Kantharyar Centre
×

မိန္းမတစ္ေယာက္ အပ်ဳိၾကီးျဖစ္ေနတာ ဘာမွမမွားပါဘူး။ တကယ္ေတာ့ ကၽြန္မတို႔အပ်ဳိၾကီးေတြဆုိတာ စိန္လက္စြပ္တစ္ကြင္းနဲ႔ အိပ္မက္ေတြကို လဲစရာမလိုတဲ့ ကိုယ့္ကိုယ္ကုိပိုင္တဲ့ အရွင္သခင္ေတြျဖစ္ပါတယ္။ အၾကိဳက္မေတြ႔လို႔ မယူတာျဖစ္ႏုိင္သလုိ အခ်စ္အတြက္ အဆင္သင့္မျဖစ္ေသးလို႔ မယူတာလည္းျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ ကိုယ့္အေပၚမေကာင္းတဲ့ လူတစ္ေယာက္ေၾကာင့္ အခ်စ္ကိုေဝးေဝးကေရွာင္ခ်င္သြားတာလည္း ျဖစ္ႏုိင္ပါတယ္။

အခုလုိဒစ္ဂ်စ္တယ္ေခတ္ ယဥ္ေက်းမႈၾကီးကတျခားသူေတြ အိမ္ ေထာင္ေတြျပဳ၊ ကေလးေတြေမြးေနတဲ့အခ်ိန္မွာ တစ္ကိုယ္တည္းျဖစ္ေနတဲ့သူေတြကို သနားစရာသတၱဝါေတြလုိထင္ရေအာင္ လုပ္တတ္ပါတယ္။ ဒါေပမဲ့ ဘယ္လိုအေၾကာင္းေၾကာင့္ အပ်ဳိၾကီးျဖစ္ေနသည္ျဖစ္ေစ ကိုယ့္ကိုယ္ကိုထိန္းသိမ္းႏုိင္ေသာသိကၡာနဲ႔ယုံၾကည္မႈ အျပည့္ရွိတဲ့ မိန္းမတစ္ေယာက္အျဖစ္နဲ႔ လူေတြကုိရဲရဲၾကီးအႏုိင္ပိုင္းလုိ႔ ရပါတယ္။ ဒီလုိအပ်ဳိၾကီးမမတစ္ေယာက္ျဖစ္ဖုိ႔ ကူညီေပးႏုိင္တဲ့ အခ်က္ေတြရွိပါတယ္။

ခရီးထြက္ပါ။ တစ္ေယာက္တည္းျဖစ္ျဖစ္ အေပါင္းအသင္း၊ မိသားစုနဲ႔ျဖစ္ျဖစ္သြားပါ။ စြန္႔စားစရာေတြ၊ စူးစမ္းရွာေဖြစရာေတြကကုိယ့္္ကုိလုပ္ႏုိင္စြမ္းေတြရွိလာေအာင္ ဖန္တီးေပးႏုိင္ပါတယ္။ တျခားေအာင္ျမင္တဲ့ အမ်ဳိးသမီးေတြအေၾကာင္းဖတ္ပါ။ အိမ္ေထာင္ရွင္ျဖစ္ျဖစ္ တကုိယ္တည္းသမားျဖစ္ျဖစ္ ကမာၻေက်ာ္ေအာင္လုပ္ႏုိင္ခဲ့တဲ့ မိန္းမေတြဆီကအေတြးအေခၚေတြကို ဖတ္ပါ။မွတ္ပါ။ ကိုယ္လည္းသူတုိ႔လုိတစ္ေန႔ျဖစ္မလာဘူးလို႔ ဘယ္သူေျပာႏုိင္ပါသလဲ။

ကုိယ့္ကိုယ္ကိုလွေအာင္ေနပါ။ ကိုယ့္ကိုယ္ကိုဂရုစိုက္ျခင္းကကိုယ့္စိတ္ကုိပိုျပီးအင္အားရွိလာေစသလိုယုံၾကည္မႈလည္း တုိးေစႏုိင္ပါတယ္။ အရင္တုန္းကထက္ ပိုျပီးလွေနက်က္သေရရွိေနေအာင္ ဂရုတစိုက္ေနပါ။ ခ်စ္သူရည္းစား တစ္ေယာက္တည္းကိုေပးရမယ့္အခ်စ္ေတြကုိ တျခားလူအမ်ားၾကီးအတြက္ ျဖန္႔ေဝေပးလုိက္ပါ။ မိသားစု၊ မိတ္ေဆြ၊ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ ကမာၻၾကီးကိုအခ်စ္ေတြေပးလိုက္ပါ။ အခ်စ္ေတြေပးရတာေပ်ာ္လာတဲ့အခါ တစုံတေယာက္တည္းဆီကအခ်စ္ေတြကုိတမ္းတေနရတဲ့ ဒုကၡကင္းသြားပါတယ္။

အလုပ္ကိုအာရုံစိုက္ပါ။ ေရြးခ်ယ္ရမယ့္အလုပ္ေတြ၊ စြန္႔စားရမယ့္အလုပ္ေတြကိုေရြးျပီး ရဲရဲဝံံ့ဝံ့လုပ္ပါ။ ေယာက္်ားတစ္ေယာက္ကိုမွီခုိစရာမလုိဘဲကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ လုပ္ခြင့္ရတဲ့ဘဝကိုပိုျပီးတန္ဖိုးထားတတ္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
မိန်းမတစ်ယောက် အပျိုကြီးဖြစ်နေတာ ဘာမှမမှားပါဘူး။ တကယ်တော့ ကျွန်မတို့အပျိုကြီးတွေဆိုတာ စိန်လက်စွပ်တစ်ကွင်းနဲ့ အိပ်မက်တွေကို လဲစရာမလိုတဲ့ ကိုယ့်ကိုယ်ကိုပိုင်တဲ့ အရှင်သခင်တွေဖြစ်ပါတယ်။ အကြိုက်မတွေ့လို့ မယူတာဖြစ်နိုင်သလို အချစ်အတွက် အဆင်သင့်မဖြစ်သေးလို့ မယူတာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်ကြောင့် အချစ်ကိုဝေးဝေးကရှောင်ချင်သွားတာလည်း ဖြစ်နိုင်ပါတယ်။

အခုလိုဒစ်ဂျစ်တယ်ခေတ် ယဉ်ကျေးမှုကြီးကတခြားသူတွေ အိမ်ထောင်တွေပြု၊ ကလေးတွေမွေးနေတဲ့အချိန်မှာ တစ်ကိုယ်တည်းဖြစ်နေတဲ့သူတွေကို သနားစရာသတ္တဝါတွေလိုထင်ရအောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့် အပျိုကြီးဖြစ်နေသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်သောသိက္ခာနဲ့ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းမတစ်ယောက်အဖြစ်နဲ့ လူတွေကိုရဲရဲကြီးအနိုင်ပိုင်းလို့ ရပါတယ်။ ဒီလိုအပျိုကြီးမမတစ်ယောက်ဖြစ်ဖို့ ကူညီပေးနိုင်တဲ့ အချက်တွေရှိပါတယ်။

ခရီးထွက်ပါ။ တစ်ယောက်တည်းဖြစ်ဖြစ် အပေါင်းအသင်း၊ မိသားစုနဲ့ဖြစ်ဖြစ်သွားပါ။ စွန့်စားစရာတွေ၊ စူးစမ်းရှာဖွေစရာတွေကကိုယ့််ကိုလုပ်နိုင်စွမ်းတွေရှိလာအောင် ဖန်တီးပေးနိုင်ပါတယ်။ တခြားအောင်မြင်တဲ့ အမျိုးသမီးတွေအကြောင်းဖတ်ပါ။ အိမ်ထောင်ရှင်ဖြစ်ဖြစ် တကိုယ်တည်းသမားဖြစ်ဖြစ် ကမ္ဘာကျော်အောင်လုပ်နိုင်ခဲ့တဲ့ မိန်းမတွေဆီကအတွေးအခေါ်တွေကို ဖတ်ပါ။မှတ်ပါ။ ကိုယ်လည်းသူတို့လိုတစ်နေ့ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။

ကိုယ့်ကိုယ်ကိုလှအောင်နေပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းကကိုယ့်စိတ်ကိုပိုပြီးအင်အားရှိလာစေသလိုယုံကြည်မှုလည်း တိုးစေနိုင်ပါတယ်။ အရင်တုန်းကထက် ပိုပြီးလှနေကျက်သရေရှိနေအောင် ဂရုတစိုက်နေပါ။ ချစ်သူရည်းစား တစ်ယောက်တည်းကိုပေးရမယ့်အချစ်တွေကို တခြားလူအများကြီးအတွက် ဖြန့်ဝေပေးလိုက်ပါ။ မိသားစု၊ မိတ်ဆွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကမ္ဘာကြီးကိုအချစ်တွေပေးလိုက်ပါ။ အချစ်တွေပေးရတာပျော်လာတဲ့အခါ တစုံတယောက်တည်းဆီကအချစ်တွေကိုတမ်းတနေရတဲ့ ဒုက္ခကင်းသွားပါတယ်။

အလုပ်ကိုအာရုံစိုက်ပါ။ ရွေးချယ်ရမယ့်အလုပ်တွေ၊ စွန့်စားရမယ့်အလုပ်တွေကိုရွေးပြီး ရဲရဲဝံံ့ဝံ့လုပ်ပါ။ ယောက်ျားတစ်ယောက်ကိုမှီခိုစရာမလိုဘဲကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရတဲ့ဘဝကိုပိုပြီးတန်ဖိုးထားတတ်လာပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top