Property Expo
×

ပဲခူးတိုင္းေဒသႀကီး သာယာ ဝတီခ႐ိုင္ ၿမိဳ႕မရဲစခန္းသို႕ မိခင္ေဒၚ သီတာဝင္း(၃၉ႏွစ္)က ခင္ပြန္းျဖစ္ သူက သမီးျဖစ္သူအား တစ္ႏွစ္ နီးပါးခန္႕ အႀကိမ္ႀကိမ္သားမယား အျဖစ္ျပဳက်င့္ေနေၾကာင္း သိရၿပီး ယခုလ ၁၁ရက္ ည ၈ နာရီခြဲတြင္ လာေရာက္တိုင္တန္းသျဖင့္သာယာ ဝတီၿမိဳ႕မရဲစခန္းတြင္ (ပ) ၅၃ဝ/ ၂ဝ၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အမႈဖြင့္ကာ ထိုေန႔ည ၈နာရီ မိနစ္ ၅ဝ တြင္ စခန္းမွဴး ဒုရဲမွဴး တင္ထြဋ္ ဦးေဆာင္ေသာအဖြဲ႕ သည္ သာယာဝတီၿမိဳ႕နယ္ လွည္း လမ္းကူးေက်းရြာအုပ္စုေန (ဘ) ဦးစိုးသိန္း၏ သား---(၄၅ႏွစ္) အား အမႈျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယခုလ ၁ဝ ရက္ မြန္းလြဲ ၁၂ နာရီခြဲက ျပဳက်င့္ျခင္း ခံရသူ၏ မိခင္ ေဒၚ---အား မ်က္ႏွာခ်င္းဆိုင္ေန မ--ဆိုသူက ေနအိမ္သို႔ လာေခၚသျဖင့္ သြား ေရာက္ခဲ့ရာ သမီးျဖစ္သူ မ---(ခ) မ---(ခ)မ--(၁၃ႏွစ္)ကို အိမ္ေပၚတြင္ ေတြ႕ရသည္ဆို၏။ အိမ္ကိုေရာက္ၾကၿပီး မ---၏မိခင္ အား မ--ကေျပာၾကားရာတြင္ 'ဖခင္ရင္းျဖစ္သူက လြန္ခဲ့ေသာ တစ္ႏွစ္ခန္႕မွစ၍ သားမယားအျဖစ္ ျပဳက်င့္ေနေၾကာင္း'ကို မိခင္ျဖစ္သူ အား ျပန္မေျပာရဲဘူးေျပာသျဖင့္ ယခုကဲ့သို႔ အိမ္ေခၚေျပာရသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ မိခင္ျဖစ္သူက သမီးျဖစ္သူအား ျပန္လည္ေမး ျမန္းၾကည့္ရာ 'ဖခင္ရင္းျဖစ္သူ သည္ လြန္ခဲ့ေသာ တစ္ႏွစ္ခန္႕မွ စ၍ သံုးရက္လွ်င္တစ္ႀကိမ္ အႀကိမ္ ႀကိမ္ သားမယားအျဖစ္ ျပဳခဲ့ ေၾကာင္း ယခုလ ၁ဝရက္ ည ၁၂ နာရီတြင္ ဖခင္ျဖစ္သူက သား မယားအျဖစ္ျပဳက်င့္ရန္ ျပဳလုပ္ေန သည္ကိုမခံရပ္ႏိုင္ေတာ့ကာ ကယ္ ပါဦး'ဟုေအာ္ခဲ့ေၾကာင္း ေျပာျပ၍ သိရၿပီး ခင္ပြန္းျဖစ္သူအား ဥပေဒ အရ အေရးယူေပးပါရန္ တိုင္တန္း ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Union Daily

#Unicode Version
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မြို့မရဲစခန်းသို့ မိခင်ဒေါ် သီတာဝင်း(၃၉နှစ်)က ခင်ပွန်းဖြစ် သူက သမီးဖြစ်သူအား တစ်နှစ် နီးပါးခန့် အကြိမ်ကြိမ်သားမယား အဖြစ်ပြုကျင့်နေကြောင်း သိရပြီး ယခုလ ၁၁ရက် ည ၈ နာရီခွဲတွင် လာရောက်တိုင်တန်းသဖြင့်သာယာ ဝတီမြို့မရဲစခန်းတွင် (ပ) ၅၃ဝ/ ၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ထိုနေ့ည ၈နာရီ မိနစ် ၅ဝ တွင် စခန်းမှူး ဒုရဲမှူး တင်ထွဋ် ဦးဆောင်သောအဖွဲ့ သည် သာယာဝတီမြို့နယ် လှည်း လမ်းကူးကျေးရွာအုပ်စုနေ (ဘ) ဦးစိုးသိန်း၏ သား---(၄၅နှစ်) အား အမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၁ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပြုကျင့်ခြင်း ခံရသူ၏ မိခင် ဒေါ်---အား မျက်နှာချင်းဆိုင်နေ မ--ဆိုသူက နေအိမ်သို့ လာခေါ်သဖြင့် သွား ရောက်ခဲ့ရာ သမီးဖြစ်သူ မ---(ခ) မ---(ခ)မ--(၁၃နှစ်)ကို အိမ်ပေါ်တွင် တွေ့ရသည်ဆို၏။ အိမ်ကိုရောက်ကြပြီး မ---၏မိခင် အား မ--ကပြောကြားရာတွင် 'ဖခင်ရင်းဖြစ်သူက လွန်ခဲ့သော တစ်နှစ်ခန့်မှစ၍ သားမယားအဖြစ် ပြုကျင့်နေကြောင်း'ကို မိခင်ဖြစ်သူ အား ပြန်မပြောရဲဘူးပြောသဖြင့် ယခုကဲ့သို့ အိမ်ခေါ်ပြောရသည်ဟု ဆိုသည်။

ထို့ကြောင့် မိခင်ဖြစ်သူက သမီးဖြစ်သူအား ပြန်လည်မေး မြန်းကြည့်ရာ 'ဖခင်ရင်းဖြစ်သူ သည် လွန်ခဲ့သော တစ်နှစ်ခန့်မှ စ၍ သုံးရက်လျှင်တစ်ကြိမ် အကြိမ် ကြိမ် သားမယားအဖြစ် ပြုခဲ့ ကြောင်း ယခုလ ၁ဝရက် ည ၁၂ နာရီတွင် ဖခင်ဖြစ်သူက သား မယားအဖြစ်ပြုကျင့်ရန် ပြုလုပ်နေ သည်ကိုမခံရပ်နိုင်တော့ကာ ကယ် ပါဦး'ဟုအော်ခဲ့ကြောင်း ပြောပြ၍ သိရပြီး ခင်ပွန်းဖြစ်သူအား ဥပဒေ အရ အရေးယူပေးပါရန် တိုင်တန်း ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Union Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top