ျမန္မာႏွစ္သစ္ကူးအႀကိဳ အိမ္ရာအေရာင္းပြဲေတာ္
×


ရီးရဲလ္ၾကယ္ပြင့္ေရာ္နယ္ဒုိက ကမၻာေပၚတြင္ အ ေကာင္းဆံုးကစားသမားဟု မိမိ ကုိယ္ကုိယ္သေဘာထားၿပီး ဆက္ လက္စန္းတက္လိုေသာ ဆႏၵမွာ ေအာင္ျမင္မႈ၏ အေၾကာင္းရင္း ျဖစ္သည္ဟု ယူဆေနသည္။
ေပၚတူဂီလက္ေရြးစင္သည္ ခ်န္ပီယံလိဂ္ႏွင့္ ယူ႐ို ၂၀၁၆ တုိ႔ တြင္ ေအာင္ပဲြခံၿပီးေနာက္ ကမၻာ့ အေကာင္းဆံုး ေဘာလံုးသမားဆုအတြက္ ေရပန္းစားေနသူျဖစ္ သည္။ ေရာ္နယ္ဒုိ (၃၁)ႏွစ္၏ ယံု ၾကည္မႈသည္ ႐ုတ္တရက္ေပ်ာက္ဆံုးမည့္ အလားအလာမရွိေသး ေပ။

‘‘ကြၽန္ေတာ္စိတ္ထဲမွာေတာ့ ကြၽန္ေတာ္ဟာ ကမၻာမွာ အ ေကာင္းဆံုး ကစားသမားပါ။ အ ႀကံ႕ခိုင္ဆံုး ျဖစ္ေအာင္လုိ႔လည္း ကြၽန္ေတာ္ ေန႔စဥ္ႀကိဳးစားပမ္းစား လုပ္ေနပါတယ္။ အကဲျဖတ္ဖို႔က ေတာ့ တျခားလူေတြအတြက္ပါပဲ’’ ဟု ေရာ္နယ္ဒုိက La Gazzetta dello Sport စာေစာင္အား ေျပာ ၾကားသည္။
‘‘ကြၽန္ေတာ္ အၿမဲတမ္းကုိယ့္ကုိယ္ကိုယ္ တုိးတက္ေစခ်င္ပါ တယ္။ အဲဒီအတြက္ အရမ္းကို စိတ္အားထက္သန္ၿပီး ဒါဟာ ကြင္းထဲမွာ ကြၽန္ေတာ့္ေအာင္ျမင္မႈအတြက္ အဓိကေသာ့ခ်က္လို႔ ယံုၾကည္ပါတယ္’’ဟု ေရာ္နယ္ဒုိ က ေျပာသည္။
၂၀၁၆-၂၀၁၇ ရာသီအစကုိ လဲြေခ်ာ္ခဲ့ၿပီးေနာက္ ယခုအခါ ယခင္အတိုင္း အေကာင္းဆံုး ေျခ စြမ္းျပန္ရေနၿပီဟုလည္း ေရာ္နယ္ဒုိကေျပာသည္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရီးရဲလ်ကြယ်ပွင့်ရော်နယ်ဒိုက ကမ္ဘာပေါ်တွင် အ ကောင်းဆုံးကစားသမားဟု မိမိ ကိုယ်ကိုယ်သဘောထားပြီး ဆက် လက်စန်းတက်လိုသော ဆန္ဒမှာ အောင်မြင်မှု၏ အကြောင်းရင်း ဖြစ်သည်ဟု ယူဆနေသည်။

ပေါ်တူဂီလက်ရွေးစင်သည် ချန်ပီယံလိဂ်နှင့် ယူရို ၂၀၁၆ တို့ တွင် အောင်ပွဲခံပြီးနောက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရေပန်းစားနေသူဖြစ် သည်။ ရော်နယ်ဒို (၃၁)နှစ်၏ ယုံ ကြည်မှုသည် ရုတ်တရက်ပျောက်ဆုံးမည့် အလားအလာမရှိသေး ပေ။


‘‘ကျွန်တော်စိတ်ထဲမှာတော့ ကျွန်တော်ဟာ ကမ္ဘာမှာ အ ကောင်းဆုံး ကစားသမားပါ။ အ ကြံ့ခိုင်ဆုံး ဖြစ်အောင်လို့လည်း ကျွန်တော် နေ့စဉ်ကြိုးစားပမ်းစား လုပ်နေပါတယ်။ အကဲဖြတ်ဖို့က တော့ တခြားလူတွေအတွက်ပါပဲ’’ ဟု ရော်နယ်ဒိုက La Gazzetta dello Sport စာစောင်အား ပြော ကြားသည်။

‘‘ကျွန်တော် အမြဲတမ်းကိုယ့်ကိုယ်ကိုယ် တိုးတက်စေချင်ပါ တယ်။ အဲဒီအတွက် အရမ်းကို စိတ်အားထက်သန်ပြီး ဒါဟာ ကွင်းထဲမှာ ကျွန်တော့်အောင်မြင်မှုအတွက် အဓိကသော့ချက်လို့ ယုံကြည်ပါတယ်’’ဟု ရော်နယ်ဒို က ပြောသည်။

၂၀၁၆-၂၀၁၇ ရာသီအစကို လွဲချော်ခဲ့ပြီးနောက် ယခုအခါ ယခင်အတိုင်း အကောင်းဆုံး ခြေ စွမ်းပြန်ရနေပြီဟုလည်း ရော်နယ်ဒိုကပြောသည်။  


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top