Property Expo
×

အေမရိကန္တြင္ ဖခင္ျဖစ္သူက အျမင့္မွ ခုန္ခ်ကာ အတူတကြ ေသေၾကာင္းႀကံေစခဲ့ေသာ္လည္း ကေလးငယ္ႏွစ္ဦး အံ့အားသင့္ဖြယ္ အသက္ရွင္ခဲ့ေၾကာင္း သိရသည္။
နယူးဂ်ာစီရွိ ေတာအုပ္တစ္ခုထဲတြင္ ေပ ၁၀၀ မွ် အျမင့္ရွိသည့္ တံတားေပၚမွ ခုန္ခ်ခဲ့သည့္ ဂၽြန္စပင္ကန္၏ ႐ုပ္အေလာင္းကို ရဲတပ္ဖြဲ႕က ယခုသီတင္းပတ္အတြင္း ရွာေတြ႕ခဲ့ၾကသည္။ ၎သည္ တစ္ႏွစ္ႏွင့္ သံုးႏွစ္အရြယ္ သားႏွစ္ဦးကို လက္တစ္ဖက္စီ ေပြ႕ကိုင္ကာ ခုန္ခ်ခဲ့ျခင္း ျဖစ္ေသာ္လည္း ကေလးႏွစ္ဦးကို မလွမ္းမကမ္း ေရစပ္တြင္ အသိရွိလ်က္သား ရွာေတြ႕ခဲ့သည္။

ကေလးႏွစ္ဦးစလံုးကို နီးစပ္ရာ ေဆး႐ံုသို႔ ခ်က္ခ်င္း အေရးေပၚ တင္ပို႔ခဲ့ရၿပီး အျပည့္အဝ ဒဏ္ရာသက္သာလာမည္ဟု ေမွ်ာ္လင့္ထားသည္။ ကေလးမ်ား၏ ဒဏ္ရာ ျပင္းထန္ေသာ္လည္း အသက္အႏၱရာယ္ စိုးရိမ္ရျခင္း မရွိဟု ရဲမ်ားက အတည္ျပဳခဲ့သည္။ “အံ့ဖြယ္သရဲ ကိစၥတစ္ခုလို႔ အေသအခ်ာ ေျပာႏုိင္ပါတယ္။ ျဖစ္ရပ္တစ္ခုလံုးက ေၾကကြဲစရာပါ။ ဒါေပမဲ့ အဆိုးထဲက အေကာင္းအေနနဲ႔ ကေလးေတြ အဆင္ေျပပါတယ္”ဟု ပက္က်ဴေနာ့ခ္ၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွ စခန္းမွဴး ခရစၥတိုဖာ ဒီေပါ့တ္က ေျပာၾကားခဲ့သည္။

ကနဦး စစ္ေဆးမႈမ်ားအရ ဖခင္ျဖစ္သူသည္ တံတားေပၚမွ ရည္ရြယ္ခ်က္ရွိရွိ ခုန္ခ်ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳထားႏုိင္ၿပီ ျဖစ္သည္။ စပင္ကန္သည္ ဇနီးျဖစ္သူႏွင့္ စကားမ်ား ရန္ျဖစ္ၿပီးေနာက္ မိမိကိုယ္ကိုေရာ၊ ကေလးႏွစ္ဦးကိုပါ ဒုကၡေပးမည္ဟု ၿခိမ္းေျခာက္ကာ ကေလးမ်ားႏွင့္အတူ ေနအိမ္မွ ထြက္ခြာလာခဲ့ျခင္းဟု သိရသည္။

စပင္ကန္၏ ဇနီးက ရဲမ်ားထံ ဖုန္းဆက္ အကူအညီေတာင္းၿပီးေနာက္ ၎၏ မိုဘိုင္းဖုန္းကို ေျခရာခံ ေထာက္လွမ္းကာ တံတားေပၚ ရပ္ထားသည့္ ကားကို ရွာေတြ႕ခဲ့သည္။ စပင္ကန္မွာ အျမင့္မွက်သည့္ အရွိန္ေၾကာင့္ ေသဆံုးခဲ့ေသာ္လည္း ကေလးႏွစ္ဦးမွာမူ တံတားေဘးရွိ သစ္ပင္ သစ္ကိုင္းမ်ားေၾကာင့္ ျပဳတ္က်သည့္အရွိန္ ေလ်ာ့သြားၿပီး အသက္ခ်မ္းသာရာ ရခဲ့သည္ဟု ရဲမ်ားက ယူဆေနသည္။
အသက္ ၃၇ ႏွစ္အရြယ္ စပင္ကန္၏ ေသေၾကာင္းႀကံစည္မႈမွာ ပေဟဠိ ဆန္ေနဆဲ ျဖစ္သည္။ စပင္ကန္သည္ မိသားစုကို ခ်စ္ျမတ္ႏိုးသူျဖစ္ၿပီး သားႏွစ္ဦးႏွင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရွိေနေသာ ဓာတ္ပံုအမ်ားအျပားကို Facebookေပၚ တင္ခဲ့ဖူးသူ ျဖစ္သည္။ ယခုအခါ ရဲတပ္ဖြဲ႕က စပင္ကန္၏ စိတ္ပိုင္းဆိုင္ရာ ေနာက္ေၾကာင္းရာဇဝင္ကို ျပန္လည္ စစ္ေဆးေနေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
အမေရိကန်တွင် ဖခင်ဖြစ်သူက အမြင့်မှ ခုန်ချကာ အတူတကွ သေကြောင်းကြံစေခဲ့သော်လည်း ကလေးငယ်နှစ်ဦး အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ကြောင်း သိရသည်။
နယူးဂျာစီရှိ တောအုပ်တစ်ခုထဲတွင် ပေ ၁၀၀ မျှ အမြင့်ရှိသည့် တံတားပေါ်မှ ခုန်ချခဲ့သည့် ဂျွန်စပင်ကန်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ယခုသီတင်းပတ်အတွင်း ရှာတွေ့ခဲ့ကြသည်။ ၎င်းသည် တစ်နှစ်နှင့် သုံးနှစ်အရွယ် သားနှစ်ဦးကို လက်တစ်ဖက်စီ ပွေ့ကိုင်ကာ ခုန်ချခဲ့ခြင်း ဖြစ်သော်လည်း ကလေးနှစ်ဦးကို မလှမ်းမကမ်း ရေစပ်တွင် အသိရှိလျက်သား ရှာတွေ့ခဲ့သည်။

ကလေးနှစ်ဦးစလုံးကို နီးစပ်ရာ ဆေးရုံသို့ ချက်ချင်း အရေးပေါ် တင်ပို့ခဲ့ရပြီး အပြည့်အဝ ဒဏ်ရာသက်သာလာမည်ဟု မျှော်လင့်ထားသည်။ ကလေးများ၏ ဒဏ်ရာ ပြင်းထန်သော်လည်း အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိဟု ရဲများက အတည်ပြုခဲ့သည်။ “အံ့ဖွယ်သရဲ ကိစ္စတစ်ခုလို့ အသေအချာ ပြောနိုင်ပါတယ်။ ဖြစ်ရပ်တစ်ခုလုံးက ကြေကွဲစရာပါ။ ဒါပေမဲ့ အဆိုးထဲက အကောင်းအနေနဲ့ ကလေးတွေ အဆင်ပြေပါတယ်”ဟု ပက်ကျူနော့ခ်မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ခရစ္စတိုဖာ ဒီပေါ့တ်က ပြောကြားခဲ့သည်။

ကနဦး စစ်ဆေးမှုများအရ ဖခင်ဖြစ်သူသည် တံတားပေါ်မှ ရည်ရွယ်ချက်ရှိရှိ ခုန်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားနိုင်ပြီ ဖြစ်သည်။ စပင်ကန်သည် ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်ပြီးနောက် မိမိကိုယ်ကိုရော၊ ကလေးနှစ်ဦးကိုပါ ဒုက္ခပေးမည်ဟု ခြိမ်းခြောက်ကာ ကလေးများနှင့်အတူ နေအိမ်မှ ထွက်ခွာလာခဲ့ခြင်းဟု သိရသည်။

စပင်ကန်၏ ဇနီးက ရဲများထံ ဖုန်းဆက် အကူအညီတောင်းပြီးနောက် ၎င်း၏ မိုဘိုင်းဖုန်းကို ခြေရာခံ ထောက်လှမ်းကာ တံတားပေါ် ရပ်ထားသည့် ကားကို ရှာတွေ့ခဲ့သည်။ စပင်ကန်မှာ အမြင့်မှကျသည့် အရှိန်ကြောင့် သေဆုံးခဲ့သော်လည်း ကလေးနှစ်ဦးမှာမူ တံတားဘေးရှိ သစ်ပင် သစ်ကိုင်းများကြောင့် ပြုတ်ကျသည့်အရှိန် လျော့သွားပြီး အသက်ချမ်းသာရာ ရခဲ့သည်ဟု ရဲများက ယူဆနေသည်။
အသက် ၃၇ နှစ်အရွယ် စပင်ကန်၏ သေကြောင်းကြံစည်မှုမှာ ပဟေဠိ ဆန်နေဆဲ ဖြစ်သည်။ စပင်ကန်သည် မိသားစုကို ချစ်မြတ်နိုးသူဖြစ်ပြီး သားနှစ်ဦးနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေသော ဓာတ်ပုံအများအပြားကို Facebookပေါ် တင်ခဲ့ဖူးသူ ဖြစ်သည်။ ယခုအခါ ရဲတပ်ဖွဲ့က စပင်ကန်၏ စိတ်ပိုင်းဆိုင်ရာ နောက်ကြောင်းရာဇဝင်ကို ပြန်လည် စစ်ဆေးနေကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top