Property Expo
×

႐ုရွားႏုိင္ငံကလြဲလို႔ အျခားႏုိင္ငံေတြမွာ ေရာက္ရွိေနတဲ့ ႐ုရွားႏုိင္ငံသားေတြရဲ႕ ေဆြးမ်ိဳးသားခ်င္းေတြကို ကိုယ့္ႏုိင္ငံဆီျပန္ေခၚထားၾကဖို႔ ပူတင္က တိုက္တြန္းထားေၾကာင္း ႐ုရွားႏုိင္ငံအတြင္းမွာ သတင္းထြက္ေနပါတယ္။

ပူတင္ဟာ တတိယကမၻာစစ္အတြက္ ျပင္ဆင္ေနတာျဖစ္လို႔ အျခားႏုိင္ငံေတြ ေရာက္ေနၾကတဲ့ ႐ုရွားႏုိင္ငံသားေတြကို အိမ္ျပန္လာခိုင္းၾကဖို႔ ထိပ္တန္းအရာရွိအခ်ိဳ႕ကုိ ေျပာထားေၾကာင္း  ႐ုရွား ျပည္တြင္းဝက္ဘ္ဆိုက္အခ်ိဳ႕ရဲ႕ ေရးသားခ်က္ကို ကိုးကားၿပီး ၿဗိတိန္အတင္းအဖ်င္း သတင္းစာအခ်ိဳ႕ ေဖာ္ျပေနၾကပါတယ္။ ဆီးရီးယားျပည္တြင္းေရး ကိစၥမွာ ႐ုရွားက ပိုမိုပါဝင္လာခဲ့မႈ ပတ္သတ္ၿပီး အေမရိကန္နဲ႔ ဆက္ဆံေရးဟာ ပိုၿပီးေတာ့ ဆိုး႐ြားလာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာတင္ ႐ုရွားသမၼတပူတင္က ႏ်ဴလက္နက္ထိပ္ဖူးေတြကို ပိုလန္နယ္စပ္ေဒသအနီးဘက္စီ ေ႐ႊ႕ေျပာင္းထားတယ္ဆိုတဲ့ ေကာလာဟလလည္း ထြက္ေပၚေနပါတယ္။ အေမရိကန္နဲ႔ ႐ုရွားအေရး ပုိၿပီးတင္းမာလာမႈဟာ အႏၱရာယ္အလြန္ရွိေၾကာင္း ဆိုဗီယက္ေခါင္းေဆာင္ေဟာင္း မိုက္ေခးလ္ကလည္း သတိေပးထားပါတယ္။

႐ုရွား ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Znak.com ရဲ႕ အဆိုအရ ႐ုရႏုိင္ငံသားေတြျဖစ္တဲ့ အစိုးရဝန္ထမ္းေတြ၊ ေရွ႕ေနေတြ စသူေတြကို ႏုိင္ငံျခားမွာ ေက်ာင္းတတ္ေနတဲ့ ကေလးရွိရင္ အိမ္ျပန္ေခၚထားဖို႔ သတိေပးထားေၾကာင္း သိရပါတယ္။ စစ္ေအးကာလေနာက္ပိုင္း ႐ုရွားနဲ႔ အေမရိကန္ ဆက္ဆံေရးအဆိုး႐ြားဆံုး အေျခအေနကို ေရာက္ေနၿပီ ႐ုရွားဘက္က ဆိုက္ဘာတိုက္ခိုက္မႈေတြ လုပ္ေနတယ္လို႔ အေမရိကန္ဘက္က စြပ္စြဲထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရုရှားနိုင်ငံကလွဲလို့ အခြားနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ဆွေးမျိုးသားချင်းတွေကို ကိုယ့်နိုင်ငံဆီပြန်ခေါ်ထားကြဖို့ ပူတင်က တိုက်တွန်းထားကြောင်း ရုရှားနိုင်ငံအတွင်းမှာ သတင်းထွက်နေပါတယ်။

ပူတင်ဟာ တတိယကမ္ဘာစစ်အတွက် ပြင်ဆင်နေတာဖြစ်လို့ အခြားနိုင်ငံတွေ ရောက်နေကြတဲ့ ရုရှားနိုင်ငံသားတွေကို အိမ်ပြန်လာခိုင်းကြဖို့ ထိပ်တန်းအရာရှိအချို့ကို ပြောထားကြောင်း  ရုရှား ပြည်တွင်းဝက်ဘ်ဆိုက်အချို့ရဲ့ ရေးသားချက်ကို ကိုးကားပြီး ဗြိတိန်အတင်းအဖျင်း သတင်းစာအချို့ ဖော်ပြနေကြပါတယ်။ ဆီးရီးယားပြည်တွင်းရေး ကိစ္စမှာ ရုရှားက ပိုမိုပါဝင်လာခဲ့မှု ပတ်သတ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့ ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် ရုရှားသမ္မတပူတင်က နျူလက်နက်ထိပ်ဖူးတွေကို ပိုလန်နယ်စပ်ဒေသအနီးဘက်စီ ရွှေ့ပြောင်းထားတယ်ဆိုတဲ့ ကောလာဟလလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်နဲ့ ရုရှားအရေး ပိုပြီးတင်းမာလာမှုဟာ အန္တရာယ်အလွန်ရှိကြောင်း ဆိုဗီယက်ခေါင်းဆောင်ဟောင်း မိုက်ခေးလ်ကလည်း သတိပေးထားပါတယ်။

ရုရှား ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Znak.com ရဲ့ အဆိုအရ ရုရနိုင်ငံသားတွေဖြစ်တဲ့ အစိုးရဝန်ထမ်းတွေ၊ ရှေ့နေတွေ စသူတွေကို နိုင်ငံခြားမှာ ကျောင်းတတ်နေတဲ့ ကလေးရှိရင် အိမ်ပြန်ခေါ်ထားဖို့ သတိပေးထားကြောင်း သိရပါတယ်။ စစ်အေးကာလနောက်ပိုင်း ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးအဆိုးရွားဆုံး အခြေအနေကို ရောက်နေပြီ ရုရှားဘက်က ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top