Property Expo
×

ကမာၻတစ္ဝန္းမွ အခ်က္အလက္မ်ားကုိ ေလ့လာမႈျပဳလုပ္ခဲ့တဲ့ သုေတသနစမ္းတမ္းအရ အမ်ဳိးသမီးမ်ား အရက္ေသာက္သုံးမႈဟာ အမ်ဳိးသားမ်ားနဲ႕ တန္းတူညီမွ်နီးပါး ျဖစ္လာေၾကာင္း သိရပါတယ္။

၁၈၉၁ ခုႏွစ္မွ ၂၀၀၁ ခုႏွစ္အတြင္း ေမြးဖြားခဲ့တဲ့ လူေလးသန္းကုိ ေလ့လာမႈအရ အမ်ဳိးသားေတြဟာ အမ်ဳိးသမီးေတြထက္ အရက္ေသာက္မႈ ပုိမိုမ်ားျပားခဲ့ၿပီး က်န္းမာေရးျပႆနာမ်ား ျဖစ္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ အမ်ဳိသားေတြနဲ႕ အမ်ဳိးသမီးမ်ားၾကား အရက္ေသာက္မႈ ကြာဟခ်က္ဟာ အလြန္က်ဥ္းေျမာင္းသြားခဲ့ၿပီလုိ႕ BMJ Open အစီရင္ခံစာက ဆုိပါတယ္။ လူ႕အဖြဲ႕အစည္းအတြင္း အမ်ဳိးသားမ်ားနဲ႕ အမ်ဳိးသမီးမ်ား ရပ္တည္မႈအခန္းက႑ ေျပာင္းလဲေနမႈကလည္း အရက္ေသာက္မႈကုိ တစ္နည္းအားျဖင့္ တန္းတူညီမွ် ျဖစ္လာေစပါတယ္။

၁၉၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားအတြင္း ေမြးဖြားခဲ့သူေတြကုိ ေလ့လာမႈအရ -

- အမ်ဳိးသားေတြဟာ အမ်ဳိးသမီးေတြထက္ ၂.၂ ဆ အရက္ပုိေသာက္ၾကပါတယ္။
- အမ်ဳိးသားေတြဟာ ျပႆနာျဖစ္ေလာက္ေအာင္ အရက္ေသာက္သုံးမႈမွာ အမ်ဳိးသမီေတြထက္ သုံးဆပုိပါတယ္။
- အရက္ေသာက္ျခင္းေၾကာင့္ အသည္းေရာဂါကဲ့သုိ႕ က်န္းမာေရးျပႆနာ ျဖစ္ပြားမႈမွာ အမ်ဳိးသမီးေတြထက္ ၃.၆ ဆ ပုိမ်ားပါတယ္။

အထက္ပါ ေလ့လာမႈမွာ ေတြ႕႐ွိထားခဲ့တဲ့ အမ်ဳိးသားနဲ႕ အမ်ဳိးသမီးၾကား အရက္ေသာက္သုံးမႈမွာ ဆယ္စုႏွစ္မ်ားစြာၾကာၿပီးေနာက္ ကြာဟခ်က္မွာ က်ဥ္းေျမာင္းလာခဲ့ပါတယ္။

၂၀၀၀ ျပည့္ ႏွစ္ကုန္ကာလမ်ားမွာ ေမြးဖြားခဲ့သူေတြကုိ ေလ့လာမႈအရ -

- အမ်ဳိးသားေတြဟာ အမ်ဳိးသမီးေတြထက္ ၁.၁ ဆ အရက္ပုိေသာက္ပါတယ္။
- အမ်ဳိးသားေတြဟာ ျပႆနာျဖစ္ေလာက္ေအာင္ အရက္ေသာက္သုံးမႈမွာ အမ်ဳိးသမီေတြထက္ ၁.၂ ဆပုိပါတယ္။
- အရက္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးျပႆနာ ျဖစ္ပြားမႈမွာ အမ်ဳိးသမီးေတြထက္ ၁.၃ ဆ ပုိမ်ားပါတယ္။

၁၉၀၀ ျပည့္လြန္ အေစာပိုင္းမွာ ေမြးဖြားသူေတြနဲ႕ ၂၀၀၀ ျပည့္ႏွစ္ကုန္ပုိင္းမွာ ေမြးဖြားသူေတြကုိ ႏႈိင္းယွဥ္ေလ့လာမႈအရ အမ်ဳိးသားနဲ႕ အမ်ဳိးသမီးၾကား အရက္ေသာက္သုံးမႈ ကြာဟခ်က္မွာ သိသာစြာ က်ဥ္းေျမာင္းသြားခဲ့တာ ျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွ New South Wales တကၠသုိလ္က ေျမာက္အေမရိကနဲ႕ ဥေရာပ ေဒသမ်ားမွ အမ်ားဆုံးပါဝင္တဲ့ ကမာၻတစ္ဝန္းမွ အခ်က္အလက္ေတြကုိ သုေတသနျပဳ ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ကမ္ဘာတစ်ဝန်းမှ အချက်အလက်များကို လေ့လာမှုပြုလုပ်ခဲ့တဲ့ သုတေသနစမ်းတမ်းအရ အမျိုးသမီးများ အရက်သောက်သုံးမှုဟာ အမျိုးသားများနဲ့ တန်းတူညီမျှနီးပါး ဖြစ်လာကြောင်း သိရပါတယ်။

၁၈၉၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ လူလေးသန်းကို လေ့လာမှုအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အရက်သောက်မှု ပိုမိုများပြားခဲ့ပြီး ကျန်းမာရေးပြဿနာများ ဖြစ်ခဲ့ပါတယ်။

ယခုအခါမှာတော့ အမျိုသားတွေနဲ့ အမျိုးသမီးများကြား အရက်သောက်မှု ကွာဟချက်ဟာ အလွန်ကျဉ်းမြောင်းသွားခဲ့ပြီလို့ BMJ Open အစီရင်ခံစာက ဆိုပါတယ်။ လူ့အဖွဲ့အစည်းအတွင်း အမျိုးသားများနဲ့ အမျိုးသမီးများ ရပ်တည်မှုအခန်းကဏ္ဍ ပြောင်းလဲနေမှုကလည်း အရက်သောက်မှုကို တစ်နည်းအားဖြင့် တန်းတူညီမျှ ဖြစ်လာစေပါတယ်။

၁၉၀၀ ပြည့်လွန် အစောပိုင်းကာလများအတွင်း မွေးဖွားခဲ့သူတွေကို လေ့လာမှုအရ -

- အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၂.၂ ဆ အရက်ပိုသောက်ကြပါတယ်။
- အမျိုးသားတွေဟာ ပြဿနာဖြစ်လောက်အောင် အရက်သောက်သုံးမှုမှာ အမျိုးသမီတွေထက် သုံးဆပိုပါတယ်။
- အရက်သောက်ခြင်းကြောင့် အသည်းရောဂါကဲ့သို့ ကျန်းမာရေးပြဿနာ ဖြစ်ပွားမှုမှာ အမျိုးသမီးတွေထက် ၃.၆ ဆ ပိုများပါတယ်။

အထက်ပါ လေ့လာမှုမှာ တွေ့ရှိထားခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကြား အရက်သောက်သုံးမှုမှာ ဆယ်စုနှစ်များစွာကြာပြီးနောက် ကွာဟချက်မှာ ကျဉ်းမြောင်းလာခဲ့ပါတယ်။

၂၀၀၀ ပြည့် နှစ်ကုန်ကာလများမှာ မွေးဖွားခဲ့သူတွေကို လေ့လာမှုအရ -

- အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၁.၁ ဆ အရက်ပိုသောက်ပါတယ်။
- အမျိုးသားတွေဟာ ပြဿနာဖြစ်လောက်အောင် အရက်သောက်သုံးမှုမှာ အမျိုးသမီတွေထက် ၁.၂ ဆပိုပါတယ်။
- အရက်သောက်ခြင်းကြောင့် ကျန်းမာရေးပြဿနာ ဖြစ်ပွားမှုမှာ အမျိုးသမီးတွေထက် ၁.၃ ဆ ပိုများပါတယ်။

၁၉၀၀ ပြည့်လွန် အစောပိုင်းမှာ မွေးဖွားသူတွေနဲ့ ၂၀၀၀ ပြည့်နှစ်ကုန်ပိုင်းမှာ မွေးဖွားသူတွေကို နှိုင်းယှဉ်လေ့လာမှုအရ အမျိုးသားနဲ့ အမျိုးသမီးကြား အရက်သောက်သုံးမှု ကွာဟချက်မှာ သိသာစွာ ကျဉ်းမြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှ New South Wales တက္ကသိုလ်က မြောက်အမေရိကနဲ့ ဥရောပ ဒေသများမှ အများဆုံးပါဝင်တဲ့ ကမ္ဘာတစ်ဝန်းမှ အချက်အလက်တွေကို သုတေသနပြု လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top