Kantharyar Centre
×

‘ဥပါဒါန္’႐ုပ္ရွင္ဇာတ္ကားတြင္ ျမန္မာဆန္ဆန္ ဘာသာေရးကိုင္း႐ိႈင္းသည့္ မိန္းက ေလးတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ ထားေသာေၾကာင့္ ၎ကို ပရိ သတ္မ်ား ျမင္ဖူးေနက်မဟုတ္ သည့္ ဇာတ္ေကာင္ျဖင့္ ေတြ႕ျမင္ရမည္ဟု နန္းဆုဦးက ေျပာသည္။

‘‘ကာ႐ိုက္တာကေတာ့ နန္း ဆုအရင္က ႐ိုက္ခဲ့တာမ်ိဳးေတြဆို ဂ်စ္ကန္ကန္ပံုစံေလးေတြ ႐ိုက္ တာမ်ားတယ္။ ဒီကာ႐ိုက္တာက ေတာ့ အသစ္အဆန္းတစ္ခုျဖစ္မွာ ပါ’’ဟု ၎က ေျပာသည္။

အဆုိပါဇာတ္ကားတြင္ နန္း ဆုဦးက ဘာသာေရးကိုင္း႐ိႈင္း၍ ျမန္မာဆန္သည့္ မိသားစု၌ ႀကီးျပင္းလာေသာ မိန္းကေလးတစ္ဦး အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး တစ္ ကားလံုးတြင္ ျမန္မာဆန္ဆန္ ဖက္ရွင္မ်ားႏွင့္သာ ေတြ႕ျမင္ရမည္ဟု နန္းဆုဦးက ဆုိသည္။

‘‘လူဆုိတာ ဘယ္ေလာက္ပဲ ဘာသာေရးကိုင္း႐ိႈင္း႐ိႈင္း တခ်ိဳ႕ ေတြက ငါဆုိတာေလးေတြရွိ တယ္။ အၿမဲတမ္းလွဴရင္ေတာင္ ငါ့ဘုန္းႀကီး ငါ့ေက်ာင္း ငါလွဴမယ္ ဆိုတာမ်ိဳးရွိတယ္။ တစ္ခါတေလ က်ရင္ ကိုယ္ကေတာ့ စိတ္ေစတ နာအမွန္နဲ႔ လုပ္လုိက္တယ္။ ဒါ ေပမဲ့ ငါဆုိတာက ပါေနတယ္။ သကၤန္းဆိုလည္း ငါ့ဘုန္းႀကီး ငါ လွဴတာပဲဝတ္ရမယ္။ အဲဒါမ်ိဳးျဖစ္ တတ္တာေလးေတြကို ႐ိုက္ထား တာ’’ဟု ဥပါဒါန္႐ုပ္ရွင္ဇာတ္ကား အေၾကာင္း ၎က ေျပာသည္။

ယင္းဇာတ္ကားတြင္ နန္းဆု ဦးက ခ်ိဳၿပံဳး၊ ခင္ဇာျခည္ေက်ာ္၊ ေမသၪၨာဦးတုိ႔ႏွင့္အတူ တြဲဖက္ သ႐ုပ္ေဆာင္ထားၿပီး ဘုန္းႀကီး ဇာတ္႐ုပ္အတြက္ မင္းသားကိုမူ ႐ုပ္ရွင္အစည္းအ႐ံုး သ႐ုပ္ေဆာင္ သင္တန္းသားမ်ားက ေရြးခ်ယ္ ႐ိုက္ကူးထားသည္။

အဆုိပါ ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးၿပီးပါက ဒါ႐ိုက္တာညိဳ မင္းလြင္ ႐ိုက္ကူးမည့္ ‘အယူေတာ္ မဂၤလာ’႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္မည္ျဖစ္ၿပီး ယင္းဇာတ္ကား၌ ရန္ေအာင္၏ သမီးေနရာတြင္ ပါဝင္ရမည္ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

‘ဥပါဒါန်’ရုပ်ရှင်ဇာတ် ကားတွင် မြန်မာဆန်ဆန် ဘာ သာရေးကိုင်းရှိုင်းသည့် မိန်းက လေးတစ်ဦးအဖြစ် သရုပ်ဆောင် ထားသောကြောင့် ၎င်းကို ပရိ သတ်များ မြင်ဖူးနေကျမဟုတ် သည့် ဇာတ်ကောင်ဖြင့် တွေ့မြင်ရမည်ဟု နန်းဆုဦးက ပြောသည်။

‘‘ကာရိုက်တာကတော့ နန်း ဆုအရင်က ရိုက်ခဲ့တာမျိုးတွေဆို ဂျစ်ကန်ကန်ပုံစံလေးတွေ ရိုက် တာများတယ်။ ဒီကာရိုက်တာက တော့ အသစ်အဆန်းတစ်ခုဖြစ်မှာ ပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားတွင် နန်း ဆုဦးက ဘာသာရေးကိုင်းရှိုင်း၍ မြန်မာဆန်သည့် မိသားစု၌ ကြီးပြင်းလာသော မိန်းကလေးတစ်ဦး အဖြစ် သရုပ်ဆောင်ထားပြီး တစ် ကားလုံးတွင် မြန်မာဆန်ဆန် ဖက်ရှင်များနှင့်သာ တွေ့မြင်ရမည်ဟု နန်းဆုဦးက ဆိုသည်။

‘‘လူဆိုတာ ဘယ်လောက်ပဲ ဘာသာရေးကိုင်းရှိုင်းရှိုင်း တချို့ တွေက ငါဆိုတာလေးတွေရှိ တယ်။ အမြဲတမ်းလှူရင်တောင် ငါ့ဘုန်းကြီး ငါ့ကျောင်း ငါလှူမယ် ဆိုတာမျိုးရှိတယ်။ တစ်ခါတလေ ကျရင် ကိုယ်ကတော့ စိတ်စေတ နာအမှန်နဲ့ လုပ်လိုက်တယ်။ ဒါ ပေမဲ့ ငါဆိုတာက ပါနေတယ်။ သင်္ကန်းဆိုလည်း ငါ့ဘုန်းကြီး ငါ လှူတာပဲဝတ်ရမယ်။ အဲဒါမျိုးဖြစ် တတ်တာလေးတွေကို ရိုက်ထား တာ’’ဟု ဥပါဒါန်ရုပ်ရှင်ဇာတ်ကား အကြောင်း ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် နန်းဆု ဦးက ချိုပြုံး၊ ခင်ဇာခြည်ကျော်၊ မေသဉ္ဇာဦးတို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ထားပြီး ဘုန်းကြီး ဇာတ်ရုပ်အတွက် မင်းသားကိုမူ ရုပ်ရှင်အစည်းအရုံး သရုပ်ဆောင် သင်တန်းသားများက ရွေးချယ် ရိုက်ကူးထားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးပါက ဒါရိုက်တာညို မင်းလွင် ရိုက်ကူးမည့် ‘အယူတော် မင်္ဂလာ’ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ယင်းဇာတ်ကား၌ ရန်အောင်၏ သမီးနေရာတွင် ပါဝင်ရမည်ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top