Property Expo
×

ေတာင္းပန္တယ္သီခ်င္းနဲ႕ပရိသတ္တခဲနက္ လက္ခံအားေပးျခင္းခံခဲ့ရသူကေတာ့ အဆိုေတာ္ ေအာင္လပါ။ ေအာင္လဟာ အိမ္ေထာင္က်သြားၿပီးကတည္းက သူ႕ရဲ႕ ဂီတပိုင္းဆုိင္ရာ လႈပ္ရွားမႈေတြေအးစက္ခဲ့သလို အေခြတစ္ေခြနဲ႕တစ္ေခြ ထြက္ခ်ိန္ဟာလဲ ၾကာျမင့္ခဲ့ပါတယ္။ ဂီတနဲ႕ေ၀းေနတဲ့ အခ်ိန္ကာလေတြမွာ ကိုယ္တိုင္ကလဲ ေမ်ာေနသလို လူမႈေရးျပသနာမ်ား၊ ႏုိင္ငံျခားခရီးစဥ္မ်ားနဲ႕ Band အသစ္တစ္ခု ျပန္လည္ဖြဲ႕စည္းေနရတာေတြေၾကာင့္ သီခ်င္းေရးတာ၊ ရိႈးဆိုတာေတြအျပင္ အထူးတလည္ဘာကိုမွ မလုပ္ျဖစ္ခဲ့ဖူးလို႕သိရပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ရက္မ်ားအတြင္းက လူမႈကြန္ယက္ေပၚမွာ  ေအာင္လရဲ႕ လူမႈေရးသတင္းေတြနဲ႕ပတ္သက္ၿပီး အေတာ္ေလး လႈပ္ခတ္ခဲ့သလို အိမ္ေထာင္ကြဲသြားၿပီလို႕သူကုိယ္တုိင္သံုးတဲ့ ေဖ့စ္ဘြတ္ခ္ အေကာင့္မွာ တင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေအာင္လကို ခ်စ္တဲ့ပရိသတ္ေတြအတြက္ သူ႕ရဲ႕လူမႈေရးျပသနာေတြအျပင္ အိမ္ေထာင္ကြဲရတဲ့အေၾကာင္းအရင္းမ်ားသာမက လက္ရွိဂီတလႈပ္ရွားမႈမ်ားကိုပါ သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အေရွ႕မွာျဖစ္တဲ့ လူမႈေရးျပသနာေၾကာင့္ အစ္ကို႕ အႏုပညာပိုင္းမွာ ထိခုိက္တာမ်ိဳးေရာ ၾကံဳရလား။

မျဖစ္ဘူး။ မျဖစ္ဘူးဆိုတာက ၾကားၾကားခ်င္းကေတာ့ ေကာလာဟလေတြေၾကာင့္ စိတ္မေကာင္းဘူးေပါ့။ အိမ္ေထာင္ေရးလဲ ကြဲထားတယ္ဆိုေတာ့ ဘာပဲေျပာေျပာ နဂိုကတည္းကမွ စိတ္ထိခုိက္ေနတာေလ။ စိတ္ထိခုိက္ေနတဲ့ၾကားထဲမွာမွ လူေတြကတစ္ေယာက္တစ္မ်ိဳးေျပာေနၾကတယ္ဆိုေတာ့ ၾကည့္ၾကည့္ၿပီးခ်င္းမွာေတာ့ စိတ္ထိခုိက္တယ္။ ေနာက္ပိုင္းက်ေတာ့ ေဖ့စ္ဘြတ္မသံုးေတာ့ပဲ သီခ်င္းကိုပဲ အဓိကလုပ္ျဖစ္တယ္။ လူေတြပိုေျပာေလေလ သီခ်င္းေတြပိုလုပ္ျဖစ္ေလေလပဲ။

-အဲ့ဒါေၾကာင့္အသည္းကြဲသီခ်င္းေတြထြက္လာတာလား။

ဟုတ္ပါတယ္။ အဲ့ဒီလိုလဲေျပာလို႕ရပါတယ္။

-အိမ္ေထာင္သက္ ဘယ္ေလာက္အၾကာမွာ ကြဲခဲ့တာလဲ။

ကၽြန္ေတာ္တုိ႕က ၂၀၁၄ မွာအိမ္ေထာင္က်တယ္။ ၂၀၁၆ မွာကြဲသြားတာေပါ့။ အိမ္ေထာင္သက္ ၂ ႏွစ္မွာကြဲသြားတာေပါ့။ ရည္းစားျဖစ္တာက ၅ ႏွစ္၊ ၿပီးေတာ့မွ အိမ္ေထာင္က်တာေပါ့။ ငါးႏွစ္ဆိုေပမဲ့လဲ ကၽြန္ေတာ္တို႕က Long Distance Relationship ဆိုေတာ့ေလ။ တစ္ႏွစ္မွ တစ္ခါေလာက္ပဲျပန္လာတယ္ဆုိေတာ့ သိပ္ေတာ့ ၾကာၾကာအတူတူ မရွိခဲ့ရဘူး။ ဒါေပမဲ့ ၂၀၁၄ မွာေတာ့ ယူဖို႕ဆံုးျဖတ္ခဲ့ၾကတယ္။ သို႕ေပမဲ့လဲ ၂၀၁၅ ေလာက္မွာကတည္းက စၿပီးညွိေနရတယ္။ ကၽြန္ေတာ္တို႕ႏွစ္ေယာက္က မိသားစုဘ၀ဘယ္လိုမွ တည္ေဆာက္လို႕မရဘူး။ သူကလဲ ဒီျပန္လာလို႕မရသလုိ ကၽြန္ေတာ္ကလဲ ဟုိကိုလုိက္သြားလို႕မရဘူး။ သူ႕ဆီကုိ လိုက္သြားဖုိ႕အၾကိမ္ၾကိမ္ၾကိဳးစားဖူးတယ္။ ေရွ႕မွာလဲ အင္တာဗ်ဴးေတြေတာ္ေတာ္မ်ားမ်ားေျဖဖူးတယ္။ ဒါေပမဲ့ တကယ့္တကယ္တမ္း ဂီတကိုစြန္႕လႊတ္ရမယ္ဆုိရင္ ဘယ္လိုမွစြန္႕လႊတ္လို႕မရဘူး။ အဲ့ဒါေၾကာင့္ေနာက္ဆံုး နားလည္မႈယူၿပီး လမ္းခြဲလုိက္တာေကာင္းမယ္ဆုိၿပီး သူနဲ႕ႏွစ္ေယာက္ တိုင္ပင္ၿပီး လမ္းခြဲလိုက္ၾကတာပါ။

-အစ္ကို႕တို႕အတြဲကိုဆို ပရိသတ္ေတြက ခ်စ္သူဘ၀ကတည္းက Long Distance Relationship နဲ႕အၾကာၾကီးတြဲၿပီးယူလုိက္ၾကတဲ့အထိဆိုေတာ့ အားက်ၾကတယ္ေပါ့။ ဒီအေပၚမွာအခုလုိျဖစ္သြားတဲ့အေပၚသူတို႕ကလဲစိတ္မေကာင္းၾကဘူး။

အဲ့ဒီကိစၥအတြက္ကို ကၽြန္ေတာ္ကိုယ္တိုင္ကုိကစိတ္မေကာင္းပါဘူး။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ္ကိုယ္တိုင္လဲ မျဖစ္ခ်င္ပဲျဖစ္လုိက္ရတယ္ဆိုတဲ့ သေဘာပါပဲ။ ဘာလို႕လဲဆိုေတာ့ ဘုရားေဟာသလိုပဲေလ။ ဘယ္အရာမွမျမဲဘူးေပါ့။ ကၽြန္ေတာ္တို႕ၾကားမွာလဲ တျခားသူေတြမသိတဲ့ အခက္အခဲေလးေတြရွိတယ္။ ဘယ္လိုမွေပါင္းလုိ႕မရလို႕ကြဲသြားတယ္လုိ႕လဲျမင္ေစခ်င္ပါတယ္။ ဘာလို႕လဲဆိုေတာ့ သူ႕ကိုပဲ မနစ္နာေစခ်င္ဘူး။ ကၽြန္ေတာ္လဲသူ႕ကိုနစ္နစ္နာနာဘာမွမလုပ္ဘူး။ ႏွစ္ဦးသေဘာတူ ကၽြန္ေတာ္လဲသူ႕ကိုေျပာထားတယ္။ ေမာင္ႏွမလို အကူအညီလိုရင္ ကၽြန္ေတာ့္ဆီဖုန္းဆက္ ကၽြန္ေတာ္လဲတစ္ခုခုလိုတာရွိရင္ ဖုန္းဆက္မယ္။ ေရွ႕ဆက္ဒီလိုပဲသြားေနမယ္။ အဲ့ဒီလိုေျပာထားပါတယ္။

-အစ္ကို႕ဖက္ကရပ္တည္ေပးတဲ့ပရိသတ္ရွိသလုိ ဆိုးဆိုး၀ါး၀ါးေ၀ဖန္တဲ့ပရိသတ္လဲရွိတဲ့အတြက္ အဲ့ဒီအေပၚ အစ္ကို႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ကၽြန္ေတာ့္ဖက္ကရပ္တည္ေပးတဲ့ ပရိသတ္ေတြကိုလဲ ေက်းဇူးတင္တယ္။ ေသခ်ာဂဃနဏမသိပဲေ၀ဖန္တဲ့ ပရိသတ္ေတြကိုလဲေက်းဇူးတင္ပါတယ္။ သူတို႕စိတ္ထဲမွာ ကၽြန္ေတာ္ရွိသြားလို႕ေလ။ သူတို႕ကၽြန္ေတာ့ကို ေကာင္းတာပဲေျပာေျပာ၊ မေကာင္းတာပဲေျပာေျပာ သူတို႕စိတ္ထဲမွာရွိလို႕ေျပာတာေပါ့။ အဲ့ဒါေၾကာင့္ေက်နပ္ပါတယ္လို႕။

-ေဖ့စ္ဘြတ္မွာတက္လာတဲ့ အစ္ကုိ႕မိန္းမမွာ ပထမအိမ္ေထာင္ရွိတယ္ဆိုတာကေရာ အစ္ကိုေျဖလိုက္တာလား။

ဟုတ္တယ္။ ေျဖလိုက္တယ္ဆိုတာကလဲ ေမးလို႕ေျဖလိုက္တာပါ။ ဒါေပမဲ့အဲ့ဒါကေျဖေတာ့ မေျဖသင့္ပါဘူး။ အမွန္အတိုင္းေျပာရရင္ သူ႕အတြက္လဲ မေကာင္းဘူး။ ဒါေပမဲ့တစ္ခုရွိတာက ပရိသတ္က ဘယ္ဟာကမွန္တယ္။ ဘယ္ဟာကမွားလဲဆိုတာမသိဘူး။ ေရာေနတဲ့အခါက်ေတာ့ ကၽြန္ေတာ့ကိုေမးတဲ့အခါက်ေတာ့ ကၽြန္ေတာ္အမွန္အတိုင္းပဲေျဖလိုက္တာပါ။

-အစ္ကိုတို႕အိမ္ေထာင္ကြဲရတဲ့ျပသနာက အဲ့ဒါေၾကာင့္ေရာပါလား။

မဆုိင္ဘူး။ မဆုိင္ဘူး။ ကၽြန္ေတာ္သူပထမအိမ္ေထာင္ရွိတယ္ဆိုကတည္းက သိၿပီးသား။ ကၽြန္ေတာ့္အေရွ႕မွာသူ႕ဟာသူ ဘယ္ႏွေယာက္ပဲရွိရွိ ကၽြန္ေတာ္ကသိပ္ဂရုမစိုက္ဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္စိတ္သေဘာထားခ်င္းနားလည္တယ္။ ခ်စ္ခင္တယ္ ဆိုရင္ပဲကၽြန္ေတာ္ေက်နပ္တယ္။ သူ႕ဟာသူအိမ္ေထာင္ဘယ္ေလာက္ပဲကြဲကြဲ၊ အပ်ိဳစစ္တာ မစစ္တာေတြ ကၽြန္ေတာ္ဂရုစိုက္တတ္တဲ့သူမဟုတ္ပါဘူး။

-တစ္ဖက္ကေတာ့ အစ္ကို႕ကို အဆုိေတာ္မင္းသမီး တစ္ေယာက္နဲ႕ေဖာက္ျပန္တယ္ဆုိၿပီးစာေတြတင္ထားတာေတြ႕ရတယ္။

သူကကၽြန္ေတာ့္ကို unfri လုပ္ၿပီး public နဲ႕စာတင္ထားတာေတာ့ေတြ႕တယ္။ ကၽြန္ေတာ္ျမင္ေအာင္ေပါ့။ သူတင္တဲ့စာသားေတြအရဆိုရင္ သူခံစားရေတာ့လဲ သူနာေတာ့ နာၾကည္းမွာေပါ့ေလ။ ကၽြန္ေတာ္လဲေသခ်ာေတာ့မသိဘူး။ ကၽြန္ေတာ္ေဖာက္ျပန္ထားတာေတာ့ ဘာမွမရွိဘူး။ ကၽြန္ေတာ္တို႕တရား၀င္ကြာရွင္းထားတယ္။ မကြာရွင္းခင္အထိကုိ ေဖာက္ျပန္ထားတာဘာမွမရွိပါဘူး။ အိမ္ေထာင္သက္တစ္ေလွ်ာက္လံုးေဖာက္ျပန္ထားတာ ဘာမွမရွိပါဘူး။

-၂၀ရက္ေန႕ကြာရွင္းတယ္။ မကြာရွင္းခင္ ၄ ရက္ေန႕မွာ ဗီဒီယိုေလးတက္လာေတာ့ ပရိသတ္ေတြကစိတ္မေကာင္းျဖစ္ၾကတယ္။

ကၽြန္ေတာ္တင္တာမဟုတ္ဘူး။ သူတင္တာပါ။ အဲ့ဒီဗီဒီယိုကလဲၾကာပါၿပီ။ အဲ့ဒီေန႕ကမွ ဘာလို႕လဲမသိဘူး။ သူတင္လိုက္တယ္ဆုိေတာ့သူလဲသူ႕ခံစားခ်က္နဲ႕သူရွိမွာေပါ့ေလ။ ဒါေပမဲ့လဲ ကၽြန္ေတာ္တို႕က မျဖစ္ႏုိင္ဘူး။ အမွန္အတုိင္းေျပာရရင္ ကၽြန္ေတာ္က မိသားစုလိုခ်င္ၿပီ။ သူကဒီကို လိုက္ေနလို႕မရဘူး။ ဟိုမွာကစာခ်ဳပ္နဲ႕အလုပ္လုပ္ေနရတာဆုိေတာ့ ကၽြန္ေတာ္ကလဲမိသားစုလိုခ်င္ၿပီ။ ကေလးလဲလုိခ်င္ၿပီ။ ကၽြန္ေတာ့္အသက္ကလဲ ၃၁ ရွိၿပီဆိုေတာ့ မိသားစုအတည္တက်လုိခ်င္ၿပီဆုိေတာ့ သူနဲ႕ကၽြန္ေတာ္ေဆြးေႏြးတယ္။ ညွိႏိႈင္းတယ္။ လာေနလို႕ရလား။ ကၽြန္ေတာ္လိုက္သြားလို႕ရလား။ အဲ့ဒီႏွစ္ခုစလံုးက အဆင္မေျပဘူး။ အဓိကအိမ္ေထာင္ကြဲရတဲ့ျပသနာက အဲ့ဒါေၾကာင့္ပါ။ အမွန္ေတာ့ ေျပာရရင္ Long Distance Relationship သမားေတြသိပါလိမ့္မယ္။ အေနေ၀းရင္ေသြးေအးလာတာမ်ိဳးေတာ့ ရွိေတာ့ရွိတာေပါ့။ ဒါကိုလဲ အေ၀းကေန ခ်စ္ေနၾကတဲ့သူေတြသိမွာပါ။ ကၽြန္ေတာ္တို႕တြဲခဲ့တာက ၇ႏွစ္၊ ၈ႏွစ္ေလာက္ရွိတယ္ဆိုေတာ့ အဲ့ဒီေလာက္ခံဖို႕ကိုေတာ္ေတာ္ေလးကိုနားလည္မႈယူၾကတာပါ။ ၈ႏွစ္လံုးကို ျပန္တြက္ၾကည့္ရင္ အတူတူရွိတဲ့အခ်ိန္က တစ္ႏွစ္ေလာက္ပဲရွိပါတယ္။

-အခုလက္ရွိမွာ ဂီတနဲ႕ပတ္သက္ၿပီး ဘာေတြလုပ္ျဖစ္ေနလဲ။

ကၽြန္ေတာ္အခု တတိယအေခြေတာ္ေတာ္မ်ားမ်ားၿပီးသြားပါၿပီ။ အေခြနာမည္က အသံုးေတာ္ခံတဲ့။ အဲ့ဒီအေခြကို ဇန္န၀ါရီေလာက္ထြက္ႏုိင္ေအာင္ၾကိဳးစားေနပါတယ္။

-ဘယ္ႏွပုဒ္ေလာက္လုပ္ထားျဖစ္လဲ။

ေလာေလာဆယ္က ၁၅ ပုဒ္ေလာက္စီထားပါတယ္။ ဒါေပမဲ့ အကုန္ေတာ့ မပါဘူး။ ေလွ်ာ့သင့္တာေလွ်ာ့ ၊ ျဖည့္သင့္တာျဖည့္ေပါ့။ ထပ္ေရြးဦးမွာပါ။

-အခုတတိယေျမာက္အေခြေလးက အရင္လုပ္ခဲ့တဲ့ အေခြေတြနဲ႕ဘယ္လိုကြာျခားမႈရွိမလဲ။

ကြာျခားတယ္။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ္တို႕အရင္ Reason ကအတီးသမားႏွစ္ေယာက္မဟုတ္ေတာ့ဘူးေလ။ အဲ့ဒီေတာ့ ျမဴးဆစ္စတုိင္လဲနည္းနည္းေျပာင္းသြားသလို၊ ပထမအေခြနဲ႕ဒုတိယအေခြစတိုင္ေျပာင္းသလို ဒုတိယအေခြနဲ႕တတိယအေခြလဲစတုိင္ေျပာင္းသြားပါတယ္။

-ဒုတိယအေခြထြက္ၿပီး အစ္ကို ဂီတေလာကနဲ႕နည္းနည္း အဆက္ျပတ္သြားသလိုခံစားရတယ္ေနာ္။

ဒုတိယအေခြထြက္ၿပီး ၄ ႏွစ္ေလာက္ရွိသြားၿပီ။ ပထမေခြနဲ႕ဒုတိယအေခြတုန္းကလဲ ၄ ႏွစ္ပဲ။ အခုဒုတိယအေခြနဲ႕တတိယအေခြမွာလဲ ၄ ႏွစ္ပဲေပါ့။

-ေလးႏွစ္ေလာက္ဟသြားတဲ့အခ်ိန္မွာ ဒီတတိယအေခြအျပင္ဘာေတြေရာ လုပ္ျဖစ္ေနေသးလဲ။

ေလးႏွစ္ေလာက္ၾကာသြားေပမဲ့ ႏွစ္ႏွစ္ေလာက္အၾကာမွာ ဒုတိယအေခြရဲ႕ အမ္တီဗီထြက္တယ္။ ေနာက္ပိုင္းကေတာ့ ကၽြန္ေတာ္အခုေလာက္မၾကာေတာ့ပါဘူး။ ခပ္စိပ္စိပ္ေလးထြက္ႏုိင္ေအာင္ၾကိဳးစားပါ့မယ္။ တစ္ေခြနဲ႕တစ္ေခြအရမ္းၾကာသြားတယ္ဆုိတာကလဲ ကၽြန္ေတာ္တို႕က Ever ေမ်ာေနလို႕ပါ။

-ေတးေရးအေနနဲ႕ကေရာ ဘယ္သူေတြပါလဲ။

ကိုက်ားေပါက္၊ ေရမြန္၊ ေ၀ယံ၊ ေဇာ္ေဇာ္ ေနာက္ ရဲျမတ္ေက်ာ္ လက္ရွိက အဲ့ဒီေလာက္ပဲ။ က်န္တာကေတာ့ ကၽြန္ေတာ္ေရးတာေပါ့။

-တတိယအေခြထဲမွာ အခ်စ္သီခ်င္း၊ အသည္းကြဲသီခ်င္း၊ ဘ၀သီခ်င္းဆို ဘယ္ဟာကပိုမ်ားမလဲ။

အခ်စ္သီခ်င္းနဲ႕အလြမ္းသီခ်င္းက ဒီရက္ပိုင္းမွ ကၽြန္ေတာ္ေရးျဖစ္လိုက္တဲ့သီခ်င္းေလးေတြထည့္ျဖစ္သြားတယ္။ အစက လံုး၀မပါဘူး။ ဘ၀အေၾကာင္းအရာေတြပဲမ်ားတယ္။ အခုမွ အခ်စ္သီခ်င္းနဲ႕အသည္းကြဲသီခ်င္းႏွစ္ပုဒ္စီထပ္ထည့္ျဖစ္သြားတာေပါ့။

-ပြင့္လင္းရာသီလဲေရာက္ၿပီဆိုေတာ့ လက္ခံထားတဲ့ ရိႈးပြဲေလးေတြရွိရင္လဲ ေျပာျပေပးပါဦး။

ရိႈးက သီတင္းကၽြတ္ကို က်ိဳကၡမီပြဲသြားပါတယ္။ Band ကေတာ့သိတဲ့အတိုင္း တျခားအဆုိေတာ္ေတြေလာက္ေတာ့ ရိႈးမမ်ားဘူးေပါ့။ ဒါေပမဲ့ New Year ရန္ကုန္မွာရွိမယ္။ ဒီဇင္ဘာ ၂၄ က ေမျမိဳ႕မွာရွိမယ္။ ေနာက္ေဖေဖာ္၀ါရီလထဲမွာ ကၽြန္ေတာ္တို႕Reason ရယ္၊ Idiots ရယ္ 2band ရိႈးရွိပါတယ္။

-SIR နဲ႕ Relationships ကေရာ ဘယ္လိုျဖစ္သြားၿပီလဲ။

ကၽြန္ေတာ္တို႕ အခု သံုးဖြဲ႕ကေတာ့ တစ္ဖြဲ႕ခ်င္းစီပဲ ျဖစ္သြားၿပီးေတာ့ ဒီအဖြဲ႕သံုးဖြဲ႕ ပဲဆက္လုပ္ဖို႕ရွိပါတယ္။ Reason ၊ Idiots ၊ Bigbag ရယ္ေပါ့။ SIR ထဲကေန ကၽြန္ေတာ္တုိ႕သံုးဖြဲ႕လံုး ထြက္လုိက္တာပါ။

-SIR ေအာက္ကထြက္လိုက္တာကေရာ ဘာေၾကာင့္မ်ားလဲ။

အဓိကကေတာ့ ညွိလို႕မရတာေလးေတြကစတာေပါ့။ တစ္ေယာက္နဲ႕တစ္ေယာက္ညွိလို႕မရတဲ့အပိုင္းေလးေတြမ်ားလာတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႕SIR နဲ႕ဆက္မလုပ္ေတာ့ပဲ ကၽြန္ေတာ္တို႕ band သံုးခုက ထြက္လိုက္တာပါ။

-ကိုယ္သီခ်င္းျပန္ဖန္တီးတဲ့အခါမွာေရာ ႏုိင္ငံျခားကသီခ်င္းေတြဆီက နည္းနည္းျပန္ယူတာမ်ိဳးရွိလား။

အမ်ားဆံုးျပန္ယူသံုးျဖစ္ရင္ ကုိက်ားတို႕၊ တြတ္ပီတို႕ေရးတဲ့သီခ်င္းေတြကုိ ကၽြန္ေတာ္အားက်တယ္ေလ။ သူတို႕စာသားေတြနားေထာင္ၿပီး ငါလဲျပန္ေရးရမယ္ဆုိၿပီး modify ျပန္လုပ္တာမ်ိဳးေတာ့ ကကၽြန္ေတာ္တုိ႕သံုးေယာက္မွာအျမဲရွိတယ္။ ကၽြန္ေတာ္တို႕သံုးေယာက္က ညီအစ္ကိုလိုျဖစ္ေနတာဆိုေတာ့ေလ။

-ၾကားထဲမွာ ဂီတအျပင္ဘာေတြလုပ္ျဖစ္ေနေသးလဲ။

ဘာမွမလုပ္ျဖစ္ဘူး။ ကၽြန္ေတာ္ၾကားထဲမွာလူမႈေရးျပသနာေလးေတြလဲျဖစ္တယ္။ ေနာက္ႏုိင္ငံျခားထြက္ေနတာေလးေတြလဲပါတယ္။ ေနာက္ band အသစ္ျပန္ဖြဲ႕စည္းေနရတာေၾကာင့္လဲပါတယ္။ နည္းနည္းဟသြားတာပါ။ ေနာက္အေခြေတြကသိပ္မၾကာေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

တောင်းပန်တယ်သီချင်းနဲ့ပရိသတ်တခဲနက် လက်ခံအားပေးခြင်းခံခဲ့ရသူကတော့ အဆိုတော် အောင်လပါ။ အောင်လဟာ အိမ်ထောင်ကျသွားပြီးကတည်းက သူ့ရဲ့ ဂီတပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအေးစက်ခဲ့သလို အခွေတစ်ခွေနဲ့တစ်ခွေ ထွက်ချိန်ဟာလဲ ကြာမြင့်ခဲ့ပါတယ်။ ဂီတနဲ့ဝေးနေတဲ့ အချိန်ကာလတွေမှာ ကိုယ်တိုင်ကလဲ မျောနေသလို လူမှုရေးပြသနာများ၊ နိုင်ငံခြားခရီးစဉ်များနဲ့ Band အသစ်တစ်ခု ပြန်လည်ဖွဲ့စည်းနေရတာတွေကြောင့် သီချင်းရေးတာ၊ ရှိုးဆိုတာတွေအပြင် အထူးတလည်ဘာကိုမှ မလုပ်ဖြစ်ခဲ့ဖူးလို့သိရပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်များအတွင်းက လူမှုကွန်ယက်ပေါ်မှာ  အောင်လရဲ့ လူမှုရေးသတင်းတွေနဲ့ပတ်သက်ပြီး အတော်လေး လှုပ်ခတ်ခဲ့သလို အိမ်ထောင်ကွဲသွားပြီလို့သူကိုယ်တိုင်သုံးတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ တင်ခဲ့ပါတယ်။ ဒါ့ကြောင့် အောင်လကို ချစ်တဲ့ပရိသတ်တွေအတွက် သူ့ရဲ့လူမှုရေးပြသနာတွေအပြင် အိမ်ထောင်ကွဲရတဲ့အကြောင်းအရင်းများသာမက လက်ရှိဂီတလှုပ်ရှားမှုများကိုပါ သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အရှေ့မှာဖြစ်တဲ့ လူမှုရေးပြသနာကြောင့် အစ်ကို့ အနုပညာပိုင်းမှာ ထိခိုက်တာမျိုးရော ကြုံရလား။

မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက ကြားကြားချင်းကတော့ ကောလာဟလတွေကြောင့် စိတ်မကောင်းဘူးပေါ့။ အိမ်ထောင်ရေးလဲ ကွဲထားတယ်ဆိုတော့ ဘာပဲပြောပြော နဂိုကတည်းကမှ စိတ်ထိခိုက်နေတာလေ။ စိတ်ထိခိုက်နေတဲ့ကြားထဲမှာမှ လူတွေကတစ်ယောက်တစ်မျိုးပြောနေကြတယ်ဆိုတော့ ကြည့်ကြည့်ပြီးချင်းမှာတော့ စိတ်ထိခိုက်တယ်။ နောက်ပိုင်းကျတော့ ဖေ့စ်ဘွတ်မသုံးတော့ပဲ သီချင်းကိုပဲ အဓိကလုပ်ဖြစ်တယ်။ လူတွေပိုပြောလေလေ သီချင်းတွေပိုလုပ်ဖြစ်လေလေပဲ။

-အဲ့ဒါကြောင့်အသည်းကွဲသီချင်းတွေထွက်လာတာလား။

ဟုတ်ပါတယ်။ အဲ့ဒီလိုလဲပြောလို့ရပါတယ်။

-အိမ်ထောင်သက် ဘယ်လောက်အကြာမှာ ကွဲခဲ့တာလဲ။

ကျွန်တော်တို့က ၂၀၁၄ မှာအိမ်ထောင်ကျတယ်။ ၂၀၁၆ မှာကွဲသွားတာပေါ့။ အိမ်ထောင်သက် ၂ နှစ်မှာကွဲသွားတာပေါ့။ ရည်းစားဖြစ်တာက ၅ နှစ်၊ ပြီးတော့မှ အိမ်ထောင်ကျတာပေါ့။ ငါးနှစ်ဆိုပေမဲ့လဲ ကျွန်တော်တို့က Long Distance Relationship ဆိုတော့လေ။ တစ်နှစ်မှ တစ်ခါလောက်ပဲပြန်လာတယ်ဆိုတော့ သိပ်တော့ ကြာကြာအတူတူ မရှိခဲ့ရဘူး။ ဒါပေမဲ့ ၂၀၁၄ မှာတော့ ယူဖို့ဆုံးဖြတ်ခဲ့ကြတယ်။ သို့ပေမဲ့လဲ ၂၀၁၅ လောက်မှာကတည်းက စပြီးညှိနေရတယ်။ ကျွန်တော်တို့နှစ်ယောက်က မိသားစုဘဝဘယ်လိုမှ တည်ဆောက်လို့မရဘူး။ သူကလဲ ဒီပြန်လာလို့မရသလို ကျွန်တော်ကလဲ ဟိုကိုလိုက်သွားလို့မရဘူး။ သူ့ဆီကို လိုက်သွားဖို့အကြိမ်ကြိမ်ကြိုးစားဖူးတယ်။ ရှေ့မှာလဲ အင်တာဗျူးတွေတော်တော်များများဖြေဖူးတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်း ဂီတကိုစွန့်လွှတ်ရမယ်ဆိုရင် ဘယ်လိုမှစွန့်လွှတ်လို့မရဘူး။ အဲ့ဒါကြောင့်နောက်ဆုံး နားလည်မှုယူပြီး လမ်းခွဲလိုက်တာကောင်းမယ်ဆိုပြီး သူနဲ့နှစ်ယောက် တိုင်ပင်ပြီး လမ်းခွဲလိုက်ကြတာပါ။

-အစ်ကို့တို့အတွဲကိုဆို ပရိသတ်တွေက ချစ်သူဘဝကတည်းက Long Distance Relationship နဲ့အကြာကြီးတွဲပြီးယူလိုက်ကြတဲ့အထိဆိုတော့ အားကျကြတယ်ပေါ့။ ဒီအပေါ်မှာအခုလိုဖြစ်သွားတဲ့အပေါ်သူတို့ကလဲစိတ်မကောင်းကြဘူး။

အဲ့ဒီကိစ္စအတွက်ကို ကျွန်တော်ကိုယ်တိုင်ကိုကစိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ မဖြစ်ချင်ပဲဖြစ်လိုက်ရတယ်ဆိုတဲ့ သဘောပါပဲ။ ဘာလို့လဲဆိုတော့ ဘုရားဟောသလိုပဲလေ။ ဘယ်အရာမှမမြဲဘူးပေါ့။ ကျွန်တော်တို့ကြားမှာလဲ တခြားသူတွေမသိတဲ့ အခက်အခဲလေးတွေရှိတယ်။ ဘယ်လိုမှပေါင်းလို့မရလို့ကွဲသွားတယ်လို့လဲမြင်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကိုပဲ မနစ်နာစေချင်ဘူး။ ကျွန်တော်လဲသူ့ကိုနစ်နစ်နာနာဘာမှမလုပ်ဘူး။ နှစ်ဦးသဘောတူ ကျွန်တော်လဲသူ့ကိုပြောထားတယ်။ မောင်နှမလို အကူအညီလိုရင် ကျွန်တော့်ဆီဖုန်းဆက် ကျွန်တော်လဲတစ်ခုခုလိုတာရှိရင် ဖုန်းဆက်မယ်။ ရှေ့ဆက်ဒီလိုပဲသွားနေမယ်။ အဲ့ဒီလိုပြောထားပါတယ်။

-အစ်ကို့ဖက်ကရပ်တည်ပေးတဲ့ပရိသတ်ရှိသလို ဆိုးဆိုးဝါးဝါးဝေဖန်တဲ့ပရိသတ်လဲရှိတဲ့အတွက် အဲ့ဒီအပေါ် အစ်ကို့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ကျွန်တော့်ဖက်ကရပ်တည်ပေးတဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးတင်တယ်။ သေချာဂဃနဏမသိပဲဝေဖန်တဲ့ ပရိသတ်တွေကိုလဲကျေးဇူးတင်ပါတယ်။ သူတို့စိတ်ထဲမှာ ကျွန်တော်ရှိသွားလို့လေ။ သူတို့ကျွန်တော့ကို ကောင်းတာပဲပြောပြော၊ မကောင်းတာပဲပြောပြော သူတို့စိတ်ထဲမှာရှိလို့ပြောတာပေါ့။ အဲ့ဒါကြောင့်ကျေနပ်ပါတယ်လို့။

-ဖေ့စ်ဘွတ်မှာတက်လာတဲ့ အစ်ကို့မိန်းမမှာ ပထမအိမ်ထောင်ရှိတယ်ဆိုတာကရော အစ်ကိုဖြေလိုက်တာလား။

ဟုတ်တယ်။ ဖြေလိုက်တယ်ဆိုတာကလဲ မေးလို့ဖြေလိုက်တာပါ။ ဒါပေမဲ့အဲ့ဒါကဖြေတော့ မဖြေသင့်ပါဘူး။ အမှန်အတိုင်းပြောရရင် သူ့အတွက်လဲ မကောင်းဘူး။ ဒါပေမဲ့တစ်ခုရှိတာက ပရိသတ်က ဘယ်ဟာကမှန်တယ်။ ဘယ်ဟာကမှားလဲဆိုတာမသိဘူး။ ရောနေတဲ့အခါကျတော့ ကျွန်တော့ကိုမေးတဲ့အခါကျတော့ ကျွန်တော်အမှန်အတိုင်းပဲဖြေလိုက်တာပါ။

-အစ်ကိုတို့အိမ်ထောင်ကွဲရတဲ့ပြသနာက အဲ့ဒါကြောင့်ရောပါလား။

မဆိုင်ဘူး။ မဆိုင်ဘူး။ ကျွန်တော်သူပထမအိမ်ထောင်ရှိတယ်ဆိုကတည်းက သိပြီးသား။ ကျွန်တော့်အရှေ့မှာသူ့ဟာသူ ဘယ်နှယောက်ပဲရှိရှိ ကျွန်တော်ကသိပ်ဂရုမစိုက်ဘူး။ တစ်ယောက်နဲ့တစ်ယောက်စိတ်သဘောထားချင်းနားလည်တယ်။ ချစ်ခင်တယ် ဆိုရင်ပဲကျွန်တော်ကျေနပ်တယ်။ သူ့ဟာသူအိမ်ထောင်ဘယ်လောက်ပဲကွဲကွဲ၊ အပျိုစစ်တာမစစ်တာတွေ ကျွန်တော်ဂရုစိုက်တတ်တဲ့သူမဟုတ်ပါဘူး။

-တစ်ဖက်ကတော့ အစ်ကို့ကို အဆိုတော်မင်းသမီး တစ်ယောက်နဲ့ဖောက်ပြန်တယ်ဆိုပြီးစာတွေတင်ထားတာတွေ့ရတယ်။

သူကကျွန်တော့်ကို unfri လုပ်ပြီး public နဲ့စာတင်ထားတာတော့တွေ့တယ်။ ကျွန်တော်မြင်အောင်ပေါ့။ သူတင်တဲ့စာသားတွေအရဆိုရင် သူခံစားရတော့လဲ သူနာတော့ နာကြည်းမှာပေါ့လေ။ ကျွန်တော်လဲသေချာတော့မသိဘူး။ ကျွန်တော်ဖောက်ပြန်ထားတာတော့ ဘာမှမရှိဘူး။ ကျွန်တော်တို့တရားဝင်ကွာရှင်းထားတယ်။ မကွာရှင်းခင်အထိကို ဖောက်ပြန်ထားတာဘာမှမရှိပါဘူး။ အိမ်ထောင်သက်တစ်လျှောက်လုံးဖောက်ပြန်ထားတာ ဘာမှမရှိပါဘူး။

-၂၀ရက်နေ့ကွာရှင်းတယ်။ မကွာရှင်းခင် ၄ ရက်နေ့မှာ ဗီဒီယိုလေးတက်လာတော့ ပရိသတ်တွေကစိတ်မကောင်းဖြစ်ကြတယ်။

ကျွန်တော်တင်တာမဟုတ်ဘူး။ သူတင်တာပါ။ အဲ့ဒီဗီဒီယိုကလဲကြာပါပြီ။ အဲ့ဒီနေ့ကမှ ဘာလို့လဲမသိဘူး။ သူတင်လိုက်တယ်ဆိုတော့သူလဲသူ့ခံစားချက်နဲ့သူရှိမှာပေါ့လေ။ ဒါပေမဲ့လဲ ကျွန်တော်တို့က မဖြစ်နိုင်ဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်က မိသားစုလိုချင်ပြီ။ သူကဒီကို လိုက်နေလို့မရဘူး။ ဟိုမှာကစာချုပ်နဲ့အလုပ်လုပ်နေရတာဆိုတော့ ကျွန်တော်ကလဲမိသားစုလိုချင်ပြီ။ ကလေးလဲလိုချင်ပြီ။ ကျွန်တော့်အသက်ကလဲ ၃၁ ရှိပြီဆိုတော့ မိသားစုအတည်တကျလိုချင်ပြီဆိုတော့ သူနဲ့ကျွန်တော်ဆွေးနွေးတယ်။ ညှိနှိုင်းတယ်။ လာနေလို့ရလား။ ကျွန်တော်လိုက်သွားလို့ရလား။ အဲ့ဒီနှစ်ခုစလုံးက အဆင်မပြေဘူး။ အဓိကအိမ်ထောင်ကွဲရတဲ့ပြသနာက အဲ့ဒါကြောင့်ပါ။ အမှန်တော့ ပြောရရင် Long Distance Relationship သမားတွေသိပါလိမ့်မယ်။ အနေဝေးရင်သွေးအေးလာတာမျိုးတော့ ရှိတော့ရှိတာပေါ့။ ဒါကိုလဲ အဝေးကနေ ချစ်နေကြတဲ့သူတွေသိမှာပါ။ ကျွန်တော်တို့တွဲခဲ့တာက ၇နှစ်၊ ၈နှစ်လောက်ရှိတယ်ဆိုတော့ အဲ့ဒီလောက်ခံဖို့ကိုတော်တော်လေးကိုနားလည်မှုယူကြတာပါ။ ၈နှစ်လုံးကို ပြန်တွက်ကြည့်ရင် အတူတူရှိတဲ့အချိန်က တစ်နှစ်လောက်ပဲရှိပါတယ်။

-အခုလက်ရှိမှာ ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲ။

ကျွန်တော်အခု တတိယအခွေတော်တော်များများပြီးသွားပါပြီ။ အခွေနာမည်က အသုံးတော်ခံတဲ့။ အဲ့ဒီအခွေကို ဇန်နဝါရီလောက်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။

-ဘယ်နှပုဒ်လောက်လုပ်ထားဖြစ်လဲ။

လောလောဆယ်က ၁၅ ပုဒ်လောက်စီထားပါတယ်။ ဒါပေမဲ့ အကုန်တော့ မပါဘူး။ လျှော့သင့်တာလျှော့ ၊ ဖြည့်သင့်တာဖြည့်ပေါ့။ ထပ်ရွေးဦးမှာပါ။

-အခုတတိယမြောက်အခွေလေးက အရင်လုပ်ခဲ့တဲ့ အခွေတွေနဲ့ဘယ်လိုကွာခြားမှုရှိမလဲ။

ကွာခြားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အရင် Reason ကအတီးသမားနှစ်ယောက်မဟုတ်တော့ဘူးလေ။ အဲ့ဒီတော့ မြူးဆစ်စတိုင်လဲနည်းနည်းပြောင်းသွားသလို၊ ပထမအခွေနဲ့ဒုတိယအခွေစတိုင်ပြောင်းသလို ဒုတိယအခွေနဲ့တတိယအခွေလဲစတိုင်ပြောင်းသွားပါတယ်။

-ဒုတိယအခွေထွက်ပြီး အစ်ကို ဂီတလောကနဲ့နည်းနည်း အဆက်ပြတ်သွားသလိုခံစားရတယ်နော်။

ဒုတိယအခွေထွက်ပြီး ၄ နှစ်လောက်ရှိသွားပြီ။ ပထမခွေနဲ့ဒုတိယအခွေတုန်းကလဲ ၄ နှစ်ပဲ။ အခုဒုတိယအခွေနဲ့တတိယအခွေမှာလဲ ၄ နှစ်ပဲပေါ့။

-လေးနှစ်လောက်ဟသွားတဲ့အချိန်မှာ ဒီတတိယအခွေအပြင်ဘာတွေရော လုပ်ဖြစ်နေသေးလဲ။

လေးနှစ်လောက်ကြာသွားပေမဲ့ နှစ်နှစ်လောက်အကြာမှာ ဒုတိယအခွေရဲ့ အမ်တီဗီထွက်တယ်။ နောက်ပိုင်းကတော့ ကျွန်တော်အခုလောက်မကြာတော့ပါဘူး။ ခပ်စိပ်စိပ်လေးထွက်နိုင်အောင်ကြိုးစားပါ့မယ်။ တစ်ခွေနဲ့တစ်ခွေအရမ်းကြာသွားတယ်ဆိုတာကလဲ ကျွန်တော်တို့က Ever မျောနေလို့ပါ။

-တေးရေးအနေနဲ့ကရော ဘယ်သူတွေပါလဲ။

ကိုကျားပေါက်၊ ရေမွန်၊ ဝေယံ၊ ဇော်ဇော် နောက် ရဲမြတ်ကျော် လက်ရှိက အဲ့ဒီလောက်ပဲ။ ကျန်တာကတော့ ကျွန်တော်ရေးတာပေါ့။

-တတိယအခွေထဲမှာ အချစ်သီချင်း၊ အသည်းကွဲသီချင်း၊ ဘဝသီချင်းဆို ဘယ်ဟာကပိုများမလဲ။

အချစ်သီချင်းနဲ့အလွမ်းသီချင်းက ဒီရက်ပိုင်းမှ ကျွန်တော်ရေးဖြစ်လိုက်တဲ့သီချင်းလေးတွေထည့်ဖြစ်သွားတယ်။ အစက လုံးဝမပါဘူး။ ဘဝအကြောင်းအရာတွေပဲများတယ်။ အခုမှ အချစ်သီချင်းနဲ့အသည်းကွဲသီချင်းနှစ်ပုဒ်စီထပ်ထည့်ဖြစ်သွားတာပေါ့။

-ပွင့်လင်းရာသီလဲရောက်ပြီဆိုတော့ လက်ခံထားတဲ့ ရှိုးပွဲလေးတွေရှိရင်လဲ ပြောပြပေးပါဦး။

ရှိုးက သီတင်းကျွတ်ကို ကျိုက္ခမီပွဲသွားပါတယ်။ Band ကတော့သိတဲ့အတိုင်း တခြားအဆိုတော်တွေလောက်တော့ ရှိုးမများဘူးပေါ့။ ဒါပေမဲ့ New Year ရန်ကုန်မှာရှိမယ်။ ဒီဇင်ဘာ ၂၄ က မေမြို့မှာရှိမယ်။ နောက်ဖေဖော်ဝါရီလထဲမှာ ကျွန်တော်တို့Reason ရယ်၊ Idiots ရယ် 2band ရှိုးရှိပါတယ်။

-SIR နဲ့ Relationships ကရော ဘယ်လိုဖြစ်သွားပြီလဲ။

ကျွန်တော်တို့ အခု သုံးဖွဲ့ကတော့ တစ်ဖွဲ့ချင်းစီပဲ ဖြစ်သွားပြီးတော့ ဒီအဖွဲ့သုံးဖွဲ့ ပဲဆက်လုပ်ဖို့ရှိပါတယ်။ Reason ၊ Idiots ၊ Bigbag ရယ်ပေါ့။ SIR ထဲကနေ ကျွန်တော်တို့သုံးဖွဲ့လုံး ထွက်လိုက်တာပါ။

-SIR အောက်ကထွက်လိုက်တာကရော ဘာကြောင့်များလဲ။

အဓိကကတော့ ညှိလို့မရတာလေးတွေကစတာပေါ့။ တစ်ယောက်နဲ့တစ်ယောက်ညှိလို့မရတဲ့အပိုင်းလေးတွေများလာတဲ့အခါကျတော့ ကျွန်တော်တို့SIR နဲ့ဆက်မလုပ်တော့ပဲ ကျွန်တော်တို့ band သုံးခုက ထွက်လိုက်တာပါ။

-ကိုယ်သီချင်းပြန်ဖန်တီးတဲ့အခါမှာရော နိုင်ငံခြားကသီချင်းတွေဆီက နည်းနည်းပြန်ယူတာမျိုးရှိလား။

အများဆုံးပြန်ယူသုံးဖြစ်ရင် ကိုကျားတို့၊ တွတ်ပီတို့ရေးတဲ့သီချင်းတွေကို ကျွန်တော်အားကျတယ်လေ။ သူတို့စာသားတွေနားထောင်ပြီး ငါလဲပြန်ရေးရမယ်ဆိုပြီး modify ပြန်လုပ်တာမျိုးတော့ ကကျွန်တော်တို့သုံးယောက်မှာအမြဲရှိတယ်။ ကျွန်တော်တို့သုံးယောက်က ညီအစ်ကိုလိုဖြစ်နေတာဆိုတော့လေ။

-ကြားထဲမှာ ဂီတအပြင်ဘာတွေလုပ်ဖြစ်နေသေးလဲ။

ဘာမှမလုပ်ဖြစ်ဘူး။ ကျွန်တော်ကြားထဲမှာလူမှုရေးပြသနာလေးတွေလဲဖြစ်တယ်။ နောက်နိုင်ငံခြားထွက်နေတာလေးတွေလဲပါတယ်။ နောက် band အသစ်ပြန်ဖွဲ့စည်းနေရတာကြောင့်လဲပါတယ်။ နည်းနည်းဟသွားတာပါ။ နောက်အခွေတွေကသိပ်မကြာတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top