Property Expo
×




Credit : duwun

#Unicode Version

အန္ဒိယရဲတပ်ဖွဲ့က ဝန်ကြီးချုပ်မိုဒီကို သတိပေးစာ သယ်ဆောင်လာတဲ့ ခိုတစ်ကောင်ကို ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂ ရက်က ပြောကြားပါတယ်။ ပါကစ္စတန်နယ်စပ်ရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားတဲ့ နေရာမှာ ဝန်ကြီးချပ်မိုဒီထံ သတိပေးစာ သယ်ဆောင်လာတဲ့ ခိုတစ်ကောင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ဖမ်ဆီးခဲ့တဲ့ ခိုနဲ့အတူ ငါတို့ဟာ ၁၉၇၁ ခုနှစ်ကနဲ့ အလားတူ လူတွေမဟုတ်ကြောင်းနဲ့ အခုအခါမှာ တစ်ယောက်ချင်းစီးနဲ့ ကလေးတိုင်းက အိန္ဒိယကို ဆန့်ကျင့်တိုက်ခိုက်သွားရန် အသင့်ရှိကြောင်း သတိပေးစာ ပါရှိလာခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံဟာ ၁၉၇၁ ခုနှစ်က နောက်ဆုံးအကြိမ် စစ်မက်ဖြစ်ပွားခဲ့ပါတယ်။

လတ်တလောမှာ နယ်စပ်ဒေသရှိ အိန္ဒိယစစ်စခန်း တိုက်ခိုက်ခံရမှုနဲ့ အိန္ဒိယက ပါကစ္စတန်ပိုင်နက်အတွင်း ဝင်ရောက်ကာ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့မှုတွေကြောင့် အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ တင်းမာမှုများ မြင့်တက်နေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top