Kantharyar Centre
×

မဂၤလာပြဲက်င္းပေတာ့မယ္ဆုိရင္ ဘယ္သူေတြကို ဖိတ္ရမလဲ၊ ဘယ္သူေတြကို ခ်န္ခဲ့ရမလဲဆိုတာ အၿမဲေခါင္းစားတတ္ၾကပါတယ္။ ခင္မင္ရင္းႏွီးတဲ့သူေတြ မက်န္ခဲ့ေအာင္ စဥ္းစားၾကရသလို ဒီလူကို ခ်န္ခဲ့ရမလား၊ စာရင္းထဲ ထည့္ရမွာလား ဆုိတာကလည္း ေတြးရေတာရတာ အေမာေပါ့။ ဒီေတာ့ မဂၤလာဖိတ္စာ ပို႔တဲ့အခါ မထည့္သင့္တဲ့ လူေတြအေၾကာင္း နည္းနည္းေျပာျပေပးပါရေစ။

၁။သင့္ရဲ႕ ရည္းစားေဟာင္း

သင္န႔ဲ သင့္ရဲ႕ရည္းစားေဟာင္းဟာ ခုခ်ိန္ထိ သူငယ္ခ်င္းလုိ အဆက္အသြယ္ရွိေနေသးတယ္ဆုိရင္ေတာင္ သူလည္း ဒီဖိတ္စာရတဲ့အခါ စိတ္ထဲတစ္မ်ိဳး ျဖစ္သြားႏိုင္သလို၊ သူ ဒီပြဲတက္လာတဲ့အခါ သင့္ရဲ႕အိမ္ ေထာင္ဖက္အေနနဲ႔လည္း စိတ္ကသိကေအာက္ ျဖစ္ဖြယ္ရွိပါတယ္။

၂။အျပင္မွာ မဆံုဖူးၾကေပမယ့္ ေဖ့စ္ဘြတ္ခ္ေပၚက သင့္ရဲ႕ဓာတ္ပံုေတြကို Like အၿမဲတမ္းလုပ္ေနတဲ့သူေတြ

သင္ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာ နည္းနည္းေပၚျပဴလာျဖစ္တာမုိ႔ သင့္ပံုေတြကို အၿမဲတမ္း Like လုပ္ေနသူေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ သူတုိ႔ကို သင့္မဂၤလာပြဲဖိတ္ဖုိ႔ေလာက္ထိေတာ့ မစဥ္းစားပါနဲ႔။ ဒါဟာ အူေၾကာင္ေၾကာင္ႏိုင္လြန္းပါတယ္။

၃။သင္နဲ႔စကားမေျပာျဖစ္တာ ေလး၊ ငါးႏွစ္ရွိေနၿပီျဖစ္တဲ့ သူငယ္ခ်င္း

ခုေနာက္ပိုင္း အဆက္အသြယ္ ျပတ္ေနၿပီျဖစ္တဲ့ တကၠသိုလ္တုန္းက သူငယ္ခ်င္းေတြ၊၊ ဖုန္းေတြဘာေတြလည္း မေျပာျဖစ္သလို၊ ေဖ့စ္ဘြတ္ခ္ chatting မွာေတာင္ စကားတစ္ခြန္းမွ မေျပာျဖစ္တဲ့ သူငယ္ခ်င္းေတြကိုလည္း ဖိတ္ဖို႔ သိပ္စဥ္းစားစရာ မလိုပါဘူး။

၄။သင့္သူငယ္ခ်င္းနဲ႔ အီစီကလီျဖစ္ေနတဲ့သူ

ကုိယ့္သူငယ္ခ်င္းနဲ႔ ႀကိဳက္လညး္ မႀကိဳက္ေသး၊ အီစီကလီအဆင့္ေလာက္သာ ရွိေသးတဲ့သူကို သင့္မဂၤလာပြဲ ဖိတ္ဖုိ႔ေလာက္ထိ မေတြးပါနဲ႔။ အပိုတစ္ေယာက္အျဖစ္ ေခၚလာခိုင္းဖုိ႔ ေစာပါေသးတယ္။

၅။သိပ္မခင္တဲ့ အိမ္နီးနားခ်င္း

ကိုယ့္တိုက္ခန္းရဲ႕ ေအာက္ခန္းကသူေတြနဲ႔ ကိုယ္နဲ႔ ေမးထူးေခၚေျပာေတာင္ ရွိပါရဲ႕လား။ ေဘးအိမ္က မိသားစုနဲ႔ေရာ ညေနစာတူတူစားတာမ်ိဳးေတြ ဘာတြ လုပ္ဖူးပါရဲ႕လား။ ေမးထူးေခၚေျပာေလာက္ေတာင္ မရွိဘူးဆုိရင္ေတာ့ ဖိတ္ရမယ့္ စာရင္းထဲက ထုတ္လုိက္ပါ။

၆။ကိုယ္နဲ႔သိပ္အဆင္မေျပတဲ့ လုပ္ေဖာ္ကိုင္ဖက္

အလုပ္မွာ အတူဆုိေပမယ့္ တစ္ဦးနဲ႔တစ္ဦး စိတ္ထဲက မေက်နပ္ခ်က္ေတြ ရွိေနၿပီးသားသူေတြကုိလည္း သင့္မဂၤလာပြဲကို မဖိတ္ပါနဲ႔။

၇။ထစ္ခနဲရွိ သူပဲဆိုေလာက္ေအာင္ ျပသနာရွာတတ္တဲ့သူ

အေပါင္းအသင္းေတြထဲမွာ တစ္ခုခုဆို သူပဲ ဆုိေလာက္ေအာင္ ျပသနာေတြဖန္တီး၊ ရန္ပြဲေတြ ဖန္တီးတတ္တဲ့သူမ်ိဳးဆုိရင္လည္း မဖိတ္တာက ခပ္ေကာင္းေကာင္းပါ။ အဲ့ဒီလိုမွ မဟုတ္ရင္ ကုိယ့္ပြဲမွာ ကိုယ္မ်က္ႏွာပ်က္ရတဲ့အျဖစ္မ်ိဳးေတြ ႀကံဳႏိုင္တာေၾကာင့္ပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar


#Unicode Version
မင်္ဂလာပွဲကျင်းပတော့မယ်ဆိုရင် ဘယ်သူတွေကို ဖိတ်ရမလဲ၊ ဘယ်သူတွေကို ချန်ခဲ့ရမလဲဆိုတာ အမြဲခေါင်းစားတတ်ကြပါတယ်။ ခင်မင်ရင်းနှီးတဲ့သူတွေ မကျန်ခဲ့အောင် စဉ်းစားကြရသလို ဒီလူကို ချန်ခဲ့ရမလား၊ စာရင်းထဲ ထည့်ရမှာလား ဆိုတာကလည်း တွေးရတောရတာ အမောပေါ့။ ဒီတော့ မင်္ဂလာဖိတ်စာ ပို့တဲ့အခါ မထည့်သင့်တဲ့ လူတွေအကြောင်း နည်းနည်းပြောပြပေးပါရစေ။

၁။သင့်ရဲ့ ရည်းစားဟောင်း

သင်နဲ့ သင့်ရဲ့ရည်းစားဟောင်းဟာ ခုချိန်ထိ သူငယ်ချင်းလို အဆက်အသွယ်ရှိနေသေးတယ်ဆိုရင်တောင် သူလည်း ဒီဖိတ်စာရတဲ့အခါ စိတ်ထဲတစ်မျိုး ဖြစ်သွားနိုင်သလို၊ သူ ဒီပွဲတက်လာတဲ့အခါ သင့်ရဲ့အိမ်ထောင်ဖက်အနေနဲ့လည်း စိတ်ကသိကအောက် ဖြစ်ဖွယ်ရှိပါတယ်။

၂။အပြင်မှာ မဆုံဖူးကြပေမယ့် ဖေ့စ်ဘွတ်ခ်ပေါ်က သင့်ရဲ့ဓာတ်ပုံတွေကို Like အမြဲတမ်းလုပ်နေတဲ့သူတွေ

သင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နည်းနည်းပေါ်ပြူလာဖြစ်တာမို့ သင့်ပုံတွေကို အမြဲတမ်း Like လုပ်နေသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ သူတို့ကို သင့်မင်္ဂလာပွဲဖိတ်ဖို့လောက်ထိတော့ မစဉ်းစားပါနဲ့။ ဒါဟာ အူကြောင်ကြောင်နိုင်လွန်းပါတယ်။

၃။သင်နဲ့စကားမပြောဖြစ်တာ လေး၊ ငါးနှစ်ရှိနေပြီဖြစ်တဲ့ သူငယ်ချင်း

ခုနောက်ပိုင်း အဆက်အသွယ် ပြတ်နေပြီဖြစ်တဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊၊ ဖုန်းတွေဘာတွေလည်း မပြောဖြစ်သလို၊ ဖေ့စ်ဘွတ်ခ် chatting မှာတောင် စကားတစ်ခွန်းမှ မပြောဖြစ်တဲ့ သူငယ်ချင်းတွေကိုလည်း ဖိတ်ဖို့ သိပ်စဉ်းစားစရာ မလိုပါဘူး။

၄။သင့်သူငယ်ချင်းနဲ့ အီစီကလီဖြစ်နေတဲ့သူ

ကိုယ့်သူငယ်ချင်းနဲ့ ကြိုက်လည်း မကြိုက်သေး၊ အီစီကလီအဆင့်လောက်သာ ရှိသေးတဲ့သူကို သင့်မင်္ဂလာပွဲ ဖိတ်ဖို့လောက်ထိ မတွေးပါနဲ့။ အပိုတစ်ယောက်အဖြစ် ခေါ်လာခိုင်းဖို့ စောပါသေးတယ်။

၅။သိပ်မခင်တဲ့ အိမ်နီးနားချင်း

ကိုယ့်တိုက်ခန်းရဲ့ အောက်ခန်းကသူတွေနဲ့ ကိုယ်နဲ့ မေးထူးခေါ်ပြောတောင် ရှိပါရဲ့လား။ ဘေးအိမ်က မိသားစုနဲ့ရော ညနေစာတူတူစားတာမျိုးတွေ ဘာတွ လုပ်ဖူးပါရဲ့လား။ မေးထူးခေါ်ပြောလောက်တောင် မရှိဘူးဆိုရင်တော့ ဖိတ်ရမယ့် စာရင်းထဲက ထုတ်လိုက်ပါ။

၆။ကိုယ်နဲ့သိပ်အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်

အလုပ်မှာ အတူဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး စိတ်ထဲက မကျေနပ်ချက်တွေ ရှိနေပြီးသားသူတွေကိုလည်း သင့်မင်္ဂလာပွဲကို မဖိတ်ပါနဲ့။

၇။ထစ်ခနဲရှိ သူပဲဆိုလောက်အောင် ပြသနာရှာတတ်တဲ့သူ

အပေါင်းအသင်းတွေထဲမှာ တစ်ခုခုဆို သူပဲ ဆိုလောက်အောင် ပြသနာတွေဖန်တီး၊ ရန်ပွဲတွေ ဖန်တီးတတ်တဲ့သူမျိုးဆိုရင်လည်း မဖိတ်တာက ခပ်ကောင်းကောင်းပါ။ အဲ့ဒီလိုမှ မဟုတ်ရင် ကိုယ့်ပွဲမှာ ကိုယ်မျက်နှာပျက်ရတဲ့အဖြစ်မျိုးတွေ ကြုံနိုင်တာကြောင့်ပါ။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top