Kantharyar Centre
×

                                                      (Reuters)

အမ်ိဳးသားမ်ားထက္ အမ်ိဳးသမီးမ်ားက အိမ္အလုပ္ကုိ ငါးဆပုိလုပ္ေနရသည့္ ဂ်ပန္ႏုိင္ငံ တြင္ အမ်ိဳးသားမ်ား အိမ္အလုပ္ မ်ား ပိုၿပီးကူညီေပးေရး လႈပ္ရွားမႈ အျဖစ္ အမ်ိဳးသားႏုိင္ငံေရးသမား သံုးဦးသည္ ကုိယ္၀န္ေဆာင္အက်ႌ မ်ား ၀တ္ဆင္ခဲ့ၾကသည္။


‘‘အုပ္ခ်ဳပ္ေရးမွဴးဟာ ကုိယ္ ၀န္သည္အမ်ိဳးသမီးတစ္ဦးပါ’’ဟု ေခါင္းစဥ္တပ္ထားသည့္ ဗီဒီယုိ တြင္ အေနာက္ေတာင္ပုိင္းစီရင္စု မ်ား၏ အုပ္ခ်ဳပ္ေရးမွဴးမ်ားျဖစ္ ေသာ ယင္းအမ်ိဳးသားသံုးဦးသည္ အမ်ိဳးသမီးတစ္ဦး၏ ကုိယ္၀န္ ခုနစ္လဗုိက္ပံုသဏၭာန္ ၁၆ ေပါင္ ေလးေသာ အက်ႌမ်ားကုိ ၀တ္ဆင္ခဲ့ၾကသည္။

ၿပီးခဲ့သည့္ သီတင္းပတ္က စတင္ျပသခဲ့ေသာ ယင္းဗီဒီယုိ သည္ က်ဴး႐ႈးယာမာဂူခ်ီ အလုပ္ ဘ၀အေျခအေန တုိးတက္ေရး လႈပ္ရွားမႈ၏ ႐ိုးရွင္းေသာ ဖန္တီး မႈတစ္ခုျဖစ္သည္။

ယင္းအစီအစဥ္က ဂ်ပန္ ႏုိင္ငံရိွ နာမည္ဆုိးျဖင့္ ေက်ာ္ၾကားေသာ အလုပ္ကုိ အခ်ိိန္ၾကာျမင့္ စြာ ဇြဲနပဲျဖင့္ လုပ္ေလ့ရိွသည့္ အ မ်ဳိးသားမ်ား အိမ္အလုပ္ကူညီ လုပ္ကုိင္ကာ ပုိမုိဟန္ခ်က္ညီ ေသာ ဘ၀ပံုစံျဖစ္လာေရး တြန္း အားေပးရန္ ရည္ရြယ္ေၾကာင္း သိရသည္။

ေပါ့ပါးေသာ ေတးသီခ်င္း သံႏွင့္အတူ ယင္းႏုိင္ငံေရးသမား မ်ားသည္ ေလွကားကုိ တက္ လုိက္၊ ဆင္းလိုက္လုပ္ရင္း ညည္း ညဴကာ ကားထဲ၀င္ထုိင္စဥ္ ကုန္း ရခက္ေနပံုတုိ႔ကုိ ယင္းဗီဒီယုိတြင္ ျမင္ေတြ႕ရသည္။

၎တုိ႔အနက္ တစ္ေယာက္ သည္ ေျခအိတ္ကိုခြၽတ္ရန္ ႀကိဳး စားရာ ခြၽတ္မရဘဲ ေျခကုန္လက္ ပန္းက်သြားသည္ကုိလည္း ေတြ႕ ရသည္။

၂၀၁၄ စစ္တမ္းတစ္ခုအရ ဂ်ပန္ႏုိင္ငံသားမ်ားသည္ လုပ္ခ လစာမရေသာ အိမ္အလုပ္မ်ား ကို တစ္ေန႔လွ်င္ တစ္နာရီသာ လုပ္ၾကၿပီး ဇနီးမ်ားသည္ ငါးနာ ရီအထိ လုပ္ကုိင္ၾကသျဖင့္ ကမၻာေပၚတြင္ အိမ္အလုပ္လုပ္ကုိင္မႈ အနည္းဆံုး ေယာက္်ားမ်ားျဖစ္ သည္။           

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
(Reuters)

အမျိုးသားများထက် အမျိုးသမီးများက အိမ်အလုပ်ကို ငါးဆပိုလုပ်နေရသည့် ဂျပန်နိုင်ငံ တွင် အမျိုးသားများ အိမ်အလုပ် များ ပိုပြီးကူညီပေးရေး လှုပ်ရှားမှု အဖြစ် အမျိုးသားနိုင်ငံရေးသမား သုံးဦးသည် ကိုယ်ဝန်ဆောင်အကျႌ များ ဝတ်ဆင်ခဲ့ကြသည်။


‘‘အုပ်ချုပ်ရေးမှူးဟာ ကိုယ် ဝန်သည်အမျိုးသမီးတစ်ဦးပါ’’ဟု ခေါင်းစဉ်တပ်ထားသည့် ဗီဒီယို တွင် အနောက်တောင်ပိုင်းစီရင်စု များ၏ အုပ်ချုပ်ရေးမှူးများဖြစ် သော ယင်းအမျိုးသားသုံးဦးသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန် ခုနစ်လဗိုက်ပုံသဏ္ဌာန် ၁၆ ပေါင် လေးသော အကျႌများကို ဝတ်ဆင်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က စတင်ပြသခဲ့သော ယင်းဗီဒီယို သည် ကျူးရှုးယာမာဂူချီ အလုပ် ဘဝအခြေအနေ တိုးတက်ရေး လှုပ်ရှားမှု၏ ရိုးရှင်းသော ဖန်တီး မှုတစ်ခုဖြစ်သည်။

ယင်းအစီအစဉ်က ဂျပန် နိုင်ငံရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အလုပ်ကို အချိန်ကြာမြင့် စွာ ဇွဲနပဲဖြင့် လုပ်လေ့ရှိသည့် အ မျိုးသားများ အိမ်အလုပ်ကူညီ လုပ်ကိုင်ကာ ပိုမိုဟန်ချက်ညီ သော ဘဝပုံစံဖြစ်လာရေး တွန်း အားပေးရန် ရည်ရွယ်ကြောင်း သိရသည်။

ပေါ့ပါးသော တေးသီချင်း သံနှင့်အတူ ယင်းနိုင်ငံရေးသမား များသည် လှေကားကို တက် လိုက်၊ ဆင်းလိုက်လုပ်ရင်း ညည်း ညူကာ ကားထဲဝင်ထိုင်စဉ် ကုန်း ရခက်နေပုံတို့ကို ယင်းဗီဒီယိုတွင် မြင်တွေ့ရသည်။

၎င်းတို့အနက် တစ်ယောက် သည် ခြေအိတ်ကိုချွတ်ရန် ကြိုး စားရာ ချွတ်မရဘဲ ခြေကုန်လက် ပန်းကျသွားသည်ကိုလည်း တွေ့ ရသည်။

၂၀၁၄ စစ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံသားများသည် လုပ်ခ လစာမရသော အိမ်အလုပ်များ ကို တစ်နေ့လျှင် တစ်နာရီသာ လုပ်ကြပြီး ဇနီးများသည် ငါးနာ ရီအထိ လုပ်ကိုင်ကြသဖြင့် ကမ္ဘာပေါ်တွင် အိမ်အလုပ်လုပ်ကိုင်မှု အနည်းဆုံး ယောက်ျားများဖြစ် သည်။           


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top