Property Expo
×

၅၂ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကိုလံဘီယာအစိုး ရ၏ အားထုတ် ကြိုးပမ်းမှုသည် ပြည်သူလူထု၏ ကန့်ကွက်မှု ကြောင့် မရေမရာ အခြေအနေသို့ ဦးတည်လာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အ တွင်း ကိုလံဘီယာ သမ္မတ ဟွမ် မန်နျူရယ်ဆန်းတို့စ် ဦးဆောင် သည့် အစိုးရအဖွဲ့နှင့် တင်မိုချန် ကို ဦးဆောင်သည့် ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ (FARC)တို့ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်ကို ကျူး ဘားနိုင်ငံတွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။ လက်မှတ်ရေးထိုးပွဲ သို့ တက်ရောက်သူအားလုံး ငြိမ်း ချမ်းရေး သင်္ကေတ အဖြူရောင် ကို ဝတ်ဆင်ကြသည်။ လက်မှတ် ရေးထိုးသည့် ဘောပင်ကို ကျည် ဆန်တစ်တောင့်မှ ပြောင်းလဲ ပြု လုပ်ထားခြင်း ဖြစ်သည်။

ထိုအခမ်းအနားသို့ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ၊ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းကဲ့သို့ ပုဂ္ဂိုလ် များ တက်ရောက်ခဲ့ကြသလို ကမ္ဘာ့မီဒီယာများကလည်း တောင်အ မေရိကဒေသ နိုင်ငံ၏ ၅၂ နှစ်ကြာ ပြည်တွင်းစစ် ပြီးဆုံးတော့မည်ဟု ကောင်းချီးပေး ရေးသားဖော်ပြခဲ့ ကြသည်။

သို့သော် ဖွဲ့စည်းပုံဥပဒေအ ရ အဆိုပါ သဘောတူညီမှု အထ မြောက် အောင်မြင်စေရန် ပြည် လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပရမည် ဖြစ်သည်။ ယင်းဆန္ဒ ခံယူပွဲကို ပြီးခဲ့သည့် သီတင်းပတ် ကုန်တွင် ကျင်းပခဲ့သည်။ ထိုအခါ ငြိမ်းချမ်းရေး သဘောတူညီမှုကို လက်မခံကြောင်း ဆန္ဒမဲပေးမှုက ၅၀ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ရလဒ် ကျဉ်းမြောင်းစွာ အနိုင်ရသွားခဲ့ သည်။

ထိုရလဒ်သည် သမ္မတဆန်း တို့စ် အပါအဝင် အားလုံးအတွက် အံ့ဩတုန်လှုပ်စရာ ဖြစ်လာခဲ့ သည်။ ကိုလံဘီယာမီဒီယာများက လည်း ထိုရလဒ်ကို လုံးဝမျှော် လင့်မထားဟု ဖော်ပြကြသည်။ ဆန္ဒခံယူပွဲမတိုင်မီ ပြုလုပ်သည့် လူထုအမြင် စစ်တမ်းအားလုံးက လည်း ငြိမ်းချမ်းရေးအတွက် မဲပေး ကြမည်ဟု တညီတညွတ်တည်း ထင်မြင်ချက် ပေးခဲ့ကြသည်။ မဲ ပေးခွင့်ရှိသူ ၁၃ သန်းအနက် ၆ ဒသမ ၄ သန်းကျော် ပါဝင်မဲပေးခဲ့ ရာတွင် အနည်းငယ်မျှပိုများသည့် ပမာဏက FARC တို့နှင့် ငြိမ်းချမ်း ရေး ဆွေးနွေးမှု စာချုပ်ပါ အချက် အလက်များကို လက်မခံနိုင် ကြောင်း ဆန္ဒပြုခဲ့ကြသည်။ ရလဒ် နှစ်ခုကြား မဲကွာဟမှုမှာ ၆၃,၀၀၀ မျှသာ ရှိခဲ့သည်။

သမ္မတ ဆန်းတို့စ်က ဆန္ဒခံ ယူပွဲရလဒ် ထွက်ပေါ်အပြီးတွင် တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြော ခဲ့ရာ ရလဒ်ကို လေးစားမည်ဖြစ် သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အလျှော့မပေးစတမ်း ဆက် လက် အကောင်အထည်ဖော်သွား မည်ဟု ပြောကြားခဲ့သည်။

၎င်းက လက်ရှိသတ်မှတ် ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ထိန်းသိမ်းထား မည်ဖြစ်ပြီး နောက်ဆက်တွဲ လုပ် ငန်းစဉ်များအတွက် ကျူးဘားသို့ သွားရောက်ပြီး ဖာ့စ်ခေါင်းဆောင် ပိုင်းနှင့် ဆွေးနွေးမည်ဟု ဆို သည်။

‘‘ကျွန်တော် လက်မလျှော့ပါ ဘူး။ ကျွန်တော့် သမ္မတသက်တမ်း နောက်ဆုံးအချိန်အထိ ငြိမ်းချမ်း ရေးကို အားစိုက်ရှာဖွေသွားပါ မယ်။ ဒါဟာ ကိုလံဘီယာရဲ့ အနာ ဂတ်ကလေးငယ်တွေအတွက် ပို ကောင်းတဲ့ နိုင်ငံတစ်ခုကို အမွေ အဖြစ် ချန်ထားနိုင်ဖို့ တစ်ခုတည်း သောနည်းလမ်း ဖြစ်နေတာကြောင့် ပါ’’ ဟု သမ္မတက မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအတောအတွင်း ဖာ့စ် ခေါင်းဆောင် တင်မိုချန်ကိုက လည်း မိမိတို့ လက်နက်ကိုင်အဖွဲ့ အစည်းသည် ပြည်တွင်းစစ် ပြီးဆုံး ရေး မျှော်မှန်းချက်ကို မမှိတ်မသုန် ဆက်လက် ဦးတည်နေမည်ဟု အ တည်ပြုခဲ့သည်။

မည်သို့ပင်ဖြစ်စေ အခြေခံ ဥပဒေ သတ်မှတ်ချက်အရ လူထု ဆန္ဒခံယူပွဲ ရလဒ်က အဓိကကျနေ သောကြောင့် ဆွေးနွေးမှုရလဒ် တည်မြဲရေးမှာ အာမခံချက်ရှိ တော့မည် မဟုတ်ချေ။ ဖာ့စ်တို့နှင့် ဖြစ် ပွားသည့် ရှည်လျားသော ပြည် တွင်းစစ်တွင် အသက်အိုးအိမ်ထိ ခိုက်ဆုံးရှုံးခဲ့ရသူ အများအပြား ရှိခဲ့ ရာ ယင်းပြောက်ကျား သူပုန် များအပေါ် နာကြည်းနေမှုများ စွဲမြဲ နေဆဲ ဖြစ်သည်။ သို့သော် တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်း ချမ်းရေး ဖော်ဆောင်မှုကို ပြည်သူ အများစုက လက်ခံမည်ဟု သမ္မတ ဆန်းတို့စ်က ယုံကြည်ခဲ့သည်။ ထို ယုံကြည်မှု မှားယွင်းကြောင်း ယခု အခါ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။

ဆန္ဒခံယူပွဲရလဒ် မပြတ်သား ခြင်းက ကိုလံဘီယာ ပြည်သူများ ကြား ယခုကိစ္စကို သိသာစွာ အမြင် ကွဲပြားနေကြောင်း ပေါ်လွင်စေ သည်။ ဆန္ဒခံယူပွဲ မဲရလဒ်များ ထွက်ပေါ်လာသောအခါ ဝမ်း မြောက်ဝမ်းသာ အောင်ပွဲခံသူ အ များအပြား ရှိခဲ့သလို အချို့ပြည် သူ များကလည်း ‘‘ငါတို့ ငြိမ်းချမ်း ချင်ပြီ’’ ဟုဆိုကာ ငိုကြွေးနေခဲ့ကြ သည်။

ဖာ့စ်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အစိုးရက လေးနှစ် ကြာ အချိန်ယူညှိနှိုင်းခဲ့ရသည်။ သို့သော်လည်း ထိုအတောအ တွင်း သမ္မတဆန်းတို့စ်၏ ညှိနှိုင်း မှုများ က လိုက်လျော ပျော့ပျောင်း လွန်းသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာသည်။ ဖာ့စ်တို့ကို အမေရိကန်အစိုးရက အကြမ်း ဖက်အဖွဲ့အစည်း တစ်ခုအဖြစ် ယနေ့တိုင် သတ်မှတ်ထားဆဲဖြစ် သည်။ နိုင်ငံကို နှစ်ရှည်လများ ဒုက္ခပေးခဲ့သည့် လက်နက်ကိုင် သူပုန်များက အလွယ်တကူ လက် နက်စွန့်ပြီး လွှတ်တော်ထဲ အခန့် သား နေရာဝင်ယူလာမည်ကို မလို လားသည့် ကိုလံဘီယာ နိုင်ငံသား အများအပြားရှိနေသည်။

လူထုဆန္ဒခံယူပွဲ မတိုင်မီ တွင် ငြိမ်းချမ်းရေးစာချုပ် ဖြစ် မြောက်အတည်ပြုရေးကို သမ္မတ ဆန်းတို့စ်က ဦးဆောင် စည်းရုံးခဲ့ သည်။ ဖာ့စ်တို့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှုပါ သတ်မှတ်ချက် များကို လက်မခံကြောင်း အဆိုကို သမ္မတဟောင်း အယ်လ်ဗာရို ယူ ရိုက်ဘ်က ဦးဆောင်သည်။

၎င်း၏ သဘောထားက ရိုး ရှင်းသည်။ ‘‘အဲဒီသူပုန်တွေဟာ သူ တို့အပြစ်ကြွေးကို ဆပ်ရမယ်။ ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ လွှတ် တော်ထဲမှာ အမတ်လာလုပ်နေ မှာကို လက်မခံနိုင်ဘူး’’ ဟု ယူ ရိုက်ဘ်က ပြောကြားခဲ့သည်။

ထို့အပြင် ကိုလံဘီယာ အစိုး ရကို အမေရိကန်က အကူအညီ ပေး တိုက်ခိုက်မှုများကြောင့် ဖာ့စ်တို့၏အင်အားသည် ယခု အခါ ထက်ဝက်မျှ ကျဆင်းပြီး ၇၀၀၀ မျှသာ ကျန်တော့သည်။ ထိုအခြေအနေတွင်မှ ငြိမ်းချမ်းရေး လိုချင်သည်ဆိုခြင်းမှာ ရိုးသားမှု မရှိကြောင်းလည်း ယူရိုက်ဘ်က စွပ်စွဲခဲ့သည်။

အောက်တိုဘာ ၃ ရက်မှစ ၍ အစိုးရနှင့် ဖာ့စ်ကိုယ်စားလှယ် များကြား ဆန္ဒခံယူပွဲနောက်ဆက် တွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ ဆွေးနွေးမှုများ စတင်ရန် စီစဉ် ထားသော်လည်း ကျူးဘားတွင် တခမ်းတနား လက်မှတ်ရေးထိုး ခဲ့သည့် သဘောတူညီမှု အနာဂတ် မှာ မရေရာ လမ်းပျောက်သည့် အ ခြေအနေသို့ ဦးတည်လျက် ရှိ သည်။

တောင်အမေရိက၏ အရှည် ကြာဆုံး စစ်ပွဲအဖြစ် တင်စားခံရ သော ပြည်တွင်းစစ်ကို ရပ်တန့်စေ ရန် ဆင်းရဲနွမ်းပါးသည့် ပစိဖိတ် နှင့် ကာရေဘီယံ ကမ်းရိုးတန်း ဒေသအများစုက လိုလားမဲပေး ခဲ့ကြသည်။ ဖာ့စ်တို့၏ဒဏ်ကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ပြီး အ တွင်းပိုင်းကျသော နယ်မြေအများ စုတွင်မူ ငြိမ်းချမ်းရေး သဘောတူ ညီချက်ကို ပယ်ချခဲ့ကြသည်။ ယင်း ဒေသများတွင် ဖာ့စ်တို့ကို အဆုံး စွန်ထိ တိုက်ခိုက်ချေမှုန်းသင့် ကြောင်း ယူဆသူ အများအပြား ကျန်နေဆဲ ဖြစ်သည်။

ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ အရ ဖာ့စ်တို့သည် ၂၀၁၈ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့် ရမည်ဖြစ်သလို အမတ်နေရာ များတွင်လည်း ရွေးချယ်ခံနိုင်မည် ဟု သိရသည်။ ထို့အပြင် လွှတ် တော်ထဲတွင်လည်း ရွေးကောက် ပွဲ မဝင်ဘဲ အမတ် ၁၀ နေရာစာကို ၂၀၂၆ ခုနှစ်ထိ အာမခံချက် ရရှိ ထားမည် ဖြစ်သည်။ ထိုအချက် များက အတိုက်အခံ အင်အားစု များကို အဓိက ဒေါသထွက်စေခဲ့ သည်။

‘‘ဒီကောင်တွေက လွှတ် တော်ထဲ လာထိုင်နေရမှာ မဟုတ် ဘူး။ ထောင်ထဲသွားရမှာ’’ ဟု ယူရိုက်ဘ်က ဆိုသည်။ ဖာ့စ် တို့က လက်နက်ကိုင် တော်လှန်ခဲ့ သည့် ကိစ္စအတွက် ထောင်ဒဏ်ကျခံရ မည်ကို လက်မခံကြောင်း ငြင်း ဆန်ထားသည်။

‘‘လူတိုင်း ငြိမ်းချမ်းရေးလို ချင်တယ်။ ဘယ်သူမှ စစ်ဖြစ်နေ တာကို မလိုလားပါဘူး။ ကျွန် တော်တို့ကလည်း သွေးထွက်သံ ယိုတွေ ဆက်ဖြစ်ဖို့ တောင်းဆိုနေ တာ မဟုတ်ဘူး။ ဖာ့စ်တွေက သူ တို့ရဲ့ ဒုစရိုက် လုပ်ငန်းတွေကို အလုံးစုံ ရပ်နားရမယ်။ ထိုက်သင့် တဲ့ တရားစီရင်မှုကို ရင်ဆိုင်ရ မယ်။ သူတို့ဟာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေ၊ တခြားဒု စရိုက်မှုတွေ အများကြီး ကျူးလွန် ထားတာ။ ဒါတွေကို မဖြေရှင်း ဘဲ လွှတ်တော်ထဲ ဝင်လာတာက တော့ လက်ခံနိုင်စရာကို မရှိပါ ဘူး’’ ဟု ယူရိုက်ဘ်က ယတိပြတ် ပြောကြားသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top