Kantharyar Centre
×

တရုတ္ႏိုင္ငံသံုး ယြမ္ေငြကို ေအာက္တုိဘာလ တရက္ စေနေန႔ကစၿပီး ကမာၻသံုး အရံေငြေၾကးအျဖစ္ စတင္သတ္မွတ္ လိုက္ၿပီျဖစ္ပါတယ္။ အေမရိကန္ ေဒၚလာ၊ ယူရိုေငြ၊ ဂ်ပန္ယန္းေငြနဲ႔ ၿဗိတိန္က ေပါင္စတာလင္ တို႔နဲ႔အတူ ႏိုင္ငံတကာ အရံေငြေၾကးစံနစ္ထဲမွာ တရားဝင္ ထည့္သြင္း သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။

IMF ႏိုင္ငံတကာ ေငြေၾကးရံပံုေငြအဖြဲ႔က သံုးေနတဲ့ ေငြေၾကးေစ်းကြက္ထဲမွာ renminbi လို႔လည္း သိၾကတဲ့ ယြမ္ေငြကိုပါ ထည့္သြင္း မွာ ျဖစ္ပါတယ္။ IMF က စီးပြါးေရးျပႆနာေတြကို ကူညီ ကိုင္တြယ္ ေျဖရွင္းရာမွာ အရံေငြအျဖစ္ သတ္မွတ္တဲ့ ေငြေၾကးေတြထဲ ယြမ္ေငြကိုပါ ထည့္သြင္းမွာ ျဖစ္ပါတယ္။

ကမာၻ႔ စီးပြါးေရးနယ္ပယ္မွာ ႀကီးထြားတိုးတက္မႈ ရွိလာေနတဲ့ တရုတ္ႏုိင္ငံက SDR (Special Drawing Right) ေခၚ IMF ကဖန္တီးထားတဲ့ ႏိုင္ငံတကာ အရံေငြေၾကးသံုးစြဲမႈ မွာ သူ႔ႏုိင္ငံသံုး ေငြကို ထည့္သြင္းႏုိင္ဖို႔ က်ိဳးစားေနတာ ျဖစ္ၿပီး ဒီလိုထည့္သြင္းဖုိ႔ ဆံုးျဖတ္ေၾကာင္း ေၾကညာခဲ့တာကလည္း တႏွစ္ေလာက္ ရွိေနၿပီျဖစ္ပါတယ္။

အရံေငြေၾကး အျဖစ္သံုးစြဲတဲ့ေငြေတြဟာ လႊဲေျပာင္းရာမွာ လြတ္လြတ္လပ္လပ္ လုပ္ႏုိင္ရမွာ ျဖစ္ပါတယ္။ တရုတ္အစိုးရက သူ႔ ေငြေၾကးလဲလွယ္မႈ တန္ဖိုးကို ကိုင္တြယ္ႏုိင္ဖို႔ ေငြေၾကးေစ်းကြက္မွာ ဝင္ေရာက္စြက္ဖက္တာမ်ိဳးေတြ လုပ္တယ္ဆိုတဲ့ သံသယ အရွိခံေနရတယ္လို႔ ကၽြမ္းက်င္သူေတြရဲ့ ေျပာၾကားခ်က္ကို ေငြေၾကး စာေစာင္ေတြကို ကိုးကား ေဖၚျပ ၾကပါတယ္။

အေမရိကန္ ဘ႑ာေရးဝန္ႀကီး Jack Lew ကေတာ့ မၾကာခင္ ႏွစ္ေတြ အတြင္း တရုတ္ႏုိင္ငံက သူ႔ရဲ့ ေငြေၾကး ေရာင္းဝယ္မႈပံုစံကို အႀကီးအက်ယ္ ေျပာင္းလဲ ပစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ စီးပြါးေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးေတြကေတာ့ အခုထိ ခရီးမေရာက္ ေသးဘူးလုိ႔ ေျပာပါတယ္။

ကမာၻ႕ အရံေငြေၾကးေစ်းကြက္မွာ တရုတ္ယြမ္္ေငြကို ၁၁ ရာခိုင္ႏႈံးေလာက္ သံုးလာၾကမွာျဖစ္ၿပီး အေမရိကန္ ေဒၚလာကေတာ့ ၄၂ % ေလာက္ ရွိေနတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)

#Unicode Version

တရုတ်နိုင်ငံသုံး ယွမ်ငွေကို အောက်တိုဘာလ တရက် စနေနေ့ကစပြီး ကမ္ဘာသုံး အရံငွေကြေးအဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ဂျပန်ယန်းငွေနဲ့ ဗြိတိန်က ပေါင်စတာလင် တို့နဲ့အတူ နိုင်ငံတကာ အရံငွေကြေးစံနစ်ထဲမှာ တရားဝင် ထည့်သွင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့က သုံးနေတဲ့ ငွေကြေးဈေးကွက်ထဲမှာ renminbi လို့လည်း သိကြတဲ့ ယွမ်ငွေကိုပါ ထည့်သွင်း မှာ ဖြစ်ပါတယ်။ IMF က စီးပွါးရေးပြဿနာတွေကို ကူညီ ကိုင်တွယ် ဖြေရှင်းရာမှာ အရံငွေအဖြစ် သတ်မှတ်တဲ့ ငွေကြေးတွေထဲ ယွမ်ငွေကိုပါ ထည့်သွင်းမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွါးရေးနယ်ပယ်မှာ ကြီးထွားတိုးတက်မှု ရှိလာနေတဲ့ တရုတ်နိုင်ငံက SDR (Special Drawing Right) ခေါ် IMF ကဖန်တီးထားတဲ့ နိုင်ငံတကာ အရံငွေကြေးသုံးစွဲမှု မှာ သူ့နိုင်ငံသုံး ငွေကို ထည့်သွင်းနိုင်ဖို့ ကျိုးစားနေတာ ဖြစ်ပြီး ဒီလိုထည့်သွင်းဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့တာကလည်း တနှစ်လောက် ရှိနေပြီဖြစ်ပါတယ်။

အရံငွေကြေး အဖြစ်သုံးစွဲတဲ့ငွေတွေဟာ လွှဲပြောင်းရာမှာ လွတ်လွတ်လပ်လပ် လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်အစိုးရက သူ့ ငွေကြေးလဲလှယ်မှု တန်ဖိုးကို ကိုင်တွယ်နိုင်ဖို့ ငွေကြေးဈေးကွက်မှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုပ်တယ်ဆိုတဲ့ သံသယ အရှိခံနေရတယ်လို့ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်ကို ငွေကြေး စာစောင်တွေကို ကိုးကား ဖေါ်ပြ ကြပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew ကတော့ မကြာခင် နှစ်တွေ အတွင်း တရုတ်နိုင်ငံက သူ့ရဲ့ ငွေကြေး ရောင်းဝယ်မှုပုံစံကို အကြီးအကျယ် ပြောင်းလဲ ပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် စီးပွါးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကတော့ အခုထိ ခရီးမရောက် သေးဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ အရံငွေကြေးဈေးကွက်မှာ တရုတ်ယွမ်ငွေကို ၁၁ ရာခိုင်နှုံးလောက် သုံးလာကြမှာဖြစ်ပြီး အမေရိကန် ဒေါ်လာကတော့ ၄၂ % လောက် ရှိနေတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top