Property Expo
×


ဖားကန္႔ေဒသတြင္ ေအာက္တိုဘာ ဒုတိယပတ္က ေတြ႕ရွိခဲ့ေသာ ေက်ာက္စိမ္း အ႐ိုင္းတံုးႀကီးကို အစိုးရက က်ပ္ သိန္း ၇၀,၀၀၀ ေက်ာ္ျဖင့္ တန္ ဖိုးသတ္မွတ္လိုက္ေၾကာင္း ျမန္ မာ့ေက်ာက္မ်က္ရတနာလုပ္ငန္း မွ သတင္းရရွိသည္။

ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်း ရြာ မွတ္လင္ေခ်ာင္ေမွာ္တြင္ ရတနာေတာင္တန္း ကုမၸဏီက ေတြ႕ရွိခဲ့ေသာ အေလးခ်ိန္ ၁၇၄ ဒသမ ၆ တန္ရွိ ေက်ာက္စိမ္းအ ႐ိုင္းတံုးႀကီး၏တန္ဖိုးကို တစ္ ပတ္ေက်ာ္ၾကာ စစ္ေဆးတိုင္းတာ ၿပီးေနာက္ ယခုလို သတ္မွတ္ႏိုင္ ျခင္းျဖစ္သည္။

အစိုးရက ေက်ာက္႐ိုင္းတံုး ႀကီးထြက္ရွိခဲ့သည့္ ရတနာ ေတာင္တန္းကုမၸဏီအား တြင္းဝအခြန္အျဖစ္ က်ပ္သိန္း ၁၅,၀၀၀အခြန္ေဆာင္ရန္ ၫႊန္ၾကားထား ၿပီးျဖစ္သည္ဟု  ဆိုသည္။

လက္ရွိ ေက်ာက္စိမ္းအ ႐ိုင္းတံုးႀကီး အေပၚပိုင္းသည္ တူး ေဖာ္စဥ္က ပဲ့ထြက္ခဲ့ေသာေၾကာင့္ ယင္းအပိုင္းကို လံုးခင္းေက်ာက္ မ်က္ရတနာဌာနသို႔ ေပးပို႔ခဲ့ၿပီးျဖစ္ သည္။

က်န္ရွိသည့္ ေက်ာက္႐ိုင္း တံုးႀကီးသည္ လြန္စြာႀကီးမားေသာ ေၾကာင့္ ဖားကန္႔ၿမိဳ႕နယ္ရွိ လုပ္ ငန္းသံုးထရပ္ကားျဖင့္ တင္ ေဆာင္ရန္ပင္ အခက္အခဲျဖစ္ ေပၚေနေၾကာင္း ဖားကန္႔ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးတင့္စိုးက ေျပာ သည္။

ေက်ာက္စိမ္းအ႐ိုင္းတံုးႀကီး သည္ ေဒသအေခၚ လံုးစြတ္ ေက်ာက္ အမ်ဳိးအစားျဖစ္ၿပီး အစိုးရသစ္ႏွင့္ ျပည္သူမ်ားအတြက္ ကံေကာင္းျခင္းလက္ေဆာင္ျဖစ္ ေၾကာင္း ၎ကေျပာသည္။

ရတနာေတာင္တန္းကုမၸဏီ ႏွင့္ သတၱဳတြင္း  ဝန္ႀကီးဌာနတို႔က အက်ဳိးတူလုပ္ကြက္တြင္ ေတြ႕ရွိခဲ့ သည့္ အဆုိပါေက်ာက္စိမ္းအ႐ိုင္း တံုးႀကီးကုိ ေက်ာက္မ်က္ရတနာ ဥပေဒအရ အစိုးရက ၂၅ ရာခိုင္ ႏႈန္း၊ လုပ္ငန္းရွင္က ၇၅ ရာခိုင္ ႏႈန္း ရရွိမည္ျဖစ္ေၾကာင္း သတ္ မွတ္ထားသည္။

အဆိုပါ ေက်ာက္စိမ္းတံုး ႀကီးသည္ ကမၻာ့တန္ဖိုးအျမင့္ဆံုး ေက်ာက္စိမ္းအ႐ိုင္းတံုးျဖစ္လာ ႏိုင္ဖြယ္ရွိၿပီး ပညာရွင္မ်ားထံ ေမး ျမန္းစံုစမ္းခ်က္အရ ေက်ာက္စိမ္း တံုး တန္ဖိုးသည္ ေဒၚလာသန္း ၁၇၀ ခန္႔ရွိမည္ဟု ခန္႔မွန္းေၾကာင္း Daily Mail သတင္းက ေဖာ္ျပ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Daily Day

Unicode Version
 ဖားကန့်ဒေသတွင် အောက်တိုဘာ ဒုတိယပတ်က တွေ့ရှိခဲ့သော ကျောက်စိမ်း အရိုင်းတုံးကြီးကို အစိုးရက ကျပ် သိန်း ၇၀,၀၀၀ ကျော်ဖြင့် တန် ဖိုးသတ်မှတ်လိုက်ကြောင်း မြန် မာ့ကျောက်မျက်ရတနာလုပ်ငန်း မှ သတင်းရရှိသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာ မှတ်လင်ချောင်မှော်တွင် ရတနာတောင်တန်း ကုမ္ပဏီက တွေ့ရှိခဲ့သော အလေးချိန် ၁၇၄ ဒသမ ၆ တန်ရှိ ကျောက်စိမ်းအ ရိုင်းတုံးကြီး၏တန်ဖိုးကို တစ် ပတ်ကျော်ကြာ စစ်ဆေးတိုင်းတာ ပြီးနောက် ယခုလို သတ်မှတ်နိုင် ခြင်းဖြစ်သည်။

အစိုးရက ကျောက်ရိုင်းတုံး ကြီးထွက်ရှိခဲ့သည့် ရတနာ တောင်တန်းကုမ္ပဏီအား တွင်းဝအခွန်အဖြစ် ကျပ်သိန်း ၁၅,၀၀၀အခွန်ဆောင်ရန် ညွှန်ကြားထား ပြီးဖြစ်သည်ဟု  ဆိုသည်။

လက်ရှိ ကျောက်စိမ်းအ ရိုင်းတုံးကြီး အပေါ်ပိုင်းသည် တူး ဖော်စဉ်က ပဲ့ထွက်ခဲ့သောကြောင့် ယင်းအပိုင်းကို လုံးခင်းကျောက် မျက်ရတနာဌာနသို့ ပေးပို့ခဲ့ပြီးဖြစ် သည်။

ကျန်ရှိသည့် ကျောက်ရိုင်း တုံးကြီးသည် လွန်စွာကြီးမားသော ကြောင့် ဖားကန့်မြို့နယ်ရှိ လုပ် ငန်းသုံးထရပ်ကားဖြင့် တင် ဆောင်ရန်ပင် အခက်အခဲဖြစ် ပေါ်နေကြောင်း ဖားကန့်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင့်စိုးက ပြော သည်။

ကျောက်စိမ်းအရိုင်းတုံးကြီး သည် ဒေသအခေါ် လုံးစွတ် ကျောက် အမျိုးအစားဖြစ်ပြီး အစိုးရသစ်နှင့် ပြည်သူများအတွက် ကံကောင်းခြင်းလက်ဆောင်ဖြစ် ကြောင်း ၎င်းကပြောသည်။

ရတနာတောင်တန်းကုမ္ပဏီ နှင့် သတ္တုတွင်း  ဝန်ကြီးဌာနတို့က အကျိုးတူလုပ်ကွက်တွင် တွေ့ရှိခဲ့ သည့် အဆိုပါကျောက်စိမ်းအရိုင်း တုံးကြီးကို ကျောက်မျက်ရတနာ ဥပဒေအရ အစိုးရက ၂၅ ရာခိုင် နှုန်း၊ လုပ်ငန်းရှင်က ၇၅ ရာခိုင် နှုန်း ရရှိမည်ဖြစ်ကြောင်း သတ် မှတ်ထားသည်။

အဆိုပါ ကျောက်စိမ်းတုံး ကြီးသည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကျောက်စိမ်းအရိုင်းတုံးဖြစ်လာ နိုင်ဖွယ်ရှိပြီး ပညာရှင်များထံ မေး မြန်းစုံစမ်းချက်အရ ကျောက်စိမ်း တုံး တန်ဖိုးသည် ဒေါ်လာသန်း ၁၇၀ ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း Daily Mail သတင်းက ဖော်ပြ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Daily Day
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top