Kantharyar Centre
×

 






၎. ဆိုင်းဘုတ်ကို သေသေချာချာကြည့်ပါ။






၇. ဗိုက်ဆာရင်ဘာစားမလဲ။

 







Credit:Chelmo Team

#Unicode Version
ဂျပန်ကို ပထမအဆုံးအကြိမ်သွားရင် ကြုံတွေ့ရမယ့်အချက်လေးတွေကို တင်ပြလိုက်ပါတယ်။


၁. လေဆိပ်ကစပြီး နားလည်မလွယ်သော အင်္ဂလိပ်စကားကို ကြားရမှာပါ။

လေဆိပ်မှာ လေယာဉ်ပျံပေါ်ကနေဆင်းတာနဲ့ သန့်ရှင်းနေတဲ့လေယာဉ်ကွင်းကြီးနဲ့အတူ အင်္ဂလိပ်လိုပြောနေပင်မဲ့
ဘာတွေပြောမှန်းမသိသော ဝန်းထမ်းမိန်းကလေးတွေကို တွေ့ရမှာပါ။ကိုယ်တိုင်လည်း ဖြေးဖြေးပြောဖို့လိုသလို သူတို့ပြောတာကိုလည်း ဂရုတစိုက်နားထောင်ပါ။


၂. အိမ်သာသုံးနည်း ကိုလေ့လာထားပါ။

လေယာဉ်ပေါ်ကနေဆင်းတာနဲ့ အိမ်သာကိုပြေးချင်သောသူလဲရှိမှာပါ။ ဂျပန်မှာ အိမ်သာ ၂မျိုးရှိပါတယ်။ ကမုတ်(သာမန်) နှင့် ဘိုထိုင် ပါ။
ဘိုထိုင်ကတော့ အထူးအဆန်းမဟုတ်ပင်မဲ့ သာမန်အိမ်သာကတော့ အထိုင်မှားရင် ပြောင်းပြန်ဖြစ်ပြီး အဆင်မပြေနိုင်တာတွေရှိနိုင်တာကြောင့် သတိထားပါ။


၃. Immigration Desk မှာ လက်ပွေနှိပ်ရမှာပါ။

ဂျပန်သို့လာသော ဘယ်နိုင်ငံသားမဆို Immigration Desk မှာလက်ပွေနှိပ်ရမှာပါ။ သူတို့ပြောတဲ့အတိုင်း စက်ထဲကို လက်တချောင်းချင်းထည့်ပြီး လက်ပွေနှိပ်ပါ။


၄. ဆိုင်းဘုတ်ကို သေသေချာချာကြည့်ပါ။

လေဆိပ်က ဆိုင်းဘုတ်တွေ တော်တော်များများကတော့ အင်္ဂလိပ်လိုရေးထားပင်မဲ့ အပြင်ရောက်သွားတဲ့အခါ အင်္ဂလိပ်လို မရေးထားသောနေရာက များတာကြောင့် သေသေချာချာကြည့်ပြီးသွားပါ။


၅. ပိုက်ဆံကို ကြိုတင်ပြီး လဲထားပါ။

ဂျပန်က အခြားနိုင်ငံတွေလို ပိုက်ဆံလဲရန်နေရာ သိပ်မရှိတဲ့အတွက် ပိုက်ဆံကို ကြိုတင်လဲထားသင့်ပါတယ်။ ဂျပန် YEN မှလွဲ၍ အခြားပိုက်ဆံသုံးမရပါ။



၆. ဖုန်းပြောရင်အတွက် အကြွေဆောင်ထားပါ။

ဖုန်းမပါသူတွေအတွက် အရေးတကြီးဖုန်းပြောဖို့အတွက် ဂျပန်ပိုက်ဆံ အကြွေစေ့လေးတွေကို ဆောင်ထားရန်လိုအပ်ပါတယ်။

၇. ဗိုက်ဆာရင်ဘာစားမလဲ။

လေဆိပ်ကဆိုင်တွေက ဈေးကြီးသောဆိုင်တွေက များတဲ့အတွက် မြန်မာပြည်က ABC Store လိုဆိုင်လေးတွေမှာ အဆာပြေဝယ်စားနိုင်ပါတယ်။ အနည်းဆုံး ဘာစားစား ၁၀၀၀ ကျပ်ထက်တော့မနည်းပါ။


၈. မြို့ထဲကို သွားဖို့ဘယ်လိုလုပ်ရမလဲ။

မြို့ထဲကို ဘ(စ်)ကားနဲ့သွားနိုင်သလို ရထားနဲ့လည်းသွားနိုင်ပါတယ်။ ကိုယ်သွားမဲ့နေရာကို သေသေချာချာလေ့လာထားဖို့လိုအပ်ပါတယ်။
TAXI စီးဖို့တော့ မစဉ်းစားပါနဲ့။ ပါလာတဲ့ပိုက်ဆံလေးတွေ အကုန်ပြောင်သွားပါလိမ့်မယ်။ ဂျပန်TAXIတွေဟာ Meter စနစ်ဖြစ်ပြီး ပထမစပြီးစီးလျှင် 1 Meter ကို မြန်မာကျပ် ၇၂၀၀ လောက်ကျပါတယ်။


၉.ရထားစီး ကားစီးချိန် အိပ်မပျော်စေပါနဲ့။

ရထားရော ကားရော ငြိမ့်ငြိမ့်ညောင်းညောင်းစီးရတာကြောင့် မထင်မှတ်ပဲ အိပ်ပျော်သွားရင်တော့ မသိတဲ့ဘူတာ မှတ်တိုင်ရောက်မှ နိုးရင်တော့ ဒုက္ခရောက်တတ်ပါတယ်။

၁၀. လမ်းကူးရင် သတိထားပါ။

ဂျပန်မှာလမ်းတွေက မြန်မာပြည်နဲ့ ပြောင်းပြန်ဖြစ်တာကြောင့် လမ်းကူးရင် ဘယ်ဘက်ကို ကြည့်ရမဲ့အစား ညာဘက်ကို ကြည့်ရမှာပါ။ အကြည့်မှားလို့ကတော့ တခုခုဖြစ်နိုင်ပါတယ်။

ဂျပန်သွားသူများအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး တင်ပြလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top