Property Expo
×

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရွိ ျမရည္နႏၵာရပ္ကြက္ႏွင့္ ေအာင္ သာယာရပ္ကြက္အတြင္းမႏၲေလး ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီပိုင္ ျမရည္နႏၵာတန္ဖိုး နည္းအိမ္ရာအနီးတြင္ အခန္း ေပါင္း ၃,၀၀၀ ေက်ာ္ပါ၀င္မည့္ တန္ဖိုးမွ်တအိမ္ရာစီမံကိန္းမွ အခန္းမ်ားကို လာမည့္ႏွစ္တြင္ေရာင္းခ်မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

စည္ပင္သာယာေရးေကာ္မ တီမွ ေျခာက္ထပ္တိုက္ ၁၄၀ လံုး၊ အခန္းေပါင္း ၃,၃၆၀ ခန္းပါ၀င္ သည့္ တန္ဖိုးမွ်တအိမ္ရာစီမံကိန္း ကို ေဆာက္လုပ္ေနၿပီး ေရာင္းခ် ေပးမႈပံုစံကို ေဆာက္ၿပီးမွသာ သိ ရွိရမည္ျဖစ္ေၾကာင္း စည္ပင္သာ ယာေရးေကာ္မတီ အေဆာက္အ အံုႏွင့္ကုန္႐ံုဌာန ဌာနမွဴး ဦးေဇာ္ ၀င္းကေျပာသည္။

‘‘ဘတ္ဂ်က္ကေတာ့ ေပးမ ထားဘူး။ ကုမၸဏီကိုပဲ ခိုင္းထား ေသးတယ္။ ေဆာက္ၿပီးရင္အခန္း အားလံုးကုမၸဏီဘက္က ျပန္အပ္ ရမွာပါ။ တစ္ႏွစ္အတြင္း ၿပီးဖို႔မွန္း ထားတယ္။ ေရာင္းရတဲ့အေပၚမွာ ေဆာက္လုပ္ေရးကုမၸဏီဘက္ကို ေငြျပန္ေပးမွာပါ။ ဘယ္လိုပံုစံမ်ိဳး နဲ႔ လုပ္သြားမယ္ဆိုတာ မသိေသး ပါဘူး’’ဟု ဌာနမွဴး ဦးေဇာ္၀င္းက ေျပာၾကားသည္။တန္ဖိုးမွ်တအိမ္ရာကို ၂၀၁၆ ေမလက စတင္ ေဆာက္လုပ္ၿပီး အေဆာက္အအံုအရည္အေသြးေပၚမူတည္၍ ေစ်းႏႈန္း သတ္မွတ္ေရာင္းခ်ေပးမည္ျဖစ္ ေၾကာင္း စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

‘‘တန္ဖိုးမွ်တမွာအစိုးရက ေရာင္းေစ်းအတိုင္း ျပင္ပပုဂၢလိက ၀န္ထမ္းေတြကိုပါ ေရာင္းေပးမယ္ ဆိုရင္ ေစ်းကမမ်ားႏိုင္ဘူး။ အ ရစ္က်နဲ႔ဆိုရင္ ပိုၿပီးအဆင္ေျပႏိုင္ ပါတယ္။ ဒါေတာင္ လစာေကာင္း တဲ့ပုဂၢလိက၀န္ထမ္းေတြပဲ၀ယ္ ႏိုင္ေသးမွာပါ။ အစိုးရအေနနဲ႔ က်န္ရွိေနတဲ့ ေျမကြက္လြတ္ေတြ မွာ အိမ္ရာေတြမ်ားမ်ား ေဖာ္ ေဆာင္ေပးၿပီး သင့္ေတာ္တဲ့ေစ်း နဲ႔ ေရာင္းခ်ေပးေစခ်င္ပါတယ္။ အစ္မတုိ႔ဆိုရင္ အိမ္ေထာင္သက္ တမ္း ရွစ္ႏွစ္ရွိၿပီ။ ႏွစ္ဦးစလံုး အ လုပ္လုပ္တာကို အိမ္ငွားဘ၀က မကြၽတ္ေသးပါဘူး’’ဟု ပုဂၢလိက ကုမၸဏီတစ္ခုတြင္ လုပ္ကိုင္ေန သည့္ အိမ္ေထာင္သည္အမ်ိဳးသ  မီးတစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ ေအာက္တို ဘာတြင္ အခန္းေပါင္း ၁,၃၄၄ ခန္းပါ၀င္သည့္ ျမရည္နႏၵာတန္ဖိုး နည္းအိမ္ရာကို ေဆာက္လုပ္ၿပီး ေျမကြက္ ေရာင္းမွား၀ယ္မွား ႀကံဳ ေတြ႕ရသူ၊ ေျမသိမ္းခံရသူမ်ားႏွင့္ ၀န္ထမ္းအခ်ိဳ႕အား ေရာင္းခ်ေပး ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ချမ်းမြသာစည်မြို့နယ် ရှိ မြရည်နန္ဒာရပ်ကွက်နှင့် အောင် သာယာရပ်ကွက်အတွင်းမန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာအနီးတွင် အခန်း ပေါင်း ၃,၀၀၀ ကျော်ပါဝင်မည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းမှအ ခန်းများကို လာမည့်နှစ်တွင်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စည်ပင်သာယာရေးကော်မ တီမှ ခြောက်ထပ်တိုက် ၁၄၀ လုံး၊ အခန်းပေါင်း ၃,၃၆၀ ခန်းပါဝင် သည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်း ကို ဆောက်လုပ်နေပြီး ရောင်းချ ပေးမှုပုံစံကို ဆောက်ပြီးမှသာ သိ ရှိရမည်ဖြစ်ကြောင်း စည်ပင်သာ ယာရေးကော်မတီ အဆောက်အ အုံနှင့်ကုန်ရုံဌာန ဌာနမှူး ဦးဇော် ဝင်းကပြောသည်။

‘‘ဘတ်ဂျက်ကတော့ ပေးမ ထားဘူး။ ကုမ္ပဏီကိုပဲ ခိုင်းထား သေးတယ်။ ဆောက်ပြီးရင်အခန်း အားလုံးကုမ္ပဏီဘက်က ပြန်အပ် ရမှာပါ။ တစ်နှစ်အတွင်း ပြီးဖို့မှန်း ထားတယ်။ ရောင်းရတဲ့အပေါ်မှာ ဆောက်လုပ်ရေးကုမ္ပဏီဘက်ကို ငွေပြန်ပေးမှာပါ။ ဘယ်လိုပုံစံမျိုး နဲ့ လုပ်သွားမယ်ဆိုတာ မသိသေး ပါဘူး’’ဟု ဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။တန်ဖိုးမျှတအိမ်ရာကို ၂၀၁၆ မေလက စတင် ဆောက်လုပ်ပြီး အဆောက်အအုံအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း သတ်မှတ်ရောင်းချပေးမည်ဖြစ် ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

‘‘တန်ဖိုးမျှတမှာအစိုးရက ရောင်းဈေးအတိုင်း ပြင်ပပုဂ္ဂလိက ဝန်ထမ်းတွေကိုပါ ရောင်းပေးမယ် ဆိုရင် ဈေးကမများနိုင်ဘူး။ အ ရစ်ကျနဲ့ဆိုရင် ပိုပြီးအဆင်ပြေနိုင် ပါတယ်။ ဒါတောင် လစာကောင်း တဲ့ပုဂ္ဂလိကဝန်ထမ်းတွေပဲဝယ် နိုင်သေးမှာပါ။ အစိုးရအနေနဲ့ ကျန်ရှိနေတဲ့ မြေကွက်လွတ်တွေ မှာ အိမ်ရာတွေများများ ဖော် ဆောင်ပေးပြီး သင့်တော်တဲ့ဈေး နဲ့ ရောင်းချပေးစေချင်ပါတယ်။ အစ်မတို့ဆိုရင် အိမ်ထောင်သက် တမ်း ရှစ်နှစ်ရှိပြီ။ နှစ်ဦးစလုံး အ လုပ်လုပ်တာကို အိမ်ငှားဘဝက မကျွတ်သေးပါဘူး’’ဟု ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေ သည့် အိမ်ထောင်သည်အမျိုးသ  မီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာတွင် အခန်းပေါင်း ၁,၃၄၄ ခန်းပါဝင်သည့် မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာကို ဆောက်လုပ်ပြီး မြေကွက် ရောင်းမှားဝယ်မှား ကြုံ တွေ့ရသူ၊ မြေသိမ်းခံရသူများနှင့် ဝန်ထမ်းအချို့အား ရောင်းချပေး ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top