Property Expo
×

သ႐ုပ္ေဆာင္ျဖစ္လိုသည့္ ရည္ရြယ္ခ်က္ျဖင့္ အႏုပညာေလာကသို႔ ဝင္ေရာက္ခဲ့ျခင္းျဖစ္ ၿပီး ႐ိုက္ကူးထားသည့္ ဇာတ္ကားမ်ားကို မၾကာမီလပိုင္းအတြင္း ျဖန္႔ ခ်ိေပးႏုိင္ေတာ့မည္ျဖစ္ေၾကာင္း ခါရာက ေျပာသည္။

‘‘ကြၽန္ေတာ္က သ႐ုပ္ေဆာင္ျဖစ္ဖို႔ ရည္မွန္းၿပီး အႏုပညာ ေလာကထဲကို စတင္ဝင္ေရာက္ခဲ့ တာ ျဖစ္ပါတယ္။ ေမာ္ဒယ္ဘဝ မွာလည္း သံုးႏွစ္ေလာက္ၾကာ ေအာင္ လုပ္ခဲ့ရတယ္။ သ႐ုပ္ ေဆာင္အေနနဲ႔ကေတာ့ ပထမဆံုး ေျခလွမ္းလို႔လည္း ေျပာလို႔ရပါ တယ္’’ဟု ၎က ေျပာသည္။

Bonanza ထုတ္လုပ္ေရးႏွင့္ ဗီဒီယိုႏွစ္ကား၊ ႐ုပ္ရွင္တစ္ကား ႐ိုက္ကူးထားၿပီး ဗီဒီယိုကားမ်ား ကို ႏိုဝင္ဘာႏွင့္ ဒီဇင္ဘာအတြင္း ျဖန္႔ခ်ိေပးမည္ျဖစ္ကာ ႐ုပ္ရွင္ ဇာတ္ကားကို ၂၀၁၇ တြင္ ႐ံုတင္ျပသမည္ျဖစ္ေၾကာင္း ၎က ဆို သည္။

‘‘႐ုပ္ရွင္ကားႀကီးကေတာ့ အက္ရွင္ကိုဦးစားေပးၿပီး ႐ိုက္ကူး ထားတဲ့ ကားျဖစ္ပါတယ္။ က်န္တဲ့ႏွစ္ကားကေတာ့ The Accident  ဆုိတဲ့ကားက ဒရာမာကို ဦးစား ေပးၿပီး ႐ိုက္ထားတာ။ ဘယ္လာ အန္မီက်ေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ရယ္စရာဟာသေလးေတြ ပါပါ တယ္။ သံုးကားစလံုးကေတာ့ ကာ႐ိုက္တာမတူပါဘူး’’ဟု ၎႐ိုက္ ကူးထားသည့္ ဇာတ္ကားမ်ားအ ေၾကာင္းကို ခါရာက ေျပာသည္။

ဇာတ္လမ္းပံုစံအမ်ိဳးမ်ိဳး ႐ိုက္ကူးထားေသာေၾကာင့္ အေတြ႕အ ႀကံဳေတာ္ေတာ္မ်ားမ်ားရရွိသကဲ့ သို႔ ႐ုပ္ရွင္ကားႀကီးတြင္ ကာ႐ိုက္တာ ႏွစ္မ်ိဳးသ႐ုပ္ေဆာင္ထား ေၾကာင္း ၎က ေျပာသည္။

‘‘ဇာတ္ကားေတြ ပရိသတ္ ေရွ႕ကို ေရာက္လာတဲ့အခ်ိန္မွာ ခါရာ့ကို ဘယ္လိုအႀကံဉာဏ္ေတြ ေပးမလဲ။ ခါရာ့ရဲ႕ ႀကိဳးစားထားတဲ့ ေအာင္မွတ္က ဘယ္ေလာက္ျဖစ္ မလဲ။ ၁၀၀ ရမလား၊ ၈၀ ရမလား၊ ၅၀ ရမလားကို ပရိသတ္က ဆံုး ျဖတ္ေပးမွာျဖစ္တဲ့အတြက္ အရမ္းရင္ခုန္ေနပါတယ္’’ဟု ခါရာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

သရုပ်ဆောင်ဖြစ်လို သည့် ရည်ရွယ်ချက်ဖြင့် အနုပညာလောကသို့ ဝင်ရောက်ခဲ့ခြင်းဖြစ် ပြီး ရိုက်ကူးထားသည့် ဇာတ်ကားများကို မကြာမီလပိုင်းအတွင်း ဖြန့် ချိပေးနိုင်တော့မည်ဖြစ်ကြောင်း ခါရာက ပြောသည်။

‘‘ကျွန်တော်က သရုပ်ဆောင်ဖြစ်ဖို့ ရည်မှန်းပြီး အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့ တာ ဖြစ်ပါတယ်။ မော်ဒယ်ဘဝ မှာလည်း သုံးနှစ်လောက်ကြာ အောင် လုပ်ခဲ့ရတယ်။ သရုပ် ဆောင်အနေနဲ့ကတော့ ပထမဆုံး ခြေလှမ်းလို့လည်း ပြောလို့ရပါ တယ်’’ဟု ၎င်းက ပြောသည်။

Bonanza ထုတ်လုပ်ရေးနှင့် ဗီဒီယိုနှစ်ကား၊ ရုပ်ရှင်တစ်ကား ရိုက်ကူးထားပြီး ဗီဒီယိုကားများ ကို နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း ဖြန့်ချိပေးမည်ဖြစ်ကာ ရုပ်ရှင် ဇာတ်ကားကို ၂၀၁၇ တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘ရုပ်ရှင်ကားကြီးကတော့ အက်ရှင်ကိုဦးစားပေးပြီး ရိုက်ကူး ထားတဲ့ ကားဖြစ်ပါတယ်။ ကျန်တဲ့နှစ်ကားကတော့ The Accident  ဆိုတဲ့ကားက ဒရာမာကို ဦးစား ပေးပြီး ရိုက်ထားတာ။ ဘယ်လာ အန်မီကျတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာဟာသလေးတွေ ပါပါ တယ်။ သုံးကားစလုံးကတော့ ကာရိုက်တာမတူပါဘူး’’ဟု ၎င်းရိုက် ကူးထားသည့် ဇာတ်ကားများအ ကြောင်းကို ခါရာက ပြောသည်။

ဇာတ်လမ်းပုံစံအမျိုးမျိုး ရိုက်ကူးထားသောကြောင့် အတွေ့အ ကြုံတော်တော်များများရရှိသကဲ့ သို့ ရုပ်ရှင်ကားကြီးတွင် ကာရိုက်တာ နှစ်မျိုးသရုပ်ဆောင်ထား ကြောင်း ၎င်းက ပြောသည်။

‘‘ဇာတ်ကားတွေ ပရိသတ် ရှေ့ကို ရောက်လာတဲ့အချိန်မှာ ခါရာ့ကို ဘယ်လိုအကြံဉာဏ်တွေ ပေးမလဲ။ ခါရာ့ရဲ့ ကြိုးစားထားတဲ့ အောင်မှတ်က ဘယ်လောက်ဖြစ် မလဲ။ ၁၀၀ ရမလား၊ ၈၀ ရမလား၊ ၅၀ ရမလားကို ပရိသတ်က ဆုံး ဖြတ်ပေးမှာဖြစ်တဲ့အတွက် အရမ်းရင်ခုန်နေပါတယ်’’ဟု ခါရာက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top