Property Expo
×

  ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ၂၀၁၆ အတြက္ ဟယ္လင္ကယ္လာ လူသားအက်ဳိးေဆာင္ရြက္သူ (Helen Keller International Humanitarian Award 2016) ဆုကို ေအာက္တိုဘာ ၂၇ ရက္ ညေန ၃ နာရီခြဲကေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ Helen Keller International Europe ဥကၠ႒ ေဒါက္တာဟိုဝတ္ကြန္က ေပးအပ္ခဲ့သည္။

ႏုိင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢဳိလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ ဆန္းစုၾကည္သည္ လူသားခ်င္း စာနာေထာက္ထားမႈကိစၥရပ္မ်ား တြင္ ထူးခြၽန္စြာ အာ႐ံုစူးစိုက္ ႏွစ္ ျမဳပ္ေဆာင္ရြက္သည္ကို အသိ အမွတ္ျပဳသည့္အေနျဖင့္ Helen Keller International Europe က ေပးအပ္ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။


       အဆိုပါအခမ္းအနားသို႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔မွ တာဝန္ရွိသူမ်ား၊ Helen Keller International Europe ဥကၠ႒ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္။

Helen Keller ဆုကို ၁၉၅၉ တြင္ စတင္ထူေထာင္ေပးအပ္ခဲ့ၿပီး ဟယ္လင္ကယ္လာသည္ အေမရိကန္ျပည္ေထာင္စုမွ စာေရးဆရာမ၊ ကထိကႏွင့္ ႏိုင္ငံ ေရးတက္ႂကြလႈပ္ရွားသူတစ္ဦး ျဖစ္ကာ ပထမဆံုး ဝိဇၨာဘြဲ႕ရရွိေသာ မ်က္မျမင္၊ နားမၾကား မသန္စြမ္းပုဂၢိဳလ္တစ္ဦးလည္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၆ အတွက် ဟယ်လင်ကယ်လာ လူသားအကျိုးဆောင်ရွက်သူ (Helen Keller International Humanitarian Award 2016) ဆုကို အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီခွဲကနေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် Helen Keller International Europe ဥက္ကဋ္ဌ ဒေါက်တာဟိုဝတ်ကွန်က ပေးအပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်သည် လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များ တွင် ထူးချွန်စွာ အာရုံစူးစိုက် နှစ် မြုပ်ဆောင်ရွက်သည်ကို အသိ အမှတ်ပြုသည့်အနေဖြင့် Helen Keller International Europe က ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


       အဆိုပါအခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ Helen Keller International Europe ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Helen Keller ဆုကို ၁၉၅၉ တွင် စတင်ထူထောင်ပေးအပ်ခဲ့ပြီး ဟယ်လင်ကယ်လာသည် အမေရိကန်ပြည်ထောင်စုမှ စာရေးဆရာမ၊ ကထိကနှင့် နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ကာ ပထမဆုံး ဝိဇ္ဇာဘွဲ့ရရှိသော မျက်မမြင်၊ နားမကြား မသန်စွမ်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top