Kantharyar Centre
×

မိန္းကေလးေတြ အလွအပၾကိဳက္ၾကတယ္။ ပ်င္းတဲ့ မိန္းကေလးပဲရွိမယ္ ရုပ္ဆိုးတဲ့ မိန္းကေလးဆိုတာမရွိဘူးတဲ့။ အသက္ (၃ဝ) မတုိင္ခင္ ကိုယ့္ရုပ္ရည္ကို မိဘေတြကတာဝန္ယူတယ္၊ အသက္(၃ဝ)ေက်ာ္ျပီးေနာက္ ကိုယ့္ရုပ္ရည္ကို ကိုယ့္ဘာသာတာဝန္ယူပါတဲ့။ ဒီလို စကားမ်ဳိးရွိေပမယ့္ တခ်ဳိ႕မိန္းကေလးေတြက အိမ္ ေထာင္ဖက္ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ျမင္ရသူကို
ေခါင္းခါခ်င္ေလာက္ေအာင္ ပိုသီပတ္သီႏိုင္လြန္းခ့ဲပါတယ္။

“ခ်စ္သူရွိစမွာ မိန္းကေလးေတြက အလွအပကို အေလးထားတတ္ၾကတယ္”

ဒီလိုမိန္းကေလးမ်ဳိးကို ကိုယ့္ပတ္ဝန္းက်င္မွာ အမ်ားအျပားေတြ႔ရတတ္တယ္။ အခုဒီပို႔စ္ကိုဖတ္ေနတဲ့ မိန္းကေလးေတြလည္း အပါအဝင္ပါပဲ။ ခ်စ္သူျဖစ္စနဲ႔ ျဖစ္ျပီးေနာက္ရဲ႕ အေျပာင္းအလဲက သိသာလြန္းလွတယ္။ ခ်စ္သူရွိစမွာ မိန္းကေလးေတြရဲ႕ မ်က္ႏွာအေရာင္ေလးက ဝင္းလက္လို႔ေနတယ္။ အိမ္ကမထြက္ခင္ လွလွပပျဖစ္ေအာင္ စိတ္ရွည္လက္ရွည္ ျပင္တတ္ၾကတယ္။ ဆံပင္ပံု၊ အဝတ္အစားစတာေတြ လိုက္ဖက္ေအာင္ ဝတ္ဆင္ၾကတယ္။ လက္ေကာက္၊ လက္သည္းနီပါမက်န္ လက္ကိုင္အိတ္ကိုေတာင္ ကိုယ္ဝတ္ထားတဲ့ အဝတ္အစားနဲ႔ လိုက္မလိုက္ အေသးစိတ္ေရြးခ်ယ္တတ္ၾကတယ္။

ခါတိုင္း ေဘာင္းဘီပဲဝတ္တတ္တဲ့ မိန္းကေလးက ရုတ္တရက္ စကပ္နဲ႔မိတ္ကပ္ေတြျပင္လာျပီဆိုရင္ ခ်စ္သူ သို႔မဟုတ္ ကိုယ္ၾကိဳက္တဲ့လူ ရွိလာလို႔ျဖစ္တယ္။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္ သိသိသာသာ က်လာတယ္။ ဝိတ္ေလွ်ာ့ဖို႔ ၾကိဳးစားလာၾကတယ္ဆိုရင္ ခ်စ္သူရွိလာလို႔ပါပဲ။ ခ်စ္သူရွိတဲ့ မိန္းကေလးေတြက ပိန္ခ်င္ၾကတယ္။ ကိုယ္အေလးခ်ိန္ကို ဂရုစိုက္လာတတ္တယ္။ ဝိတ္ခိုးေလွ်ာ့လာတတ္တယ္။ ခ်စ္သူေပြ႔ဖက္တာကို ခံရခ်ိန္ ခါးနားကအဆီတံုးၾကီးကိုမကိုင္မိဖို႔ စိုးရိမ္လာတတ္ၾကတယ္။ ဒါေၾကာင့္ အိပ္ယာမဝင္ခင္ ေလ့က်င့္ခန္း လုပ္လာၾကတယ္။ အိပ္ယာထတာနဲ႔ ေပါင္ခ်ိန္ၾကည့္တတ္တယ္။ ဝိတ္က်ေဆးေတြ လိမ္းတယ္၊ ေသာက္တယ္၊ တီဗီြကလာတဲ့ အမ်ဳိးသမီး အစီအစဥ္ကို မလြတ္တမ္းၾကည့္တတ္လာၾကတယ္။ ဒီအခ်ိန္မွာ ဒီလို မိန္းကေလးေတြက အလွဆံုးျဖစ္တယ္။ သူတို႔ရဲ႕ မ်က္ႏွာေလးေတြက ကန္ေရျပင္လို ၾကည္လင္ လွပေနတတ္တယ္။

“အခ်စ္တည္ျငိမ္လာခ်ိန္မွာ ျပင္ဆင္မႈေတြ ေလ်ာ့ပါး၊ ပံုပ်က္လာတတ္တယ္”

တည္ျငိမ္တဲ့အခ်စ္တစ္ခု ရျပီဆိုတာနဲ႔ မိန္းကေလးေတြက အလွအပ၊ အျပင္အဆင္ကို ေလ်ာ့လာၾကတယ္။ အျမဲတမ္း အသင့္အေနအထားမ်ဳိး ျပင္ဆင္ထားရမယ္လို႔ မဆိုလိုပါဘူး။ ေလ့က်င့္မႈေတာ့ လိုပါလိမ့္မယ္။ တခ်ဳိ႕မိန္းကေလးရဲ႕ အေျပာင္းအလဲက လန္႔စရာေကာင္းေလာက္ေအာင္ ပိုသိသာျမန္ဆန္ပါတယ္။ ကိုယ္အေလးခ်ိန္ တိုးလာရံုတင္မက အျပင္အဆင္ကိုလည္း ျဖစ္သလို ျပင္ဆင္လာခဲ့တယ္။ အခ်စ္ေတြ တည္ျငိမ္လာေတာ့ သူ ငါ့ကို လြယ္လြယ္နဲ႔ထားသြားမွာ မဟုတ္ဘူးဆိုျပီး အလွအပ ျပင္ဆင္မႈေတြ ေလ်ာ့လာခဲ့တယ္။ အထူးသျဖင့္ အိမ္ေထာင္က်ျပီးတဲ့ မိန္းကေလးေတြက ပိုသိသာပါတယ္။

တခ်ဳိ႕မိန္းကေလးေတြက အိမ္ထဲအိမ္ျပင္မခဲြျခားဘဲ အိမ္ေနအကႌ်ကို အလုပ္ဝတ္သြားတတ္တယ္။ ဒါမွမဟုတ္ ညအိမ္ျပန္ေရာက္ခ်ိန္မွာ လိမ္းထားတဲ့ မိတ္ကပ္ကိုမဖ်က္ဘဲ သြားမတိုက္၊ မ်က္ႏွာမသစ္ဘဲ အိပ္ယာဝင္တယ္ဆိုတာကို ေယာက်ာ္းေတြက တျဖည္းျဖည္း သတိထားလာမိတတ္ၾကတယ္။ ခ်စ္စ၊ ၾကင္စ၊ အိမ္ေထာင္က်စမွာ ဝတ္တတ္တဲ့ (sexy) ညဝတ္အကႌ်ေတြက အခုေတာ့ တျခားအဝတ္အစား ဖားဖားၾကီးေတြ ျဖစ္လို႔ေနတယ္။ ေခါင္းအံုးေဘးမွာ အိပ္ေနသူကို အိပ္ရင္းအိပ္ရင္း ဘယ္က အဘြားၾကီးလဲလို႔ ထင္ရေလာက္ေအာင္ ေျပာင္းလဲတတ္ၾကခဲ့ပါတယ္။

အျပင္ပန္း အျပင္အဆင္ေပါ့ေလ်ာ့တဲ့အျပင္ တခ်ဳိ႕မိန္းကေလးေတြက တိုးတက္လိုစိတ္ မရွိတတ္ၾကဘူး။ အေပါင္းအသင္းေတြ စုမိရင္ ဟိုအတင္း၊ ဒီအတင္းေလး ေျပာမယ္။ အလုပ္ခ်ိန္မွာ msn နဲ႔ အခ်ိန္ျဖဳန္းမယ္။ ရသစာေပေလး ဖတ္ရရင္ အခ်ိန္ကုန္အားစိုက္ရတယ္ဆိုျပီး အာဟာရမရွိတဲ့ တီဗီြအစီအစဥ္ေတြကို ပိုႏွစ္သက္တတ္တယ္။ စာအုပ္အေရာင္းဆိုင္နဲ႔ ရုပ္ရွင္ရံုဆိုရင္ ေျခဦးေတာင္မလွည့္မိတတ္ၾကေတာ့ပါဘူး။ ထမင္းေကာင္း၊ ဟင္းေကာင္းေလး တစ္ဝိုင္းစားရဖို႔ဆိုတာလည္း မရွိေတာ့ပါဘူး။ ဒီလိုမိန္းကေလးမ်ဳိးအတြက္ ေျပာစရာစကား ဘာမ်ားရွိပါေသးသလဲ။

တခ်ဳိ႕ေယာက္်ားေတြက ရုပ္ရည္မၾကည့္ပါဘူး၊ အတြင္းစိတ္ျဖဴစင္ရင္ ရပါျပီလို႔ ေျပာတတ္ၾကေပမယ့္ သူတို႔စိတ္ထဲမွာေတာ့ “လူၾကားထဲ တဲြေခၚသြားႏိုင္တဲ့၊ မီးဖိုေခ်ာင္ ႏိုင္နင္းတဲ့၊ အိမ္ခန္း တာဝန္ေက်တဲ့” မိန္းမမ်ဳိးကို လိုခ်င္ၾကတာခ်ည္းပါပဲ။ ေယာက္်ားေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေအာက္မွာ မိန္းမေတြ ရွင္သန္စရာ မလိုဘူးဆိုေပမယ့္ ကိုယ့္သတ္မွတ္ခ်က္ အထက္မွာေတာ့ ကိုယ္ရွိသင့္တယ္လို႔ ထင္ပါတယ္။ အတင္းအဖ်င္းေတြနဲ႔ အခ်ိန္ကုန္မဲ့အစား ဘာျဖစ္လို႔ ကုိယ့္ကိုယ္ကိုအခ်ိန္ပိုေပးျပီး လွပဖို႔အခြင့္အေရး မယူခ်င္ၾကတာလဲ မိန္းကေလးတို႔ရယ္…!

မိန္းကေလးတို႔ေရ.. ကိုယ့္ကိုယ္ကို စိုးရိမ္စိတ္ေလ နည္းနည္းထားပါ။ ကိုယ့္ကိုယ္ နည္းနည္းပိုခ်စ္ပါ။ တစ္ခါတေလ ေကာင္မငယ္ေလးေတြလို ေနထိုင္ပါ။ အလုပ္ဆင္းတာနဲ႔ အိမ္တန္းျပန္ဖို႔ပဲ မေလာပါနဲ႔။ ေရွာ့ပင္းေလးသြားပါ၊ ဆံပင္ပံုစံ ေျပာင္းၾကည့္ပါ၊ ရႈပ္ေထြးေနတဲ့စိတ္ကို ေျပာင္းလဲၾကည့္ပါ။ စာအုပ္ဆိုင္ေတြ လည္ပတ္ပါ၊ ရုပ္ရွင္ၾကည့္ပါ၊ ေအာ္ဂင္းနစ္အစာေတြ စားသံုးပါ။ တရားထိုင္ၾကည့္ပါ။ ဒါမွမဟုတ္ ကိုယ့္ကိုယ္ကို ေကာ္ဖီတစ္ေဖ်ာ္စာ အခ်ိန္ေလးေပးျပီး ရႈပ္ေထြးတဲ့အလုပ္ကေန တခဏေလာက္ခြာၾကည့္ပါ။ စိတ္ကို ၾကည္ၾကည္လင္လင္ ထားၾကည့္ပါ။

မိန္းကေလးတိုင္း အသက္အရြယ္ အကန္႔အကတ္မရွိဘဲ လွပႏိုင္ၾကပါတယ္။ အျပင္ပန္းနဲ႔ အတြင္းစိတ္ကို ေျပာင္းလဲခ်င္တယ္၊ အထက္ကို မနားတမ္း တက္ခ်င္တဲ့စိတ္ရွိရင္ ျဖစ္ကိုျဖစ္ႏိုင္ပါတယ္။

—–
ကၽြန္မလည္း မိန္းမသားတစ္ေယာက္မို႔ ကိုယ့္ကိုယ္ကိုအသိေပးတဲ့အေနနဲ႔ ဘာသာျပန္မွ်ေဝျဖစ္ခဲ့ပါတယ္။

မူရင္းလင့္ – http://verywed.com/forum/wedlife/602023-0.html

ဖုိးသူေတာ္(www.phothutaw.com)
Credit:ႏိုင္းႏိုင္းစေန

#Unicode Version
မိန်းကလေးတွေ အလှအပကြိုက်ကြတယ်။ ပျင်းတဲ့ မိန်းကလေးပဲရှိမယ် ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာမရှိဘူးတဲ့။ အသက် (၃ဝ) မတိုင်ခင် ကိုယ့်ရုပ်ရည်ကို မိဘတွေကတာဝန်ယူတယ်၊ အသက်(၃ဝ)ကျော်ပြီးနောက် ကိုယ့်ရုပ်ရည်ကို ကိုယ့်ဘာသာတာဝန်ယူပါတဲ့။ ဒီလို စကားမျိုးရှိပေမယ့် တချို့မိန်းကလေးတွေက အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်ရသူကို
ခေါင်းခါချင်လောက်အောင် ပိုသီပတ်သီနိုင်လွန်းခဲ့ပါတယ်။

“ချစ်သူရှိစမှာ မိန်းကလေးတွေက အလှအပကို အလေးထားတတ်ကြတယ်”

ဒီလိုမိန်းကလေးမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ အများအပြားတွေ့ရတတ်တယ်။ အခုဒီပို့စ်ကိုဖတ်နေတဲ့ မိန်းကလေးတွေလည်း အပါအဝင်ပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးနောက်ရဲ့ အပြောင်းအလဲက သိသာလွန်းလှတယ်။ ချစ်သူရှိစမှာ မိန်းကလေးတွေရဲ့ မျက်နှာအရောင်လေးက ဝင်းလက်လို့နေတယ်။ အိမ်ကမထွက်ခင် လှလှပပဖြစ်အောင် စိတ်ရှည်လက်ရှည် ပြင်တတ်ကြတယ်။ ဆံပင်ပုံ၊ အဝတ်အစားစတာတွေ လိုက်ဖက်အောင် ဝတ်ဆင်ကြတယ်။ လက်ကောက်၊ လက်သည်းနီပါမကျန် လက်ကိုင်အိတ်ကိုတောင် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်မလိုက် အသေးစိတ်ရွေးချယ်တတ်ကြတယ်။

ခါတိုင်း ဘောင်းဘီပဲဝတ်တတ်တဲ့ မိန်းကလေးက ရုတ်တရက် စကပ်နဲ့မိတ်ကပ်တွေပြင်လာပြီဆိုရင် ချစ်သူ သို့မဟုတ် ကိုယ်ကြိုက်တဲ့လူ ရှိလာလို့ဖြစ်တယ်။ အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်။ ဝိတ်လျှော့ဖို့ ကြိုးစားလာကြတယ်ဆိုရင် ချစ်သူရှိလာလို့ပါပဲ။ ချစ်သူရှိတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ကိုယ်အလေးချိန်ကို ဂရုစိုက်လာတတ်တယ်။ ဝိတ်ခိုးလျှော့လာတတ်တယ်။ ချစ်သူပွေ့ဖက်တာကို ခံရချိန် ခါးနားကအဆီတုံးကြီးကိုမကိုင်မိဖို့ စိုးရိမ်လာတတ်ကြတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်လာကြတယ်။ အိပ်ယာထတာနဲ့ ပေါင်ချိန်ကြည့်တတ်တယ်။ ဝိတ်ကျဆေးတွေ လိမ်းတယ်၊ သောက်တယ်၊ တီဗွီကလာတဲ့ အမျိုးသမီး အစီအစဉ်ကို မလွတ်တမ်းကြည့်တတ်လာကြတယ်။ ဒီအချိန်မှာ ဒီလို မိန်းကလေးတွေက အလှဆုံးဖြစ်တယ်။ သူတို့ရဲ့ မျက်နှာလေးတွေက ကန်ရေပြင်လို ကြည်လင် လှပနေတတ်တယ်။

“အချစ်တည်ငြိမ်လာချိန်မှာ ပြင်ဆင်မှုတွေ လျော့ပါး၊ ပုံပျက်လာတတ်တယ်”

တည်ငြိမ်တဲ့အချစ်တစ်ခု ရပြီဆိုတာနဲ့ မိန်းကလေးတွေက အလှအပ၊ အပြင်အဆင်ကို လျော့လာကြတယ်။ အမြဲတမ်း အသင့်အနေအထားမျိုး ပြင်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ လေ့ကျင့်မှုတော့ လိုပါလိမ့်မယ်။ တချို့မိန်းကလေးရဲ့ အပြောင်းအလဲက လန့်စရာကောင်းလောက်အောင် ပိုသိသာမြန်ဆန်ပါတယ်။ ကိုယ်အလေးချိန် တိုးလာရုံတင်မက အပြင်အဆင်ကိုလည်း ဖြစ်သလို ပြင်ဆင်လာခဲ့တယ်။ အချစ်တွေ တည်ငြိမ်လာတော့ သူ ငါ့ကို လွယ်လွယ်နဲ့ထားသွားမှာ မဟုတ်ဘူးဆိုပြီး အလှအပ ပြင်ဆင်မှုတွေ လျော့လာခဲ့တယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေက ပိုသိသာပါတယ်။

တချို့မိန်းကလေးတွေက အိမ်ထဲအိမ်ပြင်မခွဲခြားဘဲ အိမ်နေအင်္ကျီကို အလုပ်ဝတ်သွားတတ်တယ်။ ဒါမှမဟုတ် ညအိမ်ပြန်ရောက်ချိန်မှာ လိမ်းထားတဲ့ မိတ်ကပ်ကိုမဖျက်ဘဲ သွားမတိုက်၊ မျက်နှာမသစ်ဘဲ အိပ်ယာဝင်တယ်ဆိုတာကို ယောကျာ်းတွေက တဖြည်းဖြည်း သတိထားလာမိတတ်ကြတယ်။ ချစ်စ၊ ကြင်စ၊ အိမ်ထောင်ကျစမှာ ဝတ်တတ်တဲ့ (sexy) ညဝတ်အင်္ကျီတွေက အခုတော့ တခြားအဝတ်အစား ဖားဖားကြီးတွေ ဖြစ်လို့နေတယ်။ ခေါင်းအုံးဘေးမှာ အိပ်နေသူကို အိပ်ရင်းအိပ်ရင်း ဘယ်က အဘွားကြီးလဲလို့ ထင်ရလောက်အောင် ပြောင်းလဲတတ်ကြခဲ့ပါတယ်။

အပြင်ပန်း အပြင်အဆင်ပေါ့လျော့တဲ့အပြင် တချို့မိန်းကလေးတွေက တိုးတက်လိုစိတ် မရှိတတ်ကြဘူး။ အပေါင်းအသင်းတွေ စုမိရင် ဟိုအတင်း၊ ဒီအတင်းလေး ပြောမယ်။ အလုပ်ချိန်မှာ msn နဲ့ အချိန်ဖြုန်းမယ်။ ရသစာပေလေး ဖတ်ရရင် အချိန်ကုန်အားစိုက်ရတယ်ဆိုပြီး အာဟာရမရှိတဲ့ တီဗွီအစီအစဉ်တွေကို ပိုနှစ်သက်တတ်တယ်။ စာအုပ်အရောင်းဆိုင်နဲ့ ရုပ်ရှင်ရုံဆိုရင် ခြေဦးတောင်မလှည့်မိတတ်ကြတော့ပါဘူး။ ထမင်းကောင်း၊ ဟင်းကောင်းလေး တစ်ဝိုင်းစားရဖို့ဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမိန်းကလေးမျိုးအတွက် ပြောစရာစကား ဘာများရှိပါသေးသလဲ။

တချို့ယောက်ျားတွေက ရုပ်ရည်မကြည့်ပါဘူး၊ အတွင်းစိတ်ဖြူစင်ရင် ရပါပြီလို့ ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာတော့ “လူကြားထဲ တွဲခေါ်သွားနိုင်တဲ့၊ မီးဖိုချောင် နိုင်နင်းတဲ့၊ အိမ်ခန်း တာဝန်ကျေတဲ့” မိန်းမမျိုးကို လိုချင်ကြတာချည်းပါပဲ။ ယောက်ျားတွေရဲ့ မျှော်လင့်ချက်အောက်မှာ မိန်းမတွေ ရှင်သန်စရာ မလိုဘူးဆိုပေမယ့် ကိုယ့်သတ်မှတ်ချက် အထက်မှာတော့ ကိုယ်ရှိသင့်တယ်လို့ ထင်ပါတယ်။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်မဲ့အစား ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုအချိန်ပိုပေးပြီး လှပဖို့အခွင့်အရေး မယူချင်ကြတာလဲ မိန်းကလေးတို့ရယ်…!

မိန်းကလေးတို့ရေ.. ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်လေ နည်းနည်းထားပါ။ ကိုယ့်ကိုယ် နည်းနည်းပိုချစ်ပါ။ တစ်ခါတလေ ကောင်မငယ်လေးတွေလို နေထိုင်ပါ။ အလုပ်ဆင်းတာနဲ့ အိမ်တန်းပြန်ဖို့ပဲ မလောပါနဲ့။ ရှော့ပင်းလေးသွားပါ၊ ဆံပင်ပုံစံ ပြောင်းကြည့်ပါ၊ ရှုပ်ထွေးနေတဲ့စိတ်ကို ပြောင်းလဲကြည့်ပါ။ စာအုပ်ဆိုင်တွေ လည်ပတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ အော်ဂင်းနစ်အစာတွေ စားသုံးပါ။ တရားထိုင်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကော်ဖီတစ်ဖျော်စာ အချိန်လေးပေးပြီး ရှုပ်ထွေးတဲ့အလုပ်ကနေ တခဏလောက်ခွာကြည့်ပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားကြည့်ပါ။

မိန်းကလေးတိုင်း အသက်အရွယ် အကန့်အကတ်မရှိဘဲ လှပနိုင်ကြပါတယ်။ အပြင်ပန်းနဲ့ အတွင်းစိတ်ကို ပြောင်းလဲချင်တယ်၊ အထက်ကို မနားတမ်း တက်ချင်တဲ့စိတ်ရှိရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။

—–
ကျွန်မလည်း မိန်းမသားတစ်ယောက်မို့ ကိုယ့်ကိုယ်ကိုအသိပေးတဲ့အနေနဲ့ ဘာသာပြန်မျှဝေဖြစ်ခဲ့ပါတယ်။

မူရင်းလင့် – http://verywed.com/forum/wedlife/602023-0.html


ဖိုးသူတော်(www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top