Property Expo
×

ဘဂၤလားေဒ့ရွ္ေက်ာင္သူတစ္ဦးသည္ မိမိကိုပိုးပန္းေနသူေက်ာင္းသားေခါင္းေဆာင္တစ္ဦးကို
 ျငင္းပယ္ခဲ့ေသာေၾကာင့္ ဓားျဖင့္အထိုးခံရရာ အေျခအေနဆိုးရြားေၾကာင္းသိရသည္။

ခါဒီဇာ ဘီဂမ္းသည္ တနလၤာေန႕က ေျမာက္ပိုင္း ရွိ စီလ္ဟတ္ခရိုင္ ေကာလိပ္ေက်ာင္း၀င္းအတြင္းတြင္ ေတာခုတ္ဓါးျဖင့္ တုိက္ခိုက္ခံရျခင္းျဖစ္သည္။

အဂၤါေန႕က ေက်ာင္းသားရာေပါင္းမ်ားစြာသည္ တကၠသိုလ္ ႏွင့္ ေကာလိပ္မ်ားတြင္ ပိုမိုေကာင္းမြန္ေသာ လံုျခံဳေရး ရရွိရန္ေတာင္းဆို ဆႏၵျပခဲ့ၾကသည္။

ယခုျဖစ္ရပ္သည္ျပီးခဲ့သည့္လမ်ားအတြင္း အမ်ိဳးသမီးတစ္ဦး အေနျဖင့္ မိမိကို ခ်စ္ေရးဆိုသူ ကို ျငင္းပယ္မိ၍ တုိက္ခိုက္ခံေသာ ေလးခုေျမာက္ ျဖစ္ရပ္ျဖစ္သည္။

မစၥ ဘီဂမ္သည္ မူရာရီ ခ်န္း တကၠသိုလ္ေကာလိပ္ တြင္ စာေမးပြဲခန္းမွ အထြက္ တိုက္ခိုက္ခံရျခင္းျဖစ္သည္။

သူမ၏ ဦးေလးျဖစ္သူ ဂ်ာဟစ္အာမက္က တိုက္ခိုက္ခဲ့သူ ဘာဒရယ္အလမ္သည္ သူ႕တူမကို ခ်စ္ေရးဆိုခဲ့ေၾကာင္း ၊ မစၥ ဘီဂမ္က ျငင္းပယ္လိုက္၍ အလြန္အမင္း ေဒါသထြက္သြားေၾကာင္းေျပာၾကားခဲ့သည္။
တိုက္ခိုက္မႈကို ေက်ာင္းသားအမ်ားအျပားေတြ႕ျမင္ၾကျီပီး အခ်ိဳ႕က လက္ကိုင္ဖုန္းမ်ားျဖင့္ ဗီဒီယိုရိုက္ကူးၾကေသာ္လည္း မည္သူမွ် ဟန္႕တားျခင္းမရွိ္ေၾကာင္းသိရသည္။

မ်က္ျမင္သက္ေသတစ္ဦးျဖစ္သူ အဗၺဒူ ကဒါက က်ေနာ္ စူးစူး၀ါး၀ါးေအာ္သံၾကားလိုက္ရတယ္ ျပီးေတာ ့ေယာက်္ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို သတိလက္လြတ္ ၾကမ္းၾကမ္းတမ္းတမ္းတိုက္ခိုက္ေနတာကိုေတြ႕ခဲ့ရတယ္ ဟုေျပာၾကားခဲ့သည္။

တိုက္ခိုက္တဲ့သူက အရမ္းၾကမ္းေနေတာ့ကား ဘယ္သူမွ သူမကို ၀င္မကယ္ရဲဘူး ဟုေျပာၾကားခဲ့သည္။
ေနာက္ပိုင္းတြင္ေက်ာင္းသားအခ်ိဳ႕က တိုက္ခိုက္သူကို ေကာလိပ္ေက်ာင္း၀င္းအျပင္အထိ လိုက္လံဖမ္းဆီးခဲ့ၾကျပီး အခင္းျဖစ္ပြားရာမွ ထြက္ေျပးနုိင္ျခင္းမရွိေသးမီ ရဲမ်ားက ဖမ္းဆီးရရွိခဲ့သည္။

ျဖစ္ရပ္ေၾကာင့္ အမ်ားျပည္သူ မေက်မနပ္ ေဒါသထြက္ခဲ့ၾကရၿပီး မစၥတာ အလမ္ကိုယ္တုိင္ေက်ာင္းသားေခါင္းေဆာင္အျဖစ္ ပညာသင္ၾကားေနသည့္ ဆာဂ်ယ္လယ္ သိပၸံႏွင့္ နည္းပညာတကၠသိုလ္မွ ေက်ာင္းသားမ်ားစုေ၀းကာ သူ႕ကိုအျပစ္ေပး အေရးယူရန္ ႏွင့္ ေက်ာင္း၀င္းအတြင္း လံုျခံဳေရး အစီအစဥ္မ်ား တင္းတင္းၾကပ္ၾကပ္ ခ်မွတ္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:china.com Myanmar

#Unicode Version
ဘင်္ဂလားဒေ့ရှ်ကျောင်သူတစ်ဦးသည် မိမိကိုပိုးပန်းနေသူကျောင်းသားခေါင်းဆောင်တစ်ဦးကို

 ငြင်းပယ်ခဲ့သောကြောင့် ဓားဖြင့်အထိုးခံရရာ အခြေအနေဆိုးရွားကြောင်းသိရသည်။

ခါဒီဇာ ဘီဂမ်းသည် တနင်္လာနေ့က မြောက်ပိုင်း ရှိ စီလ်ဟတ်ခရိုင် ကောလိပ်ကျောင်းဝင်းအတွင်းတွင် တောခုတ်ဓါးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အင်္ဂါနေ့က ကျောင်းသားရာပေါင်းများစွာသည် တက္ကသိုလ် နှင့် ကောလိပ်များတွင် ပိုမိုကောင်းမွန်သော လုံခြုံရေး ရရှိရန်တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ယခုဖြစ်ရပ်သည်ပြီးခဲ့သည့်လများအတွင်း အမျိုးသမီးတစ်ဦး အနေဖြင့် မိမိကို ချစ်ရေးဆိုသူ ကို ငြင်းပယ်မိ၍ တိုက်ခိုက်ခံသော လေးခုမြောက် ဖြစ်ရပ်ဖြစ်သည်။

မစ္စ ဘီဂမ်သည် မူရာရီ ချန်း တက္ကသိုလ်ကောလိပ် တွင် စာမေးပွဲခန်းမှ အထွက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

သူမ၏ ဦးလေးဖြစ်သူ ဂျာဟစ်အာမက်က တိုက်ခိုက်ခဲ့သူ ဘာဒရယ်အလမ်သည် သူ့တူမကို ချစ်ရေးဆိုခဲ့ကြောင်း ၊ မစ္စ ဘီဂမ်က ငြင်းပယ်လိုက်၍ အလွန်အမင်း ဒေါသထွက်သွားကြောင်းပြောကြားခဲ့သည်။
တိုက်ခိုက်မှုကို ကျောင်းသားအများအပြားတွေ့မြင်ကြြီပီး အချို့က လက်ကိုင်ဖုန်းများဖြင့် ဗီဒီယိုရိုက်ကူးကြသော်လည်း မည်သူမျှ ဟန့်တားခြင်းမရှိကြောင်းသိရသည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သူ အဗ္ဗဒူ ကဒါက ကျနော် စူးစူးဝါးဝါးအော်သံကြားလိုက်ရတယ် ပြီးတော့ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို သတိလက်လွတ် ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေတာကိုတွေ့ခဲ့ရတယ် ဟုပြောကြားခဲ့သည်။

တိုက်ခိုက်တဲ့သူက အရမ်းကြမ်းနေတော့ကား ဘယ်သူမှ သူမကို ဝင်မကယ်ရဲဘူး ဟုပြောကြားခဲ့သည်။
နောက်ပိုင်းတွင်ကျောင်းသားအချို့က တိုက်ခိုက်သူကို ကောလိပ်ကျောင်းဝင်းအပြင်အထိ လိုက်လံဖမ်းဆီးခဲ့ကြပြီး အခင်းဖြစ်ပွားရာမှ ထွက်ပြေးနိုင်ခြင်းမရှိသေးမီ ရဲများက ဖမ်းဆီးရရှိခဲ့သည်။

ဖြစ်ရပ်ကြောင့် အများပြည်သူ မကျေမနပ် ဒေါသထွက်ခဲ့ကြရပြီး မစ္စတာ အလမ်ကိုယ်တိုင်ကျောင်းသားခေါင်းဆောင်အဖြစ် ပညာသင်ကြားနေသည့် ဆာဂျယ်လယ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများစုဝေးကာ သူ့ကိုအပြစ်ပေး အရေးယူရန် နှင့် ကျောင်းဝင်းအတွင်း လုံခြုံရေး အစီအစဉ်များ တင်းတင်းကြပ်ကြပ် ချမှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ။


ဖိုးသူတော် (www.phothutaw.com)
Credit:china.com Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top