Property Expo
×





Credit:Duwun

#Unicode Version
လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူးလို့ ဆိုပါတယ်။

အဆိုတော် အောင်လနဲ့ ဇနီးဖြစ်သူ မိုးငယ်တို့က စက်တင်ဘာ(၂၀)ရက်နေ့က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်ကြောင်း အောင်လက သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Long Distance Relation ကနေ လက်တွဲခဲ့တဲ့ သူတို့နှစ်ဦးဟာ တစ်နှစ်မှ တစ်ခါလောက် တွေ့ရတာ ဖြစ်ပြီး အတူတူနေဖို့ အဆင်မပြေတော့တဲ့ အတွက် မနှစ်ကတည်းက လမ်းခွဲဖို့ စီစဉ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့နှစ်ယောက်က Long Distance Relation ကနေ လက်တွဲကြတယ် ။ အခု လမ်းခွဲ ဖြစ်ခဲ့တာကတော့ သူကလည်း ဒီကို ပြန်လာလို့ မရသလို ကျွန်တော်ကလည်း ဒီက အလုပ်တွေပစ်ပြီး သူ့ဆီသွားလို့မရဘူး။ နှစ်ယောက်က တစ်နှစ်မှ တစ်ခါလောက် တွေ့ရတယ် ။ အတူတူနေဖို့ အဆင် မပြေတော့တဲ့ အတွက် မနှစ်ကတည်းက လမ်းခွဲဖို့ စီစဉ်ကြတယ် ။ ဒီနှစ် သူပြန်လာမှ လမ်းခွဲဖြစ် ကြတာပါ။ လက်ရှိ ထွက်ပေါ်နေသော ကောလာဟလ အကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး ဘာမျှ ပြော စရာမရှိပါဘူး “လို့ အောင်လက ဆိုပါတယ်။

ယခုလက်ရှိမှာတော့ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေထွက်ရှိဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top