လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

 မႏၲေလးတိုင္းေဒသႀကီး ေတာင္သာၿမိဳ႕တြင္ အသက္ မ ျပည့္ေသးသည့္ မိန္းကေလးတစ္ ဦးကို ရဲတပ္သားက အတင္းအဓမၼ ျပဳက်င့္သည္ဆိုကာ ရဲတပ္ဖြဲ႕ စခန္းတြင္ တိုင္ၾကားမႈျဖစ္ပြား ေၾကာင္း သတင္းရရွိသည္။

ေတာင္သာၿမိဳ႕အမွတ္ (၅) ရပ္ကြက္ေန စစ္မႈထမ္းေဟာင္း အၿငိမ္းစားတစ္ဦး၏ သမီးႏွစ္ဦး သည္ စာအုပ္အငွားဆိုင္သြားရာ မွ ရဲတပ္သားက အသက္ (၁၅) ႏွစ္အရြယ္ မိန္းကေလးကို ေခၚ ေဆာင္သြားၿပီးေနာက္ ေအာက္ တိုဘာ ၁၆ ရက္က အတင္းအဓမၼ ျပဳက်င့္ျခင္းျဖစ္ေၾကာင္း မႏၲေလး တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ံုးမွ သိရသည္။

အတင္းအဓမၼျပဳက်င့္ခဲ့သည္ ဆိုသည့္ အမ်ိဳးသားသည္ မိန္းက ေလးကို ဆိုင္ကယ္ျဖင့္ ေတာင္ သာ-ျမင္းၿခံကားလမ္း၊ ေတာင္ သာ၊ ျမင္းၿခံနယ္စပ္တံတား အ လြန္ ေတာထဲသို႔ ေခၚေဆာင္ၿပီး အတင္းအဓမၼျပဳက်င့္ကာ ရပ္ ကြက္ဘူတာ႐ံုေရွ႕သို႔ ျပန္လည္ပို႔ ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဓမၼျပဳက်င့္ခဲ့သည့္ ရဲတပ္ သားသည္ ငါန္းဇြန္ၿမိဳ႕မရဲတပ္ဖြဲ႕ စခန္းတြင္ တာ၀န္ထမ္းေဆာင္ ေနသူျဖစ္ၿပီး ေအာက္တိုဘာ ၁၃ ရက္ကစ၍ ခြင့္မဲ့ပ်က္ကြက္ေနသူ ျဖစ္ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုး မွတ္တမ္းအရ သိရသည္။

အဆုိပါ ရဲတပ္သားကို ေတာင္သာၿမိဳ႕အမွတ္ (၆) ရပ္ ကြက္တြင္ ေအာက္တုိဘာ ၁၇ ရက္က ဖမ္းမိ၍ ေတာင္သာၿမိဳ႕မ ရဲတပ္ ဖြဲ႕စခန္း၌ ဖမ္းဆီးခ်ဳပ္ ေႏွာင္ထားၿပီး တိုင္တန္းခ်က္ႏွင့္ ပတ္သက္၍ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနၾကာင္း ေတာင္ သာၿမိဳ႕မရဲတပ္ဖဲြ႕စခန္းမွ သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မန္တလေးတိုင်းဒေသကြီး တောင်သာမြို့တွင် အသက် မ ပြည့်သေးသည့် မိန်းကလေးတစ် ဦးကို ရဲတပ်သားက အတင်းအဓမ္မ ပြုကျင့်သည်ဆိုကာ ရဲတပ်ဖွဲ့ စခန်းတွင် တိုင်ကြားမှုဖြစ်ပွား ကြောင်း သတင်းရရှိသည်။

တောင်သာမြို့အမှတ် (၅) ရပ်ကွက်နေ စစ်မှုထမ်းဟောင်း အငြိမ်းစားတစ်ဦး၏ သမီးနှစ်ဦး သည် စာအုပ်အငှားဆိုင်သွားရာ မှ ရဲတပ်သားက အသက် (၁၅) နှစ်အရွယ် မိန်းကလေးကို ခေါ် ဆောင်သွားပြီးနောက် အောက် တိုဘာ ၁၆ ရက်က အတင်းအဓမ္မ ပြုကျင့်ခြင်းဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အတင်းအဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် အမျိုးသားသည် မိန်းက လေးကို ဆိုင်ကယ်ဖြင့် တောင် သာ-မြင်းခြံကားလမ်း၊ တောင် သာ၊ မြင်းခြံနယ်စပ်တံတား အ လွန် တောထဲသို့ ခေါ်ဆောင်ပြီး အတင်းအဓမ္မပြုကျင့်ကာ ရပ် ကွက်ဘူတာရုံရှေ့သို့ ပြန်လည်ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခဲ့သည့် ရဲတပ် သားသည် ငါန်းဇွန်မြို့မရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ထမ်းဆောင် နေသူဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်ကစ၍ ခွင့်မဲ့ပျက်ကွက်နေသူ ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

အဆိုပါ ရဲတပ်သားကို တောင်သာမြို့အမှတ် (၆) ရပ် ကွက်တွင် အောက်တိုဘာ ၁၇ ရက်က ဖမ်းမိ၍ တောင်သာမြို့မ ရဲတပ် ဖွဲ့စခန်း၌ ဖမ်းဆီးချုပ် နှောင်ထားပြီး တိုင်တန်းချက်နှင့် ပတ်သက်၍ အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြာင်း တောင် သာမြို့မရဲတပ်ဖွဲ့စခန်းမှ သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top