Property Expo
×

ဇနီးနဲ႔သားရဲ႕အေလာင္းကို အိမ္ထဲမွာသိမ္းထားတဲ့ အမ်ိဳးသားတစ္ဦးကို ကင္ညာရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ရပါတယ္။ အေလာင္းေတြကို သိမ္းထားတာ ၃ ႏွစ္ေတာင္ ၾကာျမင့္ေနခဲ့ပါၿပီ။

အသက္ ၅၀ အရြယ္ ကီတု မြန္ယိုကီဟာ ၂၀၁၄ ခုႏွစ္က ေသဆံုးသြားတဲ့ ဇနီးသည္ရဲ႕အေလာင္းနဲ႔ ၂၀၁၃ ခုႏွစ္မွာ ေသဆံုးသြားတဲ့ သားရဲ႕အေလာင္းေတြကို အိမ္ထဲမွာ တိတ္တဆိတ္ သိမ္းဆည္းထားခဲ့တာပါ။ ေသသြားၿပီး ကိုးႏွစ္အၾကာမွာ ျပန္႐ွင္လာမွာျဖစ္လို႔ အေလာင္းကို မျမႇဳပ္ဖုိ႔ ဇနီးသည္ကမွာသြားခဲ့တာေၾကာင့္ ယခုလိုသိမ္းထားခဲ့တယ္လို႔ ကီတုက ေျပာပါတယ္။ ဘယ္လိုေသဆံုးသြားၾကသလဲဆိုတာေတာ့ သူက မေျပာျပပါဘူး။

ဇနီးသည္ရဲ႕စကားကို တေသြမတိမ္း လိုက္နာမိခဲ့တဲ့ ကီတုကို တနလၤာေန႔ကစၿပီး ႐ံုးေတာ္မွာ စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဇနီးနဲ့သားရဲ့အလောင်းကို အိမ်ထဲမှာသိမ်းထားတဲ့ အမျိုးသားတစ်ဦးကို ကင်ညာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ရပါတယ်။ အလောင်းတွေကို သိမ်းထားတာ ၃ နှစ်တောင် ကြာမြင့်နေခဲ့ပါပြီ။

အသက် ၅၀ အရွယ် ကီတု မွန်ယိုကီဟာ ၂၀၁၄ ခုနှစ်က သေဆုံးသွားတဲ့ ဇနီးသည်ရဲ့အလောင်းနဲ့ ၂၀၁၃ ခုနှစ်မှာ သေဆုံးသွားတဲ့ သားရဲ့အလောင်းတွေကို အိမ်ထဲမှာ တိတ်တဆိတ် သိမ်းဆည်းထားခဲ့တာပါ။ သေသွားပြီး ကိုးနှစ်အကြာမှာ ပြန်ရှင်လာမှာဖြစ်လို့ အလောင်းကို မမြှုပ်ဖို့ ဇနီးသည်ကမှာသွားခဲ့တာကြောင့် ယခုလိုသိမ်းထားခဲ့တယ်လို့ ကီတုက ပြောပါတယ်။ ဘယ်လိုသေဆုံးသွားကြသလဲဆိုတာတော့ သူက မပြောပြပါဘူး။

ဇနီးသည်ရဲ့စကားကို တသွေမတိမ်း လိုက်နာမိခဲ့တဲ့ ကီတုကို တနင်္လာနေ့ကစပြီး ရုံးတော်မှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top