Property Expo
×

 ဆယ္ေက်ာ္သက္အမ်ိဳးသမီးမ်ားတြင္ အရြယ္မတိုင္မီ ကိုယ္ဝန္ေဆာင္မႈမ်ား ပိုၿပီးေတြ႕လာရသျဖင့္ မွန္ကန္သည့္မ်ိဳးဆက္ပြား ပညာေပးမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေနေၾကာင္း သားဖြားမီးယပ္အထူးကုဆရာဝန္ႀကီး တြဲဖက္ပါေမာကၡ ေဒါက္တာစိုးလြင္က ေျပာၾကားသည္။

‘‘ကိုးတန္းေက်ာင္းသူေလးတစ္ေယာက္ ဗိုက္နာလုိ႔ ေအာ္ဟစ္ၿပီး ေဆး႐ံုေရာက္လာတယ္။ သူ႔မိဘေတြကလည္း ကေလးက ဘာျဖစ္မွန္းမသိဘူး။ ဗိုက္နာလို႔ လိွမ့္ေနတယ္ေပါ့။ ကေလးပံုစံကလည္း ဝဝေလး။ ဗိုက္ကိုစမ္းမယ္လုပ္တုန္း တစ္ခါတည္းညႇစ္လိုက္တာ ကေလးေခါင္းေလးထြက္လာတယ္။ အဲဒါကို ေတြ႕လိုက္ရတဲ့ သူ႔အေမလည္း သတိလစ္သြားတယ္’’ဟု ၎က ဆုိသည္။

ဆယ္ေက်ာ္သက္အမ်ိဳးသမီးမ်ား အရြယ္မတိုင္မီ ကိုယ္ဝန္ေဆာင္သည့္ျဖစ္ရပ္မ်ား ေလ်ာ့နည္းလာေစရန္ သိသင့္သိထိုက္သည့္ မ်ိဳးဆက္ပြားပညာေပးမႈမ်ား ျပဳလုပ္ေပးရမည္ျဖစ္ေၾကာင္း ေဒါက္တာစိုးလြင္က ဆုိသည္။

‘‘မိဘက ကိုယ့္ကေလးကို ေက်ာင္းနဲ႔အိမ္၊ က်ဴရွင္နဲ႔အိမ္ မ်က္စိေအာက္က အေပ်ာက္မခံဘဲ ေစာင့္ေရွာက္ေနတာပဲ။  ဒါေပမဲ့ ကိုယ့္ရဲ႕သမီး ရာသီမလာလို႔  စစ္ၾကည့္လိုက္ေတာ့ ကိုယ္ဝန္ရွိေနတယ္။ ဒီေလာက္ဂ႐ုတစိုက္နဲ႔ ေစာင့္ေရွာက္ေနတာေတာင္ ဘာျဖစ္လို႔လဲ ၾကည့္လိုက္ေတာ့ သူက က်ဴရွင္အိမ္ေပၚအတက္ျပၿပီး ေနာက္ေပါက္ကေန ဆင္းသြားတယ္။ ခ်စ္သူနဲ႔ခ်ိန္းေတြ႕ၿပီး က်ဴရွင္ဆင္းခ်ိန္အမီ ျပန္လာတယ္။ ၿပီးေတာ့ မိဘေစာင့္ေနတဲ့ ကားေပၚတက္ၿပီး ျပန္သြားတာ’’ဟု ၎က ေျပာၾကားသည္။

ထို႔ေၾကာင့္ လိင္မႈဆိုင္ရာ သေဘာသဘာဝႏွင့္ မ်ိဳးဆက္ပြားက်န္းမာေရးပညာေပးမႈမ်ားကို မိဘမ်ားအေနျဖင့္ မိမိ၏ သားသမီးမ်ားအား ေျပာျပရန္ လိုအပ္လာေၾကာင္း၊ ပညာေရးစနစ္တြင္လည္း ထည့္သြင္းသင္ၾကားေပးသင့္ၿပီဟုယူဆေၾကာင္း အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေက်ာ္စြာဦးက ဆုိသည္။

‘‘မိဘက လက္ဦးဆရာပဲ။ သားသမီးေတြကို လိင္မႈဆုိင္ရာ သေဘာသဘာဝေတြ၊ မ်ိဳးဆက္ပြားက်န္းမာေရးေတြ၊ စိတ္ေနသေဘာထားေတြ ဒါေတြကို သင္ၾကားေပးရမယ္။ ေရွး႐ိုးစြဲအေတြးေတြ မရွိသင့္ေတာ့ဘူး။ ကိုယ္ေျပာျပမွသိၿပီး ကေလးက ဒါေတြစိတ္ဝင္စားမယ္လို႔ ထင္တာမ်ိဳးမျဖစ္သင့္ဘူး။ နည္းပညာေခတ္ႀကီးမွာ ဖုန္းတစ္ခ်က္ႏွိပ္တာနဲ႔ ဒါေတြသိၾကမယ္။ ကိုယ့္ရဲ႕ကေလးကို အသိတရား၊ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရိွတဲ့ ေတြးေခၚမႈရွိေအာင္ သင္ေပးဖို႔လိုတယ္။ ပညာေရးစနစ္ေတြမွာ Sex Education နဲ႔ပတ္သက္ၿပီး သင္႐ိုးၫႊန္းတမ္းမွာ ပါသင့္ၿပီ။ လိုအပ္တယ္’’ဟု ၎က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ဆယ်ကျော်သက်အမျိုးသမီးများတွင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှုများ ပိုပြီးတွေ့လာရသဖြင့် မှန်ကန်သည့်မျိုးဆက်ပွား ပညာပေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောကြားသည်။

‘‘ကိုးတန်းကျောင်းသူလေးတစ်ယောက် ဗိုက်နာလို့ အော်ဟစ်ပြီး ဆေးရုံရောက်လာတယ်။ သူ့မိဘတွေကလည်း ကလေးက ဘာဖြစ်မှန်းမသိဘူး။ ဗိုက်နာလို့ လှိမ့်နေတယ်ပေါ့။ ကလေးပုံစံကလည်း ဝဝလေး။ ဗိုက်ကိုစမ်းမယ်လုပ်တုန်း တစ်ခါတည်းညှစ်လိုက်တာ ကလေးခေါင်းလေးထွက်လာတယ်။ အဲဒါကို တွေ့လိုက်ရတဲ့ သူ့အမေလည်း သတိလစ်သွားတယ်’’ဟု ၎င်းက ဆိုသည်။

ဆယ်ကျော်သက်အမျိုးသမီးများ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်သည့်ဖြစ်ရပ်များ လျော့နည်းလာစေရန် သိသင့်သိထိုက်သည့် မျိုးဆက်ပွားပညာပေးမှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဒေါက်တာစိုးလွင်က ဆိုသည်။

‘‘မိဘက ကိုယ့်ကလေးကို ကျောင်းနဲ့အိမ်၊ ကျူရှင်နဲ့အိမ် မျက်စိအောက်က အပျောက်မခံဘဲ စောင့်ရှောက်နေတာပဲ။  ဒါပေမဲ့ ကိုယ့်ရဲ့သမီး ရာသီမလာလို့  စစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေတယ်။ ဒီလောက်ဂရုတစိုက်နဲ့ စောင့်ရှောက်နေတာတောင် ဘာဖြစ်လို့လဲ ကြည့်လိုက်တော့ သူက ကျူရှင်အိမ်ပေါ်အတက်ပြပြီး နောက်ပေါက်ကနေ ဆင်းသွားတယ်။ ချစ်သူနဲ့ချိန်းတွေ့ပြီး ကျူရှင်ဆင်းချိန်အမီ ပြန်လာတယ်။ ပြီးတော့ မိဘစောင့်နေတဲ့ ကားပေါ်တက်ပြီး ပြန်သွားတာ’’ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် လိင်မှုဆိုင်ရာ သဘောသဘာဝနှင့် မျိုးဆက်ပွားကျန်းမာရေးပညာပေးမှုများကို မိဘများအနေဖြင့် မိမိ၏ သားသမီးများအား ပြောပြရန် လိုအပ်လာကြောင်း၊ ပညာရေးစနစ်တွင်လည်း ထည့်သွင်းသင်ကြားပေးသင့်ပြီဟုယူဆကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ဆိုသည်။

‘‘မိဘက လက်ဦးဆရာပဲ။ သားသမီးတွေကို လိင်မှုဆိုင်ရာ သဘောသဘာဝတွေ၊ မျိုးဆက်ပွားကျန်းမာရေးတွေ၊ စိတ်နေသဘောထားတွေ ဒါတွေကို သင်ကြားပေးရမယ်။ ရှေးရိုးစွဲအတွေးတွေ မရှိသင့်တော့ဘူး။ ကိုယ်ပြောပြမှသိပြီး ကလေးက ဒါတွေစိတ်ဝင်စားမယ်လို့ ထင်တာမျိုးမဖြစ်သင့်ဘူး။ နည်းပညာခေတ်ကြီးမှာ ဖုန်းတစ်ချက်နှိပ်တာနဲ့ ဒါတွေသိကြမယ်။ ကိုယ့်ရဲ့ကလေးကို အသိတရား၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ တွေးခေါ်မှုရှိအောင် သင်ပေးဖို့လိုတယ်။ ပညာရေးစနစ်တွေမှာ Sex Education နဲ့ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းမှာ ပါသင့်ပြီ။ လိုအပ်တယ်’’ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top