Kantharyar Centre
×

 အီးစီးကရက္မ်ားတြင္ မေမွ်ာ္လင့္ဘဲ ေပါက္ကဲြမႈမ်ား၊ မီးေလာင္မႈမ်ား ျဖစ္ေပၚေနၿပီး ေပါက္ကဲြခ်ိန္၌ အနီးအနား ရွိေန သူမ်ား ထိခိုက္ဒဏ္ရာရျခင္း ျဖစ္ ေပၚေနေၾကာင္း သုေတသီမ်ား က ေျပာသည္။

ဆီယက္တဲလ္ၿမိဳ႕ရွိ ၀ါရွင္ တန္တကၠသိုလ္ ေဒသဆိုင္ရာ မီး ေလာင္ဒဏ္ရာကုသေရး စင္တာ အေနျဖင့္ ၂၀၁၅ ေအာက္တိုဘာ မွစ၍ အီးစီးကရက္မ်ား ေပါက္ကဲြ မႈေၾကာင့္ျဖစ္ေသာ မီးေလာင္ဒဏ္ ရာမ်ားႏွင့္ အျခားဒဏ္ရာမ်ားအ တြက္ လူ ၂၂ ဦးအား ကုသေပးခဲ့ရ ေၾကာင္း ယင္းေဆး႐ံုရွိ မီးေလာင္ ဒဏ္ရာႏွင့္ ခဲြစိတ္ကုသေရး တာ ၀န္ခံ ေဒါက္တာအီလီရွာဘေရာင္ ဆင္က ေျပာသည္။


အီးစီးကရက္မ်ားတြင္ အသံုး ျပဳထားေသာ အားေကာင္းသည့္  လီသီယမ္အိုင္းယင္း ဘက္ထရီ မ်ားေၾကာင့္ ယင္းကဲ့သို႔ ေပါက္ကဲြ မႈမ်ား ျဖစ္ပြားျခင္းျဖစ္သည္ဟု ေဒါက္တာဘေရာင္ဆင္က ေျပာ သည္။

 အားျပန္သြင္းႏိုင္ေသာ ဘက္ထရီမ်ားက အပူေပးႏိုင္ေသာ ကိြဳင္ကို ဘက္ထရီအားျဖင့္ ပူေစၿပီး နီကိုတင္းအရည္ကို ဆူပြက္ေစကာ ႐ွဴ႐ိႈက္ႏိုင္ေသာ အခိုးအေငြ႕မ်ားကို ထုတ္ေပးေလ့ရွိ သည္။

ယင္းမွာ အီးစီးကရက္တစ္ခု ၏ အလုပ္လုပ္ပံုျဖစ္သည္။

အခ်ိဳ႕ေသာ အီးစီးကရက္ မ်ားတြင္ ဘက္ထရီအပူလြန္ကဲ ျခင္းေၾကာင့္ မီးေလာင္ျခင္း (သို႔မဟုတ္) ေပါက္ကဲြျခင္းျဖစ္ေပၚ သည္ဟု ၎ကေျပာသည္။

၎တို႔ဌာနက ပထမဆံုး ကု သေပးခဲ့ရေသာ လူနာသည္ ကား ေမာင္းေနစဥ္ အီးစီးကရက္ေပါက္ ကဲြမႈေၾကာင့္ သြားမ်ားဆံုး႐ံႈးသြား သည့္ အသက္(၂၀)ေက်ာ္ အမ်ိဳး သားျဖစ္ေၾကာင္း ေဒါက္တာဘ ေရာင္ဆင္က ေျပာသည္။

၎တို႔ ကုသေပးခဲ့ေသာ လူ နာမ်ားတြင္ ခႏၶာကိုယ္ႏွင့္ မ်က္ႏွာ ျပင္ စုစုေပါင္း၏ ၁၀ ရာခိုင္ႏႈန္းမွ ၁၅ ရာခိုင္ႏႈန္းအထိ မီးေလာင္ ကြၽမ္းသြားသူမ်ားလည္း ပါ၀င္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 အီးစီးကရက်များတွင် မမျှော်လင့်ဘဲ ပေါက်ကွဲမှုများ၊ မီးလောင်မှုများ ဖြစ်ပေါ်နေပြီး ပေါက်ကွဲချိန်၌ အနီးအနား ရှိနေ သူများ ထိခိုက်ဒဏ်ရာရခြင်း ဖြစ် ပေါ်နေကြောင်း သုတေသီများ က ပြောသည်။

ဆီယက်တဲလ်မြို့ရှိ ဝါရှင် တန်တက္ကသိုလ် ဒေသဆိုင်ရာ မီး လောင်ဒဏ်ရာကုသရေး စင်တာ အနေဖြင့် ၂၀၁၅ အောက်တိုဘာ မှစ၍ အီးစီးကရက်များ ပေါက်ကွဲ မှုကြောင့်ဖြစ်သော မီးလောင်ဒဏ် ရာများနှင့် အခြားဒဏ်ရာများအ တွက် လူ ၂၂ ဦးအား ကုသပေးခဲ့ရ ကြောင်း ယင်းဆေးရုံရှိ မီးလောင် ဒဏ်ရာနှင့် ခွဲစိတ်ကုသရေး တာ ဝန်ခံ ဒေါက်တာအီလီရှာဘရောင် ဆင်က ပြောသည်။


အီးစီးကရက်များတွင် အသုံး ပြုထားသော အားကောင်းသည့်  လီသီယမ်အိုင်းယင်း ဘက်ထရီ များကြောင့် ယင်းကဲ့သို့ ပေါက်ကွဲ မှုများ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေါက်တာဘရောင်ဆင်က ပြော သည်။

 အားပြန်သွင်းနိုင်သော ဘက်ထရီများက အပူပေးနိုင်သော ကွိုင်ကို ဘက်ထရီအားဖြင့် ပူစေပြီး နီကိုတင်းအရည်ကို ဆူပွက်စေကာ ရှူရှိုက်နိုင်သော အခိုးအငွေ့များကို ထုတ်ပေးလေ့ရှိ သည်။

ယင်းမှာ အီးစီးကရက်တစ်ခု ၏ အလုပ်လုပ်ပုံဖြစ်သည်။

အချို့သော အီးစီးကရက် များတွင် ဘက်ထရီအပူလွန်ကဲ ခြင်းကြောင့် မီးလောင်ခြင်း (သို့မဟုတ်) ပေါက်ကွဲခြင်းဖြစ်ပေါ် သည်ဟု ၎င်းကပြောသည်။

၎င်းတို့ဌာနက ပထမဆုံး ကု သပေးခဲ့ရသော လူနာသည် ကား မောင်းနေစဉ် အီးစီးကရက်ပေါက် ကွဲမှုကြောင့် သွားများဆုံးရှုံးသွား သည့် အသက်(၂၀)ကျော် အမျိုး သားဖြစ်ကြောင်း ဒေါက်တာဘ ရောင်ဆင်က ပြောသည်။

၎င်းတို့ ကုသပေးခဲ့သော လူ နာများတွင် ခန္ဓာကိုယ်နှင့် မျက်နှာ ပြင် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မီးလောင် ကျွမ်းသွားသူများလည်း ပါဝင် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top