Property Expo
×

 သၾကား (သို႔မဟုတ္) ဓာတုသၾကားခဲပါ၀င္ေသာ ေဖ်ာ္ရည္မ်ား ကို တစ္ေန႔လွ်င္ ႏွစ္ခြက္ႏွင့္အထက္ ေသာက္သံုးပါက ဆီးခ်ိဳေရာဂါ ျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ ႏွစ္ဆျမင့္မားေၾကာင္း ေလ့လာမႈအသစ္ တစ္ခုက ေဖာ္ျပသည္။

အရြယ္ေရာက္ၿပီးသူ ၂,၈၀၀ ေက်ာ္ကို ေလ့လာရာတြင္ တစ္ေန႔ လွ်င္ အခ်ိဳရည္ ၂၀၀ မီလီလီတာထက္မနည္း ေသာက္သံုးျခင္း ေၾကာင့္ အမ်ိဳးအစား-၂ ႏွင့္ အမ်ိဳးအစား-၁ ဆီးခ်ိဳေရာဂါျဖစ္ပြား ႏိုင္သည့္ အႏၲရာယ္ ႏွစ္ဆျမင့္မားလာႏိုင္ေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။


အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါသည္ အျဖစ္မ်ားေသာ ဆီးခ်ိဳ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး ဆီးခ်ိဳေရာဂါသည္အားလံုး၏ ၉၅ ရာခိုင္ႏႈန္း အထိ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါ ျဖစ္ပြားျခင္းျဖစ္သည္။

ခႏၶာကိုယ္ထဲရွိ ဆဲလ္မ်ားသည္ အင္ဆူလင္ကို ထိေရာက္စြာ အသံုးမခ်ႏိုင္ေတာ့သည့္ အေျခအေနတြင္ ေသြးထဲရွိ သၾကားဓာတ္ ပမာဏကို ျမင့္တက္လာေစၿပီး ဆီးခ်ိဳေရာဂါျဖစ္ပြားလာသည္။

အမ်ိဳးအစား-၁ ဆီးခ်ိဳေရာဂါမွာ ေရာဂါသည္မ်ား၏ ၅ ရာခုိင္ ႏႈန္းမွ ၁၀ ရာခုိင္ႏႈန္းအထိ ျဖစ္ပြားေသာ ေရာဂါျဖစ္သည္။ ကိုယ္ခံ အားစနစ္က သရက္ရြက္ထဲရွိ အင္ဆူလင္ထုတ္လုပ္ေသာ ဆဲလ္မ်ား ကို မွားယြင္းစြာ တိုက္ခိုက္ေသာေၾကာင့္ အမ်ိဳးအစား-၁ ဆီးခ်ိဳေရာ ဂါ ျဖစ္ေပၚလာျခင္းျဖစ္သည္။

သၾကားပါ၀င္ေသာ ေဖ်ာ္ရည္မ်ား ေသာက္သံုးမႈမ်ားျခင္းႏွင့္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈၾကား ဆက္စပ္ေၾကာင္း ယခင္ ေလ့လာမႈမ်ားကလည္း ေဖာ္ျပသည္။ သၾကားပါ၀င္ေသာ အခ်ိဳ ရည္မ်ား ေသာက္သံုးမႈမ်ားေၾကာင့္ ကုိယ္အေလးခ်ိန္ ပိုမ်ားလာႏိုင္ သည္။

သၾကားပါ၀င္ေသာ အခ်ိဳရည္မ်ားကို တစ္ေန႔လွ်င္ ႏွစ္ခြက္ႏွင့္ အထက္ ေသာက္သံုးမႈေၾကာင့္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ သည့္ အႏၲရာယ္ ၂ ဒသမ ၄ ဆ ပိုမ်ားသည္ဟု သုေတသီမ်ားက ေျပာသည္။

သၾကားပါ၀င္ေသာ ေဖ်ာ္ရည္မ်ား ေသာက္သံုးမႈေၾကာင့္ ဆီး ခ်ိဳေရာဂါအႏၲရာယ္ ပိုမ်ားလာသည့္အျပင္ အျခားေသာ က်န္းမာ ေရးထိခိုက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေသာေၾကာင့္ အခ်ိဳရည္ေသာက္ သံုးမႈကို ကန္႔သတ္ထိန္းခ်ဳပ္သင့္သည္ဟု သုေတသီမ်ားက အႀကံ ျပဳထားသည္။      

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 သကြား (သို့မဟုတ်) ဓာတုသကြားခဲပါဝင်သော ဖျော်ရည်များ ကို တစ်နေ့လျှင် နှစ်ခွက်နှင့်အထက် သောက်သုံးပါက ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် နှစ်ဆမြင့်မားကြောင်း လေ့လာမှုအသစ် တစ်ခုက ဖော်ပြသည်။

အရွယ်ရောက်ပြီးသူ ၂,၈၀၀ ကျော်ကို လေ့လာရာတွင် တစ်နေ့ လျှင် အချိုရည် ၂၀၀ မီလီလီတာထက်မနည်း သောက်သုံးခြင်း ကြောင့် အမျိုးအစား-၂ နှင့် အမျိုးအစား-၁ ဆီးချိုရောဂါဖြစ်ပွား နိုင်သည့် အန္တရာယ် နှစ်ဆမြင့်မားလာနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။


အမျိုးအစား-၂ ဆီးချိုရောဂါသည် အဖြစ်များသော ဆီးချို ရောဂါတစ်မျိုးဖြစ်ပြီး ဆီးချိုရောဂါသည်အားလုံး၏ ၉၅ ရာခိုင်နှုန်း အထိ အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။

ခန္ဓာကိုယ်ထဲရှိ ဆဲလ်များသည် အင်ဆူလင်ကို ထိရောက်စွာ အသုံးမချနိုင်တော့သည့် အခြေအနေတွင် သွေးထဲရှိ သကြားဓာတ် ပမာဏကို မြင့်တက်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားလာသည်။

အမျိုးအစား-၁ ဆီးချိုရောဂါမှာ ရောဂါသည်များ၏ ၅ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားသော ရောဂါဖြစ်သည်။ ကိုယ်ခံ အားစနစ်က သရက်ရွက်ထဲရှိ အင်ဆူလင်ထုတ်လုပ်သော ဆဲလ်များ ကို မှားယွင်းစွာ တိုက်ခိုက်သောကြောင့် အမျိုးအစား-၁ ဆီးချိုရော ဂါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သကြားပါဝင်သော ဖျော်ရည်များ သောက်သုံးမှုများခြင်းနှင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားမှုကြား ဆက်စပ်ကြောင်း ယခင် လေ့လာမှုများကလည်း ဖော်ပြသည်။ သကြားပါဝင်သော အချို ရည်များ သောက်သုံးမှုများကြောင့် ကိုယ်အလေးချိန် ပိုများလာနိုင် သည်။

သကြားပါဝင်သော အချိုရည်များကို တစ်နေ့လျှင် နှစ်ခွက်နှင့် အထက် သောက်သုံးမှုကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင် သည့် အန္တရာယ် ၂ ဒသမ ၄ ဆ ပိုများသည်ဟု သုတေသီများက ပြောသည်။

သကြားပါဝင်သော ဖျော်ရည်များ သောက်သုံးမှုကြောင့် ဆီး ချိုရောဂါအန္တရာယ် ပိုများလာသည့်အပြင် အခြားသော ကျန်းမာ ရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အချိုရည်သောက် သုံးမှုကို ကန့်သတ်ထိန်းချုပ်သင့်သည်ဟု သုတေသီများက အကြံ ပြုထားသည်။      


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top