Kantharyar Centre
×


အာဆင္နယ္ကို ၎ကိုင္တြယ္ခဲ့ပံုအား ေလ့လာစိစစ္မႈသည္ စာခ်ဳပ္သက္တမ္း တုိး၊ မတိုးအဆံုးအျဖတ္တြင္ အေရးပါေသာအခ်က္ ျဖစ္လာႏိုင္သည္ဟု အာဆင္နယ္နည္းျပ အာစင္၀င္းဂါးက ေျပာၾကားၿပီး အာဆင္နယ္မွ ထြက္ခြာျဖစ္ပါက အျခားအသင္းတစ္သင္းတြင္ နည္းျပတာ၀န္ယူႏိုင္ေျခကို ၎က ပယ္ခ်ထားျခင္းမရွိေပ။


၀င္းဂါးသည္ မၾကာေသးမီ က အာဆင္နယ္တြင္ နည္းျပ သက္တမ္း ႏွစ္ (၂၀) ျပည့္ခဲ့ေသာ္ လည္း ယခုရာသီကုန္၌ စာခ်ဳပ္ သက္တမ္း ကုန္ေတာ့မည့္အေျခ အေနတြင္ ၎၏ အနာဂတ္ႏွင့္ ပတ္သက္၍ မေသခ်ာမေရရာ ျဖစ္ ေနဆဲျဖစ္သည္။

ျပင္သစ္ႏိုင္ငံသား ၀င္းဂါး သည္ အာဆင္နယ္ကို ကိုင္တြယ္ စဥ္အတြင္း ပရီးမီးယားလိဂ္ဖလား သံုးႀကိမ္ႏွင့္ အက္ဖ္ေအဖလား ေျခာက္ႀကိမ္ ရရွိခဲ့ေသာ္လည္း မၾကာေသးမီ ရာသီမ်ားအတြင္း ရည္မွန္းခ်က္ ကင္းမဲ့ေနခဲ့ျခင္းႏွင့္ ပတ္သက္၍ ပရိသတ္မ်ား၏ ေ၀ ဖန္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။

မိမိ၏ စြမ္းေဆာင္ရည္ ေကာင္းမြန္သလားဆိုေသာ အ ခ်က္မွာ အသင္း၌ ဆက္ေနမည္ လားဆိုသည္ကို ဆံုးျဖတ္ရာတြင္ အေရးပါေသာအခ်က္ ျဖစ္လာ မည္ဟု ၀င္းဂါးက ေျပာသည္။

သို႔ေသာ္ မိမိ၏ နည္းျပဘ၀ ကို အဆံုးမသတ္လိုေသးဘဲ မိမိ ေကာင္းစြာ မစြမ္းေဆာင္ႏိုင္ခဲ့ဟု ခံစားရလွ်င္ပင္ အျခားအသင္း တစ္သင္းတြင္ နည္းျပတာ၀န္ယူ မည္ဟု ၀င္းဂါးက ေျပာသည္။

ထိုအေတာအတြင္း အာစင္ ၀င္းဂါးက လူငယ္ကစားသမား မ်ားသာရွိေသာ အသင္းတစ္သင္း အေနျဖင့္ မည္သည့္ဆုဖလားမွ် ရယူႏိုင္မည္မဟုတ္ဘဲ အေတြ႕အ ႀကံဳရွိ အသက္ (၂၃) ႏွစ္ႏွင့္ (၃၀) ႏွစ္ၾကား ကစားသမားမ်ားရွိရန္ လိုသည္ဟု ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အာဆင်နယ်ကို ၎င်းကိုင်တွယ်ခဲ့ပုံအား လေ့လာစိစစ်မှုသည် စာချုပ်သက်တမ်း တိုး၊ မတိုးအဆုံးအဖြတ်တွင် အရေးပါသောအချက် ဖြစ်လာနိုင်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားပြီး အာဆင်နယ်မှ ထွက်ခွာဖြစ်ပါက အခြားအသင်းတစ်သင်းတွင် နည်းပြတာဝန်ယူနိုင်ခြေကို ၎င်းက ပယ်ချထားခြင်းမရှိပေ။


ဝင်းဂါးသည် မကြာသေးမီ က အာဆင်နယ်တွင် နည်းပြ သက်တမ်း နှစ် (၂၀) ပြည့်ခဲ့သော် လည်း ယခုရာသီကုန်၌ စာချုပ် သက်တမ်း ကုန်တော့မည့်အခြေ အနေတွင် ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာ ဖြစ် နေဆဲဖြစ်သည်။

ပြင်သစ်နိုင်ငံသား ဝင်းဂါး သည် အာဆင်နယ်ကို ကိုင်တွယ် စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား သုံးကြိမ်နှင့် အက်ဖ်အေဖလား ခြောက်ကြိမ် ရရှိခဲ့သော်လည်း မကြာသေးမီ ရာသီများအတွင်း ရည်မှန်းချက် ကင်းမဲ့နေခဲ့ခြင်းနှင့် ပတ်သက်၍ ပရိသတ်များ၏ ေ၀ ဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

မိမိ၏ စွမ်းဆောင်ရည် ကောင်းမွန်သလားဆိုသော အ ချက်မှာ အသင်း၌ ဆက်နေမည် လားဆိုသည်ကို ဆုံးဖြတ်ရာတွင် အရေးပါသောအချက် ဖြစ်လာ မည်ဟု ဝင်းဂါးက ပြောသည်။

သို့သော် မိမိ၏ နည်းပြဘ၀ ကို အဆုံးမသတ်လိုသေးဘဲ မိမိ ကောင်းစွာ မစွမ်းဆောင်နိုင်ခဲ့ဟု ခံစားရလျှင်ပင် အခြားအသင်း တစ်သင်းတွင် နည်းပြတာဝန်ယူ မည်ဟု ဝင်းဂါးက ပြောသည်။

ထိုအတောအတွင်း အာစင် ဝင်းဂါးက လူငယ်ကစားသမား များသာရှိသော အသင်းတစ်သင်း အနေဖြင့် မည်သည့်ဆုဖလားမျှ ရယူနိုင်မည်မဟုတ်ဘဲ အတွေ့အ ကြုံရှိ အသက် (၂၃) နှစ်နှင့် (၃၀) နှစ်ကြား ကစားသမားများရှိရန် လိုသည်ဟု ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top