်ခု ထပ်ရခဲ့ပြီး ပြည်ပကို ခဏခဏသွားရောက်နေရပေမဲ့ ကျွန်မသူ့အပေါ် ညိုငြင်မှုမရှိတော့ပါဘူး။ ဘာလို့လည်းဆိုတော့ အဝေးရောက်လည်း ဖုန်းဆက်ပြီး ကျွန်မအပေး နားလည်မှုအပြည့်နဲ့ ပြောပေးခဲ့လို့ပါပဲ။ ပြန်ရောက်လာရင်လည်း မိသားစုအတွက်သာ ဦးစားပေးစဉ်းစားပြီး ခင်တွယ်တဲ့အတွက်ကြောင့်ပါပဲ။
ကျွန်မအင်မတန်သာယာတဲ့ မိသားစုတစ်ခုကို လက်ဝယ်ပိုက်ထားရတဲ့အတွက် အရမ်းကို စိတ်ချမ်းသာရပါတယ်။
အခုတော့ တစ်ယောက်တည်း အလုပ်လုပ် ကလေးကျောင်းကြို ကျောင်းပို့လုပ်လည်း ပင်ပန်းတယ်လို့ မခံစားမိတော့ပါဘူး ။ ဘယ်နိုင်ငံပဲရောက်ရောက် မကြာခဏ ဖုန်းဆက်ပြီး အဆင်ပြေရဲ့လား စိတ်ပူပြီး ကလေးတွေကို တတွတ်တွတ်မေးနေတဲ့အတွက် သူတခြားမှာ ရှုပ်နေမှာကိုလည်း မပူရတော့တဲ့အတွက်လည်း ကျွန်မတို့ မိသားစုလေး ပိုစိုပြေခဲ့ရပါတယ်။
တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုဆို အပြန်လှန်တိုင်ပင်ပြီး ညှိနှိုင်းလုပ်ကိုင်ရတဲ့အတွက် အဆင်ပြေခဲ့ရသလို ။ ဒီကလေးတွေ ဒီအိမ်ထောင် တာဝန်ဟာ ကျွန်မတစ်ယောက်တည်းနဲ့ဆိုင်ပါတယ်ဆိုတဲ့ အတွေးတစ်ခုကို ဖျောက်ပေးနိုင်တဲ့အတွက်လည်း ကျွန်မတို့ ရဲ့ အဖုအထစ် လေးတွေဟာလည်း ပြေလျော့သွားခဲ့ပါတယ်။ အခုဆိုရင် သူဘယ်လို ရာထူးကြီးကြီးနဲ့ ဘာပဲဖြစ်နေပစေ အိမ်ပြန်ရောက်လို့ ကလေးတွေနဲ့ တွေ့ရင် သူက ခင်ပွန်းတစ်ယောက် တာဝန်သိတဲ့ ဖခင်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။
ကျွန်မနောက်ဆုံး နားလည် သဘောပေါက်သွားခဲ့ရတာကတော့ အိမ်ထောင်ရေး တစ်ခုမှာ အရေးကြီးဆုံးက ညှိနှိုင်းလုပ်ကိုင်မှုပါပဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေ ကျေနပ်ရင် အရာအားလုံးဟာ အဆင်ပြေပါတယ်။ ကိုယ့်တာဝန်ကြီးလည်း မဟုတ်သလို သူ့တာဝန်ကြီးပဲလို့လည်း သတ်မှတ်လို့မရပါဘူး။
အိမ်ထောင်ရေး သော့ခလောက်ကို နှစ်ယောက်တူတူ တက်ညီလက်ညီဖွင့်မှသာ ပွင့်မှာဖြစ်ပြီး သာယာတဲ့ အနာဂတ်ရူခင်းကို သင်တို့ လှမ်းမြင်ရမှာပါ။

( အိမ်ထောင်ရေးဆိုတာ ငှက်နှစ်ကောင်ပျံသန်းသလိုပါပဲ ။ ဘယ်သူ ကြီးတယ် ငယ်တယ်ဆိုတာမရှိပါဘူး။ တူတူ သွားရတဲ့ ခရီးတစ်ခုမှာ ဘယ်သူကပဲ ပျံသန်းတာ မြန်လို့ ရှေ့ကိုပဲရောက်ရောက် နောက်ကျတဲ့ သူကိုတော့ စောင့်ပေးရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် လေးစားမှုရှိရပြီး တာဝန်ခွဲယူတတ်တဲ့စိတ်ရယ် နဲ့ အတူတူ ပျံသန်းကြမှသာ ခရီးရှည်ကို အဆုံးထိ တူတူသွားနိုင်မှာပါ။ အကယ်၍ သင့်မှာ ဒီလို တူတူပျံသန်းဖို့ အစီစဉ်မရှိဘူးဆိုရင် အစကတည်းက အိမ်ထောင်ပြုဖို့ မစဉ်းစားမိပါစေနဲ့။ )


ဖိုးသူတော် (www.phothutaw.com)
Credit:မနုဿ     ရဲ့စာမျက်နှာလေးများ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top