Property Expo
×

စမ္းေခ်ာင္းၿမိဳ႕နယ္ ပ႑ိတလမ္းရိွ ေျမညီထပ္တုိက္ခန္းတြင္ အပုပ္နံ႔မ်ားထြက္ရိွေန၍ ၀င္ေရာက္စစ္ေဆးရာ အမ်ိဳးသား တစ္ဦးအေလာင္းကုိ ေတြ႕ရိွခဲ့ ေၾကာင္း သတင္းရရိွသည္။

  အေလာင္းေတြ႕ရိွခဲ့သည့္ ေျမညီထပ္တုိက္ခန္းမွ အပုပ္နံ႔ မ်ားဆုိးရြားစြာ ထြက္ေပၚေန၍ ပတ္၀န္းက်င္တြင္ ေနထိုင္သူ မ်ားက ရဲစခန္းသုိ႔ ဖုန္းဆက္အ ေၾကာင္းၾကားခဲ့သည္။

‘‘ဒီအခန္းမွာ အမ်ိဳးသား တစ္ေယာက္တည္း ေနတယ္လို႔ သိရပါတယ္။ အေလာင္းကေတာ့ေသေနတာ နည္းနည္းၾကာၿပီ။ ဘယ္ႏွရက္ေလာက္ရိွၿပီလဲဆိုတာ ေတာ့ ဆရာ၀န္ေတြ ေဆးစာထုတ္ ေပးမွ သိရမယ္။ အေလာင္းေဘး မွာေတာ့ ေဆးထိုးအပ္နဲ႔ ဘိန္းျဖဴ လုိ႔ ယူဆရတဲ့ အမႈန္႔ေတြေတြ႕ တယ္’’ဟု စမ္းေခ်ာင္းရဲစခန္းမွ ရဲအရာရိွတစ္ဦးက ေျပာသည္။


ေသဆံုးသူအမ်ိဳးသားသည္ အသက္ (၂၂) ႏွစ္အရြယ္ ႏုိင္ငံၿငိမ္းျဖစ္ၿပီး အိမ္တံခါးကုိ အတြင္းမွ ေသာ့ပိတ္ထားသျဖင့္ တံခါးဖ်က္ ကာ အခန္းအတြင္း၀င္ေရာက္စစ္ ေဆးရာ၎သည္ ထိုင္လ်က္ေသဆံုးေနၿပီး ျပင္ပဒဏ္ရာမရိွေၾကာင္း  အ ဆိုပါရဲအရာရိွကေျပာသည္။

  ‘‘ဘာေၾကာင့္ေသရလဲဆုိ တာေတာ့ ေဆးစစ္ခ်က္ထြက္ရင္ သိရမယ္။ ေဆးထိုးအပ္ကေတာ့ သံုးၿပီးသား အပ္တစ္ေခ်ာင္းေတြ႕ တယ္။ မူးယစ္ေဆးမႈန္႔အနည္း ငယ္ေလးေတြ႕တယ္။ က်န္တာ ေတြကေတာ့ ဆက္လက္စစ္ေဆး ေနတုန္းပါ’’ဟု စမ္းေခ်ာင္းရဲစခန္း မွ ရဲအရာရိွတစ္ဦးက ေျပာၾကား သည္။

အေလာင္းကုိ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသုိ႔ စစ္ေဆးရန္ ပို႔ေဆာင္ထားၿပီး စမ္းေခ်ာင္းၿမိဳ႕မရဲ စခန္းက အမႈဖြင့္စစ္ေဆးေန ေၾကာင္း သတင္းရရိွသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းရှိ မြေညီထပ်တိုက်ခန်းတွင် အပုပ်နံ့များထွက်ရှိနေ၍ ဝင်ရောက်စစ်ဆေးရာ အမျိုးသား တစ်ဦးအလောင်းကို တွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

  အလောင်းတွေ့ရှိခဲ့သည့် မြေညီထပ်တိုက်ခန်းမှ အပုပ်နံ့ များဆိုးရွားစွာ ထွက်ပေါ်နေ၍ ပတ်ဝန်းကျင်တွင် နေထိုင်သူ များက ရဲစခန်းသို့ ဖုန်းဆက်အ ကြောင်းကြားခဲ့သည်။

‘‘ဒီအခန်းမှာ အမျိုးသား တစ်ယောက်တည်း နေတယ်လို့ သိရပါတယ်။ အလောင်းကတော့သေနေတာ နည်းနည်းကြာပြီ။ ဘယ်နှရက်လောက်ရှိပြီလဲဆိုတာ တော့ ဆရာဝန်တွေ ဆေးစာထုတ် ပေးမှ သိရမယ်။ အလောင်းဘေး မှာတော့ ဆေးထိုးအပ်နဲ့ ဘိန်းဖြူ လို့ ယူဆရတဲ့ အမှုန့်တွေတွေ့ တယ်’’ဟု စမ်းချောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။


သေဆုံးသူအမျိုးသားသည် အသက် (၂၂) နှစ်အရွယ် နိုင်ငံငြိမ်းဖြစ်ပြီး အိမ်တံခါးကို အတွင်းမှ သော့ပိတ်ထားသဖြင့် တံခါးဖျက် ကာ အခန်းအတွင်းဝင်ရောက်စစ် ဆေးရာ၎င်းသည် ထိုင်လျက်သေဆုံးနေပြီး ပြင်ပဒဏ်ရာမရှိကြောင်း  အ ဆိုပါရဲအရာရှိကပြောသည်။

  ‘‘ဘာကြောင့်သေရလဲဆို တာတော့ ဆေးစစ်ချက်ထွက်ရင် သိရမယ်။ ဆေးထိုးအပ်ကတော့ သုံးပြီးသား အပ်တစ်ချောင်းတွေ့ တယ်။ မူးယစ်ဆေးမှုန့်အနည်း ငယ်လေးတွေ့တယ်။ ကျန်တာ တွေကတော့ ဆက်လက်စစ်ဆေး နေတုန်းပါ’’ဟု စမ်းချောင်းရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စစ်ဆေးရန် ပို့ဆောင်ထားပြီး စမ်းချောင်းမြို့မရဲ စခန်းက အမှုဖွင့်စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top