Kantharyar Centre
×

ဖားကန္႔ၿမိဳ႕နယ္ လုံးခင္း ေဒသတြင္ သစ္ေတာျပဳန္းတီးမႈ မ်ားမွ ကာကြယ္ႏုိင္ရန္ စိုက္ထား ေသာ သစ္ပင္မ်ား ခိုးယူဖ်က္ဆီးခံ ေနရေၾကာင္း ေဒသတြင္း အရပ္ ဘက္ အဖဲြ႕အစည္းမ်ားက ေျပာ ၾကားသည္။

 ေက်ာက္စိမ္းအလြန္အကြၽံ တူးေဖာ္မႈမ်ားေၾကာင့္ လုံးခင္းေဒသတြင္ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးေန၍ ကြၽန္း၊ ပ်ဥ္းကတိုး၊ သစ္ဆိမ့္၊ ေရတမာႏွင့္ ပိေတာက္အမ်ဳိးအစား အပင္ေပါက္ ၂၇,၀၀၀ ေက်ာ္ စိုက္ပ်ဳိးထားခဲ့ေၾကာင္း ေဒသတြင္းလူမႈေရးအဖဲြ႕တစ္ဖဲြ႕ျဖစ္သည့္ Green Land သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖဲြ႕ကေျပာသည္။ ယခုအခါ သစ္ပင္ေပါက္မ်ားမွာ ခိုးယူမႈ၊ ဖ်က္ဆီးခံရမႈမ်ားႏွင့္ ရင္ဆုိင္ေနရေၾကာင္း ယင္းအဖဲြ႕အတြင္းေရးမွဴး ဦးေနာင္လတ္ကေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔ အပင္ေပါင္း ၂၇,၀၀၀ ေက်ာ္ စိုက္ထားတာ။ တိရစၧာန္ေတြလည္း မဖ်က္ဆီးႏုိင္ ေအာင္ သစ္သားေတြနဲ႔ ေသခ်ာကာရံထားတာ။ အခုက ဘာ ေၾကာင့္ ဖ်က္ဆီးၾကတယ္မသိဘူး။ အပင္လုိက္ အခုိးခံရတာလည္းရွိတယ္’’ ဟု ၎က ေျပာ သည္။ Green Land သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးအဖဲြ႕သည္ သစ္ပင္သုံးေသာင္းခန္႔ကို ၂၀၁၆ ဇြန္လက စိုက္ပ်ဳိးခဲ့ၿပီး ႏွစ္ေပမွ ႏွစ္ေပခဲြခန္႔ အရြယ္အစား ေရာက္ေနၿပီျဖစ္ကာ စုစုေပါင္း အပင္ ၄၀၀ ခန္႔ ဖ်က္ဆီးခံရေၾကာင္း သတင္းရရွိသည္။ ေဒသခံမ်ားအေနျဖင့္ မိမိတို႔အနီးအနားရွိ သစ္ပင္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေပးေစလိုၿပီး ဖ်က္ဆီးသူမ်ားကို ေတြ႕ရွိပါက ရဲတပ္ဖဲြ႕ႏွင့္ Green Land သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖဲြ႕သို႔ အေၾကာင္းၾကားေပးေစလိုေၾကာင္း ဦးေနာင္လတ္က ေမတၱာရပ္ခံသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဖားကန့်မြို့နယ် လုံးခင်း ဒေသတွင် သစ်တောပြုန်းတီးမှု များမှ ကာကွယ်နိုင်ရန် စိုက်ထား သော သစ်ပင်များ ခိုးယူဖျက်ဆီးခံ နေရကြောင်း ဒေသတွင်း အရပ် ဘက် အဖွဲ့အစည်းများက ပြော ကြားသည်။

 ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုများကြောင့် လုံးခင်းဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးနေ၍ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ဆိမ့်၊ ရေတမာနှင့် ပိတောက်အမျိုးအစား အပင်ပေါက် ၂၇,၀၀၀ ကျော် စိုက်ပျိုးထားခဲ့ကြောင်း ဒေသတွင်းလူမှုရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Green Land သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကပြောသည်။ ယခုအခါ သစ်ပင်ပေါက်များမှာ ခိုးယူမှု၊ ဖျက်ဆီးခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း ယင်းအဖွဲ့အတွင်းရေးမှူး ဦးနောင်လတ်ကပြောသည်။

‘‘ကျွန်တော်တို့ အပင်ပေါင်း ၂၇,၀၀၀ ကျော် စိုက်ထားတာ။ တိရစ္ဆာန်တွေလည်း မဖျက်ဆီးနိုင် အောင် သစ်သားတွေနဲ့ သေချာကာရံထားတာ။ အခုက ဘာ ကြောင့် ဖျက်ဆီးကြတယ်မသိဘူး။ အပင်လိုက် အခိုးခံရတာလည်းရှိတယ်’’ ဟု ၎င်းက ပြော သည်။ Green Land သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့သည် သစ်ပင်သုံးသောင်းခန့်ကို ၂၀၁၆ ဇွန်လက စိုက်ပျိုးခဲ့ပြီး နှစ်ပေမှ နှစ်ပေခွဲခန့် အရွယ်အစား ရောက်နေပြီဖြစ်ကာ စုစုပေါင်း အပင် ၄၀၀ ခန့် ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ ဒေသခံများအနေဖြင့် မိမိတို့အနီးအနားရှိ သစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုပြီး ဖျက်ဆီးသူများကို တွေ့ရှိပါက ရဲတပ်ဖွဲ့နှင့် Green Land သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့သို့ အကြောင်းကြားပေးစေလိုကြောင်း ဦးနောင်လတ်က မေတ္တာရပ်ခံသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top