Kantharyar Centre
×




Credit : Trend Myanmar

#Unicode Version

အခုချိန်ကစပြီး ရုရှားနိုင်ငံက အမျိုးသမီးအားလုံး မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့အနေနဲ့ မုဒိမ်းကောင်တွေကို အသေသတ်ပစ်နိုင်ပါပြီ။ ဒါဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းဖြစ်တဲ့အတွက် အမျိုးသမီးအားလုံး သူတို့တုံ့ပြန်ချက်အပေါ် တာဝန်ယူစရာ မလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်တ္တသပတ်အနည်းငယ်က ပူတင်ဟာ မုဒိမ်းကောင်တွေနဲ့ ကလေးငယ်တွေကို လိင်ကိစ္စလုပ်ဆောင်ရန်သွေးဆောင်သူတွေကို တိုက်ဖျက်ချေမုန်းရေး ကြေငြာခဲ့ပြီး ဒီရာဇဝတ်သားတွေဟာ ရုရှားနိုင်ငံရဲ့ တရားမျှတမှုအတွက် ဂုဏ်သရေပျက်စရာ၊ အမည်းစက်တစ်ခုဖြစ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြတာလို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ သူ ဒီဥပဒေပြဌာန်းမှု အဆိုတင်သွင်းရခြင်း အဓိကအကြောင်းအရင်းပဲ ဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဒါကို အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေသစ်က ရုရှားနိုင်ငံအနှံ့ လူအများအပြားကို အထူးသဖြင့် အမျိုးသမီးတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အထူးသဖြင့် ရုရှားနိုင်ငံမှာ မုဒိမ်းမှုက နေ့တိုင်း ဖြစ်နေကျအရာ တစ်ခုမို့ ဒီဥပဒေပြဌာန်းချက်အသစ်ကို ထောက်ခံခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top