Property Expo
×







Credit:7Day Daily

#Unicode Version
သဝေထိုးခခွေးယပင့် စီးရီး၏ ဒီဗီဒီကို အောက်တိုဘာ ၁၅ ရက်တွင် ထွက်ရှိမည်ဖြစ် ကြောင်း အဆိုတော်ရဲရင့်အောင် က ပြောသည်။

‘‘အော်ဒီယိုထွက်တဲ့အချိန်နဲ့ ၂ နှစ်နီးပါးလောက်ကြာခဲ့ပါ တယ်။ အရမ်းအကြာကြီးစောင့် ခိုင်းခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ အတတ်နိုင်ဆုံး အကောင်း ဆုံး ပုံဖော်ထားပါတယ်’’ဟု ရဲရင့် အောင်က ပြောသည်။

ယင်းဒီဗီဒီတွင် အမ်တီဗီဆန် ဆန် ရိုက်ကူးထားသည့် သီချင်း များပါဝင်ပြီး သီချင်းတိုင်းလိုလို ၌ ၎င်းကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားကြောင်း ပြောကြားသည်။

‘‘မင်းအမေတော့ ဆူတော့ မှာပဲ သီချင်းကို ရေးကတည်းက အမ်တီဗီရိုက်ဖို့ စဉ်းစားကတည်း က အမေနေရာမှာ လူရွှင်တော်ထဲ က တစ်ယောက်ယောက်ထည့် ချင်ခဲ့တယ်။ အဲဒီသီချင်းက ဦးခင် လှိုင်နဲ့ ရိုက်ထားတယ်’’ဟု ရဲရင့် အောင်က ပြောသည်။

ယင်းအခွေထွက်ရှိပြီးပါက ဒုတိယတစ်ကိုယ်တော်အခွေအ တွက် စတင်စီစဉ်မည်ဟု သိရ သည်။

‘‘အမှန်အတိုင်းပြောရရင် သဝေထိုးခခွေးယပင့်ပြီးရင် ဒုတိ ယအခွေအတွက် အချိန်ပေးမှာ ဖြစ်တဲ့အတွက် လောလောဆယ် တော့ ဇာတ်ကားရိုက်ဖို့ အစီအစဉ် မရှိဘူး။ ဒါပေမဲ့ ဘယ်လိုပြောင်း လဲမလဲဆိုတာတော့ မပြောတတ် သေးဘူး’’ဟု ရဲရင့်အောင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top