Property Expo
×

ဒီႏွစ္ မတ္လမွာ ၿဗိတိန္ေရနံကုမၸဏီတစ္ခုက အမ်ဳိးသမီး၀န္ထမ္းေတြအတြက္ ‘ရာသီလာစဥ္အနားယူခြင့္’ကုိ လစဥ္နားရက္တစ္ရက္အျဖစ္ စတင္သတ္မွတ္လိုက္ပါတယ္။

ဒီသတင္းဟာ ကမၻာတစ္၀န္းက အမ်ဳိးသမီးအလုပ္သမားထုကုိ လစဥ္ ဓမၼတာလာစဥ္ နားခြင့္တစ္ရက္ရယူႏုိင္ဖုိ႔ တြန္းအားေပးသလိုျဖစ္ခဲ့ၿပီး အမ်ဳိးသမီးအခြင့္အေရး ဖိႏွိပ္ခံရမႈေတြအတြက္ နာမည္ေက်ာ္တဲ့အာရွႏုိင္ငံေတြကုိပါ ႐ုိက္ခတ္မႈေတြ ရွိခဲ့ပါတယ္။

အလုပ္သမားခြင့္ရက္အသစ္အတြက္ အေနာက္ႏုိင္ငံေတြက ျငင္းခုံေနၾကစဥ္မွာ
ဘာသာႀကီးေလးခုအျပင္ မတူညီတဲ့ ထုံးတမ္းစဥ္လာေတြနဲ႔ အတူယွဥ္တြဲေနထုိင္ၾကတဲ့
ျမန္မာႏုိင္ငံမွာလည္း လစဥ္ အမ်ဳိးသမီးေတြရဲ႕ ရာသီစက္၀န္းျဖစ္ေပၚမႈအေပၚ ႏွိမ့္ခ်ျပစ္တင္မႈေတြ၊ခြဲျခားဆက္ဆံမႈေတြ ရွိေနဆဲျဖစ္ပါတယ္။

မႏွစ္က အႏုပညာရွင္မအိ က “Period” ဆုိတဲ့ ေခါင္းစဥ္နဲ႔ Gallery 65 မွာ အမ်ဳိးသမီးေတြဓမၼတာလာစဥ္မွာ ခံစားၾကရတဲ့ နာက်င္မႈေတြကုိ သုံးရက္ၾကာ သ႐ုပ္ျပသ တင္ဆက္ခဲ့ၿပီးျမန္မာအမ်ဳိးသမီးေတြရဲ႕ ဖုံးကြယ္ ဖိႏွိပ္ခံရတဲ့ ခံစားမႈေတြကုိ ေဖာ္ထုတ္ျပသရင္း လူအမ်ားရဲ႕စိတ္၀င္စားမႈကို ရယူႏိုင္ခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏုိင္ငံမွာေနထုိင္ၾကတဲ့ လူဦးေရရဲ႕ ၈၉ ရာခုိင္ႏႈန္းဟာဗုဒၶဘာသာကုိ ယုံၾကည္ကုိးကြယ္ၾကသူေတြ ျဖစ္ၿပီး ဗုဒၶဘာသာ၀င္အမ်ဳိးသမီးအမ်ားစုဟာ သူတို႔ရဲ႕ရာသီေသြးဟာ ညစ္ပတ္တဲ့အတြက္ အဲဒီကာလမွာ ဘုရားခန္းထဲ မ၀င္ဖုိ႔၊ ဘုရားပန္းမလဲဖုိ႔၊ဆြမ္းေတာ္နဲ႔ ေသာက္ေတာ္ေရမကပ္ဖုိ႔အျပင္ သံဃာေတာ္ေတြကုိ ဆြမ္းမေလာင္းဖုိ႔၊ နီးကပ္စြာမေနဖုိ႔ေတြကို ငယ္စဥ္ကတည္းက သြန္သင္ဆုံးမခံခဲ့ၾကရပါတယ္။

ဒါေပမဲ့လည္း ေျပာင္းလဲလာတဲ့ ေခတ္စနစ္နဲ႔ လူေနမႈပုံစံေၾကာင့္ ဓမၼတာလာခ်ိန္ကုိ
ညစ္ပတ္ေနတယ္ဆုိတဲ့ တကူးတကအေတြးေတြ မ၀င္ေတာ့ဘဲ အမ်ဳိးသမီးေတြကုိယ္တုိင္
၀င္ေငြရွာေနၾကရတာေၾကာင့္ အခ်ိန္နဲ႔ တစ္ေျပးညီ အိမ္မႈကိစၥေတြကအစ အေျပးအလႊား
လုပ္လာၾကရပါေတာ့တယ္။

အရြယ္ေရာက္ေနၿပီျဖစ္တဲ့ သားသမီးႏွစ္ေယာက္ရဲ႕ မိခင္ အိမ္ရွင္မ တစ္ဦးျဖစ္တဲ့ ေဒၚမိမိကေတာ့လြန္ခဲ့တဲ့ ႏွစ္ ၅၀ ၀န္းက်င္ခန္႔က အမ်ဳိးသမီးေတြရဲ႕ ရာသီစက္၀န္းကာလေတြမွာ ဘုရားသြားေက်ာင္းတက္နဲ႔ အိမ္အျပင္ထြက္ဖုိ႔ေတာင္ ခြင့္မျပဳခ်င္ခဲ့ၾကဘူးလုိ႔ ဆုိပါတယ္။

“ကြ်န္မရဲ႕ သူငယ္ခ်င္းေတြနဲ႔ ကြ်န္မကေတာ့ ရာသီလာေနခ်ိန္ ဆြမ္းေလာင္းရင္ ခႏၶာကုိယ္မသန္႔လုိ႔ငရဲႀကီးတယ္ဆုိတဲ့ အေတြးကုိ လုံး၀ လက္မခံခဲ့ၾကပါဘူး။ တကယ္လုိ႔ အဲဒီလုိသာ ရက္ေရွာင္ေနရရင္ကုိယ္ေတာ္ေတြ ဆြမ္းမစားရတာပဲ အဖတ္တင္ပါလိမ့္မယ္”လုိ႔ အသက္ ၆၄ ႏွစ္ရွိၿပီျဖစ္တဲ့ဧရာ၀တီတုိင္းသူ ေဒၚမိမိက ေျပာပါတယ္။

အဲဒီကာလမွာ ႏုံးေခြကုိက္ခဲေနတဲ့ အမ်ဳိးသမီးေတြရွိသလုိ ပုံမွန္ထက္ ပုိမခံစားရတဲ့ အမ်ဳိးသမီးေတြလည္းရွိတာမုိ႔ သူကေတာ့ အိပ္ရာထဲ လွဲေနတာထက္ မိဘေတြနဲ႔အတူ လယ္ယာလုပ္ငန္းခြင္မွာပဲကူညီေပးတတ္ခဲ့တယ္လုိ႔ ေျပာပါတယ္။

“နည္းနည္း လႈပ္လႈပ္ရွားရွားေနလုိက္ေတာ့ ေလ့က်င့္ခန္းလုပ္သလုိမ်ဳိး ေသြးလည္ပတ္မႈ
ပုိေကာင္းတယ္။ ၿပီးေတာ့ ေသးေသးမႊားမႊား ကုိက္ခဲတာေလာက္ဆုိ အာ႐ုံမစုိက္မိေတာ့ဘဲ
ေမ့ေမ့ေပ်ာက္ေပ်ာက္လည္း ျဖစ္တယ္လုိ႔ ခံစားမိတယ္”လုိ႔ ေဒၚမိမိက ေျပာပါတယ္။

ဘယ္ေလာက္ပဲ ပြင့္လင္း႐ုိးသားတဲ့ အမ်ဳိးသမီးတစ္ေယာက္ျဖစ္ပါေစ၊ ေတာနယ္ေတြမွာေတာ့ရာသီစက္၀န္းနဲ႔ နာက်င္ကုိက္ခဲမႈအေၾကာင္းကုိ ဖခင္၊ အစ္ကုိ၊ ေမာင္ေတြ အပါအ၀င္ေယာက်္ားသားေတြကုိ ထုတ္မေျပာၾကဘဲ အရွက္ရစရာ ကိစၥတစ္ခုအျဖစ္ ဖုံးကြယ္တတ္ျပန္တယ္လုိ႔သူက ဆက္ေျပာပါတယ္။

ခ်င္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီရဲ႕ ဥကၠ႒ေဟာင္းျဖစ္သူ မုိင္ဆြီတေရာကေတာ့ သူ႔ေမြးရပ္ေျမခ်င္းျပည္နယ္ေတာင္ပုိင္းမွာ အရင္ကနဲ႔ ယွဥ္ၾကည့္ရင္ အမ်ဳိးသမီးေတြအေပၚ ခြဲျခားသတ္မွတ္ထားတဲ့ထုံးတမ္းဓေလ့ေတြ နည္းပါးလာၿပီး ေခတ္လူငယ္ေတြရဲ႕ အျမင္သစ္ေတြနဲ႔ ေျပာင္းလဲလာၿပီလုိ႔ေျပာပါတယ္။

ခ်င္းျပည္နယ္က သြားလာရခက္ခဲတဲ့ေဒသျဖစ္ၿပီး စာေပဗဟုသုတ မလုံေလာက္တာ အပါအ၀င္တျခားအေၾကာင္းရင္းေတြေၾကာင့္ပါ အမ်ဳိးသမီးေတြ ဓမၼတာလာစဥ္ကာလမွာ သန္႔ရွင္းေရးအတြက္ေၾကာင့္ ဘုရားေက်ာင္း တက္ေလ့မရွိၾကပါဘူး။ (ျမန္မာႏုိင္ငံရဲ႕ ေလးရာခုိင္ႏႈန္းေသာလူဦးေရက ခရစ္ယာန္ဘာသာကုိ ကုိးကြယ္ယုံၾကည္ၾကပါတယ္။)

အႏုပညာရွင္ မအိက အမ်ဳိးသမီးေတြ ဓမၼတာလာစဥ္ ခံစားၾကရတဲ့ နာက်င္မႈေ၀ဒနာကို အႏုပညာရွင္ မအိက အမ်ဳိးသမီးေတြ ဓမၼတာလာစဥ္ ခံစားၾကရတဲ့ နာက်င္မႈေ၀ဒနာကို

“အဲဒါက ဘာသာေရးနဲ႔ ယဥ္ေက်းမႈအရ အမ်ဳိးသမီးေတြကုိ ခဲြျခား ႏွိမ့္ခ်ခဲ့တဲ့ဓေလ့ေတာ့
မဟုတ္ေလာက္ဘူး။ အမ်ဳိးသမီးလစဥ္သုံးပစၥည္းေတြ မေျပာနဲ႔၊ အတြင္းခံေတာင္၀တ္ေလ့ မရွိခဲ့တဲ့အခ်ိန္ေတြဆုိေတာ့ သန္႔ရွင္းမႈအရ အျပင္မထြက္ခဲ့ၾကတာမ်ဳိးလုိ႔ ထင္တယ္။ ဘုရားေက်ာင္းကေတာ့ဒီလုိျဖစ္ေနလုိ႔ လာခြင့္မျပဳဘူးလုိ႔ေတာ့ ေျပာတာမၾကားဖူးဘူး”လုိ႔ မုိင္ဆြီတေရာက ေျပာပါတယ္။

အေျခခံပညာေက်ာင္းေတြမွာ အမ်ဳိးသမီး၊ အမ်ဳိးသား ခႏၶာကုိယ္အဆင့္ဆင့္ ေျပာင္းလဲတုိးတက္မႈေတြကုိသင္ၾကားေလ့မရွိခဲ့တာေၾကာင့္ အပ်ဳိေဖာ္၀င္စအခ်ိန္ေတြမွာ လစဥ္ရာသီလာမႈျဖစ္စဥ္ကုိ ေလွာင္ေျပာင္သေရာ္မႈေတြ ရွိခဲ့ပါတယ္။ (လြန္ခဲ့တဲ့ ငါးႏွစ္၀န္းက်င္က စတင္ၿပီး လက္ရွိအခ်ိန္အထိ ကုလသမဂၢရဲ႕ပညာေရးေထာက္ပံ့မႈအစီအစဥ္နဲ႔ က်န္းမာေရး၊ လူမႈေရး စာအုပ္ေတြကုိ ေက်ာင္းတခ်ဳိ႕မွာေတာ့
ျဖန္႔ေ၀သင္ၾကားေပးေနပါတယ္။)

“ေက်ာင္းတက္တုန္းကေတာ့ ဒီလုိကိစၥဆုိတာ မိန္းကေလးေတြၾကားထဲမွာေတာင္ တုိးတုိးတိတ္တိတ္ေျပာခဲ့ရတာ။ ေနာက္ပုိင္း တကၠသုိလ္တက္ေနတဲ့ အခ်ိန္ေတြမွာေတာ့ သူငယ္ခ်င္းေယာက်္ားေလးေတြကုိ အကူအညီေတာင္းစရာေတြရွိရင္ ဖြင့္ေျပာႏုိင္လာၿပီ။ ဒါေပမဲ့ လူမ်ဳိးတူ၊ ဘာသာတူတဲ့သူငယ္ခ်င္းေတြကုိပဲ ပြင့္ပြင့္လင္းလင္းေျပာျဖစ္ပါတယ္”လုိ႔ ႏွစ္ျခင္းခရစ္ယာန္ဘာသာ၀င္ျဖစ္တဲ့မုိင္ဆြီတေရာက ေျပာပါတယ္။

သူက ဓမၼတာလာစဥ္ကာလမွာ ခြင့္ရက္ေပးသင့္တယ္လုိ႔ ျမင္ေပမဲ့ လစဥ္နာက်င္မႈက မတူတဲ့အတြက္လတုိင္း ခြင့္တစ္ရက္ နားခြင့္ေပးတာေတာ့ အဆင္မေျပႏုိင္ဘူးလုိ႔ ဆုိပါတယ္။

“အဲဒီခြင့္ရက္က တကယ္ရာသီမလာဘဲ နားခ်င္တဲ့သူေတြလည္း ပုိမ်ား လာေစမွာပဲ။ တကယ္လုိ႔ဗုိက္ေအာင့္တာ၊ နာက်င္တာရွိရင္လည္း တစ္ရက္နဲ႔ေတာ့ အဆင္မေျပႏုိင္ျပန္ဘူး။
မိန္းကေလးတစ္ေယာက္ခ်င္းစီရဲ႕ ပြင့္လင္းမႈနဲ႔ စာရိတၱေပၚ မူတည္ပါေသးတယ္”လုိ႔ မုိင္ဆြီတေရာကေျပာပါတယ္။

အင္းစိန္ၿမိဳ႕နယ္တရား႐ုံးက ေရွ႕ေနတစ္ဦးျဖစ္တဲ့ မလီလီက လစဥ္တုိင္းမွာ အေရးေပၚနားရက္ခြင့္တစ္ရက္ ရွိေပမဲ့ ဓမၼတာအတြက္ သီးသန္႔နားေနခြင့္ျပ႒ာန္းထားတာေတာ့ မေတြ႕ေသးဘူးလုိ႔ဆုိပါတယ္။

“တကယ္လုိ႔ အမ်ဳိးသမီးက အရမ္းနာက်င္ေနတယ္ဆုိရင္ ဆရာ၀န္ရဲ႕ ေထာက္ခံခ်က္နဲ႔ လစာမဲ့ခြင့္ယူလုိ႔ရပါတယ္။ ဒါေပမဲ့ လစဥ္တုိင္းမွာ ဒီလုိခြင့္ရက္သတ္မွတ္လုိက္မယ္ဆုိရင္ စီးပြားေရးလုပ္ငန္းပုိင္ရွင္ေတြဘက္က ေ၀ဖန္မႈေတြ ရွိလာႏုိင္တယ္”လုိ႔ မလီလီက ေျပာပါတယ္။

ေမွာ္ဘီၿမိဳ႕နယ္က Smart အထည္ခ်ဳပ္စက္႐ုံပုိင္ရွင္ ေဒၚစိမ့္စိမ့္ေသြး ျမင့္ကေတာ့ ဓမၼတာလာစဥ္နားရက္သတ္မွတ္လုိက္ရင္ တစ္ၿပိဳင္နက္တည္း နားရက္တူတဲ့သူေတြ ေပၚလာႏုိင္တာေၾကာင့္အလုပ္ေႏွာင့္ေႏွး ႏုိင္တယ္လုိ႔ သူ႔အျမင္ကုိ ေျပာပါတယ္။ အေရးေပၚ နားရက္ယူလုိက္တာကလုပ္ငန္းအတြက္ အဆင္ေျပေအာင္ ညိႇႏႈိင္းလုိ႔ရေပမဲ့ ၀န္ထမ္းတစ္ေယာက္ခ်င္းစီရဲ႕ ယုံၾကည္ရမႈလည္းလုိအပ္တယ္လုိ႔ သူက ေျပာပါတယ္။

“တကယ္လုိ႔ စက္႐ုံထဲမွာ အလုပ္ဆက္မလုပ္ႏုိင္ေတာ့ဘဲ နာက်င္လာတယ္ဆုိရင္ ကြ်န္မတုိ႔ကနားခုိင္းတယ္၊ သက္ေသာင့္သက္သာ အေနအထားအတုိင္း ေနခုိင္းတယ္။ အဲဒါလည္းမသက္သာဘူးဆုိရင္ ေဆးခန္းလုိက္ပုိ႔ၿပီး အိမ္ျပန္နားခုိင္းလုိက္တယ္။ ဥပေဒထုတ္ၿပီး နားရက္သီးသန္႔လုပ္တာက ခုခ်ိန္မွာ မလိုအပ္ေသးဘူးလုိ႔ ျမင္ပါတယ္”လုိ႔ ေဒၚစိမ့္စိမ့္ေသြး ျမင့္က ေျပာပါတယ္။

ဓမၼတာလာစဥ္ကာလက လူသားတစ္ေယာက္အေနနဲ႔ ခြဲျခားသတ္မွတ္ခံရစရာမဟုတ္တဲ့
သဘာ၀ျဖစ္ရပ္လုိ႔ သူက သတ္မွတ္ထားၿပီး ပုံမွန္ဘုရား၀တ္ျပဳ၊ ဆြမ္း၊ ေရခ်မ္းကပ္တာေတြကုိစက္႐ုံလုပ္ငန္းေတြ မစခင္မွာ လုပ္တယ္လုိ႔ ေဒၚစိမ့္စိမ့္ေသြးျမင့္က ေျပာပါတယ္။

“အဲဒီရက္ေတြမွာ မနက္ေစာေစာ ေရမိုးခ်ဳိး၊ အ၀တ္အစားလဲၿပီး လုပ္ေနက်ကိစၥေတြ
ဆက္တုိက္လုပ္တာပါပဲ။ စိတ္သန္႔စင္ေနဖုိ႔ အဓိကပဲေလ။ ၿပီးေတာ့ ခႏၶာကုိယ္ကလည္း
ညစ္ပတ္ေနတာမွ မဟုတ္တာ။ ဒီလုိ ျဖစ္တုိင္း သိမ္ငယ္ၿပီး ၿငိမ္ၿငိမ္ေလးပဲေနရမယ္ဆုိ ဘာအလုပ္မွၿပီးမွာ မဟုတ္ေတာ့ဘူး”လုိ႔ သူက ေျပာပါတယ္။

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္က အရပ္ဘက္အဖြဲ႕အစည္းတစ္ခုမွာ က်န္းမာေရး၀န္ထမ္းအျဖစ္တာ၀န္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ အိျဖဴေထြးက ဓမၼတာလာစဥ္ က်န္းမာေရးအရသိသင့္တာေတြကုိ ေက်းရြာေတြမွာ သိပ္မသိၾကေသးဘူးလုိ႔ ေျပာပါတယ္။

ပညာေရးစနစ္နဲ႔ ဗဟုသုတနည္းပါးမႈေၾကာင့္ ေက်းရြာေတြက အမ်ဳိးသမီးေတြဟာ ဓမၼတာကိစၥကုိပြင့္ပြင့္လင္းလင္း ထုတ္မေျပာရဲၾကဘဲ နာက်င္မႈေတြရွိရင္လည္း ဓေလ့ေဆးၿမီးတုိေတြနဲ႔ ကုသေလ့ရွိေနပါေသးတယ္။

“ခုခ်ိန္ထိ အရမ္းေခါင္တဲ့ ရြာေတြမွာ ရာသီလာစဥ္သုံးတဲ့ အမ်ဳိးသမီးပစၥည္းေတြ မသုံးတတ္ၾကေသးဘူး။
လုံခ်ည္စကုိပဲ ေလွ်ာ္ဖြပ္ၿပီး ျပန္သုံးၾကေတာ့ တုိက္႐ုိက္ထိေတြ႕တဲ့အခ်ိန္မွာ သန္႔ရွင္းမႈ ဘယ္ေလာက္အေရးႀကီးတယ္ဆုိတာ သိဖုိ႔လုိအပ္ေနပါတယ္”လုိ႔ ေဒါက္တာ အိျဖဴေထြးက ေျပာပါတယ္။

နာက်င္မႈ ပမာဏမတူညီၾကတဲ့အတြက္ တကယ္နားဖုိ႔ လုိအပ္ေနသူေတြလည္း ရွိေနတာမုိ႔
ဓမၼတာခြင့္ရက္ေပးသင့္တယ္လို႔ ေဒါက္တာက ေျပာပါတယ္။

“တစ္ခါတေလ နာက်င္တဲ့ အခ်ိန္ဆုိ အလုပ္လုပ္ဖုိ႔ ေနေနသာသာ မတ္တပ္ေတာင္ ေကာင္းေကာင္းမရပ္ႏုိင္ေတာ့ မနားခုိင္းရင္လည္း အဲဒီအလုပ္က တြင္က်ယ္မွာ မဟုတ္ဘူးေလ။ နားတာအေကာင္းဆုံးပါ” လုိ႔ ေဒါက္တာ အိျဖဴေထြးက ေျပာပါတယ္။

ျမန္မာအမ်ဳိးသမီးေတြဟာ ဓမၼတာလာစဥ္မွာ ေခါင္းေလွ်ာ္တာ၊ ေရၾကာၾကာခ်ဳိးတာ၊ လက္ဖက္၊မာလကာသီး စတဲ့ အစားအစာေတြကုိ စားမိတာမ်ဳိးေတြက အသက္ေတာင္ ေသဆုံးႏုိင္တယ္လုိ႔အယူအဆရွိေပမဲ့ က်န္းမာေရးအရေတာ့ တစ္ကုိယ္ေရသန္႔ရွင္းမႈကုိ အဲဒီကာလမွာ ပုိလုပ္သင့္တယ္လုိ႔အေနာက္တိုင္းေဆးပညာရွင္ေတြက လမ္းၫႊန္ထားပါတယ္။

“ကဖိန္းဓာတ္က ေဟာ္မုန္းအေျပာင္းအလဲျဖစ္ေစေတာ့ လက္ဖက္၊ ေကာ္ဖီစတဲ့ ကဖိန္းပါတဲ့အရာေတြစားမိရင္ ဗုိက္ေအာင့္တာတုိ႔၊ နာက်င္တာတုိ႔ ျဖစ္ေစပါတယ္”လုိ႔ ေဒါက္တာက ေျပာပါတယ္။

အစၥလာမ္ဘာသာအရ ဓမၼတာလာစဥ္မွာ ဘုရား၀တ္ျပဳတာ၊ ကုရ္အာန္က်မ္းစာ ကုိင္တာနဲ႔လိင္ကိစၥအတူေနၾကတာကုိ တားျမစ္ထားပါတယ္။

က်မ္းစာကုိင္တာကုိ ေရွာင္ၾကဥ္ေစတာက ဘာသာေရးအရ အေလးအျမတ္ထားမႈကုိ ျပသတာျဖစ္ၿပီးက်န္းမာေရးေဖာ္ျပခ်က္ေတြအရ ဓမၼတာလာစဥ္ ကာလေတြမွာ ေသြးလည္ပတ္ဖုိ႔အတြက္သားအိမ္လမ္းေၾကာင္းတစ္ေလွ်ာက္ ေသြးေၾကာေတြ ပုိက်ယ္ျပန္႔လာေစတဲ့အတြက္ အတူေနမယ္ဆုိရင္
ဘက္တီးရီးယားေတြ (ပိုမုိ)အလြယ္တကူ ၀င္ေရာက္ႏုိင္ပါတယ္။

ဆီးက်ဥ္တာနဲ႔ ဆီးေအာင့္တာလို ေ၀ဒနာအေသးစားေတြကေန သားအိမ္နဲ႔ဆုိင္တဲ့ ေရာဂါေတြအထိပါျဖစ္ပြားတတ္တဲ့အတြက္ လိင္ပုိင္းဆုိင္ရာအတူေနမႈကုိ ေရွာင္ၾကဥ္သင့္တယ္လုိ႔ ေဖာ္ျပထားပါတယ္။

ဓမၼတာလာစဥ္ကာလ အမ်ဳိးသမီးေတြအေပၚ ခြဲျခားဆက္ဆံတဲ့ အမူအက်င့္က စာအုပ္ေတြ၊
က်န္းမာေရးဗဟုသုတေတြ အလြယ္တကူ ေလ့လာႏုိင္တဲ့အခ်ိန္ကစၿပီး တျဖည္းျဖည္း
ေပ်ာက္ကြယ္လာတယ္လုိ႔ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ကုိၿဖိဳးၿဖိဳးက ေျပာပါတယ္။

“ကြ်န္ေတာ္ကေတာ့ ညီမပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြပဲျဖစ္ျဖစ္ သူတုိ႔ အဲဒီကာလ ေရာက္ေနတာသိရင္ေဆး၀ယ္ဖုိ႔ကအစ ကူညီဖုိ႔အသင့္ပါပဲ။ ဘုရားခန္း အသုံးျပဳတာကအစ ကုိယ့္ကုိယ္ကိုယ္ခြဲျခားမေနဖုိ႔တုိက္တြန္းေပးပါတယ္”လုိ႔ ကုိၿဖိဳးၿဖိဳးက ေျပာပါတယ္။

စက္တင္ဘာလဆန္းပုိင္းမွာ က်င္းပခဲ့တဲ့ (၆)ႀကိမ္ေျမာက္ ၀ႆန္႐ုပ္ရွင္ပြဲေတာ္မွာ အေကာင္းဆုံးဇာတ္ကားတုိဆုကုိ “Period@Period” ဇာတ္ကားနဲ႔ ဒါ႐ုိက္တာ ႏွင္းအိလိႈင္က ဆြတ္ခူးခဲ့ၿပီးအမ်ဳိးသမီးေတြ ဓမၼတာလာစဥ္မွာ ၾကံဳေတြ႕ရတဲ့ စိတ္အေျပာင္းအလဲကုိ ေဖာ္ျပခဲ့တာျဖစ္သလုိပရိသတ္ရဲ႕ လက္ခံအားေပးမႈေတြလည္း တစ္ခဲနက္ရရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times

#Unicode Version
ဒီနှစ် မတ်လမှာ ဗြိတိန်ရေနံကုမ္ပဏီတစ်ခုက အမျိုးသမီးဝန်ထမ်းတွေအတွက် ‘ရာသီလာစဉ်အနားယူခွင့်’ကို လစဉ်နားရက်တစ်ရက်အဖြစ် စတင်သတ်မှတ်လိုက်ပါတယ်။

ဒီသတင်းဟာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးအလုပ်သမားထုကို လစဉ် ဓမ္မတာလာစဉ် နားခွင့်တစ်ရက်ရယူနိုင်ဖို့ တွန်းအားပေးသလိုဖြစ်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး ဖိနှိပ်ခံရမှုတွေအတွက် နာမည်ကျော်တဲ့အာရှနိုင်ငံတွေကိုပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။

အလုပ်သမားခွင့်ရက်အသစ်အတွက် အနောက်နိုင်ငံတွေက ငြင်းခုံနေကြစဉ်မှာ
ဘာသာကြီးလေးခုအပြင် မတူညီတဲ့ ထုံးတမ်းစဉ်လာတွေနဲ့ အတူယှဉ်တွဲနေထိုင်ကြတဲ့
မြန်မာနိုင်ငံမှာလည်း လစဉ် အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းဖြစ်ပေါ်မှုအပေါ် နှိမ့်ချပြစ်တင်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

မနှစ်က အနုပညာရှင်မအိ က “Period” ဆိုတဲ့ ခေါင်းစဉ်နဲ့ Gallery 65 မှာ အမျိုးသမီးတွေဓမ္မတာလာစဉ်မှာ ခံစားကြရတဲ့ နာကျင်မှုတွေကို သုံးရက်ကြာ သရုပ်ပြသ တင်ဆက်ခဲ့ပြီးမြန်မာအမျိုးသမီးတွေရဲ့ ဖုံးကွယ် ဖိနှိပ်ခံရတဲ့ ခံစားမှုတွေကို ဖော်ထုတ်ပြသရင်း လူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းဟာဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူတွေ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အမျိုးသမီးအများစုဟာ သူတို့ရဲ့ရာသီသွေးဟာ ညစ်ပတ်တဲ့အတွက် အဲဒီကာလမှာ ဘုရားခန်းထဲ မဝင်ဖို့၊ ဘုရားပန်းမလဲဖို့၊ဆွမ်းတော်နဲ့ သောက်တော်ရေမကပ်ဖို့အပြင် သံဃာတော်တွေကို ဆွမ်းမလောင်းဖို့၊ နီးကပ်စွာမနေဖို့တွေကို ငယ်စဉ်ကတည်းက သွန်သင်ဆုံးမခံခဲ့ကြရပါတယ်။

ဒါပေမဲ့လည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ လူနေမှုပုံစံကြောင့် ဓမ္မတာလာချိန်ကို
ညစ်ပတ်နေတယ်ဆိုတဲ့ တကူးတကအတွေးတွေ မဝင်တော့ဘဲ အမျိုးသမီးတွေကိုယ်တိုင်
ဝင်ငွေရှာနေကြရတာကြောင့် အချိန်နဲ့ တစ်ပြေးညီ အိမ်မှုကိစ္စတွေကအစ အပြေးအလွှား
လုပ်လာကြရပါတော့တယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးနှစ်ယောက်ရဲ့ မိခင် အိမ်ရှင်မ တစ်ဦးဖြစ်တဲ့ ဒေါ်မိမိကတော့လွန်ခဲ့တဲ့ နှစ် ၅၀ ဝန်းကျင်ခန့်က အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကာလတွေမှာ ဘုရားသွားကျောင်းတက်နဲ့ အိမ်အပြင်ထွက်ဖို့တောင် ခွင့်မပြုချင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

“ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ ကျွန်မကတော့ ရာသီလာနေချိန် ဆွမ်းလောင်းရင် ခန္ဓာကိုယ်မသန့်လို့ငရဲကြီးတယ်ဆိုတဲ့ အတွေးကို လုံး၀ လက်မခံခဲ့ကြပါဘူး။ တကယ်လို့ အဲဒီလိုသာ ရက်ရှောင်နေရရင်ကိုယ်တော်တွေ ဆွမ်းမစားရတာပဲ အဖတ်တင်ပါလိမ့်မယ်”လို့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ဧရာဝတီတိုင်းသူ ဒေါ်မိမိက ပြောပါတယ်။

အဲဒီကာလမှာ နုံးခွေကိုက်ခဲနေတဲ့ အမျိုးသမီးတွေရှိသလို ပုံမှန်ထက် ပိုမခံစားရတဲ့ အမျိုးသမီးတွေလည်းရှိတာမို့ သူကတော့ အိပ်ရာထဲ လှဲနေတာထက် မိဘတွေနဲ့အတူ လယ်ယာလုပ်ငန်းခွင်မှာပဲကူညီပေးတတ်ခဲ့တယ်လို့ ပြောပါတယ်။

“နည်းနည်း လှုပ်လှုပ်ရှားရှားနေလိုက်တော့ လေ့ကျင့်ခန်းလုပ်သလိုမျိုး သွေးလည်ပတ်မှု
ပိုကောင်းတယ်။ ပြီးတော့ သေးသေးမွှားမွှား ကိုက်ခဲတာလောက်ဆို အာရုံမစိုက်မိတော့ဘဲ
မေ့မေ့ပျောက်ပျောက်လည်း ဖြစ်တယ်လို့ ခံစားမိတယ်”လို့ ဒေါ်မိမိက ပြောပါတယ်။

ဘယ်လောက်ပဲ ပွင့်လင်းရိုးသားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ၊ တောနယ်တွေမှာတော့ရာသီစက်ဝန်းနဲ့ နာကျင်ကိုက်ခဲမှုအကြောင်းကို ဖခင်၊ အစ်ကို၊ မောင်တွေ အပါအဝင်ယောကျ်ားသားတွေကို ထုတ်မပြောကြဘဲ အရှက်ရစရာ ကိစ္စတစ်ခုအဖြစ် ဖုံးကွယ်တတ်ပြန်တယ်လို့သူက ဆက်ပြောပါတယ်။

ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မိုင်ဆွီတရောကတော့ သူ့မွေးရပ်မြေချင်းပြည်နယ်တောင်ပိုင်းမှာ အရင်ကနဲ့ ယှဉ်ကြည့်ရင် အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ်ထားတဲ့ထုံးတမ်းဓလေ့တွေ နည်းပါးလာပြီး ခေတ်လူငယ်တွေရဲ့ အမြင်သစ်တွေနဲ့ ပြောင်းလဲလာပြီလို့ပြောပါတယ်။

ချင်းပြည်နယ်က သွားလာရခက်ခဲတဲ့ဒေသဖြစ်ပြီး စာပေဗဟုသုတ မလုံလောက်တာ အပါအဝင်တခြားအကြောင်းရင်းတွေကြောင့်ပါ အမျိုးသမီးတွေ ဓမ္မတာလာစဉ်ကာလမှာ သန့်ရှင်းရေးအတွက်ကြောင့် ဘုရားကျောင်း တက်လေ့မရှိကြပါဘူး။ (မြန်မာနိုင်ငံရဲ့ လေးရာခိုင်နှုန်းသောလူဦးရေက ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ်။)

အနုပညာရှင် မအိက အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားကြရတဲ့ နာကျင်မှုဝေဒနာကို အနုပညာရှင် မအိက အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားကြရတဲ့ နာကျင်မှုဝေဒနာကို

“အဲဒါက ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးတွေကို ခွဲခြား နှိမ့်ချခဲ့တဲ့ဓလေ့တော့
မဟုတ်လောက်ဘူး။ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ မပြောနဲ့၊ အတွင်းခံတောင်ဝတ်လေ့ မရှိခဲ့တဲ့အချိန်တွေဆိုတော့ သန့်ရှင်းမှုအရ အပြင်မထွက်ခဲ့ကြတာမျိုးလို့ ထင်တယ်။ ဘုရားကျောင်းကတော့ဒီလိုဖြစ်နေလို့ လာခွင့်မပြုဘူးလို့တော့ ပြောတာမကြားဖူးဘူး”လို့ မိုင်ဆွီတရောက ပြောပါတယ်။

အခြေခံပညာကျောင်းတွေမှာ အမျိုးသမီး၊ အမျိုးသား ခန္ဓာကိုယ်အဆင့်ဆင့် ပြောင်းလဲတိုးတက်မှုတွေကိုသင်ကြားလေ့မရှိခဲ့တာကြောင့် အပျိုဖော်ဝင်စအချိန်တွေမှာ လစဉ်ရာသီလာမှုဖြစ်စဉ်ကို လှောင်ပြောင်သရော်မှုတွေ ရှိခဲ့ပါတယ်။ (လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က စတင်ပြီး လက်ရှိအချိန်အထိ ကုလသမဂ္ဂရဲ့ပညာရေးထောက်ပံ့မှုအစီအစဉ်နဲ့ ကျန်းမာရေး၊ လူမှုရေး စာအုပ်တွေကို ကျောင်းတချို့မှာတော့
ဖြန့်ဝေသင်ကြားပေးနေပါတယ်။)

“ကျောင်းတက်တုန်းကတော့ ဒီလိုကိစ္စဆိုတာ မိန်းကလေးတွေကြားထဲမှာတောင် တိုးတိုးတိတ်တိတ်ပြောခဲ့ရတာ။ နောက်ပိုင်း တက္ကသိုလ်တက်နေတဲ့ အချိန်တွေမှာတော့ သူငယ်ချင်းယောကျ်ားလေးတွေကို အကူအညီတောင်းစရာတွေရှိရင် ဖွင့်ပြောနိုင်လာပြီ။ ဒါပေမဲ့ လူမျိုးတူ၊ ဘာသာတူတဲ့သူငယ်ချင်းတွေကိုပဲ ပွင့်ပွင့်လင်းလင်းပြောဖြစ်ပါတယ်”လို့ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့မိုင်ဆွီတရောက ပြောပါတယ်။

သူက ဓမ္မတာလာစဉ်ကာလမှာ ခွင့်ရက်ပေးသင့်တယ်လို့ မြင်ပေမဲ့ လစဉ်နာကျင်မှုက မတူတဲ့အတွက်လတိုင်း ခွင့်တစ်ရက် နားခွင့်ပေးတာတော့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

“အဲဒီခွင့်ရက်က တကယ်ရာသီမလာဘဲ နားချင်တဲ့သူတွေလည်း ပိုများ လာစေမှာပဲ။ တကယ်လို့ဗိုက်အောင့်တာ၊ နာကျင်တာရှိရင်လည်း တစ်ရက်နဲ့တော့ အဆင်မပြေနိုင်ပြန်ဘူး။
မိန်းကလေးတစ်ယောက်ချင်းစီရဲ့ ပွင့်လင်းမှုနဲ့ စာရိတ္တပေါ် မူတည်ပါသေးတယ်”လို့ မိုင်ဆွီတရောကပြောပါတယ်။

အင်းစိန်မြို့နယ်တရားရုံးက ရှေ့နေတစ်ဦးဖြစ်တဲ့ မလီလီက လစဉ်တိုင်းမှာ အရေးပေါ်နားရက်ခွင့်တစ်ရက် ရှိပေမဲ့ ဓမ္မတာအတွက် သီးသန့်နားနေခွင့်ပြဋ္ဌာန်းထားတာတော့ မတွေ့သေးဘူးလို့ဆိုပါတယ်။

“တကယ်လို့ အမျိုးသမီးက အရမ်းနာကျင်နေတယ်ဆိုရင် ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ လစာမဲ့ခွင့်ယူလို့ရပါတယ်။ ဒါပေမဲ့ လစဉ်တိုင်းမှာ ဒီလိုခွင့်ရက်သတ်မှတ်လိုက်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေဘက်က ဝေဖန်မှုတွေ ရှိလာနိုင်တယ်”လို့ မလီလီက ပြောပါတယ်။

မှော်ဘီမြို့နယ်က Smart အထည်ချုပ်စက်ရုံပိုင်ရှင် ဒေါ်စိမ့်စိမ့်သွေး မြင့်ကတော့ ဓမ္မတာလာစဉ်နားရက်သတ်မှတ်လိုက်ရင် တစ်ပြိုင်နက်တည်း နားရက်တူတဲ့သူတွေ ပေါ်လာနိုင်တာကြောင့်အလုပ်နှောင့်နှေး နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။ အရေးပေါ် နားရက်ယူလိုက်တာကလုပ်ငန်းအတွက် အဆင်ပြေအောင် ညှိနှိုင်းလို့ရပေမဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ယုံကြည်ရမှုလည်းလိုအပ်တယ်လို့ သူက ပြောပါတယ်။

“တကယ်လို့ စက်ရုံထဲမှာ အလုပ်ဆက်မလုပ်နိုင်တော့ဘဲ နာကျင်လာတယ်ဆိုရင် ကျွန်မတို့ကနားခိုင်းတယ်၊ သက်သောင့်သက်သာ အနေအထားအတိုင်း နေခိုင်းတယ်။ အဲဒါလည်းမသက်သာဘူးဆိုရင် ဆေးခန်းလိုက်ပို့ပြီး အိမ်ပြန်နားခိုင်းလိုက်တယ်။ ဥပဒေထုတ်ပြီး နားရက်သီးသန့်လုပ်တာက ခုချိန်မှာ မလိုအပ်သေးဘူးလို့ မြင်ပါတယ်”လို့ ဒေါ်စိမ့်စိမ့်သွေး မြင့်က ပြောပါတယ်။

ဓမ္မတာလာစဉ်ကာလက လူသားတစ်ယောက်အနေနဲ့ ခွဲခြားသတ်မှတ်ခံရစရာမဟုတ်တဲ့
သဘာဝဖြစ်ရပ်လို့ သူက သတ်မှတ်ထားပြီး ပုံမှန်ဘုရားဝတ်ပြု၊ ဆွမ်း၊ ရေချမ်းကပ်တာတွေကိုစက်ရုံလုပ်ငန်းတွေ မစခင်မှာ လုပ်တယ်လို့ ဒေါ်စိမ့်စိမ့်သွေးမြင့်က ပြောပါတယ်။

“အဲဒီရက်တွေမှာ မနက်စောစော ရေမိုးချိုး၊ အဝတ်အစားလဲပြီး လုပ်နေကျကိစ္စတွေ
ဆက်တိုက်လုပ်တာပါပဲ။ စိတ်သန့်စင်နေဖို့ အဓိကပဲလေ။ ပြီးတော့ ခန္ဓာကိုယ်ကလည်း
ညစ်ပတ်နေတာမှ မဟုတ်တာ။ ဒီလို ဖြစ်တိုင်း သိမ်ငယ်ပြီး ငြိမ်ငြိမ်လေးပဲနေရမယ်ဆို ဘာအလုပ်မှပြီးမှာ မဟုတ်တော့ဘူး”လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်က အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှာ ကျန်းမာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ အိဖြူထွေးက ဓမ္မတာလာစဉ် ကျန်းမာရေးအရသိသင့်တာတွေကို ကျေးရွာတွေမှာ သိပ်မသိကြသေးဘူးလို့ ပြောပါတယ်။

ပညာရေးစနစ်နဲ့ ဗဟုသုတနည်းပါးမှုကြောင့် ကျေးရွာတွေက အမျိုးသမီးတွေဟာ ဓမ္မတာကိစ္စကိုပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြဘဲ နာကျင်မှုတွေရှိရင်လည်း ဓလေ့ဆေးမြီးတိုတွေနဲ့ ကုသလေ့ရှိနေပါသေးတယ်။

“ခုချိန်ထိ အရမ်းခေါင်တဲ့ ရွာတွေမှာ ရာသီလာစဉ်သုံးတဲ့ အမျိုးသမီးပစ္စည်းတွေ မသုံးတတ်ကြသေးဘူး။
လုံချည်စကိုပဲ လျှော်ဖွပ်ပြီး ပြန်သုံးကြတော့ တိုက်ရိုက်ထိတွေ့တဲ့အချိန်မှာ သန့်ရှင်းမှု ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိဖို့လိုအပ်နေပါတယ်”လို့ ဒေါက်တာ အိဖြူထွေးက ပြောပါတယ်။

နာကျင်မှု ပမာဏမတူညီကြတဲ့အတွက် တကယ်နားဖို့ လိုအပ်နေသူတွေလည်း ရှိနေတာမို့
ဓမ္မတာခွင့်ရက်ပေးသင့်တယ်လို့ ဒေါက်တာက ပြောပါတယ်။

“တစ်ခါတလေ နာကျင်တဲ့ အချိန်ဆို အလုပ်လုပ်ဖို့ နေနေသာသာ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ မနားခိုင်းရင်လည်း အဲဒီအလုပ်က တွင်ကျယ်မှာ မဟုတ်ဘူးလေ။ နားတာအကောင်းဆုံးပါ” လို့ ဒေါက်တာ အိဖြူထွေးက ပြောပါတယ်။

မြန်မာအမျိုးသမီးတွေဟာ ဓမ္မတာလာစဉ်မှာ ခေါင်းလျှော်တာ၊ ရေကြာကြာချိုးတာ၊ လက်ဖက်၊မာလကာသီး စတဲ့ အစားအစာတွေကို စားမိတာမျိုးတွေက အသက်တောင် သေဆုံးနိုင်တယ်လို့အယူအဆရှိပေမဲ့ ကျန်းမာရေးအရတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အဲဒီကာလမှာ ပိုလုပ်သင့်တယ်လို့အနောက်တိုင်းဆေးပညာရှင်တွေက လမ်းညွှန်ထားပါတယ်။

“ကဖိန်းဓာတ်က ဟော်မုန်းအပြောင်းအလဲဖြစ်စေတော့ လက်ဖက်၊ ကော်ဖီစတဲ့ ကဖိန်းပါတဲ့အရာတွေစားမိရင် ဗိုက်အောင့်တာတို့၊ နာကျင်တာတို့ ဖြစ်စေပါတယ်”လို့ ဒေါက်တာက ပြောပါတယ်။

အစ္စလာမ်ဘာသာအရ ဓမ္မတာလာစဉ်မှာ ဘုရားဝတ်ပြုတာ၊ ကုရ်အာန်ကျမ်းစာ ကိုင်တာနဲ့လိင်ကိစ္စအတူနေကြတာကို တားမြစ်ထားပါတယ်။

ကျမ်းစာကိုင်တာကို ရှောင်ကြဉ်စေတာက ဘာသာရေးအရ အလေးအမြတ်ထားမှုကို ပြသတာဖြစ်ပြီးကျန်းမာရေးဖော်ပြချက်တွေအရ ဓမ္မတာလာစဉ် ကာလတွေမှာ သွေးလည်ပတ်ဖို့အတွက်သားအိမ်လမ်းကြောင်းတစ်လျှောက် သွေးကြောတွေ ပိုကျယ်ပြန့်လာစေတဲ့အတွက် အတူနေမယ်ဆိုရင်
ဘက်တီးရီးယားတွေ (ပိုမို)အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

ဆီးကျဉ်တာနဲ့ ဆီးအောင့်တာလို ဝေဒနာအသေးစားတွေကနေ သားအိမ်နဲ့ဆိုင်တဲ့ ရောဂါတွေအထိပါဖြစ်ပွားတတ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာအတူနေမှုကို ရှောင်ကြဉ်သင့်တယ်လို့ ဖော်ပြထားပါတယ်။

ဓမ္မတာလာစဉ်ကာလ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အမူအကျင့်က စာအုပ်တွေ၊
ကျန်းမာရေးဗဟုသုတတွေ အလွယ်တကူ လေ့လာနိုင်တဲ့အချိန်ကစပြီး တဖြည်းဖြည်း
ပျောက်ကွယ်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဖြိုးဖြိုးက ပြောပါတယ်။

“ကျွန်တော်ကတော့ ညီမပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူတို့ အဲဒီကာလ ရောက်နေတာသိရင်ဆေးဝယ်ဖို့ကအစ ကူညီဖို့အသင့်ပါပဲ။ ဘုရားခန်း အသုံးပြုတာကအစ ကိုယ့်ကိုယ်ကိုယ်ခွဲခြားမနေဖို့တိုက်တွန်းပေးပါတယ်”လို့ ကိုဖြိုးဖြိုးက ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ (၆)ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ကားတိုဆုကို “Period@Period” ဇာတ်ကားနဲ့ ဒါရိုက်တာ နှင်းအိလှိုင်က ဆွတ်ခူးခဲ့ပြီးအမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ ကြုံတွေ့ရတဲ့ စိတ်အပြောင်းအလဲကို ဖော်ပြခဲ့တာဖြစ်သလိုပရိသတ်ရဲ့ လက်ခံအားပေးမှုတွေလည်း တစ်ခဲနက်ရရှိခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top