iGREEN Promotion Singapore
×

မန္ခ်က္စတာၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ ေဖ်ာ္ေျဖပြဲ တစ္ခု၌ ဂ်ပ္စတင္ဘီဘာသည္ ပရိသတ္မ်ား၏ ေလွာင္ေျပာင္ျခင္း ခံရၿပီးေနာက္ ေဒါသထြက္ကာ မိုက္ကိုပစ္ခ်ၿပီး စင္ေပၚမွ ဆင္း သြားခဲ့သည္။

ပရိသတ္မ်ားက ေအာ္ဟစ္ ေနၾကၿပီး ၎ကို စကားေျပာခြင့္ မေပးခဲ့ေသာေၾကာင့္ ဂ်ပ္စတင္ ဘီဘာက ေဒါသထြက္ခဲ့ေၾကာင္း ယင္းေဖ်ာ္ေျဖပြဲသို႔ သြားေရာက္ခဲ့ ေသာ ပရိသတ္မ်ားက တြစ္တာ တြင္ ေျပာဆိုေနၾကသည္။

ယင္းသို႔ ေဒါသတႀကီး ျပဳမူခဲ့ ျခင္းအတြက္ ၎၏ အမာခံပရိသတ္အခ်ဳိ႕ကပင္ ဂ်ပ္စတင္ဘီဘာကို ျပစ္တင္ေဝဖန္ခဲ့ၾကသည္။

သို႔ေသာ္ ဂ်ပ္စတင္ဘီဘာ သည္ ၎၏ စကားေျပာသံကို ၾကားေစလိုခဲ့ျခင္းအတြက္ ေလွာင္ေျပာင္မခံရသင့္ဟု ပရိသတ္အခ်ဳိ႕က ၎ကို ကာကြယ္ေျပာဆိုခဲ့ၾကသည္။

ဂ်ပ္စတင္ဘီဘာ မိုက္ပစ္ခ် ၿပီး စင္ေပၚမွ ေဒါသတႀကီး ဆင္း သြားသည္ဆိုေသာ ဗီဒီယိုဖိုင္မွာ လည္း တြစ္တာတြင္ ေဝမွ်ေဖာ္ျပ သူအမ်ားအျပား ရွိလာသည္။

ဂ်ပ္စတင္ဘီဘာသည္ ေနာက္ပိုင္းတြင္ စင္ေပၚသို႔ ျပန္ တက္လာခဲ့ေသာ္လည္း ပရိသတ္ ကို စကားမေျပာဆိုခဲ့ဟု သတင္း မ်ားက ေဖာ္ျပသည္။ ၾကာသ ပေတးညမွစ၍   မန္ခ်က္စတာ တြင္ ေဖ်ာ္ေျဖေနေသာ ဂ်ပ္စတင္ ဘီဘာကို ပရိသတ္အခ်ဳိ႕က ႐ိုင္း စိုင္းသူဟု ေျပာဆုိေနၾကကာ အျခားပရိသတ္မ်ားက ၎ဘက္ မွ ကာကြယ္ေျပာဆိုေနၾကၿပီး အနာဂတ္ မန္ခ်က္စတာ ေဖ်ာ္ေျဖ ပြဲမ်ားကို ဖ်က္သိမ္းပစ္ရန္ တိုက္ တြန္းေနၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မန်ချက်စတာမြို့ တွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲ တစ်ခု၌ ဂျပ်စတင်ဘီဘာသည် ပရိသတ်များ၏ လှောင်ပြောင်ခြင်း ခံရပြီးနောက် ဒေါသထွက်ကာ မိုက်ကိုပစ်ချပြီး စင်ပေါ်မှ ဆင်း သွားခဲ့သည်။

ပရိသတ်များက အော်ဟစ် နေကြပြီး ၎င်းကို စကားပြောခွင့် မပေးခဲ့သောကြောင့် ဂျပ်စတင် ဘီဘာက ဒေါသထွက်ခဲ့ကြောင်း ယင်းဖျော်ဖြေပွဲသို့ သွားရောက်ခဲ့ သော ပရိသတ်များက တွစ်တာ တွင် ပြောဆိုနေကြသည်။

ယင်းသို့ ဒေါသတကြီး ပြုမူခဲ့ ခြင်းအတွက် ၎င်း၏ အမာခံပရိသတ်အချို့ကပင် ဂျပ်စတင်ဘီဘာကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

သို့သော် ဂျပ်စတင်ဘီဘာ သည် ၎င်း၏ စကားပြောသံကို ကြားစေလိုခဲ့ခြင်းအတွက် လှောင်ပြောင်မခံရသင့်ဟု ပရိသတ်အချို့က ၎င်းကို ကာကွယ်ပြောဆိုခဲ့ကြသည်။

ဂျပ်စတင်ဘီဘာ မိုက်ပစ်ချ ပြီး စင်ပေါ်မှ ဒေါသတကြီး ဆင်း သွားသည်ဆိုသော ဗီဒီယိုဖိုင်မှာ လည်း တွစ်တာတွင် ဝေမျှဖော်ပြ သူအများအပြား ရှိလာသည်။

ဂျပ်စတင်ဘီဘာသည် နောက်ပိုင်းတွင် စင်ပေါ်သို့ ပြန် တက်လာခဲ့သော်လည်း ပရိသတ် ကို စကားမပြောဆိုခဲ့ဟု သတင်း များက ဖော်ပြသည်။ ကြာသ ပတေးညမှစ၍   မန်ချက်စတာ တွင် ဖျော်ဖြေနေသော ဂျပ်စတင် ဘီဘာကို ပရိသတ်အချို့က ရိုင်း စိုင်းသူဟု ပြောဆိုနေကြကာ အခြားပရိသတ်များက ၎င်းဘက် မှ ကာကွယ်ပြောဆိုနေကြပြီး အနာဂတ် မန်ချက်စတာ ဖျော်ဖြေ ပွဲများကို ဖျက်သိမ်းပစ်ရန် တိုက် တွန်းနေကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top