Kantharyar Centre
×

ေစ်း၀ယ္တဲ့ အခါ အိမ္ရွင္မေတြဟာ ေကာင္းမြန္ၿပီး လတ္ဆတ္တဲ့ အသီးအႏွံေတြကိုသာ ေရြးခ်ယ္ ၀ယ္ယူခ်င္ၾကပါတယ္ ။ တခ်ိဳ႕ အသီးအႏွံေတြကို ဘယ္လို ေရြးခ်ယ္လဲဆိုတာနဲ႔ ဘယ္လိုပံုစံ ေဆးေၾကာ သိမ္းဆည္းရမလဲ ဆိုတာေလးကို မွ်ေ၀ေပးထားပါတယ္ ။

မုန္လာဥနီ – အေရာင္ရင့္ေလ ပိုေကာင္းေလပါပဲ ။
ဘူးသီး – မ ၾကည့္ပါ ။ ေလးၿပီး တစ္ေနတာမ်ိဳးက ပိုေကာင္းပါတယ္ ။
ၾကက္ဟင္းခါးသီး – အစိမ္းရင့္ေရာင္ ရွိေလ ပိုေကာင္းေလပါပဲ ။
ခရမ္းသီး – အညိဳေရာင္ ျဖစ္ေနရင္ မေကာင္းပါဘူး ။
ေဂၚဖီထုပ္ – မ ၾကည့္လို႔ ေလးၿပီး တစ္ေနရင္ ေကာင္းပါတယ္ ။
ေဂၚဖီပြင့္ အျဖဴ/အစိမ္း – အေပၚမွာ ညိဳၿပီး မဲေနရင္ မေကာင္းပါဘူး ။
ဘိုစားပဲ – ထိပ္ေလးကို ခ်ိဳးၾကည့္ပါ က်ိဳးသြားရင္ လတ္ဆတ္တာပါ ေကြးရံုပဲ ေကြးတယ္ဆိုရင္ မလတ္ေတာ့ပါဘူး ။
အုန္းသီး – အသီးကို လွႈပ္ၾကည့္ပါ ။ အထဲက ေရသံမ်ားမ်ား ၾကားရရင္ ေကာင္းပါတယ္ ။
ဒန္႔ဒလြန္သီး – ကိုင္လိုက္ရင္ တင္းတင္းရင္းရင္း ျဖစ္ေနတာ စားဖို႔ အသင့္ေတာ္ဆံုးပါ ။ ပိန္လိမ္ေနတာ ဒါမွမဟုတ္ ေပ်ာ့ေနတာဆိုရင္ မေကာင္းပါ ။
င႐ုတ္သီးစိမ္း – သူကေတာ့ အျမင္နဲ႔ ဆံုးျဖတ္လို႔ ရပါတယ္ ။ ဒါေပမယ့္ တခ်ိဳ႕ အေတာင့္ေတြက အစိမ္းႏုေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ဆို ႏုေနပါေသးတယ္ ။ စားရင္ မစပ္ပါဘူး ။
႐ုံးပတီသီး – အဖ်ားပိုင္း အခြ်န္ေလးကို ခ်ိဳးၾကည့္ပါ ။ က်ိဳးသြားရင္ ႏုပါတယ္ ။ တခ်ိဳ႕ဆိုင္ေတြက ေပးမခ်ိဳးပါဘူး ဒါဆို ကိုင္ၿပီး ဖ်စ္ၾကည့္ပါ။ ေပ်ာ့ရင္ ႏုပါတယ္ ။
ၾကက္သြန္နီ – မဲေနတာမ်ိဳး မ၀ယ္ပါနဲ႔ ။ အေလးခ်ိန္ မစီးခ်င္ရင္ေတာ့ အညွာက်စ္တာ ေရြးပါ ။
ငွက္ေပ်ာဖူး – ကိုင္ၾကည့္ရင္ ေလးၿပီး တစ္တစ္ေလး ျဖစ္ေနရပါမယ္ ။ အထဲက ငွက္ေပ်ာသီးအဆံေလးေတြက လတ္ဆတ္ေနရပါမယ္ ။
ငွက္ေပ်ာပင္ – အျဖဳေရာင္ကို ၾကည္ၾကည္လင္လင္ေလး ျဖစ္ေနတာ ၀ယ္ပါ ။
အာလူး – ေပ်ာ့ေနရင္ေတာ့ ေ၀းေ၀းက ေရွာင္ပါ ။ မၾကာခင္မွာ သူက ပုပ္ပါေတာ့မယ္ ။ တခ်ိဳ႕အာလူးေတြမွာ အျမစ္ေလးေတြ ထြက္ေနတာေတြ႔ဖူးပါလိမ့္မယ္ ဒါဆို ခ်က္ဖို႔အတြက္ မေကာင္းပါဘူး ။
သခြားသီး – လတ္ဆတ္တဲ့ သခြားသီးဟာ ေပ်ာ့မေနရပါဘူး ။
ကင္ပြန္းခ်ဥ္ရြက္/မန္က်ည္းရြက္ – သူကေတာ့ အျမင္နဲ႔တင္ ရပါတယ္ ။ အစည္းကို ကိုင္လိုက္လို႔ အရြက္ေလးေတြ ေၾကြက်ေနတယ္ ဆိုရင္ သိပ္မလတ္ေတာ့ပါဘူး ။
မုန္လာဥအျဖဴ – အရြက္စိမ္းေတြ ပါတယ္ ဆိုရင္ေတာ့ ပိုၿပီး လတ္ဆတ္ပါတယ္ ။ အရြက္ မပါတဲ့ဟာ ဆိုရင္ေတာ့ ေပ်ာ့ေနရင္ ေရွာင္ပါ ။

အသီးအရြက္ ေတြကို ပိုးသတ္ေဆးနဲ႔ ဓာတုပစၥည္းေတြ ရန္က ကင္းေစဖို႔ ေရဇလံုထဲမွာ ဆား တစ္ဇြန္းနဲ႔ နႏြင္းအနည္းငယ္(သို႔)မုန္႔ဖုတ္ေဆာ္ဒါ တစ္ဇြန္း(သို႔) Vinegar တို႔ကို ထည့္ၿပီး အသီးအရြက္ေတြကို မစားခင္ မိနစ္ ၂၀ေလာက္ စိမ္ထားေပးပါ။ ၿပီးရင္ ေရျပန္ေဆးၿပီးမွ ခ်က္ျပဳတ္ပါ။

ပန္းသီးနဲ႔ စပ်စ္သီး ေတြကို မစားခင္ ေရေႏြး ၾကက္သီးေႏြးေလးထဲမွာ ၁နာရီေလာက္ စိမ္ထားပါ ၿပီးရင္ ေရနဲ႔ ျပန္ေဆးၿပီးမွ စားသံုးပါ။ သူတို႔ရဲ႕ အခြံေပၚမွာရွိတဲ့ ပိုးသတ္ေဆးေတြကို ဖယ္ရွားဖို႔ အတြက္ပါ။
အသီးေတြနဲ႔ အရြက္ ေတြကို အခြံႏႊာၿပီးတဲ့ အခါမွာလည္း ထပ္ၿပီးေတာ့ ေဆးသင့္ပါတယ္။ အဲ့လို ေဆးလိုက္လို႔ အာဟာရဓာတ္ေတြ ေလ်ာ့မသြားေစပါဘူး။
ပဲသီး၊ ရံုးပတီသီးနဲ႔ သခြားသီးလို အသီးမ်ိဳးေတြကို မစားခင္ ေရ ၃ထပ္ ေဆးပါ။
တခ်ိဳ႕ ဟင္းခ်က္တဲ့ အခါမွာ ၾကက္သြန္နီ အေသးေလးေတြကို ေထာင္းၿပီး ထည့္ခ်က္ပါတယ္။ တခါတေလ အဲ့ဒီ ၾကက္သြန္နီ အေသးေလးေတြက အခြံႏႊာရခက္တတ္ပါတယ္။ အဲ့ဒီအခါ ခဏေလး ေရစိမ္ထားၿပီးမွ ႏႊာပါ။
ၾကက္သြန္နီေတြကို အခြံႏႊာၿပီးတဲ့ အခါတိုင္း ေရေဆးပါ။ မိႈေတြ ကပ္ေနတတ္ပါတယ္။
မုန္႔ဟင္းခါးခ်က္တဲ့ အခါ ငွက္ေပ်ာပင္ ထည့္ခ်က္ဖို႔ အတြက္ ငွက္ေပ်ာပင္ေတြကို လွီးၿပီး နႏြင္းအနည္းငယ္ပါတဲ့ ေရမွာ စိမ္ထားပါ။ ဒါမွ မဲ မ သြားမွာပါ။
ငွက္ေပ်ာဖူး လွီးတဲ့ အခါ အေစးေတြ ကပ္မေနဖို႔ ဒါးမွာ ဆီ အနည္းငယ္ ဆြတ္ၿပီး လွီးပါ။
အခြံႏႊာၿပီးသား အာလူးေတြကို ေရထဲမွာ စိမ္ထားပါ။ ခဏေလးနဲ႔ မဲသြားတတ္လို႔ပါ။
႐ုံးပတီသီးေတြကို ဟင္းထဲထည့္ခါနီးမွ လွီးၿပီးထည့္ပါ။ သူ႔ကို လွီးမထားပါနဲ႔။
မုန္လာဥအျဖဴကို အစိမ္း မစားပါနဲ႔။ သုပ္စားမယ္ဆိုရင္လည္း သံပုရာသီး ညွစ္ၿပီးမွ စားပါ။
ၾကက္သြန္နီ လွီးတဲ့အခါ မမႊန္ေစဖို႔ အနားမွာ ဆားအနည္းငယ္ ပုံထားပါ။

သိမ္းဆည္းပံု

1.အသားေတြနဲ႔ အသီးအႏွံေတြကို ပလပ္စတစ္အိတ္ေတြနဲ႔ ၾကာၾကာ သိမ္းမထားပါနဲ႔။
2.ေစ်း၀ယ္တဲ့ အခါ လိုအပ္သေလာက္ပဲ ၀ယ္ယူတာ အေကာင္းဆံုးပါ။ ေရခဲေသတၱာထဲ ၾကာရွည္သိမ္းထားၿပီး စားသံုးျခင္းဟာ ေကာင္းတဲ့ အေလ့အက်င့္တစ္ခု မဟုတ္ပါဘူး။
3.ဆန္ပံုးေတြထဲကို ငရုတ္သီး အနီေတာင့္ေလးေတြ ထည့္ထားရင္ ပုရြတ္ဆိတ္နဲ႔ ပိုးမႊားေလးေတြ မလာေအာင္ အေထာက္အကူ ျဖစ္ပါတယ္။
4.မန္က်ည္းသီးကို သစ္သားနဲ႔ လုပ္ထားတဲ့ ခြက္ ဒါမွမဟုတ္ ေၾကြထည္နဲ႔ လုပ္ထားတဲ့ ခြက္ေတြထဲမွာ ထည့္သိမ္းတာက အစိုျပန္ျခင္းကို ကာကြယ္ပါတယ္။
5.အသီးအရြက္ေတြကို ေရခဲေသတၱာထဲမွာ ထည့္သိမ္းမယ္ဆိုရင္ေတာ့ အ၀တ္အိတ္ေတြနဲ႔ ထည့္ပါ။ တစ္ပတ္ထက္ပိုၿပီး ၾကာၾကာ မထားပါနဲ႔။
6.ငရုတ္သီးစိမ္းကို အညွာေခြ်ၿပီးမွ သိမ္းပါ။
7.ဥ (ကန္စြန္းဥ၊ ၀ဥ..)နဲ႔ အာလူးေတြက ေရခဲေသတၱာထဲ ထည့္သိမ္းဖို႔ မလိုပါဘူး။ အခန္းအပူခ်ိန္မွာပဲ ထားတာ ပိုသင့္ေတာ္ပါတယ္။
8.ခ်က္ၿပီးသား ဟင္းေတြကို ၂၄နာရီထက္ ပိုၿပီးေတာ့ ေရခဲေသတၱာထဲမွာ မသိမ္းပါနဲ႔။ တစ္ေန႔စာ ပမာဏကို ခ်က္ျပဳတ္တာ ပိုေကာင္းပါတယ္။
9.ေရခဲေသတၱာထဲမွာ သိမ္းမယ့္ အရာအားလံုးကို အပိတ္ေတြပဲ ထားပါ ။ ဘူးဆိုလည္း လံုေအာင္ပိတ္ထားပါ ။ အိတ္ဆိုလည္း ထုပ္ထားပါ။
10.ေရခဲေသတၱာထဲက ယိုဘူးေတြနဲ႔ သနပ္ဘူးေတြမွာ ဇြန္းတန္းလန္းနဲ႔ ဘယ္ေတာ့မွ မထားပါနဲ႔။ အဖံုးကို လံုေအာင္ပိတ္ၿပီး ျပန္ထည့္ပါ။
11.ပူေနေသးတဲ့ အစားအစာေတြကို ေရခဲေသတၱာထဲ တန္းမထည့္ပါနဲ႔။

အိမ္ရွင္မေတြ အတြက္ အသံုးတည့္မယ္လို႔ ထင္ပါတယ္ ။ တျခားနည္းလမ္းေလးေတြ ရွိရင္လည္း မွ်ေ၀ေပးခဲ့ၾကပါဦးေနာ္ ။
အားလံုးပဲ က်န္းမာၾကပါေစ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

ဈေးဝယ်တဲ့ အခါ အိမ်ရှင်မတွေဟာ ကောင်းမွန်ပြီး လတ်ဆတ်တဲ့ အသီးအနှံတွေကိုသာ ရွေးချယ် ဝယ်ယူချင်ကြပါတယ် ။ တချို့ အသီးအနှံတွေကို ဘယ်လို ရွေးချယ်လဲဆိုတာနဲ့ ဘယ်လိုပုံစံ ဆေးကြော သိမ်းဆည်းရမလဲ ဆိုတာလေးကို မျှဝေပေးထားပါတယ် ။

မုန်လာဥနီ – အရောင်ရင့်လေ ပိုကောင်းလေပါပဲ ။
ဘူးသီး – မ ကြည့်ပါ ။ လေးပြီး တစ်နေတာမျိုးက ပိုကောင်းပါတယ် ။
ကြက်ဟင်းခါးသီး – အစိမ်းရင့်ရောင် ရှိလေ ပိုကောင်းလေပါပဲ ။
ခရမ်းသီး – အညိုရောင် ဖြစ်နေရင် မကောင်းပါဘူး ။
ဂေါ်ဖီထုပ် – မ ကြည့်လို့ လေးပြီး တစ်နေရင် ကောင်းပါတယ် ။
ဂေါ်ဖီပွင့် အဖြူ/အစိမ်း – အပေါ်မှာ ညိုပြီး မဲနေရင် မကောင်းပါဘူး ။
ဘိုစားပဲ – ထိပ်လေးကို ချိုးကြည့်ပါ ကျိုးသွားရင် လတ်ဆတ်တာပါ ကွေးရုံပဲ ကွေးတယ်ဆိုရင် မလတ်တော့ပါဘူး ။
အုန်းသီး – အသီးကို လှှုပ်ကြည့်ပါ ။ အထဲက ရေသံများများ ကြားရရင် ကောင်းပါတယ် ။
ဒန့်ဒလွန်သီး – ကိုင်လိုက်ရင် တင်းတင်းရင်းရင်း ဖြစ်နေတာ စားဖို့ အသင့်တော်ဆုံးပါ ။ ပိန်လိမ်နေတာ ဒါမှမဟုတ် ပျော့နေတာဆိုရင် မကောင်းပါ ။
ငရုတ်သီးစိမ်း – သူကတော့ အမြင်နဲ့ ဆုံးဖြတ်လို့ ရပါတယ် ။ ဒါပေမယ့် တချို့ အတောင့်တွေက အစိမ်းနုရောင် ခပ်ဖျော့ဖျော့ဆို နုနေပါသေးတယ် ။ စားရင် မစပ်ပါဘူး ။
ရုံးပတီသီး – အဖျားပိုင်း အချွန်လေးကို ချိုးကြည့်ပါ ။ ကျိုးသွားရင် နုပါတယ် ။ တချို့ဆိုင်တွေက ပေးမချိုးပါဘူး ဒါဆို ကိုင်ပြီး ဖျစ်ကြည့်ပါ။ ပျော့ရင် နုပါတယ် ။
ကြက်သွန်နီ – မဲနေတာမျိုး မဝယ်ပါနဲ့ ။ အလေးချိန် မစီးချင်ရင်တော့ အညှာကျစ်တာ ရွေးပါ ။
ငှက်ပျောဖူး – ကိုင်ကြည့်ရင် လေးပြီး တစ်တစ်လေး ဖြစ်နေရပါမယ် ။ အထဲက ငှက်ပျောသီးအဆံလေးတွေက လတ်ဆတ်နေရပါမယ် ။
ငှက်ပျောပင် – အဖြုရောင်ကို ကြည်ကြည်လင်လင်လေး ဖြစ်နေတာ ဝယ်ပါ ။
အာလူး – ပျော့နေရင်တော့ ဝေးဝေးက ရှောင်ပါ ။ မကြာခင်မှာ သူက ပုပ်ပါတော့မယ် ။ တချို့အာလူးတွေမှာ အမြစ်လေးတွေ ထွက်နေတာတွေ့ဖူးပါလိမ့်မယ် ဒါဆို ချက်ဖို့အတွက် မကောင်းပါဘူး ။
သခွားသီး – လတ်ဆတ်တဲ့ သခွားသီးဟာ ပျော့မနေရပါဘူး ။
ကင်ပွန်းချဉ်ရွက်/မန်ကျည်းရွက် – သူကတော့ အမြင်နဲ့တင် ရပါတယ် ။ အစည်းကို ကိုင်လိုက်လို့ အရွက်လေးတွေ ကြွေကျနေတယ် ဆိုရင် သိပ်မလတ်တော့ပါဘူး ။
မုန်လာဥအဖြူ – အရွက်စိမ်းတွေ ပါတယ် ဆိုရင်တော့ ပိုပြီး လတ်ဆတ်ပါတယ် ။ အရွက် မပါတဲ့ဟာ ဆိုရင်တော့ ပျော့နေရင် ရှောင်ပါ ။

အသီးအရွက် တွေကို ပိုးသတ်ဆေးနဲ့ ဓာတုပစ္စည်းတွေ ရန်က ကင်းစေဖို့ ရေဇလုံထဲမှာ ဆား တစ်ဇွန်းနဲ့ နနွင်းအနည်းငယ်(သို့)မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်း(သို့) Vinegar တို့ကို ထည့်ပြီး အသီးအရွက်တွေကို မစားခင် မိနစ် ၂၀လောက် စိမ်ထားပေးပါ။ ပြီးရင် ရေပြန်ဆေးပြီးမှ ချက်ပြုတ်ပါ။

ပန်းသီးနဲ့ စပျစ်သီး တွေကို မစားခင် ရေနွေး ကြက်သီးနွေးလေးထဲမှာ ၁နာရီလောက် စိမ်ထားပါ ပြီးရင် ရေနဲ့ ပြန်ဆေးပြီးမှ စားသုံးပါ။ သူတို့ရဲ့ အခွံပေါ်မှာရှိတဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားဖို့ အတွက်ပါ။
အသီးတွေနဲ့ အရွက် တွေကို အခွံနွှာပြီးတဲ့ အခါမှာလည်း ထပ်ပြီးတော့ ဆေးသင့်ပါတယ်။ အဲ့လို ဆေးလိုက်လို့ အာဟာရဓာတ်တွေ လျော့မသွားစေပါဘူး။
ပဲသီး၊ ရုံးပတီသီးနဲ့ သခွားသီးလို အသီးမျိုးတွေကို မစားခင် ရေ ၃ထပ် ဆေးပါ။
တချို့ ဟင်းချက်တဲ့ အခါမှာ ကြက်သွန်နီ အသေးလေးတွေကို ထောင်းပြီး ထည့်ချက်ပါတယ်။ တခါတလေ အဲ့ဒီ ကြက်သွန်နီ အသေးလေးတွေက အခွံနွှာရခက်တတ်ပါတယ်။ အဲ့ဒီအခါ ခဏလေး ရေစိမ်ထားပြီးမှ နွှာပါ။
ကြက်သွန်နီတွေကို အခွံနွှာပြီးတဲ့ အခါတိုင်း ရေဆေးပါ။ မှိုတွေ ကပ်နေတတ်ပါတယ်။
မုန့်ဟင်းခါးချက်တဲ့ အခါ ငှက်ပျောပင် ထည့်ချက်ဖို့ အတွက် ငှက်ပျောပင်တွေကို လှီးပြီး နနွင်းအနည်းငယ်ပါတဲ့ ရေမှာ စိမ်ထားပါ။ ဒါမှ မဲ မ သွားမှာပါ။
ငှက်ပျောဖူး လှီးတဲ့ အခါ အစေးတွေ ကပ်မနေဖို့ ဒါးမှာ ဆီ အနည်းငယ် ဆွတ်ပြီး လှီးပါ။
အခွံနွှာပြီးသား အာလူးတွေကို ရေထဲမှာ စိမ်ထားပါ။ ခဏလေးနဲ့ မဲသွားတတ်လို့ပါ။
ရုံးပတီသီးတွေကို ဟင်းထဲထည့်ခါနီးမှ လှီးပြီးထည့်ပါ။ သူ့ကို လှီးမထားပါနဲ့။
မုန်လာဥအဖြူကို အစိမ်း မစားပါနဲ့။ သုပ်စားမယ်ဆိုရင်လည်း သံပုရာသီး ညှစ်ပြီးမှ စားပါ။
ကြက်သွန်နီ လှီးတဲ့အခါ မမွှန်စေဖို့ အနားမှာ ဆားအနည်းငယ် ပုံထားပါ။

သိမ်းဆည်းပုံ

1.အသားတွေနဲ့ အသီးအနှံတွေကို ပလပ်စတစ်အိတ်တွေနဲ့ ကြာကြာ သိမ်းမထားပါနဲ့။
2.ဈေးဝယ်တဲ့ အခါ လိုအပ်သလောက်ပဲ ဝယ်ယူတာ အကောင်းဆုံးပါ။ ရေခဲသေတ္တာထဲ ကြာရှည်သိမ်းထားပြီး စားသုံးခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခု မဟုတ်ပါဘူး။
3.ဆန်ပုံးတွေထဲကို ငရုတ်သီး အနီတောင့်လေးတွေ ထည့်ထားရင် ပုရွတ်ဆိတ်နဲ့ ပိုးမွှားလေးတွေ မလာအောင် အထောက်အကူ ဖြစ်ပါတယ်။
4.မန်ကျည်းသီးကို သစ်သားနဲ့ လုပ်ထားတဲ့ ခွက် ဒါမှမဟုတ် ကြွေထည်နဲ့ လုပ်ထားတဲ့ ခွက်တွေထဲမှာ ထည့်သိမ်းတာက အစိုပြန်ခြင်းကို ကာကွယ်ပါတယ်။
5.အသီးအရွက်တွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းမယ်ဆိုရင်တော့ အဝတ်အိတ်တွေနဲ့ ထည့်ပါ။ တစ်ပတ်ထက်ပိုပြီး ကြာကြာ မထားပါနဲ့။
6.ငရုတ်သီးစိမ်းကို အညှာချွေပြီးမှ သိမ်းပါ။
7.ဥ (ကန်စွန်းဥ၊ ဝဥ..)နဲ့ အာလူးတွေက ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ မလိုပါဘူး။ အခန်းအပူချိန်မှာပဲ ထားတာ ပိုသင့်တော်ပါတယ်။
8.ချက်ပြီးသား ဟင်းတွေကို ၂၄နာရီထက် ပိုပြီးတော့ ရေခဲသေတ္တာထဲမှာ မသိမ်းပါနဲ့။ တစ်နေ့စာ ပမာဏကို ချက်ပြုတ်တာ ပိုကောင်းပါတယ်။
9.ရေခဲသေတ္တာထဲမှာ သိမ်းမယ့် အရာအားလုံးကို အပိတ်တွေပဲ ထားပါ ။ ဘူးဆိုလည်း လုံအောင်ပိတ်ထားပါ ။ အိတ်ဆိုလည်း ထုပ်ထားပါ။
10.ရေခဲသေတ္တာထဲက ယိုဘူးတွေနဲ့ သနပ်ဘူးတွေမှာ ဇွန်းတန်းလန်းနဲ့ ဘယ်တော့မှ မထားပါနဲ့။ အဖုံးကို လုံအောင်ပိတ်ပြီး ပြန်ထည့်ပါ။
11.ပူနေသေးတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ တန်းမထည့်ပါနဲ့။

အိမ်ရှင်မတွေ အတွက် အသုံးတည့်မယ်လို့ ထင်ပါတယ် ။ တခြားနည်းလမ်းလေးတွေ ရှိရင်လည်း မျှဝေပေးခဲ့ကြပါဦးနော် ။
အားလုံးပဲ ကျန်းမာကြပါစေ ။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top