Property Expo
×

သာမွေပါင္းတဲ့သူေတြကေတာ့ အလုပ္မွာပဲၿဖစ္ၿဖစ္၊ ဘယ္ေနရာမွာပဲၿဖစ္ၿဖစ္ အၿမဲရွိေနတတ္ပါတယ္။

ဒီလုိလူေတြကို ၾကည့္ၿပီး မုန္းေနတ့ဲသူေတြရွိသလို၊ မသိသလိုသာ ေနလိုက္တဲ့သူေတြလည္း ရွိပါတယ္။

သူတို႔ေၾကာင့္ စိတ္မညစ္ရေအာင္ ဘယ္လိုကာကြယ္ၾကမလဲဆိုတာကို သိရေအာင္ ထူးၿခားခ်က္ေလးေတြကို တင္ၿပလိုက္ပါတယ္။

၁. ခ်ိီးက်ဳးဂုဏ္ၿပဳရတာ အၿခားသူမ်ားထက္ တမူထူးၿခားတတ္ပါတယ္။

သူတို႔ဟာ ခ်ဥ္းကပ္ရန္ ရည္ရြယ္ထားေသာသူကို ေၿမွာက္ေၿပာ၊ ပင့္ေၿပာရတာ အလြန္ပင္ေတာ္ပါတယ္။ ဒီလူဘယ္လိုေၿပာလိုက္ရင္ ေပ်ာ္သြားမလဲ၊ ဆိုတာကို ေသေသခ်ာခ်ာ ေလ့လာထားသလို၊ ေၿပာဆုိရာတြင္လည္း ၿပံဳးရႊင္ေနၿပီး သြားေတြကၿဖီးေနတာတာပါပဲ။ သူတို႔ဟာ စကားေၿပာဆို အလြန္ေကာင္းၿပီး ဘာၿပီးရင္ ဘာေၿပာရမလဲဆိုတာကို ေခါင္းထဲမွာ စဥ္းစားထားၿပီး ၿဖစ္ပါတယ္။ ဒါေၾကာင့္ အေၿပာခံရေသာသူကေတာ့ စိတ္ထဲမွာ ေပ်ာ္ရႊင္ေနမွာ အမွန္ပါ။

၂. ပံုမွန္အားၿဖင့္ သြက္သြက္လက္လက္ ဆက္ဆံတတ္ပါတယ္။

သူတို႔ဟာ လိုအပ္ေသာသူအေပၚမွာ လိုက္လိုက္ေရာေရာ ဆက္ဆံတတ္ၿပီး အၿမဲတမ္း သြားေတြက ၿဖီးေနတတ္ပါတယ္။

၃. မ်က္စိေရွ႕နဲ႕ေနာက္ကြယ္မွာ ၿခားနားခ်က္ေတြ ရွိပါတယ္။

သူတို႕ဟာ ခ်ဥ္းကပ္ရန္ ရည္ရြယ္ထားေသာသူအေပၚမွာ သူတို႔အလိုလိုက္ေရာၿပီး ေပါင္းတတ္ၿပီး အေရွ႕မွာ တစ္မ်ိဳး ေနာက္ကြယ္မွာ တမ်ိဳးလုပ္တတ္ပါတယ္။ ပစ္မွတ္ရဲ႕အေၾကာင္းမွာ ေထာက္လို႔ရရန္အကြက္ေကာင္းမ်ားရွိေနရင္ေတာ့ သူတို႔အတြက္ အခြင့္ေကာင္းပဲၿဖစ္ပါတယ္။

၄. ၾသဇာရွိသူကို ခ်ဥ္းကပ္ရန္ ဝန္မေလးပါ။

သူ႕အတြက္ အက်ိဳးရွိသူကိုေတြ႕ရင္ အမိအရလိုက္သာဖမ္းေတာ့မွာ အမွန္ပါ။ ကိုယ့္ရဲ႕ရည္မွန္းခ်က္ေအာင္ၿမင္ဖို႔ရန္သာ အဓိကပါ။ ပတ္ဝန္းက်င္က ဘာေတြကို ႏွိမ္ေၿပာ၊ ကဲ့ရဲ႕လွ်င္လည္း မသိသလိုေနတတ္သူပါ။

၅. ကိုယ့္ရဲ႕ခံယူခ်က္ေတြဘာေတြက ေနာက္ထားလိုက္ပါ။

ပစ္မွတ္က ဘေဘာက်ဖို႔ရန္သာ ရည္ရြယ္ၿပီးလုပ္ေဆာင္ေနတာေၾကာင့္ ကိုယ့္ရဲ႕ထင္ၿမင္ခ်က္ေတြ၊ ခံယူခ်က္ေတြကို ေမ့ထားတတ္ပါတယ္။ ပစ္မွတ္က ေၿပာသမွ် အားလံုး ဟုတ္ကဲ့ခ်ည္း၊ ေၿပာေနေတာ့မွာပါ။

၆. တတ္ႏုိင္သေလာက္ ၿပံဳးၿပံဳးေလးေနတတ္ပါတယ္။

သူတို႔အတြက္ နစ္နာမယ့္ကိစၥေတြနဲ႕ၾကံဳလာၿပီဆိုရင္ မသိသလို ၿပံဳးၿပံဳးၾကီးေနတတ္ပါတယ္။ ရန္ၿဖစ္ရမွာထက္ အားလံုးနဲ႕အဆင္ေၿပေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို နားလည္ပါတယ္။
 
၇. လက္ေဆာင္ေတြကိုလည္း မေမ့ပါ။

ပစ္မွတ္က ဘယ္လိုအသံုးအေဆာင္ေတြကို ႏွစ္သက္သလိုဆိုတာကို အၿမဲတမ္း ေလ့လာထားၿပီး အခ်ိန္အခါအေပၚမွာ မူတည္ၿပီး လက္ေဆာင္ေလးေတြကိုလည္း ေပးေလ့ရွိပါတယ္။

၈. မေမ့သြားေအာင္ ခဏခဏဆက္သြယ္ေလ့ရွိတယ္။

ပစ္မွတ္က ေမ့မသြားေအာင္ ဖုန္းဆက္သလို၊ နည္းအမ်ိဳးမ်ိဳးနဲ႕ ခ်ဥ္းကပ္ၿပီး သူ႕ကို သတိရေနေအာင္ ဆဲြေဆာင္မွာ ၿဖစ္ပါတယ္။ သူ႕အတြက္ အက်ိဳးရွိမယ့္သူအေပၚမွာ မူတည္ၿပီး ဆက္ဆံေရးက ေၿပာင္းလဲသြားႏုိင္တာေၾကာင့္ ေၾကာက္စရာေကာင္းတဲ့လူတမ်ိဳးဆိုလည္း မမွားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Version
သာမှပေါင်းတဲ့သူတွေကတော့ အလုပ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမြဲရှိနေတတ်ပါတယ်။

ဒီလိုလူတွေကို ကြည့်ပြီး မုန်းနေတဲ့သူတွေရှိသလို၊ မသိသလိုသာ နေလိုက်တဲ့သူတွေလည်း ရှိပါတယ်။

သူတို့ကြောင့် စိတ်မညစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို သိရအောင် ထူးခြားချက်လေးတွေကို တင်ပြလိုက်ပါတယ်။


၁. ချီးကျုးဂုဏ်ပြုရတာ အခြားသူများထက် တမူထူးခြားတတ်ပါတယ်။


သူတို့ဟာ ချဉ်းကပ်ရန် ရည်ရွယ်ထားသောသူကို မြှောက်ပြော၊ ပင့်ပြောရတာ အလွန်ပင်တော်ပါတယ်။ ဒီလူဘယ်လိုပြောလိုက်ရင် ပျော်သွားမလဲ၊ ဆိုတာကို သေသေချာချာ လေ့လာထားသလို၊ ပြောဆိုရာတွင်လည်း ပြုံးရွှင်နေပြီး သွားတွေကဖြီးနေတာတာပါပဲ။ သူတို့ဟာ စကားပြောဆို အလွန်ကောင်းပြီး ဘာပြီးရင် ဘာပြောရမလဲဆိုတာကို ခေါင်းထဲမှာ စဉ်းစားထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အပြောခံရသောသူကတော့ စိတ်ထဲမှာ ပျော်ရွှင်နေမှာ အမှန်ပါ။


၂. ပုံမှန်အားဖြင့် သွက်သွက်လက်လက် ဆက်ဆံတတ်ပါတယ်။


သူတို့ဟာ လိုအပ်သောသူအပေါ်မှာ လိုက်လိုက်ရောရော ဆက်ဆံတတ်ပြီး အမြဲတမ်း သွားတွေက ဖြီးနေတတ်ပါတယ်။


၃. မျက်စိရှေ့နဲ့နောက်ကွယ်မှာ ခြားနားချက်တွေ ရှိပါတယ်။


သူတို့ဟာ ချဉ်းကပ်ရန် ရည်ရွယ်ထားသောသူအပေါ်မှာ သူတို့အလိုလိုက်ရောပြီး ပေါင်းတတ်ပြီး အရှေ့မှာ တစ်မျိုး နောက်ကွယ်မှာ တမျိုးလုပ်တတ်ပါတယ်။ ပစ်မှတ်ရဲ့အကြောင်းမှာ ထောက်လို့ရရန်အကွက်ကောင်းများရှိနေရင်တော့ သူတို့အတွက် အခွင့်ကောင်းပဲဖြစ်ပါတယ်။


၄. သြဇာရှိသူကို ချဉ်းကပ်ရန် ဝန်မလေးပါ။


သူ့အတွက် အကျိုးရှိသူကိုတွေ့ရင် အမိအရလိုက်သာဖမ်းတော့မှာ အမှန်ပါ။ ကိုယ့်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ရန်သာ အဓိကပါ။ ပတ်ဝန်းကျင်က ဘာတွေကို နှိမ်ပြော၊ ကဲ့ရဲ့လျှင်လည်း မသိသလိုနေတတ်သူပါ။


၅. ကိုယ့်ရဲ့ခံယူချက်တွေဘာတွေက နောက်ထားလိုက်ပါ။


ပစ်မှတ်က ဘဘောကျဖို့ရန်သာ ရည်ရွယ်ပြီးလုပ်ဆောင်နေတာကြောင့် ကိုယ့်ရဲ့ထင်မြင်ချက်တွေ၊ ခံယူချက်တွေကို မေ့ထားတတ်ပါတယ်။ ပစ်မှတ်က ပြောသမျှ အားလုံး ဟုတ်ကဲ့ချည်း၊ ပြောနေတော့မှာပါ။


၆. တတ်နိုင်သလောက် ပြုံးပြုံးလေးနေတတ်ပါတယ်။


သူတို့အတွက် နစ်နာမယ့်ကိစ္စတွေနဲ့ကြုံလာပြီဆိုရင် မသိသလို ပြုံးပြုံးကြီးနေတတ်ပါတယ်။ ရန်ဖြစ်ရမှာထက် အားလုံးနဲ့အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်ပါတယ်။


၇. လက်ဆောင်တွေကိုလည်း မမေ့ပါ။


ပစ်မှတ်က ဘယ်လိုအသုံးအဆောင်တွေကို နှစ်သက်သလိုဆိုတာကို အမြဲတမ်း လေ့လာထားပြီး အချိန်အခါအပေါ်မှာ မူတည်ပြီး လက်ဆောင်လေးတွေကိုလည်း ပေးလေ့ရှိပါတယ်။


၈. မမေ့သွားအောင် ခဏခဏဆက်သွယ်လေ့ရှိတယ်။


ပစ်မှတ်က မေ့မသွားအောင် ဖုန်းဆက်သလို၊ နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ပြီး သူ့ကို သတိရနေအောင် ဆွဲဆောင်မှာ ဖြစ်ပါတယ်။ သူ့အတွက် အကျိုးရှိမယ့်သူအပေါ်မှာ မူတည်ပြီး ဆက်ဆံရေးက ပြောင်းလဲသွားနိုင်တာကြောင့် ကြောက်စရာကောင်းတဲ့လူတမျိုးဆိုလည်း မမှားပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top