Kantharyar Centre
×

 အဝလြန္ေနသူမ်ားသည္ သာမန္လူမ်ားထက္ ဗီတာမင္အီးပမာဏ ပိုမိုလုိအပ္ၿပီး တစ္ခ်ိန္တည္းမွာပင္ ၎တို႔သည္ ဗီတာမင္အီးပမာဏ အနည္းငယ္ကိုသာ ရရွိေသာေၾကာင့္ ဗီတာမင္အီး ႂကြယ္ဝစြာပါဝင္သည့္ အစားအစာမ်ားစားသံုးေပးရန္ လိုအပ္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

အဝလြန္ေနသူမ်ား၏ ကိုယ္အေလးခ်ိန္ႏွင့္ အျခားေသာျပႆ နာမ်ားက အႏၲရာယ္ရွိေသာ ဓာတ္ပစၥည္းမ်ား ခႏၶာကိုယ္ျပင္ပသို႔ စြန္႔ထုတ္ႏိုင္မႈကို ကေမာက္ကမျဖစ္ေစသည္။ ယင္းျပႆနာမ်ားက ဗီ တာမင္အီးကို အက်ိဳးရွိစြာ အသံုးခ်ႏိုင္မႈကို ေလ်ာ့က်ေစေၾကာင္း ေလ့ လာမႈက ေဖာ္ျပသည္။

အခြံမာသီးမ်ား၊ အေစ့အဆန္မ်ားႏွင့္ သံလြင္ဆီတို႔ကဲ့သို႔ အစားအစာအခ်ိဳ႕တြင္ ဗီတာမင္အီးႂကြယ္ဝစြာပါဝင္သည္။

ဗီတာမင္အီးခ်ိဳ႕တဲ့မႈျပင္းထန္စြာ ခံစားရပါက ဇီဝျဖစ္စဥ္ဆိုင္ရာေရာဂါႏွင့္ဆက္စပ္ေသာ ေရာဂါမ်ားစြာျဖစ္လာႏိုင္သည္။ ယင္းေရာဂါမ်ားတြင္ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ဇရာႀကိဳေရာဂါႏွင့္ ကင္ဆာေရာဂါတို႔ ပါဝင္ေၾကာင္း ေလ့လာမႈက ေဖာ္ျပသည္။

ထုိ႔ေၾကာင့္ အဝလြန္ေနသူမ်ားအေနျဖင့္ ဗီတာမင္အီးပမာဏ ပို၍စားသံုးေပးသင့္ၿပီး က်န္းမာေရးႏွင့္ညီေသာအဆီမ်ားပါဝင္သည့္ အစားအစာမ်ားမ်ားကို ပမာဏမ်ားစြာ စားသံုးေပးသင့္သည္ဟု သု ေတသီမ်ားက ေျပာသည္။

သို႔ေသာ္ ေသြးေၾကာမ်ားထဲ၌ လွည့္ပတ္စီးဆင္းေနေသာ ဗီတာမင္အီးပမာဏ ျမင့္မားစြာ ရွိေနလွ်င္ပင္ အဝလြန္သူမ်ား၌ ဗီတာမင္အီးကို အလိုအပ္ဆံုးျဖစ္ေနေသာ တစ္သွ်ဴးမ်ားသို႔ ယင္းဗီတာမင္မ်ား မေရာက္ႏိုင္ျဖစ္ေနသည္ဟု ေလ့လာမႈက ေဖာ္ျပသည္။

အဝလြန္ေနသူမ်ားတြင္ တစ္သွ်ဴးမ်ား၌ လံုေလာက္ေသာ အဆီ ဓာတ္မ်ားရွိေနၿပီးျဖစ္၍ ဗီတာမင္အီးတြင္ ပါဝင္ေသာ က်န္းမာေရးႏွင့္ညီသည့္ အဆီဓာတ္အခ်ိဳ႕ကို လက္မခံဘဲ ျငင္းပယ္တတ္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ယင္းေလ့လာမႈတြင္ က်န္းမာသန္စြမ္းသူမ်ားႏွင့္ဇီဝျဖစ္စဥ္ဆုိင္ရာ ေရာဂါခံစားေနရသူမ်ားပါဝင္ေၾကာင္း Clinical Nutrition ဂ်ာနယ္၌ ေဖာ္ျပထားသည္။ ယင္းေရာဂါမ်ိဳးခံစားေနရသူမ်ားအေနျဖင့္ ဗီတာမင္အီးႂကြယ္ဝေသာအစားအစာမ်ား ပိုစားေပးသင့္သည္ဟု သုေတ သီမ်ားက ၫႊန္ၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7day daily

#Unicode Version

 အဝလွန်နေသူများသည် သာမန်လူများထက် ဗီတာမင်အီးပမာဏ ပိုမိုလိုအပ်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဗီတာမင်အီးပမာဏ အနည်းငယ်ကိုသာ ရရှိသောကြောင့် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်သည့် အစားအစာများစားသုံးပေးရန် လိုအပ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အဝလွန်နေသူများ၏ ကိုယ်အလေးချိန်နှင့် အခြားသောပြဿ နာများက အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်နိုင်မှုကို ကမောက်ကမဖြစ်စေသည်။ ယင်းပြဿနာများက ဗီ တာမင်အီးကို အကျိုးရှိစွာ အသုံးချနိုင်မှုကို လျော့ကျစေကြောင်း လေ့ လာမှုက ဖော်ပြသည်။

အခွံမာသီးများ၊ အစေ့အဆန်များနှင့် သံလွင်ဆီတို့ကဲ့သို့ အစားအစာအချို့တွင် ဗီတာမင်အီးကြွယ်ဝစွာပါဝင်သည်။

ဗီတာမင်အီးချို့တဲ့မှုပြင်းထန်စွာ ခံစားရပါက ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါနှင့်ဆက်စပ်သော ရောဂါများစွာဖြစ်လာနိုင်သည်။ ယင်းရောဂါများတွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဇရာကြိုရောဂါနှင့် ကင်ဆာရောဂါတို့ ပါဝင်ကြောင်း လေ့လာမှုက ဖော်ပြသည်။

ထို့ကြောင့် အဝလွန်နေသူများအနေဖြင့် ဗီတာမင်အီးပမာဏ ပို၍စားသုံးပေးသင့်ပြီး ကျန်းမာရေးနှင့်ညီသောအဆီများပါဝင်သည့် အစားအစာများများကို ပမာဏများစွာ စားသုံးပေးသင့်သည်ဟု သု တေသီများက ပြောသည်။

သို့သော် သွေးကြောများထဲ၌ လှည့်ပတ်စီးဆင်းနေသော ဗီတာမင်အီးပမာဏ မြင့်မားစွာ ရှိနေလျှင်ပင် အဝလွန်သူများ၌ ဗီတာမင်အီးကို အလိုအပ်ဆုံးဖြစ်နေသော တစ်သျှူးများသို့ ယင်းဗီတာမင်များ မရောက်နိုင်ဖြစ်နေသည်ဟု လေ့လာမှုက ဖော်ပြသည်။

အဝလွန်နေသူများတွင် တစ်သျှူးများ၌ လုံလောက်သော အဆီ ဓာတ်များရှိနေပြီးဖြစ်၍ ဗီတာမင်အီးတွင် ပါဝင်သော ကျန်းမာရေးနှင့်ညီသည့် အဆီဓာတ်အချို့ကို လက်မခံဘဲ ငြင်းပယ်တတ်ကြောင်း သုတေသီများက ပြောသည်။

ယင်းလေ့လာမှုတွင် ကျန်းမာသန်စွမ်းသူများနှင့်ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါခံစားနေရသူများပါဝင်ကြောင်း Clinical Nutrition ဂျာနယ်၌ ဖော်ပြထားသည်။ ယင်းရောဂါမျိုးခံစားနေရသူများအနေဖြင့် ဗီတာမင်အီးကြွယ်ဝသောအစားအစာများ ပိုစားပေးသင့်သည်ဟု သုတေ သီများက ညွှန်ကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7day daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top