Property Expo
×

ျပင္သစ္ႏိုင္ငံ ကာ လာအစ္ေဒသ ေရႊ႕ေျပာင္းမ်ား၏ ေတာၿမိဳင္ (The Jungle) စခန္း ျပင္ပတြင္ အာဏာပိုင္မ်ား ပိတ္ ပင္မႈကို အာခံစုေ၀းခဲ့သူ ေရႊ႕ ေျပာင္းမ်ားႏွင့္ ဆႏၵျပသူမ်ားအား ျပင္သစ္ရဲတပ္ဖဲြ႕က မ်က္ရည္ယို ဗံုးမ်ား၊ မီးသတ္ပိုက္မ်ား အသံုး ျပဳ ၿဖိဳခဲြခဲ့ေၾကာင္း ေဒသအာဏာ ပိုင္မ်ားက ေျပာၾကားသည္။


ယခုႏွစ္ကုန္တြင္ ပိတ္ပစ္ မည္ဟု ျပင္သစ္သမၼတ ေဟာ္ လန္ဒီက ေႂကြးေၾကာ္ထားေသာ ေရႊ႕ေျပာင္းမ်ား၏ စခန္း၌ ေန ထိုင္ရေသာ အေျခအေနမ်ားကို ကန္႔ကြက္ရန္ ေရႊ႕ေျပာင္းေနထိုင္ သူ ၂၀၀ ခန္႔ႏွင့္ ဆႏၵျပသူ ၅၀ ခန္႔ စုေ၀းခဲ့ၾကသည္။

ေရႊ႕ေျပာင္းသူမ်ားကို  ေတာ ၿမိဳင္စခန္းသို႔ ျပန္သြားရန္ ရဲတပ္ ဖဲြ႕က ႀကိဳးစားစဥ္ ရဲတပ္ဖဲြ႕ႏွင့္ ေရႊ႕ေျပာင္းမ်ားၾကား တုိက္ခိုက္မႈ မ်ား ျဖစ္ပြားခဲ့ၿပီး တက္ႂကြလႈပ္ ရွားသူမ်ားကလည္း ရဲတပ္ဖဲြ႕ကို ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ခဲ့ ၾကသည္။

စေနေန႔က ဘတ္စ္ကား ေလးစီးျဖင့္ ပါရီၿမိဳ႕မွ ထြက္ခြာခဲ့ ေသာ ဆႏၵျပသူ ၁၅၀ အဖဲြ႕ကို လည္း ေျမာက္ပိုင္းဆိပ္ကမ္းသို႔ မေရာက္မီ မိုင္ ၃၀ အကြာတြင္ ရဲ တပ္ဖဲြ႕က တားဆီးခဲ့သည္။

အာဖဂန္နစၥတန္မွ ဆီးရီး ယားအထိ စစ္ပဲြႏွင့္ ဆင္းရဲမဲြေတ မႈမွ ထြက္ေျပးလာေသာ ဒုကၡ သည္အမ်ားအျပား ကာလာအစ္ ေဒသ၌ ေရာက္ရွိေနၿပီး ေဒသခံ မ်ားႏွင့္ တင္းမာမႈမ်ား ျဖစ္ေပၚေန သျဖင့္ ရဲတပ္ဖဲြ႕ကို အၿမဲခ်ထား ခဲ့ရသည္။ 

    ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ပြင်သစ်နိုင်ငံ ကာ လာအစ်ဒေသ ရွှေ့ပြောင်းများ၏ တောမြိုင် (The Jungle) စခန်း ပြင်ပတွင် အာဏာပိုင်များ ပိတ် ပင်မှုကို အာခံစုဝေးခဲ့သူ ရွှေ့ ပြောင်းများနှင့် ဆန္ဒပြသူများအား ပြင်သစ်ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများ၊ မီးသတ်ပိုက်များ အသုံး ပြု ဖြိုခွဲခဲ့ကြောင်း ဒေသအာဏာ ပိုင်များက ပြောကြားသည်။


ယခုနှစ်ကုန်တွင် ပိတ်ပစ် မည်ဟု ပြင်သစ်သမ္မတ ဟော် လန်ဒီက ကြွေးကြော်ထားသော ရွှေ့ပြောင်းများ၏ စခန်း၌ နေ ထိုင်ရသော အခြေအနေများကို ကန့်ကွက်ရန် ရွှေ့ပြောင်းနေထိုင် သူ ၂၀၀ ခန့်နှင့် ဆန္ဒပြသူ ၅၀ ခန့် စုဝေးခဲ့ကြသည်။

ရွှေ့ပြောင်းသူများကို  တော မြိုင်စခန်းသို့ ပြန်သွားရန် ရဲတပ် ဖွဲ့က ကြိုးစားစဉ် ရဲတပ်ဖွဲ့နှင့် ရွှေ့ပြောင်းများကြား တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ပြီး တက်ကြွလှုပ် ရှားသူများကလည်း ရဲတပ်ဖွဲ့ကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ ကြသည်။

စနေနေ့က ဘတ်စ်ကား လေးစီးဖြင့် ပါရီမြို့မှ ထွက်ခွာခဲ့ သော ဆန္ဒပြသူ ၁၅၀ အဖွဲ့ကို လည်း မြောက်ပိုင်းဆိပ်ကမ်းသို့ မရောက်မီ မိုင် ၃၀ အကွာတွင် ရဲ တပ်ဖွဲ့က တားဆီးခဲ့သည်။

အာဖဂန်နစ္စတန်မှ ဆီးရီး ယားအထိ စစ်ပွဲနှင့် ဆင်းရဲမွဲတေ မှုမှ ထွက်ပြေးလာသော ဒုက္ခ သည်အများအပြား ကာလာအစ် ဒေသ၌ ရောက်ရှိနေပြီး ဒေသခံ များနှင့် တင်းမာမှုများ ဖြစ်ပေါ်နေ သဖြင့် ရဲတပ်ဖွဲ့ကို အမြဲချထား ခဲ့ရသည်။ 



    ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top