Property Expo
×






Credit : 7Day Daily

#Unicode Version

 ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်သို့ ဆေးခန်းသွားပြ သည့် ရွှေမှုံရတီဝေဒနာသက်သာလာသဖြင့် ဇာတ်ကားရိုက်ကူး ရေးပြန်လည်ပြုလုပ်နေကြောင်း ၎င်း၏ မိခင်က ပြောသည်။

‘‘တခြားမင်းသား၊ မင်းသမီး တွေ အကုန်လုံးကလည်း စောင့် နေကြတာဆိုတော့ ရှုတင်ကနေ နှစ်ရက်ခွင့်ယူပြီး သွားလိုက်တာ။ အစာအိမ်နာတာဆိုတော့ ဆရာ ဝန်တွေက သက်သာအောင်တော့ ကုသပေးလိုက်ပါတယ်။ ဒါပေမဲ့ ပြန်ပြရဦးမှာပါ။ အောက်တိုဘာ ၁၂ ရက်နေ့လောက်ထပ်သွားပြ ဖြစ်မယ်’’ဟု ရွှေမှုံရတီ၏ မိခင်က ပြောသည်။

အစာအိမ်ဖြစ်သောကြောင့် ဆရာဝန်များက အစားအသောက်နှင့်ပတ်သက်၍ ဂရုစိုက်ရန် မှာ ကြားထားသည်ဟု ဆိုသည်။

လတ်တလောတွင် ရွှေမှုံရ တီက ‘ငါ့အကယ်ဒမီ’ဇာတ်ကား ကို ခန့်စည်သူ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ခိုင်သင်းကြည်တို့နှင့်အ တူ ရိုက်ကူးနေခြင်း ဖြစ်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားပြီး ပါကလည်း ပြင်ဦးလွင်တွင် ရုပ် ရှင်သွားရောက်ရိုက်ကူးရမည်ဖြစ် ပြီး ရုပ်ရှင်ဇာတ်ကားများဆက် တိုက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ရွှေမှုံရတီ၏ မိခင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top