Kantharyar Centre
×

Agustin Aliga က သူ႕ဇနီးျဖစ္သူ Juani Sanchez ကို လြန္ခဲ့တဲ့ ၃၇ ႏွစ္က လက္ထပ္ခဲ့တာျဖစ္ၿပီး လပိုင္းအၾကာ ကိစၥတစ္ခ်ိဳ႕ ျဖစ္ၿပီးေနာက္မွာပဲ လက္ထပ္လက္စြပ္ ေပ်ာက္ဆံုးခဲ့ပါတယ္။

ဒါေပမယ့္ ခုေတာ့ လက္စြပ္ကို ျပန္လည္ေတြ႕ရွိသြားပါၿပီ။

ေရငုတ္သမားတစ္ေယာက္ျဖစ္တဲ့ Jessy Nisos စပိန္ႏိုင္ငံက ကမ္းေျခတစ္ခုမွာ လြန္ခဲ့တဲ့လက ေရငုတ္ရင္းနဲ႕ ေရႊနဲ႔ ျပဳလုပ္ထားတဲ့ လက္ထပ္လက္စြပ္ကို ရွာေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ သူက လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ လက္ထပ္လက္စြပ္ရွာေတြ႕ထားေၾကာင္းနဲ႕ လက္ထပ္လက္စြပ္မွာ ထြင္းထားတဲ့ လက္ထပ္ရက္ျဖစ္တဲ့ ေဖေဖာ္၀ါရီ ၁၇ ရက္ ၁၉၇၉ ကိုပါ ပူးတြဲ ေဖာ္ျပေပးခဲ့ပါတယ္။
ေရေအာက္မွာ အနည္အႏွစ္ေတြနဲ႕ ဖံုးေနၿပီး လက္စြပ္ေပ်ာက္ဆံုးေနတာ ၾကာၿပီျဖစ္လို႕ သူတင္ထားတဲ့ ပို႕စ္ကို ေ၀မွ်ေပးဖို႕တိုက္တြန္းခဲ့ပါတယ္။
လူေပါင္း ၈ေသာင္းထက္မနည္းတဲ့လူေတြက ပို႔စ္ကို ေ၀မွ်ခဲ့ၾကၿပီး ေနာက္ဆံုးမွာေတာ့ Aliga နဲ႔ Sanchez လက္ထဲကို ျပန္ေရာက္ခဲ့တာပါ။
‘Nisos နဲ႕ ဖုန္းဆက္စကားေျပာၿပီး ႏွစ္ေယာက္စလံုး ငိုမိၾကတယ’္ လို႔ Sanchez က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Agustin Aliga က သူ့ဇနီးဖြစ်သူ Juani Sanchez ကို လွန်ခဲ့တဲ့ ၃၇ နှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး လပိုင်းအကြာ ကိစ္စတစ်ချို့ ဖြစ်ပြီးနောက်မှာပဲ လက်ထပ်လက်စွပ် ပျောက်ဆုံးခဲ့ပါတယ်။

ဒါပေမယ့် ခုတော့ လက်စွပ်ကို ပြန်လည်တွေ့ရှိသွားပါပြီ။

ရေငုတ်သမားတစ်ယောက်ဖြစ်တဲ့ Jessy Nisos စပိန်နိုင်ငံက ကမ်းခြေတစ်ခုမှာ လွန်ခဲ့တဲ့လက ရေငုတ်ရင်းနဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ လက်ထပ်လက်စွပ်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့် သူက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ လက်ထပ်လက်စွပ်ရှာတွေ့ထားကြောင်းနဲ့ လက်ထပ်လက်စွပ်မှာ ထွင်းထားတဲ့ လက်ထပ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက် ၁၉၇၉ ကိုပါ ပူးတွဲ ဖော်ပြပေးခဲ့ပါတယ်။
ရေအောက်မှာ အနည်အနှစ်တွေနဲ့ ဖုံးနေပြီး လက်စွပ်ပျောက်ဆုံးနေတာ ကြာပြီဖြစ်လို့ သူတင်ထားတဲ့ ပို့စ်ကို ဝေမျှပေးဖို့တိုက်တွန်းခဲ့ပါတယ်။
လူပေါင်း ၈သောင်းထက်မနည်းတဲ့လူတွေက ပို့စ်ကို ဝေမျှခဲ့ကြပြီး နောက်ဆုံးမှာတော့ Aliga နဲ့ Sanchez လက်ထဲကို ပြန်ရောက်ခဲ့တာပါ။
‘Nisos နဲ့ ဖုန်းဆက်စကားပြောပြီး နှစ်ယောက်စလုံး ငိုမိကြတယ’် လို့ Sanchez က ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top