Property Expo
×

Kieu Hoang ၀ိုင္ထုတ္လုပ္ေရးလုပ္ငန္း၏ ဖြင့္လွစ္ပြဲအခမ္းအနား ကို အေမ ရိကန္တြင္ ၂၀၁၄ ခုႏွစ္၊ ႏို၀င္ဘာလအတြင္းက ခမ္းခမ္းနားနားက်င္းပခဲ့ရာ နာမည္ႀကီးတ႐ုတ္ေမာ္ဒယ္မင္းသမီး Li Bing Bing ကိုယ္တုိင္တက္ေရာက္ ခ်ီးျမႇင့္ခဲ့သည္။ ထို႔ေနာက္ဆယ္လအၾကာတြင္ Napa ၀ုိင္လုပ္ငန္းသည္လည္း ယင္း၏ ပထမဆံုးေသာ ၀ိုင္ပါတီကို ဆန္ဖရန္စစၥကုိရွိ အဆင့္ျမင့္ ဗီယက္နမ္ စားေသာက္ဆိုင္ Le Colonial တြင္က်င္းပ ခဲ့သည္။ ထိုပြဲသို႔အဆိုပါ၀ိုင္လုပ္ငန္း ၏ပိုင္ရွင္ျဖစ္သည့္အသက္၇၁ ႏွစ္အရြယ္ အသစ္စက္စက္ဘီလ်ံနာသူေဌးႀကီး Mr. Kieu Hoang တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိေခ်။ ဖခင္ျဖစ္သူ Mr. Hoang မွာ လုပ္ငန္းကိစၥျဖင့္ရွန္ဟုိင္းသုိ႔ ေရာက္ရွိေန၍ယခုအခမ္းအနားကို တက္ေရာက္ႏိုင္ျခင္း မရွိသည့္အတြက္ေနာင္တရမိပါသည္ဟုဧည့္သည္ေတာ္ မ်ားကိုအမွာစကားပါးလိုက္ပါေၾကာင္းသားျဖစ္သူ Tommy Hoang ကေျပာ ၾကားခဲ့သည္။ "ေဖေဖက လုပ္ငန္းကိစၥေတြ အေကာင္အထည္ေဖာ္ဖို႔ အလ်င္စလိုသြားခဲ့ရတာျဖစ္ပါတယ္" ဟု သားငယ္ျဖစ္သူကဆိုပါသည္။

တကယ္ေတာ့ Mr. Kieu Hoang သည္ အလုပ္မ်ားကို ဘ၀တစ္ေလွ်ာက္လံုး အလ်င္အျမန္ လုပ္ကုိင္ခဲ့သူတစ္ေယာက္ျဖစ္သည္။၀တ္ေကာင္းစားလွမ်ား၀တ္ ဆင္ထားသည့္ဧည့္သည္ေတာ္မ်ားကပုလင္း ေပၚတြင္Mr. Hoang ၏မ်က္ႏွာကို ပံုႏွိပ္ထား သည့္၀ိုင္မ်ားကို ခ်ီးျမႇင့္အားေပးေနၾကသည့္ႀကီးက်ယ္ခမ္းနား ေသာ ညစာစားပြဲသည္ စင္စစ္အားျဖင့္ဗီယက္နမ္ေက်းလက္ေဒသတြင္ႀကီးျပင္း ခဲ့သည့္သူ၏ငယ္စဥ္ကာလမ်ား၊ ဗီယက္နမ္စစ္ပြဲအၿပီးအေမရိကားသို႔ေျပာင္းေရႊ႕ ခဲ့သည့္အေစာပိုင္းကာလမ်ားႏွင့္ႏိႈင္းယွဥ္လွ်င္လံုး၀ဆန္႔က်င္ ဘက္ျဖစ္သည္။

RAAS ႏွင့္ Shanghai RAAS အမည္ရွိေသြးရည္ၾကည္ကုမၸဏီႏွစ္ခု ကို ေအာင္ျမင္စြာတည္ေထာင္ခဲ့ၿပီး သည့္ေနာက္ Mr. Hoang သည္ Forbes ကေရြးခ်ယ္သည့္ထိပ္တန္းအေယာက္ေလးရာ စာရင္းတြင္ပထမဆံုးအႀကိမ္ေရြးခ်ယ္ေဖာ္ျပခံခဲ့ရသည္။သူ၏အသားတင္ပိုင္ဆိုင္မႈမွာ၃.၈ဘီလီယံရွိၿပီးအဆင့္ ၁၄၉ ေနရာတြင္ ေဖာ္ျပခံရျခင္းျဖစ္သည္။ ထို႔ျပင္ သူသည္ အဆုိပါ ထိပ္တန္းေလးရာစာရင္းတြင္ပထမဆံုးအႀကိမ္ေရြးခ်ယ္ခံရသူမ်ား အနက္ အခ်မ္းသာဆံုးပုဂၢိဳလ္တစ္ဦးလည္းျဖစ္သည္။

Mr. Hoang ၏ၾကြယ္၀မႈအမ်ားစုသည္ ရွန္ဟိုင္းရွိ Shanghai RAAS ကုမၸဏီ တြင္ရင္းႏွီးျမႇဳပ္ႏွံရာမွ ရရွိခဲ့ျခင္းျဖစ္ သည္။ ၁၉၈၇ ခုႏွစ္တြင္သူသည္ ရွန္ဟိုင္းေသြးဌာန (Shanghai Blood Centre) ႏွင့္မိတ္ဖက္အျဖစ္ လုပ္ ကိုင္ခဲ့သည္။ ထို႔ေနာက္ ၁၉၉၂ ခုႏွစ္တြင္ Shanghai RAAS ကို တည္ေထာင္ ခဲ့သည္။ ေရာင္းအားပမာဏအေမရိကန္ေဒၚလာ ၂၁၄ သန္း ရွိၿပီးေစ်းကြက္ တန္ဖိုး အေမရိကန္ေဒၚလာ ၁၇.၇ ဘီလီယံရွိ သည့္အဆိုပါ ကုမၸဏီသည္ Forbes ၏ တီထြင္ဆန္းသစ္မႈအရွိဆံုးကုမၸဏီမ်ားစာရင္းတြင္ အဆင့္ ၂၀ ေနရာမွေဖာ္ျပခံခဲ့ရသည္။ ထို႔အတူ ၂၀၁၅ တြင္လည္း Forbes ကေရြး ခ်ယ္သည့္ Asia’s 200 Best Under A Billion တြင္ေရြးခ်ယ္ခံခဲ့ရသည္။ Mr. Hoang သည္ Shezhen စေတာ့အိတ္ခ်ိန္းစာရင္း၀င္ အဆိုပါကုမၸဏီ၏ ၃၅ ရာခိုင္ႏႈန္္းကုိပိုင္ဆိုင္ထားသည္။ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္းထိုအမ်ားပိုင္ကုမၸဏီ၏ရွယ္ယာတန္ဖိုးမ်ားျမင့္တက္ခဲ့မႈေၾကာင့္ သူ၏ပိုင္ဆိုင္မႈသည္လည္း သံုးဆေက်ာ္ အထိပိုမိုၾကြယ္၀လာခဲ့သည္။ Mr. Hoang ၏ အျခားပိုင္ဆိုင္ မႈမ်ားမွာ Agoura Hills တြင္တည္ရွိသည့္ကယ္လီ ဖိုးနီးယားအေျခစိုက္ Rare Antibody Antigen Supply ေခၚ RAAS ေဆး၀ါးလုပ္ငန္းျဖစ္သည္။ ထိုကုမၸဏီကို ၁၉၈၅ တြင္ စတင္တည္ ေထာင္ခဲ့သည္။ အျခားလုပ္ငန္း တစ္ခုမွာ ၂၀၁၄ က ၀ယ္ယူ ကာဖြင့္လွစ္ခဲ့သည့္ ၀ုိင္ထုတ္လုပ္ေရး လုပ္ငန္းျဖစ္ပါသည္။

Mr. Hoang ကို ၁၉၄၄ ခုႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံ Quang Tri ျပည္နယ္ရွိ Bich Khe ေက်းရြာတြင္ေမြးဖြားခဲ့သည္။ သူသည္ ငယ္စဥ္ကလြန္စြာဆင္းရဲခဲ့သည္။ မိခင္အတြက္ သူသည္ အက်ႌမပါ ဖိနပ္ဗလာျဖင့္ေတာခုတ္ဓားတစ္လက္ကိုင္ၿပီး သစ္ခုတ္ကာလုပ္ေကြၽးခဲ့ရသည္။"အဲဒီအခ်ိန္ေတြတုန္းကဆိုရင္ ကြၽန္ေတာ့္ ငယ္ဘ၀ဟာ သိပ္ကိုၾကမ္းတမ္းခဲ့တယ္" ဟု Hoang က ျပန္ေျပာင္း ေျပာျပ သည္။ ထို႔ေနာက္ အသက္ငါးႏွစ္အရြယ္ခန္႔တြင္ဦးေလးျဖစ္သူHoang Thi ႏွင့္ေနထိုင္ရန္ဆိုင္ဂံုသို႔ေျပာင္းေရႊ႕လာခဲ့သည္။ ဗီယက္နမ္ နာမည္ ႀကီးေတးေရး ဆရာ တစ္ဦးျဖစ္သည့္ဦးေလး ျဖစ္သူသည္ Mr. Hoang ၏ပညာေရးကို ပံ့ပိုးေပးခဲ႔သည္။

Mr. Hoang သည္ တကၠသိုလ္တြင္ သိပၸံဘာသာရပ္ကို ဗီယက္နမ္စစ္ပြဲစတင္ မျဖစ္ပြားခင္အထိတစ္ႏွစ္ၾကာသင္ယူခဲ့သည္။ ထို႔ေနာက္ သူသည္ အေမရိကန္ အထူးတပ္ဖြဲ႕သို႔၀င္ေရာက္ကာ Chief Combat Interpreter အျဖစ္တာ၀န္ ထမ္းေဆာင္ခဲ့သည္။ ထိုအေတြ႕အႀကံဳကသူ႔အားကိုယ့္ကုိယ္ကိုယ္ အားကိုးစိတ္ ကို ျဖစ္ေပၚေစခဲ့ၿပီး ၁၉၉၀ ျပည့္လြန္အေစာပိုင္းႏွစ္မ်ားတြင္ စက္ပစၥည္း ျပည့္စံုမႈ မရွိ ေသာ္လည္း Shanghai RAAS အတြက္ စက္႐ံု တည္ေဆာက္ျခင္း အပါအ၀င္ ဘ၀မွာရင္ဆိုင္ခဲ့ရသည့္ အျခားေသာစိန္ေခၚမႈမ်ားအတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစခဲ့သည္ဟုဆိုသည္။

၁၉၇၅ ခုႏွစ္ ဗီယက္နမ္စစ္ပြဲၿပီးဆံုးခါနီးခ်ိန္တြင္ Mr. Hoang သည္ သူ၏မိသား စုႏွင့္ အျခားဗီယက္နမ္လူမ်ဳိး စစ္ေဘး ဒုကၡသည္မ်ားကို တိုင္းျပည္မွထြက္ ခြာႏိုင္ေအာင္အကူအညီေပးၿပီး ေနာက္ သူကုိယ္တိုင္သည္လည္း အေမရိကား သို႔ေရႊ႕ေျပာင္းေနထုိင္ခဲ့သည္။"သူတုိ႔ေတြတိုင္းျပည္ကေနထြက္ခြာႏိုင္ဖို႔ အတြက္ လိုအပ္တဲ့ဗီဇာရရွိေအာင္ ကြၽန္ေတာ္ဟာ ျပည္ထဲေရး၀န္ႀကီးဌာန နဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ပါတယ္" ဟု သူကရွင္းျပသည္။ ထိုစဥ္က သူ႔အသက္ သည္ ၃၂ ခန္႔ရွိၿပီျဖစ္သည္။

အေမရိကားတြင္ဘ၀ကိုစတင္ရျခင္းသည္ Mr. Hoang ၏မိသားစုအတြက္ မလြယ္ကူမေခ်ာေမြ႕ ခဲ့ပါ။အေမရိကားကိုစတင္ေရာက္ရွိစဥ္က၎တို႔ကို ကယ္လီဖိုးနီးယားေတာင္ပိုင္း ေလာ့စ္ အိန္ဂ်လိစ္အနီးရွိ Westlake Village Women’s Club ႏွင့္ United Methodist Church of Westlake Village တုိ႔က ပံ့ပိုးခဲ့ၾကသည္ဟုဆိုသည္။ Abbott Laboratories တြင္လုပ္ကိုင္ေန သည့္ ဘုရားေက်ာင္းအဖြဲ႕၀င္တစ္ဦးက Mr. Hoang ကို၀င္ခြင့္ အင္တာဗ်ဴးေမးျမန္းခဲ့သည္။ သူ႔တြင္လိုအပ္သည့္ အရည္အခ်င္းမရွိသည္ကို သိရွိခဲ့သည့္ Mr. Hoang က သူသည္ ဥာဏ္ရည္ထက္ ျမက္သျဖင့္ သင္ယူ တတ္ေျမာက္လြယ္သူတစ္ဦးျဖစ္ေၾကာင္း ယံုၾကည္မႈအျပည့္ျဖင့္ အင္တာဗ်ဴး သူကိုေျပာၾကားခဲ့သည္။ သို႔ျဖင့္ ေမြးေန႔တြင္ Mr. Hoang တစ္ေယာက္ အလုပ္ ရရွိခဲ့ေတာ့သည္။ လုပ္အားခမွာ တစ္နာရီလွ်င္ ၁.၂၅ ေဒၚလာျဖစ္သည္။

ထို႔ေနာက္ ႏွစ္ရက္အၾကာတြင္ အလုပ္စဆင္းခဲ့သည္။Hoangသည္ သူ႔ကို လွဴဒါန္းထားသည့္ ၅၀ စီစီေမာ္ေတာ္ဆိုင္ကယ္ျဖင့္အလုပ္သြားေလ့ရွိ သည္။ "အဲဒီကာလေတြဟာခက္ခဲ ပင္ပန္းလြန္းခဲ့ေပမဲ့ ကြၽန္ေတာ္တို႔အေကာင္း ဆံုးေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္"ဟု Mr. Hoang ကျပန္ေျပာင္း ေျပာျပသည္။

ႏွစ္ႏွစ္ခန္႔ၾကာၿပီးေနာက္ Abbott တြင္ သူသည္ရာထူးတိုးျမႇင့္ျခင္းခံရ သည္။ ေနာက္ထပ္ေျခာက္ လအၾကာတြင္ႀကီးၾကပ္ေရးမွဴးအျဖစ္ခန္႔အပ္ ခံခဲ့ရ သည္။ထို႔ေနာက္ေျခာက္လအၾကာတြင္မူမန္ေနဂ်ာျဖစ္လာခဲ့ေတာ့သည္။ေနာက္ဆံုးတြင္သူသည္ကုမၸဏီ
ထိပ္ပိုင္းအထိေရာက္ရွိလာခဲ့ၿပီးေသြးရည္ၾကည္နမူနာမ်ားကိုစမ္းသပ္ စစ္ေဆးမႈႏွင့္ပတ္သက္ၿပီးတာ၀န္ယူရသည့္ ဒါ႐ိုက္တာ တစ္ဦးျဖစ္လာခဲ့သည္။ "Abbott ဓာတ္ခြဲခန္းမွာ ေသြးရည္ ၾကည္ေတြကို စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ႏိုင္ဖို႔ Bureau of Biology (FDA ၏ယခင္အမည္) ရဲ႕ခြင့္ျပဳ လိုင္စင္ကိုပထမဆံုးရရွိခဲ့တဲ့အတြက္ ကြၽန္ေတာ္ ဂုဏ္ယူ မိပါတယ္" ဟု Mr. Hoang ကဆိုသည္။ ထို႔ ေနာက္ Abbott တြင္ အသည္းေရာင္အသား၀ါ ဘီ (Hepatitis B)) ေရာဂါပိုးကို စမ္းသပ္မႈစတင္ခဲ့ သည္။

၁၉၇၀ ျပည့္လြန္ႏွစ္အဆံုးပိုင္းတြင္ Mr. Hoang သည္ အနာဂတ္ေရွ႕အစီ အစဥ္မ်ားအတြက္ စတင္စဥ္းစားလာခဲ့သည္။ သူ႔တြင္ဆရာသမားတစ္ဦးေပးခဲ့ သည့္အေကာင္းဆံုးအႀကံဥာဏ္ တစ္ခုရွိသည္။

"သင့္ရဲ႕အသိပညာဗဟုသုတေတြကိုေစ်းေပါေပါနဲ႔မေရာင္းပါနဲ႔"ဟူ၍ျဖစ္သည္။ ေသြးရည္ၾကည္စမ္းသပ္ခဲ့ဖူး
သည့္ အေတြ႕အႀကံဳရွိသည့္ Mr. Hoang သည္ Rare Antibody Antigen Supply Inc အမည္ရွိ ကိုယ္ပိုင္ ေသြးရည္ၾကည္ ကုမၸဏီကို တည္ေထာင္ရန္ဆံုးျဖတ္ခဲ့ေတာ့သည္။ထို႔ေနာက္ေသြး ရည္ၾကည္ ဌာနမ်ားစတင္ပိုင္ဆုိင္လာခဲ့သည္။ ၁၉၈၅ တြင္ အေမရိကန္တစ္လႊား ေသြး ရည္ၾကည္ဌာနေပါင္း ၁၁ ခုအထိ ပိုင္ဆိုင္ခဲ့သည္။

ထုိ႔ေနာက္ႏွစ္ႏွစ္အၾကာတြင္ႏိုင္ငံတကာသို႔တိုင္ျဖန္႔က်က္ခဲ့ကာတ႐ုတ္ျပည္ကို ၀င္ေရာက္ခဲ့ ေတာ့သည္။စင္စစ္ထိုအခ်ိန္ကတ႐ုတ္ျပည္သို႔စီးပြားေရးလုပ္ငန္းသြားေရာက္လုပ္ကုိင္ရန္ႀကိဳးပမ္း
သည့္အေမရိကန္လုပ္ငန္း ရွင္ဆိုသည္မွာ အလြန္ရွား ေၾကာင္း Mr. Hoang ကေျပာသည္။ "တ႐ုတ္မွာလုပ္ငန္းလုပ္ကိုင္ ဖို႔ဘယ္လုပ္ငန္းရွင္ေတြစဥ္းစားခဲ့ၾကသလဲဆိုေတာ့ ကြၽန္ေတာ္တစ္ ေယာက္ တည္းပဲရွိတယ္ဗ်" ဟုဆိုသည္။ Mr. Hoang တ႐ုတ္ျပည္ ကို၀င္ေရာက္ခဲ့ခ်ိန္ သည္ အခ်ိန္အခါေကာင္းျဖစ္ခဲ့သည္။တ႐ုတ္ျပည္တြင္ ၁၉၈၇ က အသည္းေရာင္ အသား၀ါေအေရာဂါျဖစ္ပြားခဲ့ရာမသန္႔ရွင္းသည့္ ပိုက္ဆံမွ တစ္ဆင့္လူေပါင္းသံုးသိန္းခန္႔ကူးစက္ခံ ၾကရသည္။"ဒီေရာဂါနဲ႔ပတ္သက္ ၿပီး ကြၽန္ေတာ္ကူညီႏိုင္ပါတယ္လို႔ သူတုိ႔ကိုကြၽန္ေတာ္ေျပာႏိုင္ခဲ့ပါတယ္" ဟု Mr. Hoang ျပန္လည္ေျပာျပသည္။

ထိုစဥ္က မည္သည့္ႏိုင္ငံျခားကုမၸဏီမွ တ႐ုတ္ကုမၸဏီ၏ ၅၀ ရာခိုင္ႏႈန္းထိ ပုိင္ဆိုင္ခြင့္မျပဳခဲ့ပါ။ သို႔ေသာ္ Mr. Hoang သည္ ၁၉၈၇ တြင္ ရွန္ဟိုင္းေသြးဌာန (Shanghai Blood Centre) ႏွင့္အက်ဳိး တူပူးေပါင္းႏိုင္ခဲ့သည္။ ထို႔ေနာက္ ၁၉၉၂ တြင္ သူသည္ ရွန္ဟုိင္းရွိ Shanghai RAAS ကိုဖြင့္လွစ္ခဲ့ၿပီး လူ႔ ခႏၶာကိုယ္အတြက္ Abumin ကို AlbuRAAS အမည္ျဖင့္ေရာင္းခ်ခဲ့သည္။ ယင္းသည္ ေသြးရည္ၾကည္ကို စုစည္းေပးထားသည့္ရင္းျမစ္ တစ္ခုျဖစ္သည္။ ကုမၸဏီမွေရာင္းခ်သည့္အျခားေဆး၀ါးမ်ားမွာလည္းေသြးရည္ၾကည္မွတစ္ဆင့္ရရွိသည့္ေဆး၀ါးမ်ားျဖစ္သည္။
ယေန႔အခ်ိန္တြင္တ႐ုတ္ျပည္တြင္သူထုတ္လုပ္သည့္ေဆးပစၥည္းမ်ားကို ေစ်းကြက္ေတာင္းဆိုမႈလြန္စြာျမင့္မား
လာခဲ့ရာ Shanghai RAAS အေနျဖင့္ ျပည္နယ္တစ္ခုစာကိုပင္ လိုအပ္သေလာက္ အျပည့္အ၀ မျဖည့္ဆည္းေပးႏိုင္ေၾကာင္း Mr. Hoang ကဆိုသည္။

ထိုအေတာအတြင္း Mr. Hoang သည္အေမရိကန္သို႔ ျပန္ၿပီး ၂၀၁၄ တြင္ လုပ္ငန္းအမ်ဳိးအစား သစ္တစ္ခုကိုစြန္႔စားလုပ္ ကုိင္ခဲ့ျပန္သည္။ ယင္းမွာ ၀ိုင္ထုတ္လုပ္ေရးလုပ္ငန္းျဖစ္သည္။ သူသည္ Michael Mondavi Family ၀ိုင္လုပ္ငန္းကို ၂၀၁၄ တြင္ ၀ယ္ယူလိုက္ျခင္းျဖစ္သည္။ ထုိ႔ေနာက္ ၂၀၁၄ ႏို၀င္ဘာလ တြင္၀ိုင္လုပ္ငန္း၏ဖြင့္လွစ္ပြဲအခမ္းအနားကိုႀကီးက်ယ္ ခမ္းနားစြာက်င္းပခဲ့သည္။တ႐ုတ္ျပည္၏အင္ဂ်လီနာဂ်ဳိလီဟုနာမည္ေက်ာ္လူသိမ်ားသည့္တ႐ုတ္ေမာ္ဒယ္
မင္းသမီး Bing Bing သည္ အဆိုပါ ၀ုိင္ထုတ္လုပ္ေရး လုပ္ငန္း၏ေျပာေရးဆိုခြင့္ရွိသူအျဖစ္ တက္ေရာက္ ခ်ီးျမႇင့္ခဲ့သည္။

၀ိုင္ထုတ္လုပ္ေရးလုပ္ငန္းသည္ ေသြးရည္ၾကည္လုပ္ငန္း ႏွင့္ သေဘာ သဘာ၀ျခင္းတူသည္ဟု Mr. Hoang ႐ႈျမင္ခဲ့သည္။ Filter ျဖင့္စစ္ျခင္း၊ စံအဆင့္ခ်ိန္ညႇိျခင္းႏွင့္အခ်ဥ္ေဖာက္ျခင္းစသည့္လုပ္ငန္း စဥ္တို႔သည္ေသြး ရည္ၾကည္ႏွင့္၀ိုင္ထုတ္လုပ္ျခင္းတို႔တြင္ေဆာင္ရြက္ရသည့္အဆင့္ခ်င္းနီးစပ္လွသည္။ထုိ႔ျပင္၀ိုင္မွေပးစြမ္းႏိုင္
သည့္က်န္းမာေရးအက်ဳိးအာနိသင္ႏွင့္ပတ္သက္ၿပီးလည္း Mr. Hoang တစ္ေယာက္ အထူးပင္ ေက်နပ္၀မ္းေျမာက္ေနေတာ့ သည္။"က်န္းမာေရး၀ိုင္နဲ႔႐ိုး႐ိုး၀ိုင္ဆိုၿပီးဆိုၿပီးထုတ္လုပ္ႏိုင္ေအာင္ကြၽန္ေတာ္ႀကိဳးပမ္းေနပါတယ္။ေနာက္ၿပီး
စီးပြားေရးလုပ္ငန္းႏွစ္ခုဟာဆက္စပ္မႈရွိတဲ့အတြက္လည္း အရမ္းကိုေပ်ာ္ရႊင္ မိပါတယ္" ဟု Mr. Hoang ကေျပာသည္။ ၀ိုင္မ်ားကို အထူး သျဖင့္ တ႐ုတ္ျပည္သို႔တင္ပို႔ေနၿပီး လက္ရွိတြင္ အတိုင္းအတာ တစ္ခုအထိ ေအာင္ျမင္မႈရွိသည္ဟုဆိုသည္။

၀ိုင္လုပ္ငန္းကို၀ယ္ယူလိုက္ေၾကာင္းေၾကညာၿပီး ရက္ပိုင္း အၾကာတြင္ Mr. Hoang သည္ ဇြန္ ၇ ရက္ေန႔တြင္ Fund-A-Need အဖြဲ႕အစည္းသို႔ အေမ ရိကန္ေဒၚလာတစ္သန္းလွဴဒါန္းၿပီး Auction Napa Valley တြင္ စံခ်ိန္သစ္ တစ္ခုတင္ခဲ့ျပန္္သည္။ယင္းသည္ဗီယက္နမ္တြင္သူစတင္ခဲ့ဖူးၿပီးသားျဖစ္ေသာပရဟိတအလုပ္ကို
တိုးခ်ဲ႕ေဆာင္ရြက္ျခင္းသာျဖစ္သည္။"ကြၽန္ေတာ္သူတစ္ပါးကိုျပန္လည္ေက်းဇူးျပဳ ခ်င္လို႔ပါ" ဟု သူကဆုိသည္။ Mr. Hoang သည္ သူ၏အသား တင္ပုိင္ဆိုင္မႈအနက္ ၂၀ ရာခုိင္ႏႈန္းကို ျပန္လည္ လွဴဒါန္္းသြား မည္ျဖစ္ ေၾကာင္းေျပာၾကားသည္။ Mr. Hoang သည္ ၂၀၀၆ ကတည္းက ဗီယက္နမ္ကို အႀကိမ္ႀကိမ္ျပန္လည္ သြားေရာက္ခဲ့သည္။ ထုိ႔ေနာက္ၾကက္ေျခနီ အဖြဲ႕ႏွင့္ပူးေပါင္းကာသူ႔ေမြးရပ္ဇာတိေက်းရြာတြင္အိမ္ေျခငါးေထာင္ ေဆာက္လုပ္ လွဴဒါန္းခဲ့သည္။ "ကြၽန္ေတာ္က လူတစ္ေယာက္ကို တစ္ေဒၚလာ ေပးခ်င္ တယ္ဆိုရင္ သူဟာ အဲဒီေငြကို အမွန္တကယ္ရသြားေစခ်င္ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ ဘီလ္ဂိတ္တို႔၊ ၀ါးရင္းဘတ္ဖက္ တို႔လို မလွဴဒါန္းေပးခ်င္ဘူးဗ်ာ။ တစ္ဘီလီယံၿပီးတစ္ဘီလီယံေလ။ကြၽန္ေတာ္တို႔မွာဘယ္ေလာက္မ်ားမ်ားစားစားရွိလို႔လဲဗ်" ဟု Mr. Hoang က သူ႔အေတြးအေခၚကိုေ၀မွ်သည္။

Mr. Hoangသည္ ဘီလ်ံနာသန္းၾကြယ္တစ္ဦးဟူသည့္ သူ၏အဆင့္အတန္းႏွင့္ ပတ္သက္ၿပီး ေျပာဆိုရန္စိတ္အားထက္သန္မႈမရွိေခ်။"စေတာ့အေၾကာင္းမေျပာပါနဲ႔၊ဘီလီယံေဒၚလာေတြ
အေၾကာင္းမေျပာပါနဲ႔၊ခင္ဗ်ားဟာဒီကေန႔ဘီလ်ံနာတစ္ေယာက္ျဖစ္ေပမဲ့မနက္ျဖန္မွာဘီလ်ံနာျဖစ္ခ်င္မွ
 ျဖစ္လိမ့္မယ္" ဟု စေတာ့ ေစ်း ကြက္၏ႀကိဳတင္ခန္႔မွန္းႏုိင္ရန္ခက္ခဲနက္နဲမႈကို ရွင္းျပသည္။ ထုိသို႔ဆိုသည့္ အတြက္ Mr. Hoang သည္ လူသိမခံခ်င္သူ၊ မထင္မရွားရွင္သန္ေနထုိင္လိုသူ တစ္ဦး ေတာ့မဟုတ္ေပ။ အထူးသျဖင့္ သူ႔မ်က္ႏွာပံုတူကို သူထုတ္လုပ္ေရာင္းခ် သည့္၀ုိင္ပုလင္းအားလံုးေပၚတြင္ပံုႏွိပ္ေဖာ္ျပထား၍ျဖစ္သည္။သူသည္အနာဂတ္ကာလ တြင္သူ႔ကိုလူေတြကအမွတ္ရေနၾကၿပီး သူ႔အေၾကာင္းႏွင့္သူတီထြင္လုပ္ ကိုင္ခဲ့သည့္ေသြးရည္ၾကည္အဆင့္ျမႇင့္ တင္မႈမ်ားကို တစ္ခုတ္တစ္ရ ခ်ီးက်ဴးေျပာ ဆိုတာမ်ိဳးကို ေမွ်ာ္လင့္ေတာင့္တသူျဖစ္သည္။ သူ၏၀ုိင္လုပ္ငန္းတြင္ ေအာက္ပါ ဆုိင္းဘုတ္ ကို ခ်ိတ္ဆြဲ ထားသည္။

'ဘုရားသခင္သည္ ေရကို ဖန္ဆင္းေတာ္မူခဲ့၏။ လူသား မ်ားသည္ ၀ိုင္ကို တီထြင္ခဲ့သည္'။
ဗစ္တာ ဟူးဂိုး

Kieu Hoang အမည္ရွိလူသားသည္ ေရႏွင့္ ၀ိုင္ကို ဖန္ တီးခဲ့ေလသည္'။
Kieu Hoang
ရည္ၫႊန္း- Vietnamese-American Pharma Billionaire Debuts On The Forbes 400 (www.forbes.com)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar B2B Management Magazine

#Unicode Version
Kieu Hoang ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း၏ ဖွင့်လှစ်ပွဲအခမ်းအနား ကို အမေ ရိကန်တွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ခမ်းခမ်းနားနားကျင်းပခဲ့ရာ နာမည်ကြီးတရုတ်မော်ဒယ်မင်းသမီး Li Bing Bing ကိုယ်တိုင်တက်ရောက် ချီးမြှင့်ခဲ့သည်။ ထို့နောက်ဆယ်လအကြာတွင် Napa ဝိုင်လုပ်ငန်းသည်လည်း ယင်း၏ ပထမဆုံးသော ဝိုင်ပါတီကို ဆန်ဖရန်စစ္စကိုရှိ အဆင့်မြင့် ဗီယက်နမ် စားသောက်ဆိုင် Le Colonial တွင်ကျင်းပ ခဲ့သည်။ ထိုပွဲသို့အဆိုပါဝိုင်လုပ်ငန်း ၏ပိုင်ရှင်ဖြစ်သည့်အသက်၇၁ နှစ်အရွယ် အသစ်စက်စက်ဘီလျံနာသူဌေးကြီး Mr. Kieu Hoang တက်ရောက်နိုင်ခဲ့ခြင်းမရှိချေ။ ဖခင်ဖြစ်သူ Mr. Hoang မှာ လုပ်ငန်းကိစ္စဖြင့်ရှန်ဟိုင်းသို့ ရောက်ရှိနေ၍ယခုအခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိသည့်အတွက်နောင်တရမိပါသည်ဟုဧည့်သည်တော် များကိုအမှာစကားပါးလိုက်ပါကြောင်းသားဖြစ်သူ Tommy Hoang ကပြော ကြားခဲ့သည်။ "ဖေဖေက လုပ်ငန်းကိစ္စတွေ အကောင်အထည်ဖော်ဖို့ အလျင်စလိုသွားခဲ့ရတာဖြစ်ပါတယ်" ဟု သားငယ်ဖြစ်သူကဆိုပါသည်။

တကယ်တော့ Mr. Kieu Hoang သည် အလုပ်များကို ဘဝတစ်လျှောက်လုံး အလျင်အမြန် လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်သည်။ဝတ်ကောင်းစားလှများဝတ် ဆင်ထားသည့်ဧည့်သည်တော်များကပုလင်း ပေါ်တွင်Mr. Hoang ၏မျက်နှာကို ပုံနှိပ်ထား သည့်ဝိုင်များကို ချီးမြှင့်အားပေးနေကြသည့်ကြီးကျယ်ခမ်းနား သော ညစာစားပွဲသည် စင်စစ်အားဖြင့်ဗီယက်နမ်ကျေးလက်ဒေသတွင်ကြီးပြင်း ခဲ့သည့်သူ၏ငယ်စဉ်ကာလများ၊ ဗီယက်နမ်စစ်ပွဲအပြီးအမေရိကားသို့ပြောင်းရွှေ့ ခဲ့သည့်အစောပိုင်းကာလများနှင့်နှိုင်းယှဉ်လျှင်လုံးဝဆန့်ကျင် ဘက်ဖြစ်သည်။

RAAS နှင့် Shanghai RAAS အမည်ရှိသွေးရည်ကြည်ကုမ္ပဏီနှစ်ခု ကို အောင်မြင်စွာတည်ထောင်ခဲ့ပြီး သည့်နောက် Mr. Hoang သည် Forbes ကရွေးချယ်သည့်ထိပ်တန်းအယောက်လေးရာ စာရင်းတွင်ပထမဆုံး အကြိမ်ရွေးချယ်ဖော်ပြခံခဲ့ရသည်။သူ၏အသားတင်ပိုင်ဆိုင်မှုမှာ၃.၈ဘီလီယံရှိပြီးအဆင့် ၁၄၉ နေရာတွင် ဖော်ပြခံရခြင်းဖြစ်သည်။ ထို့ပြင် သူသည် အဆိုပါ ထိပ်တန်းလေးရာစာရင်းတွင်ပထမဆုံးအကြိမ်ရွေးချယ်ခံရသူများ အနက် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

Mr. Hoang ၏ကြွယ်ဝမှုအများစုသည် ရှန်ဟိုင်းရှိ Shanghai RAAS ကုမ္ပဏီ တွင်ရင်းနှီးမြှုပ်နှံရာမှ ရရှိခဲ့ခြင်းဖြစ် သည်။ ၁၉၈၇ ခုနှစ်တွင်သူသည် ရှန်ဟိုင်းသွေးဌာန (Shanghai Blood Centre) နှင့်မိတ်ဖက်အဖြစ် လုပ် ကိုင်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ်တွင် Shanghai RAAS ကို တည်ထောင် ခဲ့သည်။ ရောင်းအားပမာဏအမေရိကန်ဒေါ်လာ ၂၁၄ သန်း ရှိပြီးဈေးကွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇.၇ ဘီလီယံရှိ သည့်အဆိုပါ ကုမ္ပဏီသည် Forbes ၏ တီထွင်ဆန်းသစ်မှုအရှိဆုံးကုမ္ပဏီများစာရင်းတွင် အဆင့် ၂၀ နေရာမှဖော်ပြခံခဲ့ရသည်။ ထို့အတူ ၂၀၁၅ တွင်လည်း Forbes ကရွေး ချယ်သည့် Asia’s 200 Best Under A Billion တွင်ရွေးချယ်ခံခဲ့ရသည်။ Mr. Hoang သည် Shezhen စတော့အိတ်ချိန်းစာရင်းဝင် အဆိုပါကုမ္ပဏီ၏ ၃၅ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည်။ပြီးခဲ့သည့်နှစ်များအတွင်းထိုအများပိုင်ကုမ္ပဏီ၏ရှယ်ယာတန်ဖိုးများမြင့်တက်ခဲ့မှုကြောင့် သူ၏ပိုင်ဆိုင်မှုသည်လည်း သုံးဆကျော် အထိပိုမိုကြွယ်ဝလာခဲ့သည်။ Mr. Hoang ၏ အခြားပိုင်ဆိုင် မှုများမှာ Agoura Hills တွင်တည်ရှိသည့်ကယ်လီ ဖိုးနီးယားအခြေစိုက် Rare Antibody Antigen Supply ခေါ် RAAS ဆေးဝါးလုပ်ငန်းဖြစ်သည်။ ထိုကုမ္ပဏီကို ၁၉၈၅ တွင် စတင်တည် ထောင်ခဲ့သည်။ အခြားလုပ်ငန်း တစ်ခုမှာ ၂၀၁၄ က ဝယ်ယူ ကာဖွင့်လှစ်ခဲ့သည့် ဝိုင်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပါသည်။

Mr. Hoang ကို ၁၉၄၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ Quang Tri ပြည်နယ်ရှိ Bich Khe ကျေးရွာတွင်မွေးဖွားခဲ့သည်။ သူသည် ငယ်စဉ်ကလွန်စွာဆင်းရဲခဲ့သည်။ မိခင်အတွက် သူသည် အကျႌမပါ ဖိနပ်ဗလာဖြင့်တောခုတ်ဓားတစ်လက်ကိုင်ပြီး သစ်ခုတ်ကာလုပ်ကျွေးခဲ့ရသည်။"အဲဒီအချိန်တွေတုန်းကဆိုရင် ကျွန်တော့် ငယ်ဘဝဟာ သိပ်ကိုကြမ်းတမ်းခဲ့တယ်" ဟု Hoang က ပြန်ပြောင်း ပြောပြ သည်။ ထို့နောက် အသက်ငါးနှစ်အရွယ်ခန့်တွင်ဦးလေးဖြစ်သူHoang Thi နှင့်နေထိုင်ရန်ဆိုင်ဂုံသို့ပြောင်းရွှေ့လာခဲ့သည်။ ဗီယက်နမ် နာမည် ကြီးတေးရေး ဆရာ တစ်ဦးဖြစ်သည့်ဦးလေး ဖြစ်သူသည် Mr. Hoang ၏ပညာရေးကို ပံ့ပိုးပေးခဲ့သည်။

Mr. Hoang သည် တက္ကသိုလ်တွင် သိပ္ပံဘာသာရပ်ကို ဗီယက်နမ်စစ်ပွဲစတင် မဖြစ်ပွားခင်အထိတစ်နှစ်ကြာသင်ယူခဲ့သည်။ ထို့နောက် သူသည် အမေရိကန် အထူးတပ်ဖွဲ့သို့ဝင်ရောက်ကာ Chief Combat Interpreter အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအတွေ့အကြုံကသူ့အားကိုယ့်ကိုယ်ကိုယ် အားကိုးစိတ် ကို ဖြစ်ပေါ်စေခဲ့ပြီး ၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် စက်ပစ္စည်း ပြည့်စုံမှု မရှိ သော်လည်း Shanghai RAAS အတွက် စက်ရုံ တည်ဆောက်ခြင်း အပါအဝင် ဘဝမှာရင်ဆိုင်ခဲ့ရသည့် အခြားသောစိန်ခေါ်မှုများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့သည်ဟုဆိုသည်။

၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲပြီးဆုံးခါနီးချိန်တွင် Mr. Hoang သည် သူ၏မိသား စုနှင့် အခြားဗီယက်နမ်လူမျိုး စစ်ဘေး ဒုက္ခသည်များကို တိုင်းပြည်မှထွက် ခွာနိုင်အောင်အကူအညီပေးပြီး နောက် သူကိုယ်တိုင်သည်လည်း အမေရိကား သို့ရွှေ့ပြောင်းနေထိုင်ခဲ့သည်။"သူတို့တွေတိုင်းပြည်ကနေထွက်ခွာနိုင်ဖို့ အတွက် လိုအပ်တဲ့ဗီဇာရရှိအောင် ကျွန်တော်ဟာ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်" ဟု သူကရှင်းပြသည်။ ထိုစဉ်က သူ့အသက် သည် ၃၂ ခန့်ရှိပြီဖြစ်သည်။

အမေရိကားတွင်ဘဝကိုစတင်ရခြင်းသည် Mr. Hoang ၏မိသားစုအတွက် မလွယ်ကူမချောမွေ့ ခဲ့ပါ။အမေရိကားကိုစတင်ရောက်ရှိစဉ်က၎င်းတို့ကို ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ် အိန်ဂျလိစ်အနီးရှိ Westlake Village Women’s Club နှင့် United Methodist Church of Westlake Village တို့က ပံ့ပိုးခဲ့ကြသည်ဟုဆိုသည်။ Abbott Laboratories တွင်လုပ်ကိုင်နေ သည့် ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦးက Mr. Hoang ကိုဝင်ခွင့် အင်တာဗျူးမေးမြန်းခဲ့သည်။ သူ့တွင်လိုအပ်သည့် အရည်အချင်းမရှိသည်ကို သိရှိခဲ့သည့် Mr. Hoang က သူသည် ဉာဏ်ရည်ထက် မြက်သဖြင့် သင်ယူ တတ်မြောက်လွယ်သူတစ်ဦးဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် အင်တာဗျူး သူကိုပြောကြားခဲ့သည်။ သို့ဖြင့် မွေးနေ့တွင် Mr. Hoang တစ်ယောက် အလုပ် ရရှိခဲ့တော့သည်။ လုပ်အားခမှာ တစ်နာရီလျှင် ၁.၂၅ ဒေါ်လာဖြစ်သည်။

ထို့နောက် နှစ်ရက်အကြာတွင် အလုပ်စဆင်းခဲ့သည်။Hoangသည် သူ့ကို လှူဒါန်းထားသည့် ၅၀ စီစီမော်တော်ဆိုင်ကယ်ဖြင့်အလုပ်သွားလေ့ရှိ သည်။ "အဲဒီကာလတွေဟာခက်ခဲ ပင်ပန်းလွန်းခဲ့ပေမဲ့ ကျွန်တော်တို့အကောင်း ဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်"ဟု Mr. Hoang ကပြန်ပြောင်း ပြောပြသည်။

နှစ်နှစ်ခန့်ကြာပြီးနောက် Abbott တွင် သူသည်ရာထူးတိုးမြှင့်ခြင်းခံရ သည်။ နောက်ထပ်ခြောက် လအကြာတွင်ကြီးကြပ်ရေးမှူးအဖြစ်ခန့်အပ် ခံခဲ့ရ သည်။ထို့နောက်ခြောက်လအကြာတွင်မူမန်နေဂျာဖြစ်လာခဲ့တော့သည်။နောက်ဆုံးတွင်သူသည်ကုမ္ပဏီထိပ်ပိုင်းအထိရောက်ရှိလာခဲ့ပြီးသွေးရည်ကြည်နမူနာများကိုစမ်းသပ် စစ်ဆေးမှုနှင့်ပတ်သက်ပြီးတာဝန်ယူရသည့် ဒါရိုက်တာ တစ်ဦးဖြစ်လာခဲ့သည်။ "Abbott ဓာတ်ခွဲခန်းမှာ သွေးရည် ကြည်တွေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့ Bureau of Biology (FDA ၏ယခင်အမည်) ရဲ့ခွင့်ပြု လိုင်စင်ကိုပထမဆုံးရရှိခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူ မိပါတယ်" ဟု Mr. Hoang ကဆိုသည်။ ထို့ နောက် Abbott တွင် အသည်းရောင်အသားဝါ ဘီ (Hepatitis B)) ရောဂါပိုးကို စမ်းသပ်မှုစတင်ခဲ့ သည်။

၁၉၇၀ ပြည့်လွန်နှစ်အဆုံးပိုင်းတွင် Mr. Hoang သည် အနာဂတ်ရှေ့အစီ အစဉ်များအတွက် စတင်စဉ်းစားလာခဲ့သည်။ သူ့တွင်ဆရာသမားတစ်ဦးပေးခဲ့ သည့်အကောင်းဆုံးအကြံဉာဏ် တစ်ခုရှိသည်။

"သင့်ရဲ့အသိပညာဗဟုသုတတွေကိုဈေးပေါပေါနဲ့မရောင်းပါနဲ့"ဟူ၍ဖြစ်သည်။ သွေးရည်ကြည်စမ်းသပ်ခဲ့ဖူးသည့် အတွေ့အကြုံရှိသည့် Mr. Hoang သည် Rare Antibody Antigen Supply Inc အမည်ရှိ ကိုယ်ပိုင် သွေးရည်ကြည် ကုမ္ပဏီကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့တော့သည်။ထို့နောက်သွေး ရည်ကြည် ဌာနများစတင်ပိုင်ဆိုင်လာခဲ့သည်။ ၁၉၈၅ တွင် အမေရိကန်တစ်လွှား သွေး ရည်ကြည်ဌာနပေါင်း ၁၁ ခုအထိ ပိုင်ဆိုင်ခဲ့သည်။

ထို့နောက်နှစ်နှစ်အကြာတွင်နိုင်ငံတကာသို့တိုင်ဖြန့်ကျက်ခဲ့ကာတရုတ်ပြည်ကို ဝင်ရောက်ခဲ့ တော့သည်။စင်စစ်ထိုအချိန်ကတရုတ်ပြည်သို့စီးပွားရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ရန်ကြိုးပမ်းသည့်အမေရိကန်လုပ်ငန်း ရှင်ဆိုသည်မှာ အလွန်ရှား ကြောင်း Mr. Hoang ကပြောသည်။ "တရုတ်မှာလုပ်ငန်းလုပ်ကိုင် ဖို့ဘယ်လုပ်ငန်းရှင်တွေစဉ်းစားခဲ့ကြသလဲဆိုတော့ ကျွန်တော်တစ် ယောက် တည်းပဲရှိတယ်ဗျ" ဟုဆိုသည်။ Mr. Hoang တရုတ်ပြည် ကိုဝင်ရောက်ခဲ့ချိန် သည် အချိန်အခါကောင်းဖြစ်ခဲ့သည်။တရုတ်ပြည်တွင် ၁၉၈၇ က အသည်းရောင် အသားဝါအေရောဂါဖြစ်ပွားခဲ့ရာမသန့်ရှင်းသည့် ပိုက်ဆံမှ တစ်ဆင့်လူပေါင်းသုံးသိန်းခန့်ကူးစက်ခံ ကြရသည်။"ဒီရောဂါနဲ့ပတ်သက် ပြီး ကျွန်တော်ကူညီနိုင်ပါတယ်လို့ သူတို့ကိုကျွန်တော်ပြောနိုင်ခဲ့ပါတယ်" ဟု Mr. Hoang ပြန်လည်ပြောပြသည်။

ထိုစဉ်က မည်သည့်နိုင်ငံခြားကုမ္ပဏီမှ တရုတ်ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ခွင့်မပြုခဲ့ပါ။ သို့သော် Mr. Hoang သည် ၁၉၈၇ တွင် ရှန်ဟိုင်းသွေးဌာန (Shanghai Blood Centre) နှင့်အကျိုး တူပူးပေါင်းနိုင်ခဲ့သည်။ ထို့နောက် ၁၉၉၂ တွင် သူသည် ရှန်ဟိုင်းရှိ Shanghai RAAS ကိုဖွင့်လှစ်ခဲ့ပြီး လူ့ ခန္ဓာကိုယ်အတွက် Abumin ကို AlbuRAAS အမည်ဖြင့်ရောင်းချခဲ့သည်။ ယင်းသည် သွေးရည်ကြည်ကို စုစည်းပေးထားသည့်ရင်းမြစ် တစ်ခုဖြစ်သည်။ ကုမ္ပဏီမှရောင်းချသည့်အခြားဆေးဝါးများမှာလည်းသွေးရည်ကြည်မှတစ်ဆင့်ရရှိသည့်ဆေးဝါးများဖြစ်သည်။ယနေ့အချိန်တွင်တရုတ်ပြည်တွင်သူထုတ်လုပ်သည့်ဆေးပစ္စည်းများကို ဈေးကွက်တောင်းဆိုမှုလွန်စွာမြင့်မားလာခဲ့ရာ Shanghai RAAS အနေဖြင့် ပြည်နယ်တစ်ခုစာကိုပင် လိုအပ်သလောက် အပြည့်အ၀ မဖြည့်ဆည်းပေးနိုင်ကြောင်း Mr. Hoang ကဆိုသည်။

ထိုအတောအတွင်း Mr. Hoang သည်အမေရိကန်သို့ ပြန်ပြီး ၂၀၁၄ တွင် လုပ်ငန်းအမျိုးအစား သစ်တစ်ခုကိုစွန့်စားလုပ် ကိုင်ခဲ့ပြန်သည်။ ယင်းမှာ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။ သူသည် Michael Mondavi Family ဝိုင်လုပ်ငန်းကို ၂၀၁၄ တွင် ဝယ်ယူလိုက်ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၄ နိုဝင်ဘာလ တွင်ဝိုင်လုပ်ငန်း၏ဖွင့်လှစ်ပွဲအခမ်းအနားကိုကြီးကျယ် ခမ်းနားစွာကျင်းပခဲ့သည်။တရုတ်ပြည်၏အင်ဂျလီနာဂျိုလီဟုနာမည်ကျော်လူသိများသည့်တရုတ်မော်ဒယ်မင်းသမီး Bing Bing သည် အဆိုပါ ဝိုင်ထုတ်လုပ်ရေး လုပ်ငန်း၏ပြောရေးဆိုခွင့်ရှိသူအဖြစ် တက်ရောက် ချီးမြှင့်ခဲ့သည်။

ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းသည် သွေးရည်ကြည်လုပ်ငန်း နှင့် သဘော သဘာဝခြင်းတူသည်ဟု Mr. Hoang ရှုမြင်ခဲ့သည်။ Filter ဖြင့်စစ်ခြင်း၊ စံအဆင့်ချိန်ညှိခြင်းနှင့်အချဉ်ဖောက်ခြင်းစသည့်လုပ်ငန်း စဉ်တို့သည်သွေး ရည်ကြည်နှင့်ဝိုင်ထုတ်လုပ်ခြင်းတို့တွင်ဆောင်ရွက်ရသည့်အဆင့်ချင်းနီးစပ်လှသည်။ထို့ပြင်ဝိုင်မှပေးစွမ်းနိုင်သည့်ကျန်းမာရေးအကျိုးအာနိသင်နှင့်ပတ်သက်ပြီးလည်း Mr. Hoang တစ်ယောက် အထူးပင် ကျေနပ်ဝမ်းမြောက်နေတော့ သည်။"ကျန်းမာရေးဝိုင်နဲ့ရိုးရိုးဝိုင်ဆိုပြီးဆိုပြီးထုတ်လုပ်နိုင်အောင်ကျွန်တော်ကြိုးပမ်းနေပါတယ်။နောက်ပြီးစီးပွားရေးလုပ်ငန်းနှစ်ခုဟာဆက်စပ်မှုရှိတဲ့အတွက်လည်း အရမ်းကိုပျော်ရွှင် မိပါတယ်" ဟု Mr. Hoang ကပြောသည်။ ဝိုင်များကို အထူး သဖြင့် တရုတ်ပြည်သို့တင်ပို့နေပြီး လက်ရှိတွင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရှိသည်ဟုဆိုသည်။

ဝိုင်လုပ်ငန်းကိုဝယ်ယူလိုက်ကြောင်းကြေညာပြီး ရက်ပိုင်း အကြာတွင် Mr. Hoang သည် ဇွန် ၇ ရက်နေ့တွင် Fund-A-Need အဖွဲ့အစည်းသို့ အမေ ရိကန်ဒေါ်လာတစ်သန်းလှူဒါန်းပြီး Auction Napa Valley တွင် စံချိန်သစ် တစ်ခုတင်ခဲ့ပြန်သည်။ယင်းသည်ဗီယက်နမ်တွင်သူစတင်ခဲ့ဖူးပြီးသားဖြစ်သောပရဟိတအလုပ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းသာဖြစ်သည်။"ကျွန်တော်သူတစ်ပါးကိုပြန်လည်ကျေးဇူးပြု ချင်လို့ပါ" ဟု သူကဆိုသည်။ Mr. Hoang သည် သူ၏အသား တင်ပိုင်ဆိုင်မှုအနက် ၂၀ ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းသွား မည်ဖြစ် ကြောင်းပြောကြားသည်။ Mr. Hoang သည် ၂၀၀၆ ကတည်းက ဗီယက်နမ်ကို အကြိမ်ကြိမ်ပြန်လည် သွားရောက်ခဲ့သည်။ ထို့နောက်ကြက်ခြေနီ အဖွဲ့နှင့်ပူးပေါင်းကာသူ့မွေးရပ်ဇာတိကျေးရွာတွင်အိမ်ခြေငါးထောင် ဆောက်လုပ် လှူဒါန်းခဲ့သည်။ "ကျွန်တော်က လူတစ်ယောက်ကို တစ်ဒေါ်လာ ပေးချင် တယ်ဆိုရင် သူဟာ အဲဒီငွေကို အမှန်တကယ်ရသွားစေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဘီလ်ဂိတ်တို့၊ ဝါးရင်းဘတ်ဖက် တို့လို မလှူဒါန်းပေးချင်ဘူးဗျာ။ တစ်ဘီလီယံပြီးတစ်ဘီလီယံလေ။ကျွန်တော်တို့မှာဘယ်လောက်များများစားစားရှိလို့လဲဗျ" ဟု Mr. Hoang က သူ့အတွေးအခေါ်ကိုဝေမျှသည်။

Mr. Hoangသည် ဘီလျံနာသန်းကြွယ်တစ်ဦးဟူသည့် သူ၏အဆင့်အတန်းနှင့် ပတ်သက်ပြီး ပြောဆိုရန်စိတ်အားထက်သန်မှုမရှိချေ။"စတော့အကြောင်းမပြောပါနဲ့၊ဘီလီယံဒေါ်လာတွေအကြောင်းမပြောပါနဲ့၊ခင်ဗျားဟာဒီကနေ့ဘီလျံနာတစ်ယောက်ဖြစ်ပေမဲ့မနက်ဖြန်မှာဘီလျံနာဖြစ်ချင်မှ ဖြစ်လိမ့်မယ်" ဟု စတော့ ဈေး ကွက်၏ကြိုတင်ခန့်မှန်းနိုင်ရန်ခက်ခဲနက်နဲမှုကို ရှင်းပြသည်။ ထိုသို့ဆိုသည့် အတွက် Mr. Hoang သည် လူသိမခံချင်သူ၊ မထင်မရှားရှင်သန်နေထိုင်လိုသူ တစ်ဦး တော့မဟုတ်ပေ။ အထူးသဖြင့် သူ့မျက်နှာပုံတူကို သူထုတ်လုပ်ရောင်းချ သည့်ဝိုင်ပုလင်းအားလုံးပေါ်တွင်ပုံနှိပ်ဖော်ပြထား၍ဖြစ်သည်။သူသည်အနာဂတ်ကာလ တွင်သူ့ကိုလူတွေကအမှတ်ရနေကြပြီး သူ့အကြောင်းနှင့်သူတီထွင်လုပ် ကိုင်ခဲ့သည့်သွေးရည်ကြည်အဆင့်မြှင့် တင်မှုများကို တစ်ခုတ်တစ်ရ ချီးကျူးပြော ဆိုတာမျိုးကို မျှော်လင့်တောင့်တသူဖြစ်သည်။ သူ၏ဝိုင်လုပ်ငန်းတွင် အောက်ပါ ဆိုင်းဘုတ် ကို ချိတ်ဆွဲ ထားသည်။

'ဘုရားသခင်သည် ရေကို ဖန်ဆင်းတော်မူခဲ့၏။ လူသား များသည် ဝိုင်ကို တီထွင်ခဲ့သည်'။
ဗစ်တာ ဟူးဂိုး

Kieu Hoang အမည်ရှိလူသားသည် ရေနှင့် ဝိုင်ကို ဖန် တီးခဲ့လေသည်'။
Kieu Hoang
ရည်ညွှန်း- Vietnamese-American Pharma Billionaire Debuts On The Forbes 400 (www.forbes.com)


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar B2B Management Magazine
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top