×

ယခု ၂၀၁၆−၁၇ ဘ႑ာႏွစ္အစ ဧၿပီမွ စက္တင္ဘာလကုန္ အထိ ေျခာက္လတာအတြင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၁၂ ဒသမ ၉ ဘီလီယံေက်ာ္ရွိၿပီး ယခင္ဘ႑ာႏွစ္ကာလတူ ႏွင့္ ႏိႈင္းယွဥ္ပါက ေဒၚလာ ၄၈၃သန္း ေလ်ာ့နည္းေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ ေရး ဝန္ႀကီးဌာနမွ သတင္းရရွိ သည္။

ေျခာက္လအတြင္း ျပည္ပ ႏုိင္ငံမ်ားသို႔ ကန္ေဒၚလာ ၅ ဒသမ ၅ ဘီလီယံေက်ာ္တန္ဖိုးရွိ ပို႔ကုန္ မ်ားတင္ပို႔ၿပီး ကန္ေဒၚလာ ၇ ဒသမ၃ ဘီလီယံေက်ာ္ တန္ဖိုးရွိသည့္ သြင္းကုန္မ်ား တင္သြင္းထား ေၾကာင္း ထုတ္ျပန္ေသာ စာရင္း ဇယားမ်ားတြင္ ေဖာ္ျပထားသည္။ ထို႔ေၾကာင့္ အစိုးရသစ္လက္ထက္ ေျခာက္လအတြင္း ကုန္သြယ္မႈလိုေငြသည္ ၁ ဒသမ ၈ ဘီလီယံခန္႔ရွိ သည္။ ပို႔ကုန္မ်ားတင္ပို႔ရာ လယ္ ယာထြက္ကုန္ပစၥည္း ကန္ေဒၚ လာ ၁ ဒသမ ၃၇ ဘီလီယံေက်ာ္၊ ေရထြက္ကုန္ပစၥည္း ၂၂၈ သန္း ေက်ာ္၊ သတၱဳတြင္းထြက္ပစၥည္း ၃၈၂ သန္း၊ သစ္ေတာထြက္ပစၥည္း ၁၁၃ သန္းႏွင့္ စက္မႈကုန္ေခ်ာ ပစၥည္း ကန္ေဒၚလာ ၂ ဒသမ ၆ ဘီလီယံခန္႔ တင္ပို႔ခဲ့သည္။ ပို႔ကုန္ တင္ပို႔မႈသည္ ယခင္ဘ႑ာႏွစ္ ကာလတူႏွင့္ ႏိႈင္းယွဥ္လွ်င္ ေဒၚ လာ ၃၆၄ သန္းေက်ာ္ ပိုမိုတင္ပို႔ ထားေၾကာင္း စီးပြားေရးႏွင့္ ကူး သန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴးတစ္ဦးက ေျပာ ၾကားသည္။

ထို႔ေၾကာင့္ ပုိ႔ကုန္တြင္ စက္ မႈကုန္ေခ်ာပစၥည္းတင္ပို႔မႈသည္ အမ်ားဆံုးျဖစ္သည္။

 ျပည္ပ ႏုိင္ငံမ်ားမွ ကုန္ ပစၥည္းတင္သြင္းမႈတြင္ ရင္းႏွီးျမႇဳပ္ ႏွံမႈ ကုန္စည္အမ်ားဆံုးျဖစ္ၿပီး ကန္ေဒၚလာ သံုးဘီလီယံတန္ဖိုး တင္သြင္းထားသည္။

သို႔ေသာ္ ေျခာက္လအတြင္း သြင္းကုန္တန္ဖိုးမွာ ယခင္ႏွစ္ကာ လတူႏွင့္ ႏိႈင္းယွဥ္လွ်င္ ေဒၚလာ သန္း ၅၀၀ ခန္႔ ေလ်ာ့နည္းသြား သည္။ ယခုဘ႑ာႏွစ္တြင္ ျပည္ပႏုိင္ငံမ်ားႏွင့္ ကုန္သြယ္မႈတန္ဖိုး ကန္ေဒၚလာ ၃၀ ဘီလီယံေက်ာ္ရရွိရန္ ေမွ်ာ္မွန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


Unicode Version

ယခု ၂၀၁၆−၁၇ ဘဏ္ဍာနှစ်အစ ဧပြီမှ စက်တင်ဘာလကုန် အထိ ခြောက်လတာအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၄၈၃သန်း လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ခြောက်လအတွင်း ပြည်ပ နိုင်ငံများသို့ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ပို့ကုန် များတင်ပို့ပြီး ကန်ဒေါ်လာ ၇ ဒသမ၃ ဘီလီယံကျော် တန်ဖိုးရှိသည့် သွင်းကုန်များ တင်သွင်းထား ကြောင်း ထုတ်ပြန်သော စာရင်း ဇယားများတွင် ဖော်ပြထားသည်။ ထို့ကြောင့် အစိုးရသစ်လက်ထက် ခြောက်လအတွင်း ကုန်သွယ်မှုလိုငွေသည် ၁ ဒသမ ၈ ဘီလီယံခန့်ရှိ သည်။ ပို့ကုန်များတင်ပို့ရာ လယ် ယာထွက်ကုန်ပစ္စည်း ကန်ဒေါ် လာ ၁ ဒသမ ၃၇ ဘီလီယံကျော်၊ ရေထွက်ကုန်ပစ္စည်း ၂၂၈ သန်း ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း ၃၈၂ သန်း၊ သစ်တောထွက်ပစ္စည်း ၁၁၃ သန်းနှင့် စက်မှုကုန်ချော ပစ္စည်း ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့် တင်ပို့ခဲ့သည်။ ပို့ကုန် တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဒေါ် လာ ၃၆၄ သန်းကျော် ပိုမိုတင်ပို့ ထားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြော ကြားသည်။

ထို့ကြောင့် ပို့ကုန်တွင် စက် မှုကုန်ချောပစ္စည်းတင်ပို့မှုသည် အများဆုံးဖြစ်သည်။

 ပြည်ပ နိုင်ငံများမှ ကုန် ပစ္စည်းတင်သွင်းမှုတွင် ရင်းနှီးမြှုပ် နှံမှု ကုန်စည်အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ သုံးဘီလီယံတန်ဖိုး တင်သွင်းထားသည်။

သို့သော် ခြောက်လအတွင်း သွင်းကုန်တန်ဖိုးမှာ ယခင်နှစ်ကာ လတူနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ သန်း ၅၀၀ ခန့် လျော့နည်းသွား သည်။ ယခုဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရရှိရန် မျှော်မှန်းထားသည်။



ဖိုးသူတော် (www.phothutaw.com)

Credit:7Day Daily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top