Property Expo
×

၁ - ဆီးချို၊ သွေးချို


၂ - နှလုံးရောဂါ


၃ - သွား


၎ - မတည့်မှု


၅ - ပြဿနာများ


Credit: duwun

#Unicode Version

၁ - ဆီးချို၊ သွေးချို

အကြားအာရုံချို့ယွင်းလာခြင်းဟာ နားနဲ့ပတ်သက်ရုံမကဘဲ အခြားရောဂါတွေနဲ့ပါ သက်ဆိုင်ပါတယ်။ အကြားအာရုံချို့ယွင်းမှုဟာ ဆီးချို၊ သွေးချို ဖြစ်ပွားနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ အကြားအာရုံချို့ယွင်းသူတွေဟာ ဆီးချို၊သွေးချို ဖြစ်ပွားနိုင်ခြေ နှစ်ဆရှိကြောင်း တွေ့ရှိထားပါတယ်။

၂ - နှလုံးရောဂါ

မှန်ထဲကို ကြည့်လို့ သင့်နားရွက်ဟာ ပုံမှန်အတိုင်းပဲချောမွေ့နေတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကန့်လန့်ဖြတ် အစင်းကြောင်းမျိုး ရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနေတယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၃ - သွား

နားထဲက နာတယ်ဆိုပေမဲ့ နားမှာ ပြဿနာဖြစ်နေတာမဟုတ်ဘဲ သွားပြဿနာလည်း ဖြစ်နေနိုင်ပါတယ်။

၄ - မတည့်မှု

တစ်စုံတစ်ခုနဲ့ မတည့်တဲ့အခါ အရေပြားတွေမှာ လက္ခဏာပြရုံတင်မကဘဲ နားမှာလည်း ပြတတ်ပါတယ်။ နားယားတာ၊ ယောင်လာတာ၊ ပိတ်ဆို့ထားသလိုခံစားရတာတွေ ဖြစ်လာပါတယ်။

၅ - ပြဿနာများ

နားထဲမှာ အသံမြည်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်အားနည်းတာကစပြီး ရောဂါများစွာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိုးရိမ်လွန်းနေတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top