Property Expo
×

(၁) လင္သူေသေကာင္ + မယားသူေသေကာင္

လင္မယား ႏွစ္ဦးစလံုးသည္ ငါးပါးသီလမရွိ၊ ႏွေျမာတြန္႕တို၏၊ ေပးကမ္း စြန္႕ၾကဲျခင္းမရွိ၊ မေပးမကမ္း မလွဴဒါန္းရံုမွ်မက အလွဴခံရဟန္းတို႕ကို အျပစ္ေျပာၾကသည္။ ဆဲေရးေငါက္ငမ္း ျပဳၾကသူမ်ားျဖစ္သည္။

(၂) လင္သူေသေကာင္ + မယားနတ္သမီး။

လင္မယားႏွစ္ဦးတြင္ လင္က သီလမရွိ၊ မယားက သီလရွိ၏၊ လင္ကႏွေျမာတြန္႕တို၏၊ မယားက ႏွေျမာမရွိ၊ ေပးကမ္းစြန္႕ၾကဲ လွဴဒါန္းေလ့ရွိ၏။ လင္က အလွဴခံရဟန္းသံဃာစသည္မ်ားကို မျမင္လို၊ မေပးလို၊ အျပစ္ကိုေျပာဆိုကာ ဆဲေရး ေငါက္ငမ္းမႈကိုပင္ ျပဳေခ်၏။မယားကမူ အလွဴခံပုဂၢိဳလ္တို႕အား လွဴဒါန္းေလ့ရွိ၏။

(၃) လင္နတ္သား + မယားသူေသေကာင္

လင္က သီလရွိ၏။ လွဴခ်င္တန္းခ်င္၏။။ ရဟန္းသံဃာမ်ားကို ရိုေသေလးစား၏။ မယားက သီလမရွိ၊ စြန္႕ၾကဲေပးကမ္းလိုစိတ္မရွိ၊ တြန္႕တိုႏွေျမာ၏ ရိုေသေလးစားျခင္းမရွိ။

(၄) လင္နတ္သား + မယားနတ္သမီး

လင္မယားႏွစ္ဦးစလံုးတို႕သည္ ငါးပါးသီလ ကို ခါး၀တ္ခ်ည္ထားသကဲ့သို႕
ျမဲၾက၏ ေပးကမ္းရက္ေရာ၏။ အလွဴခံပုဂၢိဳလ္တို႕အား ရိုေသေလးစား၏၊ ေပးကမ္းလွဴဒါန္း၏။

အေကာင္းဆံုး စံုတြဲျဖစ္သည္။ ရွင္အတူေသမကြာ၊ မခြဲမခြာ၊ အျမဲသာေပါင္းေဖာ္ယွဥ္တြဲရမည့္ ဇနီးေမာင္ႏွံျဖစ္သည္။

အိမ္ ေထာင္ရွင္ ဇနီးေမာင္ႏွံေလးမ်ိဳး တရားကို ျမတ္စြာဘုရား၊ မဓုရာျမိဳ႕ ႏွင့္ ေ၀ရဥၺာျမိဳ႕အၾကား ေဒသစာရီ ၾကြေတာ္မူရင္း ေဟာၾကားခဲ့ျခင္းျဖစ္သည္။ ျမတ္စြာဘုရား ၾကြခ်ီေတာ္မူစဥ္ ခရီးအၾကားရွိ သစ္ပင္ၾကီးတစ္ပင္ေအာက္တြင္ အပန္းေျဖနားေနေတာ္မူစဥ္ ဇနီးေမာင္ႏွံမ်ားက လာေရာက္ဖူးေျမာ္ၾကသည္။ ျမတ္စြာဘုရားက ပဋိသႏၱာရ စကားျမြက္ၾကားေတာ္မူျပီးေနာက္ ဇနီးေမာင္ႏွံ ေလးမ်ိဳးတရားကို ေဟာၾကားေပးေတာ္မူခဲ့ျခင္းျဖစ္ပါသည္။

လင္ေကာင္း မယားေကာင္းတို႕သည္သာ အတူတကြ နတ္ျပည္သို႕ ေရာက္နိုင္ၾက၏၊ လင္ဆိုး မယားဆိုးတို႕သည္ကား နတ္ျပည္သို႕မတက္နိုင္ဘဲ ငရဲအိုးသို႕သာ ေဇာက္ထိုးက်တတ္၏၊ ယင္းအေၾကာင္းအရာမ်ားကို တင္စား၍ နတ္သား၊ နတ္သမီး ၊သူေသေကာင္ ဟု ဥပမာျဖင့္ ေဟာၾကားေတာ္မူျခင္းျဖစ္ပါသည္။

လင္ေကာင္း မယားေကာင္းမ်ားျဖစ္ၾကျပီး လင္နတ္သား၊ မယားနတ္သမီးစံုတြဲျဖစ္ၾကေစရန္ ရည္သန္ေတာ္မူ၍ ေဟာၾကားျခင္းျဖစ္ပါသည္။ (စတုကၠနိပါတ္၊ အဂုၤတၳိဳရ္၊ သံ၀ါသသုတ္)

အလြယ္တရားမွတ္သားရန္ ေဆာင္ပုဒ္ကေတာ့…

-ကာမဘံုသား၊ လူအမ်ား ၊ လင္မယား ေလးမ်ိဳးလာ။
-လင္ဆိုး မယားဆိုး ႏွစ္ေယာက္ဆိုး၊ ေဇာက္ထိုးငရဲရြာ။
-လင္ေကာင္း မယားေကာင္း ႏွစ္ဦးေကာင္း တူေပါင္း ထက္နတ္ရြာ။
-လင္ဆိုး မယားေကာင္း၊ လင္ေကာင္းမယားဆို း ဤႏွစ္မ်ိဳး တန္ဖိုးမရွိပါ။
-အတူတကြ၊ ေနလိုၾက တူမွ်ၾကဖို႕ပါ။
- ရွင္အတူ ေသမကြာ၊ ေနထိုင္ကာ၊ ခ်မ္းသာၾကေတာ့မွာ။
-ဒါနသီလ၊ ဂါရ၀၊ ရွိက သူေကာင္းပါ။
-ဒါနသီလ၊ ဂါရ၀ ကင္းပ လူဆိုးသာ။
-သံ၀ါသသုတ္၊ ေဟာျပထုတ္၊ အခ်ဳပ္မွတ္ၾကပါ။

စိတ္သေဘာထား အလို ဆႏၵတူညီေသာ လူႏွစ္ေယာက္ဆို တာရွိခဲ၊ ရခဲလွပါတယ္။ ေဟာၾကားေတာ္မူခဲ့ေသာ ေဒသနာေတာ္အရ စိတ္သေဘာထားခ်င္းကိုက္ညီေသာ လင္မယားကလည္း ရွားပါးပစၥည္းျဖစ္ေနပါမည္။

သို႕ေသာ္ ဘ၀ဆက္တိုင္း ဆက္တိုင္း ရွင္အတူေသမကြာ ေန လိုၾက ရင္ျဖင့္ သဒၶါ၊ သီလ၊ စာဂ (ဒါန) ပညာ ဟူေသာ အေၾကာင္းေလးျဖာ ဓမၼ ေဒသနာ ကိုေသခ်ာစြာ လိုက္နာက်င့္ၾကံ အတူတကြ အားထုတ္ၾကပါမွ ရွင္တူေသမကြာေနၾကရမွာ ျဖစ္ေၾကာင္း မွတ္သားထားသမွ် ကို မွ်ေ၀လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ညခင္းႏွင့္လမင္း

#Unicode Version

(၁) လင်သူသေကောင် + မယားသူသေကောင်

လင်မယား နှစ်ဦးစလုံးသည် ငါးပါးသီလမရှိ၊ နှမြောတွန့်တို၏၊ ပေးကမ်း စွန့်ကြဲခြင်းမရှိ၊ မပေးမကမ်း မလှူဒါန်းရုံမျှမက အလှူခံရဟန်းတို့ကို အပြစ်ပြောကြသည်။ ဆဲရေးငေါက်ငမ်း ပြုကြသူများဖြစ်သည်။

(၂) လင်သူသေကောင် + မယားနတ်သမီး။

လင်မယားနှစ်ဦးတွင် လင်က သီလမရှိ၊ မယားက သီလရှိ၏၊ လင်ကနှမြောတွန့်တို၏၊ မယားက နှမြောမရှိ၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းလေ့ရှိ၏။ လင်က အလှူခံရဟန်းသံဃာစသည်များကို မမြင်လို၊ မပေးလို၊ အပြစ်ကိုပြောဆိုကာ ဆဲရေး ငေါက်ငမ်းမှုကိုပင် ပြုချေ၏။မယားကမူ အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းလေ့ရှိ၏။

(၃) လင်နတ်သား + မယားသူသေကောင်

လင်က သီလရှိ၏။ လှူချင်တန်းချင်၏။။ ရဟန်းသံဃာများကို ရိုသေလေးစား၏။ မယားက သီလမရှိ၊ စွန့်ကြဲပေးကမ်းလိုစိတ်မရှိ၊ တွန့်တိုနှမြော၏ ရိုသေလေးစားခြင်းမရှိ။

(၄) လင်နတ်သား + မယားနတ်သမီး

လင်မယားနှစ်ဦးစလုံးတို့သည် ငါးပါးသီလ ကို ခါးဝတ်ချည်ထားသကဲ့သို့
မြဲကြ၏ ပေးကမ်းရက်ရော၏။ အလှူခံပုဂ္ဂိုလ်တို့အား ရိုသေလေးစား၏၊ ပေးကမ်းလှူဒါန်း၏။

အကောင်းဆုံး စုံတွဲဖြစ်သည်။ ရှင်အတူသေမကွာ၊ မခွဲမခွာ၊ အမြဲသာပေါင်းဖော်ယှဉ်တွဲရမည့် ဇနီးမောင်နှံဖြစ်သည်။

ဤအိမ်ထောင်ရှင် ဇနီးမောင်နှံလေးမျိုး တရားကို မြတ်စွာဘုရား၊ မဓုရာမြို့ နှင့် ဝေရဉ္ဗာမြို့အကြား ဒေသစာရီ ကြွတော်မူရင်း ဟောကြားခဲ့ခြင်းဖြစ်သည်။ မြတ်စွာဘုရား ကြွချီတော်မူစဉ် ခရီးအကြားရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် အပန်းဖြေနားနေတော်မူစဉ် ဇနီးမောင်နှံများက လာရောက်ဖူးမြော်ကြသည်။ မြတ်စွာဘုရားက ပဋိသန္တာရ စကားမြွက်ကြားတော်မူပြီးနောက် ဇနီးမောင်နှံ လေးမျိုးတရားကို ဟောကြားပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။

လင်ကောင်း မယားကောင်းတို့သည်သာ အတူတကွ နတ်ပြည်သို့ ရောက်နိုင်ကြ၏၊ လင်ဆိုး မယားဆိုးတို့သည်ကား နတ်ပြည်သို့မတက်နိုင်ဘဲ ငရဲအိုးသို့သာ ဇောက်ထိုးကျတတ်၏၊ ယင်းအကြောင်းအရာများကို တင်စား၍ နတ်သား၊ နတ်သမီး ၊သူသေကောင် ဟု ဥပမာဖြင့် ဟောကြားတော်မူခြင်းဖြစ်ပါသည်။

လင်ကောင်း မယားကောင်းများဖြစ်ကြပြီး လင်နတ်သား၊ မယားနတ်သမီးစုံတွဲဖြစ်ကြစေရန် ရည်သန်တော်မူ၍ ဟောကြားခြင်းဖြစ်ပါသည်။ (စတုက္ကနိပါတ်၊ အဂုၤတ္ထိုရ်၊ သံဝါသသုတ်)

အလွယ်တရားမှတ်သားရန် ဆောင်ပုဒ်ကတော့…

-ကာမဘုံသား၊ လူအများ ၊ လင်မယား လေးမျိုးလာ။
-လင်ဆိုး မယားဆိုး နှစ်ယောက်ဆိုး၊ ဇောက်ထိုးငရဲရွာ။
-လင်ကောင်း မယားကောင်း နှစ်ဦးကောင်း တူပေါင်း ထက်နတ်ရွာ။
-လင်ဆိုး မယားကောင်း၊ လင်ကောင်းမယားဆို း ဤနှစ်မျိုး တန်ဖိုးမရှိပါ။
-အတူတကွ၊ နေလိုကြ တူမျှကြဖို့ပါ။
- ရှင်အတူ သေမကွာ၊ နေထိုင်ကာ၊ ချမ်းသာကြတော့မှာ။
-ဒါနသီလ၊ ဂါရဝ၊ ရှိက သူကောင်းပါ။
-ဒါနသီလ၊ ဂါရ၀ ကင်းပ လူဆိုးသာ။
-သံဝါသသုတ်၊ ဟောပြထုတ်၊ အချုပ်မှတ်ကြပါ။

စိတ်သဘောထား အလို ဆန္ဒတူညီသော လူနှစ်ယောက်ဆို တာရှိခဲ၊ ရခဲလှပါတယ်။ ဟောကြားတော်မူခဲ့သော ဒေသနာတော်အရ စိတ်သဘောထားချင်းကိုက်ညီသော လင်မယားကလည်း ရှားပါးပစ္စည်းဖြစ်နေပါမည်။

သို့သော် ဘဝဆက်တိုင်း ဆက်တိုင်း ရှင်အတူသေမကွာ နေ လိုကြ ရင်ဖြင့် သဒ္ဓါ၊ သီလ၊ စာဂ (ဒါန) ပညာ ဟူသော အကြောင်းလေးဖြာ ဓမ္မ ဒေသနာ ကိုသေချာစွာ လိုက်နာကျင့်ကြံ အတူတကွ အားထုတ်ကြပါမှ ရှင်တူသေမကွာနေကြရမှာ ဖြစ်ကြောင်း မှတ်သားထားသမျှ ကို မျှဝေလိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ညခင်းနှင့်လမင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top