Kantharyar Centre
×

ကေလးတစ္ေယာက္ စၿပီးၿပံဳးတတ္တဲ့အခ်ိန္က မိဘေတြအတြက္မွတ္မွတ္ရရျဖစ္ေနမယ့္ ၾကည္ႏူးစရာအခ်ိန္တစ္ခုပါ။ ဒီေတာ့ ကေလးေတြ ဘယ္အရြယ္မွာစၿပီးၿပံဳးတတ္ၾကသလဲ၊ ဒီလိုအၿပံဳးေတြက သူတို႔ရဲ႕လူမႈဘဝနဲ႔ စိတ္ခံစားမႈဆိုင္ရာဖြ႔ံၿဖိဳးမႈအတြက္ ဘယ္လိုအဓိပၸာယ္ေတြရွိလဲဆိုတာကို ေလ့လာၾကည့္ၾကပါစို႔။

ကေလးေတြက သူတို႔မေမြးခင္ကတည္းက ၿပံဳးတတ္ၾကပါတယ္။ ဟိုးငယ္ငယ္ကေလးဘဝအစ မိခင္ဗိုက္ထဲမွာကတည္းက ၿပံဳးႏိုင္ပါတယ္။ ဒီပထမဆံုးအၿပံဳးက တမင္တကာရည္ရြယ္ၿပီးၿပံဳးတာ၊ တစ္ခုခုကိုတုန႔္ျပန္ၿပီးၿပံဳးတာမဟုတ္ပါဘူး။ ကေလးေတြကိုစမ္းၾကည့္တဲ့အခ်ိန္မွာ လက္ေတြ၊ ေျခေထာက္ေတြဆတ္ခနဲလႈပ္တာလိုမ်ိဳး သူအလိုလိုၿပံဳးတာပဲျဖစ္ပါတယ္။

ဖြံ႔ၿဖိဳးမႈအမ်ိဳးအစားမ်ား - လူမႈေရး၊ အျမင္အာ႐ံု၊ စိတ္ခံစားမႈ

ကေလးတစ္ေယာက္ရဲ႕ တုန္႔ျပန္ၿပီးၿပံဳးလိုက္တဲ့အၿပံဳးက သူရဲ႕ဖြံ႔ၿဖိဳးမႈအေျခအေနကိုေဖာ္ျပေနပါတယ္။ ဒါကသူ႔ရဲ႕ အျမင္အာ႐ံုဖြ႔ံၿဖိဳးလာၿပီး မ်က္ႏွာေတြကိုမွတ္တတ္လာျခင္းရဲ႕လကၡဏာပါ။ ကေလးရဲ႕ ဦးေႏွာက္နဲ႔အာ႐ံုေၾကာစနစ္ေတြက အလိုအေလ်ာက္ၿပံဳးတဲ့အၿပံဳးေတြကိုဖယ္ထုတ္လိုက္ၿပီး အျခားသူေတြနဲ႔ဆက္သြယ္ဖို႔ၿပံဳးတတ္လာတဲ့အထိ ဖြ႔ံၿဖိဳးလာပါၿပီ။ သူ႔ခံစားခ်က္ကိုသူသိၿပီး ခံစားခ်က္အတိုင္းမ်က္ႏွာမွာေဖာ္ျပတတ္လာတာပါ။ ေပ်ာ္ရႊင္မႈ၊ စိတ္လႈပ္ရွားမႈ၊ စိတ္ေက်နပ္မႈေတြန႔ဲၾကံဳရင္ ၿပံဳးပါတယ္။

ဘယ္အရြယ္မွာစၿပံဳးမယ္လို႔ေမွ်ာ္လင့္ထားပါသလဲ?

ကေလးအသက္ 2 လ အရြယ္ေလာက္မွာ အလိုအေလ်ာက္ၿပံဳးတတ္တဲ့အၿပံဳးေတြ ေပ်ာက္ကြယ္သြားပါတယ္။ အမွန္တကယ္ၿပံဳးတတ္တာကေတာ့ 1 လခြဲ-2 လ (သို႔) ရက္သတၱပတ္ 6 ပတ္ - 12 ပတ္ အရြယ္မွာစပါတယ္။ ကေလးအသက္အရြယ္နဲ႔ အၿပံဳးၾကာခ်ိန္ေပၚမူတည္ၿပီး ကေလးတစ္ေယာက္က အမွန္တကယ္ၿပံဳးတတ္ၿပီလားဆိုတာကိုသိႏိုင္ပါတယ္။ ေယဘူယ်အားျဖင့္ အလိုအေလ်ာက္ၿပံဳးတဲ့အၿပံဳးကအခ်ိန္တိုၿပီး အိပ္ေပ်ာ္ေနတဲ့အခ်ိန္၊ ေမာလာတဲ့အခ်ိန္လိုမ်ိဳး ၿပံဳးခ်င္တဲ့အခ်ိန္မွာ ၿပံဳးတတ္ပါတယ္။ အစစ္အမွန္အၿပံဳးကေတာ့ မိခင္ရဲ႕မ်က္ႏွာကိုျမင္တဲ့အခ်ိန္၊ အျခားကေလးတစ္ေယာက္ရဲ႕ အသံစူးစူးနဲ႔ေအာ္တာကိုၾကားတဲ့အခ်ိန္ေတြမွာ တံု႔ျပန္ၿပီးၿပံဳးတာျဖစ္ၿပီး အခ်ိန္ၾကာၾကာၿပံဳးတတ္ပါတယ္။ အဲလိုၿပံဳးၿပီဆိုရင္ ကေလးရဲ႕မ်က္လံုးမွာပါ ခံစားခ်က္ကိုေတြ႔ႏိုင္ပါတယ္။

ကေလးႏႈတ္ခမ္းေလးပါတြန္႔ၿပီးၿပံဳးတာကိုေတြ႔ခ်င္ရင္ေတာ့ သူ႕ကိုျမႇဴလို႔ရပါတယ္။ ကေလးကို ခဏခဏစကားေျပာေပးပါ (တုန္႔ျပန္ခ်ိန္ေပးပါ) ကေလးနဲ႔မ်က္လံုးခ်င္းဆံုေအာင္ၾကည့္ေပးပါ၊ ကေလးကိုတစ္ေန႔လံုးၿပံဳးျပေပးပါ။ ရယ္စရာမ်က္ႏွာပံုစံ၊ ရယ္ခ်င္လာေအာင္ အသံျပဳလုပ္ျပတာေတြ၊ တိရိစၧာန္အသံတု အမူအရာမ်ိဳးလုပ္တာ၊ ဘူး-ဘူးကစားျခင္းေတြက ကေလးကိုပိုၿပံဳးေစပါတယ္။ ဒါေပမယ့္ အရမ္းအလြန္အကၽြံေတာ့မလုပ္ပါနဲ႔။ ကေလးေတြရဲ႕ခံစားမႈက အတိုင္းအတာရွိပါတယ္။ ျမႇဴတာမ်ားသြားရင္လည္း ကေလးအတြက္မေကာင္းပါဘူး။ ကေလးကို နားခ်ိန္၊ အသက္႐ွဴခ်ိန္ေလးေပးၿပီး ျမႇဴပါ။

မိဘေတြက ကေလးေတြရဲ႕ ဘယ္အၿပံဳးမွတ္တိုင္ေတြကို ေမွ်ာ္လင့္ထားပါသလဲ

ကေလးကႏႈတ္ခမ္းတြန္႔ၿပီးၿပံဳးတတ္ၿပီဆိုရင္ သူကထပ္ခါထပ္ခါၿပံဳးျပပါလိမ့္မယ္။ ကေလးေလးက ၿပံဳးျပတာကိုေတြ႔ရင္ လူႀကီးေတြကလည္းေပ်ာ္ၿပီး မ်က္လံုးေလးေတြအေရာင္လက္လာၿပီး ကေလးကိုျပန္ၿပံဳးၾကည့္မိၾကပါတယ္။ ကေလးက အဲဒါကို သိလာပါတယ္။ ပထမေတာ့ ကေလးေခ်ာ့ေတးဆိုျခင္း၊ ကေလးေသးခံဝတ္လဲေပးရင္း စကားေလးေတြေျပာေပးျခင္း စတဲ့အသံေတြ၊ ႐ုပ္ေတြနဲ႔ ေခ်ာ့ျမႇဴတာေတြေၾကာင့္ ကေလးေတြကၿပံဳးတတ္ၾကပါတယ္။ ေနာက္ပိုင္း အျမင္အာ႐ံုေတြဖြံ႕ၿဖိဳးလာခ်ိန္မွာေတာ့ အေဖ၊ အေမမ်က္ႏွာကိုျမင္ရင္ ၿပံဳးတတ္လာပါတယ္။ မိခင္ကိုအမ်ားဆံုးၿပံဳးျပတတ္ၿပီး အျခားသူေတြကိုလည္း ၿပံဳးျပေလ့ရွိပါတယ္။ (ဒါကေတာ့ လူစိမ္းေတြကို မခြဲျခားတတ္ေသးတဲ့ အသက္ 6 လအရြယ္ေလာက္ အထိပါ)။ လူ႔ေတြရဲ႕အျပဳမူေတြ ျမႇဴတာေတြကို ျပန္ၿပံဳးျပတာၾကာၿပီး ေနာက္ပိုင္းမွာေတာ့ အသံေတြပါျပဳတတ္လာမွာပါ။ အစပိုင္းမွာ ‘တကူကူ’ အသံျပဳတတ္တာကေန ‘တခစ္ခစ္’ ရယ္သံျပဳလာၿပီးေနာက္ေတာ့ ရယ္တာနဲ႔အတူ ကိုယ္လံုးပါလိုက္ၿပီးယိမ္းလာပါတယ္။ ကေလး အသက္ 5 လ အရြယ္ေလာက္ဆိုရင္ေတာ့ အံ့အားသင့္ေလာက္ေအာင္ အားရပါးရနဲ႔အသံအက်ယ္ႀကီး ရယ္တတ္လာပါၿပီ။
သတိထားရမည့္အခ်က္မ်ား

မိဘေတြအေနနဲ႔ ကေလးေတြစတင္ၿပံဳးတတ္တဲ့အခ်ိန္ကို ေမွ်ာ္လင့္ေနၾကမွာျဖစ္ေပမယ့္ ကေလးေစာေစာမၿပံဳးတိုင္း မေပ်ာ္လို႔ (သို႔) တစ္ခုခုမွားေနတယ္လို႔ မယူဆသင့္ပါဘူး။ ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ ဖြံ႔ၿဖိဳးခ်ိန္မတူၾကပါဘူး၊ တစ္ခ်ိဳ႕က ပံုမွန္ထက္ ရက္သတၱပတ္အနည္းငယ္ေနာက္က်ၿပီးမွ ဖြံ႔ၿဖိဳးတတ္ပါတယ္။ ဒါေပမယ့္ ကေလးက 3 လအရြယ္ေလာက္မွာမွ မၿပံဳးတတ္ဘူးဆိုရင္ေတာ့ ကေလးအထူးကုဆရာဝန္နဲ႔ ျပၾကည့္ဖို႔လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

ကလေးတစ်ယောက် စပြီးပြုံးတတ်တဲ့အချိန်က မိဘတွေအတွက်မှတ်မှတ်ရရဖြစ်နေမယ့် ကြည်နူးစရာအချိန်တစ်ခုပါ။ ဒီတော့ ကလေးတွေ ဘယ်အရွယ်မှာစပြီးပြုံးတတ်ကြသလဲ၊ ဒီလိုအပြုံးတွေက သူတို့ရဲ့လူမှုဘဝနဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုအတွက် ဘယ်လိုအဓိပ္ပာယ်တွေရှိလဲဆိုတာကို လေ့လာကြည့်ကြပါစို့။

ကလေးတွေက သူတို့မမွေးခင်ကတည်းက ပြုံးတတ်ကြပါတယ်။ ဟိုးငယ်ငယ်ကလေးဘဝအစ မိခင်ဗိုက်ထဲမှာကတည်းက ပြုံးနိုင်ပါတယ်။ ဒီပထမဆုံးအပြုံးက တမင်တကာရည်ရွယ်ပြီးပြုံးတာ၊ တစ်ခုခုကိုတုန့်ပြန်ပြီးပြုံးတာမဟုတ်ပါဘူး။ ကလေးတွေကိုစမ်းကြည့်တဲ့အချိန်မှာ လက်တွေ၊ ခြေထောက်တွေဆတ်ခနဲလှုပ်တာလိုမျိုး သူအလိုလိုပြုံးတာပဲဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုအမျိုးအစားများ - လူမှုရေး၊ အမြင်အာရုံ၊ စိတ်ခံစားမှု

ကလေးတစ်ယောက်ရဲ့ တုန့်ပြန်ပြီးပြုံးလိုက်တဲ့အပြုံးက သူရဲ့ဖွံ့ဖြိုးမှုအခြေအနေကိုဖော်ပြနေပါတယ်။ ဒါကသူ့ရဲ့ အမြင်အာရုံဖွံ့ဖြိုးလာပြီး မျက်နှာတွေကိုမှတ်တတ်လာခြင်းရဲ့လက္ခဏာပါ။ ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်တွေက အလိုအလျောက်ပြုံးတဲ့အပြုံးတွေကိုဖယ်ထုတ်လိုက်ပြီး အခြားသူတွေနဲ့ဆက်သွယ်ဖို့ပြုံးတတ်လာတဲ့အထိ ဖွံ့ဖြိုးလာပါပြီ။ သူ့ခံစားချက်ကိုသူသိပြီး ခံစားချက်အတိုင်းမျက်နှာမှာဖော်ပြတတ်လာတာပါ။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျေနပ်မှုတွေနဲ့ကြုံရင် ပြုံးပါတယ်။

ဘယ်အရွယ်မှာစပြုံးမယ်လို့မျှော်လင့်ထားပါသလဲ?

ကလေးအသက် 2 လ အရွယ်လောက်မှာ အလိုအလျောက်ပြုံးတတ်တဲ့အပြုံးတွေ ပျောက်ကွယ်သွားပါတယ်။ အမှန်တကယ်ပြုံးတတ်တာကတော့ 1 လခွဲ-2 လ (သို့) ရက်သတ္တပတ် 6 ပတ် - 12 ပတ် အရွယ်မှာစပါတယ်။ ကလေးအသက်အရွယ်နဲ့ အပြုံးကြာချိန်ပေါ်မူတည်ပြီး ကလေးတစ်ယောက်က အမှန်တကယ်ပြုံးတတ်ပြီလားဆိုတာကိုသိနိုင်ပါတယ်။ ယေဘူယျအားဖြင့် အလိုအလျောက်ပြုံးတဲ့အပြုံးကအချိန်တိုပြီး အိပ်ပျော်နေတဲ့အချိန်၊ မောလာတဲ့အချိန်လိုမျိုး ပြုံးချင်တဲ့အချိန်မှာ ပြုံးတတ်ပါတယ်။ အစစ်အမှန်အပြုံးကတော့ မိခင်ရဲ့မျက်နှာကိုမြင်တဲ့အချိန်၊ အခြားကလေးတစ်ယောက်ရဲ့ အသံစူးစူးနဲ့အော်တာကိုကြားတဲ့အချိန်တွေမှာ တုံ့ပြန်ပြီးပြုံးတာဖြစ်ပြီး အချိန်ကြာကြာပြုံးတတ်ပါတယ်။ အဲလိုပြုံးပြီဆိုရင် ကလေးရဲ့မျက်လုံးမှာပါ ခံစားချက်ကိုတွေ့နိုင်ပါတယ်။

ကလေးနှုတ်ခမ်းလေးပါတွန့်ပြီးပြုံးတာကိုတွေ့ချင်ရင်တော့ သူ့ကိုမြှူလို့ရပါတယ်။ ကလေးကို ခဏခဏစကားပြောပေးပါ (တုန့်ပြန်ချိန်ပေးပါ) ကလေးနဲ့မျက်လုံးချင်းဆုံအောင်ကြည့်ပေးပါ၊ ကလေးကိုတစ်နေ့လုံးပြုံးပြပေးပါ။ ရယ်စရာမျက်နှာပုံစံ၊ ရယ်ချင်လာအောင် အသံပြုလုပ်ပြတာတွေ၊ တိရိစ္ဆာန်အသံတု အမူအရာမျိုးလုပ်တာ၊ ဘူး-ဘူးကစားခြင်းတွေက ကလေးကိုပိုပြုံးစေပါတယ်။ ဒါပေမယ့် အရမ်းအလွန်အကျွံတော့မလုပ်ပါနဲ့။ ကလေးတွေရဲ့ခံစားမှုက အတိုင်းအတာရှိပါတယ်။ မြှူတာများသွားရင်လည်း ကလေးအတွက်မကောင်းပါဘူး။ ကလေးကို နားချိန်၊ အသက်ရှူချိန်လေးပေးပြီး မြှူပါ။

မိဘတွေက ကလေးတွေရဲ့ ဘယ်အပြုံးမှတ်တိုင်တွေကို မျှော်လင့်ထားပါသလဲ

ကလေးကနှုတ်ခမ်းတွန့်ပြီးပြုံးတတ်ပြီဆိုရင် သူကထပ်ခါထပ်ခါပြုံးပြပါလိမ့်မယ်။ ကလေးလေးက ပြုံးပြတာကိုတွေ့ရင် လူကြီးတွေကလည်းပျော်ပြီး မျက်လုံးလေးတွေအရောင်လက်လာပြီး ကလေးကိုပြန်ပြုံးကြည့်မိကြပါတယ်။ ကလေးက အဲဒါကို သိလာပါတယ်။ ပထမတော့ ကလေးချော့တေးဆိုခြင်း၊ ကလေးသေးခံဝတ်လဲပေးရင်း စကားလေးတွေပြောပေးခြင်း စတဲ့အသံတွေ၊ ရုပ်တွေနဲ့ ချော့မြှူတာတွေကြောင့် ကလေးတွေကပြုံးတတ်ကြပါတယ်။ နောက်ပိုင်း အမြင်အာရုံတွေဖွံ့ဖြိုးလာချိန်မှာတော့ အဖေ၊ အမေမျက်နှာကိုမြင်ရင် ပြုံးတတ်လာပါတယ်။ မိခင်ကိုအများဆုံးပြုံးပြတတ်ပြီး အခြားသူတွေကိုလည်း ပြုံးပြလေ့ရှိပါတယ်။ (ဒါကတော့ လူစိမ်းတွေကို မခွဲခြားတတ်သေးတဲ့ အသက် 6 လအရွယ်လောက် အထိပါ)။ လူ့တွေရဲ့အပြုမူတွေ မြှူတာတွေကို ပြန်ပြုံးပြတာကြာပြီး နောက်ပိုင်းမှာတော့ အသံတွေပါပြုတတ်လာမှာပါ။ အစပိုင်းမှာ ‘တကူကူ’ အသံပြုတတ်တာကနေ ‘တခစ်ခစ်’ ရယ်သံပြုလာပြီးနောက်တော့ ရယ်တာနဲ့အတူ ကိုယ်လုံးပါလိုက်ပြီးယိမ်းလာပါတယ်။ ကလေး အသက် 5 လ အရွယ်လောက်ဆိုရင်တော့ အံ့အားသင့်လောက်အောင် အားရပါးရနဲ့အသံအကျယ်ကြီး ရယ်တတ်လာပါပြီ။
သတိထားရမည့်အချက်များ

မိဘတွေအနေနဲ့ ကလေးတွေစတင်ပြုံးတတ်တဲ့အချိန်ကို မျှော်လင့်နေကြမှာဖြစ်ပေမယ့် ကလေးစောစောမပြုံးတိုင်း မပျော်လို့ (သို့) တစ်ခုခုမှားနေတယ်လို့ မယူဆသင့်ပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးချိန်မတူကြပါဘူး၊ တစ်ချို့က ပုံမှန်ထက် ရက်သတ္တပတ်အနည်းငယ်နောက်ကျပြီးမှ ဖွံ့ဖြိုးတတ်ပါတယ်။ ဒါပေမယ့် ကလေးက 3 လအရွယ်လောက်မှာမှ မပြုံးတတ်ဘူးဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြကြည့်ဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top